< Ezequiel 15 >
1 Y FUÉ á mí palabra de Jehová, diciendo:
၁ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
2 Hijo del hombre, ¿qué es el palo de la vid más que todo palo? ¿qué es el sarmiento entre los maderos del bosque?
၂ကိုယ်တော်က``အချင်းလူသား၊ စပျစ်ပင်သည် သာမန်သစ်ပင်နှင့်အဘယ်သို့ခြားနားသနည်း။ စပျစ်နွယ်သားသည်တောမှသစ်ပင်များ၏ သစ်ကိုင်းများနှင့်အသုံးဝင်ပုံမည်သို့ခြား နားသနည်း။-
3 ¿Tomarán de él madera para hacer alguna obra? ¿tomarán de él una estaca para colgar de ella algún vaso?
၃သင်သည်စပျစ်နွယ်သားဖြင့်အဘယ်အရာ ကိုပြုလုပ်နိုင်သနည်း။ ပစ္စည်းတစ်စုံတစ်ခု ကိုဆွဲချိတ်ရန်အတွက်ယင်းကိုအစို့အဖြစ် ဖြင့်အသုံးပြုနိုင်သလော။-
4 He aquí, que es puesto en el fuego para ser consumido; sus dos cabos consumió el fuego, y la parte del medio se quemó; ¿aprovechará para obra alguna?
၄စပျစ်ပင်သည်မီးမွှေးရန်အတွက်သာလျှင် ကောင်း၏။ အဖျားပိုင်းများလောင်ကျွမ်း၍အလယ် ပိုင်းသည်ပြာဖြစ်သွားသောအခါ သင်သည် ထိုစပျစ်ပင်ကိုအဘယ်သို့အသုံးပြုနိုင် မည်နည်း။-
5 He aquí que cuando estaba entero no era para obra alguna: ¿cuánto menos después que el fuego lo hubiere consumido, y fuere quemado? ¿será más para alguna obra?
၅ယင်းသည်မီးမရှို့မီအခါကလည်းအသုံး မဝင်။ မီးရှို့၍ပြာဖြစ်သွားသောအခါ၌ လည်း ပို၍ပင်အသုံးမဝင်ချေ'' ဟုမိန့် တော်မူ၏။
6 Por tanto, así ha dicho el Señor Jehová: Como el palo de la vid entre los maderos del bosque, el cual dí al fuego para que lo consuma, así haré á los moradores de Jerusalem.
၆အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``စပျစ်နွယ်သားကိုတောမှယူ၍မီး မွှေးကြသကဲ့သို့ ငါသည်ယေရုရှလင် မြို့မှလူတို့ကိုယူ၍၊-
7 Y pondré mi rostro contra ellos; de fuego salieron, y fuego los consumirá; y sabréis que yo soy Jehová, cuando pusiere mi rostro contra ellos.
၇အပြစ်ဒဏ်ခတ်မည်။ သူတို့သည်မီးဘေး တစ်ခုမှလွတ်မြောက်ခဲ့ကြသော်လည်း ယခု အခါ၌အခြားမီးဘေးတစ်ခုသင့်ကြ လိမ့်မည်။ ထိုသူတို့အပြစ်ဒဏ်ခံရကြ သောအခါ ငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်းသင်တို့သိရှိကြလိမ့်မည်။-
8 Y tornaré la tierra en asolamiento, por cuanto cometieron prevaricación, dice el Señor Jehová.
၈သူတို့သည်ငါ့အားသစ္စာဖောက်ကြသဖြင့် ငါသည်သူတို့၏ပြည်ကိုလူသူကင်းမဲ့ စေမည်'' ဟူ၍တည်း။ ဤကားအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။