< Josué 14 >

1 ESTO pues es lo que los hijos de Israel tomaron por heredad en la tierra de Canaán, lo cual les repartieron Eleazar sacerdote, y Josué hijo de Nun, y los principales de los padres de las tribus de los hijos de Israel.
ခါနာန် ပြည် ၌ လည်း ယဇ်ပုရောဟိတ် ဧလာဇာ ၊ နုန် ၏သား ယောရှု အစရှိသော ဣသရေလ အမျိုး အနွယ်တို့၌ မင်း ဖြစ်သောသူတို့သည် အမွေ ဝေဖန်၍ ဣသရေလ အမျိုးသားတို့သည် အမွေ ခံရကြ၏။
2 Por suerte [dióseles] su heredad, como Jehová lo había mandado por Moisés, que diese á las nueve tribus, y á la media tribu.
ထာဝရဘုရား သည် မောရှေ အားဖြင့် မှာ ထားတော်မူသည်အတိုင်း ၊ ဣသရေလအမျိုး ကိုး မျိုးနှင့် တဝက် တို့သည် စာရေးတံ ပြု၍ အမွေ ခံရကြ၏။
3 Porque á las dos tribus, y á la media tribu, les había Moisés dado heredad de la otra parte del Jordán: mas á los Levitas no dió heredad entre ellos.
မောရှေ သည် ဣသရေလအမျိုး နှစ် မျိုးနှင့် တဝက် တို့အား၊ ယော်ဒန် မြစ်အရှေ့ ဘက်၌ အမွေ ပေး နှင့်ပြီ။ လေဝိ သားတို့အား အခြားသောအမျိုးနှင့်ရော၍ အမွေ မ ပေး။
4 Porque los hijos de José fueron dos tribus, Manasés y Ephraim: y no dieron parte á los Levitas en la tierra, sino ciudades en que morasen, con sus ejidos para sus ganados y rebaños.
ယောသပ် အမျိုးသား တို့သည် မနာရှေ အမျိုး ၊ ဧဖရိမ် အမျိုးနှစ် မျိုးဖြစ် ၍ ၊ လေဝိ သားတို့နေ စရာ မြို့ ၊ သူ တို့ တိရစ္ဆာန် နှင့် ဥစ္စာ ကို ထားစရာမြို့နယ် မှတပါး အခြားသောမြေ ကို မ ပေး။
5 De la manera que Jehová lo había mandado á Moisés, así lo hicieron los hijos de Israel en el repartimiento de la tierra.
မောရှေ အား ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသားတို့သည် ပြု ၍ မြေ ကို ဝေဖန် ကြ၏။
6 Y los hijos de Judá vinieron á Josué en Gilgal; y Caleb, hijo de Jephone Cenezeo, le dijo: Tú sabes lo que Jehová dijo á Moisés, varón de Dios, en Cades-barnea, tocante á mí y á ti.
ထိုအခါ ယုဒ အမျိုးသား တို့သည်၊ ဂိလဂါလ မြို့၌ ယောရှု ထံ သို့လာ ၍ ၊ ကေနက် အမျိုးယေဖုန္နာ ၏သား ကာလက် က၊ ထာဝရဘုရား သည် ကာဒေရှဗာနာ အရပ်၌ ကိုယ်တော် နှင့် အကျွန်ုပ် ကို ရည်ဆောင် ၍၊ ဘုရား သခင်၏လူ မောရှေ အား မိန့် တော်မူသော စကား ကို ကိုယ်တော် သိ ပါ၏။
7 Yo era de edad de cuarenta años, cuando Moisés siervo de Jehová me envió de Cades-barnea á reconocer la tierra; y yo le referí el negocio como lo tenía en mi corazón:
ဤပြည် ကို စူးစမ်း စေခြင်းငှါ ဘုရား သခင်၏ ကျွန် မောရှေ သည် အကျွန်ုပ် ကို ကာဒေရှဗာနာ အရပ်မှ စေလွှတ် သောအခါ ၊ အကျွန်ုပ် သည် အသက် လေးဆယ် ရှိပါ၏။ အကျွန်ုပ်သည် ကိုယ် စိတ် ထင်သည်အတိုင်း ပြန်ကြား လျှောက်ထားပါ၏။
8 Mas mis hermanos, los que habían subido conmigo, menguaron el corazón del pueblo; empero yo cumplí siguiendo á Jehová mi Dios.
အကျွန်ုပ် နှင့်အတူ သွား သော ညီအစ်ကို တို့သည်၊ လူ များစိတ်ပျက် စရာကို ပြုသော်လည်း ၊ အကျွန်ုပ် သည် အကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား နောက် တော်သို့ လုံးလုံး လိုက်ပါ၏။
9 Entonces Moisés juró, diciendo: Si la tierra que holló tu pie no fuere para ti, y para tus hijos en herencia perpetua: por cuanto cumpliste siguiendo á Jehová mi Dios.
ထို နေ့ ရက်၌ မောရှေ က၊ သင်သည် ငါ ၏ဘုရား သခင် ထာဝရဘုရား နောက် တော်သို့ လုံးလုံး လိုက်သောကြောင့် ၊ အကယ်၍သင်နင်း ပြီးသောမြေ သည် အစဉ် အဆက် သင် ၏အမွေ၊ သင် ၏ သား မြေးတို့၏အမွေ ဖြစ် ရလိမ့်မည်ဟု ကျိန်ဆို လေ၏။
10 Ahora bien, Jehová me ha hecho vivir, como él dijo, estos cuarenta y cinco años, desde el tiempo que Jehová habló estas palabras á Moisés, cuando Israel andaba por el desierto: y ahora, he aquí, soy hoy día de ochenta y cinco años:
၁၀ဣသရေလ အမျိုးသည် တော ၌ လှည့်လည် စဉ် အခါ၊ ထာဝရဘုရား သည် ထိုသို့ မောရှေ အား မိန့် တော်မူသောနေ့မှစ၍ ယခုတိုင်အောင်အမိန့် တော်ရှိသည်အတိုင်း ၊ အနှစ် လေး ဆယ်ငါး နှစ်ပတ်လုံးအကျွန်ုပ် အသက် ကို ရှင်စေတော်မူသဖြင့် ၊ ယနေ့ မှာ အကျွန်ုပ် သည် အသက် ရှစ် ဆယ်ငါး နှစ်ရှိပါပြီ။
11 Pero aun hoy estoy tan fuerte como el día que Moisés me envió: cual era entonces mi fuerza, tal es ahora, para la guerra, y para salir y para entrar.
၁၁သို့ရာတွင် မောရှေ စေလွှတ် သောနေ့ ၌ ခွန်အား ရှိသကဲ့သို့ ယနေ့၌ ရှိပါ၏။ ထိုအခါ ထွက် ဝင် ခြင်းအမှု၊ စစ်တိုက် ခြင်းအမှုကို ဆောင်ရွက်ခြင်းငှါ တတ်စွမ်း နိုင်သကဲ့သို့ ယခုလည်း တတ်စွမ်း နိုင်ပါ၏။
12 Dame, pues, ahora este monte, del cual habló Jehová aquel día; porque tú oiste en aquel día que los Anaceos están allí, y grandes y fuertes ciudades. Quizá Jehová será conmigo, y los echaré como Jehová ha dicho.
၁၂သို့ဖြစ်၍ ထို နေ့ ၌ ထာဝရဘုရား မိန့် တော်မူသော ဤ တောင် ကို အကျွန်ုပ် အား ပေး ပါ။ ဤတောင်ပေါ်မှာ အာနက လူရှိကြောင်း ကို၎င်း၊ ကြီးမား ခိုင်ခံ့ သော မြို့ တို့နှင့် ပြည့်စုံကြောင်းကို၎င်း၊ ထို နေ့ ၌ ကိုယ်တော် သည် ကြား ရပြီ။ သို့ရာတွင် ထာဝရဘုရား သည် အကျွန်ုပ် နှင့်အတူ ရှိတော်မူလျှင်၊ အမိန့် တော်ရှိသည်အတိုင်း ထိုသူ တို့ကို နှင်ထုတ် ခြင်းငှါအကျွန်ုပ်တတ်စွမ်းနိုင်ပါသည်ဟု လျှောက် ဆို၏။
13 Josué entonces le bendijo, y dió á Caleb hijo de Jephone á Hebrón por heredad.
၁၃ထိုအခါ ယောရှု သည် ကောင်းကြီး ပေး၏။ ဟေဗြုန် ပြည်ကိုလည်း ၊ ယေဖုန္နာ ၏သား ကာလက် အမွေခံ စရာဘို့ အပ် ပေးလေ၏။
14 Por tanto Hebrón fué de Caleb, hijo de Jephone Cenezeo, en heredad hasta hoy; porque cumplió siguiendo á Jehová Dios de Israel.
၁၄သို့ဖြစ်၍ ကေနက် အမျိုး ယေဖုန္နာ ၏သား ကာလက် သည်၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား နောက် တော်သို့ လုံးလုံး လိုက်သောကြောင့် ၊ ဟေဗြုန် ပြည်သည် ယနေ့ တိုင်အောင် ကာလက်၏အမွေ မြေဖြစ် သတည်း။
15 Mas Hebrón fué antes llamada Chîriath-arba; fué [Arba] un hombre grande entre los Anaceos. Y la tierra tuvo reposo de las guerras.
၁၅ဟေဗြုန် မြို့သည် အထက် က ကိရယသာဘ အမည် ရှိ၏။ အာဗသည် အာနက အမျိုးသားတို့တွင် လူကြီး ဖြစ်၏။ ထိုအခါ တပြည် လုံးစစ် ငြိမ်း လေ၏။

< Josué 14 >