< Éxodo 36 >

1 HIZO, pues, Bezaleel y Aholiab, y todo hombre sabio de corazón, á quien Jehová dió sabiduría é inteligencia para que supiesen hacer toda la obra del servicio del santuario, todas las cosas que había mandado Jehová.
ထိုသို့ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ သန့်ရှင်း ရာဌာန၌ အမှု တော်ဆောင် စရာဘို့ ၊ အမျိုးမျိုး သောအလုပ်ကို လုပ်တတ်သော ဉာဏ် ပညာကို ထာဝရဘုရား ပေး သွင်းတော်မူသောပညာရှိ အပေါင်း တို့နှင့်တကွ ၊ ဗေဇလေလ ၊ အဟောလျဘ တို့သည် အလုပ်လုပ် ကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလေ၏။
2 Y Moisés llamó á Bezaleel y á Aholiab, y á todo varón sabio de corazón, en cuyo corazón había dado Jehová sabiduría, y á todo hombre á quien su corazón le movió á llegarse á la obra, para trabajar en ella;
တဖန် မောရှေ သည်၊ ဗေဇလေလ ၊ အဟောလျဘ ကို၎င်း ၊ ထာဝရဘုရား ပေး တော်မူသော ဉာဏ် သဘောကို ရ၍၊ အလုပ် လုပ် ချင်သော စေတနာစိတ် ရှိသော ပညာရှိ အပေါင်း တို့ကို ၎င်းခေါ် ပြီးလျှင်၊
3 Y tomaron de delante de Moisés toda la ofrenda que los hijos de Israel habían traído para la obra del servicio del santuario, á fin de hacerla. Y ellos le traían aún ofrenda voluntaria cada mañana.
သန့်ရှင်း ရာဌာနနှင့် အမှုတော်ထမ်းရန် တန်ဆာတို့ကို လုပ်ကိုင် စေခြင်းငှာ ၊ ဣသရေလ အမျိုးသား တို့ ဆောင် ခဲ့သော အလှူ ရှိသမျှ ကို ထိုသူတို့သည် မောရှေ လက်မှ ခံ ကြ၏။ ကြည်ညိုသောစိတ်နှင့် လှူသောအလှူ ကို နံနက် တိုင်း ထပ်၍ဆောင် ခဲ့ကြသေး၏။
4 Vinieron, por tanto, todos los maestros que hacían toda la obra del santuario, cada uno de la obra que hacía.
ထိုအခါ သန့်ရှင်း ရာဌာနတော်အလုပ် ကို လုပ်ကိုင် သော ပညာရှိ အပေါင်း တို့သည်၊ အသီးအသီး မိမိ လုပ် ရာမှ ၊
5 Y hablaron á Moisés, diciendo: El pueblo trae mucho más de lo que es menester para la atención de hacer la obra que Jehová ha mandado que se haga.
မောရှေ ထံသို့ လာ၍ ထာဝရဘုရား မှာ ထားတော်မူသော အလုပ် ပြီးလောက်ရုံမျှမက ၊ ပို ၍ ဆောင် ခဲ့ကြ ပါပြီဟု ကြား ပြောလျှင်၊
6 Entonces Moisés mandó pregonar por el campo, diciendo: Ningún hombre ni mujer haga más obra para ofrecer para el santuario. Y así fué el pueblo impedido de ofrecer;
မောရှေ က၊ သန့်ရှင်း ရာဌာနတော်အဘို့ လှူ ခြင်းငှာ အဘယ်ယောက်ျား မိန်းမ မျှ ထပ်မံ ၍ မ လုပ် စေနှင့် ဟု စီရင်၍၊ တတပ် လုံး၌ ကြော်ငြာ စေသဖြင့် ၊ လူ များအလှူဆောင် ခြင်းအမှုကို ဆီးတား ၏။
7 Pues tenía material abundante para hacer toda la obra, y sobraba.
ရခဲ့သောဥစ္စာ သည် လုပ် ရှိသမျှ ကို ပြီးစီးလောက် ရုံမျှမက ပို လျက်ရှိ သတည်း။
8 Y todos los sabios de corazón entre los que hacían la obra, hicieron el tabernáculo de diez cortinas, de lino torcido, y de jacinto, y de púrpura y carmesí; las cuales hicieron de obra prima, con querubines.
သန့်ရှင်း ရာဌာနတော်အလုပ် ကို လုပ်ကိုင် သောသူတို့ တွင် ၊ ပညာရှိ သောသူသည် ပိတ်ချော၊ ပြာ သော အထည်၊ မောင်း သောအထည်၊ နီ သောအထည်ဖြင့် ပြီး သော ခေရုဗိမ် အရုပ်နှင့် ချယ်လှယ် သော ပိတ်ချော ကုလားကာ ဆယ် ထည်ကို လုပ် လေ၏။
9 La longitud de la una cortina era de veintiocho codos, y la anchura de cuatro codos: todas las cortinas tenían una misma medida.
ကုလားကာ သည် အလျား နှစ်ဆယ် ရှစ် တောင် ၊ အနံ လေး တောင် ရှိ၍၊ ကုလားကာ ချင်း အလျား အနံတူ ၏။
10 Y juntó las cinco cortinas la una con la otra: asimismo unió las otras cinco cortinas la una con la otra.
၁၀ကုလားကာ ငါး ထည်စီ တစပ်တည်းချုပ် လေ၏။
11 E hizo las lazadas de color de jacinto en la orilla de la una cortina, en el borde, á la juntura; y así hizo en la orilla al borde de la segunda cortina, en la juntura.
၁၁ကုလားကာတထည် ပြင် ဘက်ကုလားကာ နား ချင်းဆက်မှီရာ၌ ကွင်း များကို ပြာ သောအထည်နှင့် လုပ် ၍၊ အခြား သော ကုလားကာပြင် ဘက် ကုလားကာ နား ချင်းဆက်မှီရာ၌ လည်း ထိုအတူ လုပ် လေ၏။
12 Cincuenta lazadas hizo en la una cortina, y otras cincuenta en la segunda cortina, en el borde, en la juntura; las unas lazadas enfrente de las otras.
၁၂ကုလားကာ တထည်၌ ကွင်း ငါးဆယ် ကို၎င်း၊ အခြားသော ကုလားကာ အနား ဆက်မှီရာ၌ ကွင်း ငါးဆယ် ကို၎င်း လုပ် သဖြင့်၊ ကွင်း ချင်း ဆိုင် မိကြ၏။
13 Hizo también cincuenta corchetes de oro, con los cuales juntó las cortinas, la una con la otra; é hízose un tabernáculo.
၁၃ရွှေ ချောင်း ငါးဆယ် ကိုလည်း လုပ် ၍ ၊ ထိုရွှေချောင်း ဖြင့် ကုလားကာ များကို ပူးတွဲ သဖြင့် တဲ တော် တ ဆောင်တည်းဖြစ် လေ၏။
14 Hizo asimismo cortinas de [pelo] de cabras para la tienda sobre el tabernáculo, é hízolas [en número] de once.
၁၄တဲ တော်ဖုံးအုပ် ဘို့ အခြားသော ကုလားကာ ဆယ် တ ထည်ကို ဆိတ် မွေးနှင့် လုပ် လေ၏။
15 La longitud de la una cortina era de treinta codos, y la anchura de cuatro codos: las once cortinas tenían una misma medida.
၁၅ကုလားကာ သည် အလျား အတောင် သုံးဆယ် ၊ အနံ လေး တောင် ရှိ၍ ကုလားကာ ဆယ် တထည် တို့သည် အလျား အနံချင်း တူ ၏။
16 Y juntó las cinco cortinas de por sí, y las seis cortinas aparte.
၁၆ကုလားကာ ငါး ထည်တစပ်၊ ခြောက် ထည်တစပ်တည်း ချုပ် လေ၏။
17 Hizo además cincuenta lazadas en la orilla de la postrera cortina en la juntura, y otras cincuenta lazadas en la orilla de la otra cortina en la juntura.
၁၇ကုလားကာများဆက်မှီ ရာ၌၊ ပြင် ဘက်ကနေသောကုလားကာ တထည်အနား မှာ ကွင်း ငါးဆယ် ကို၎င်း၊ ဆက်မှီ သော အခြား ကုလားကာ အနား မှာ ကွင်း ငါးဆယ် ကို၎င်းလုပ် လေ၏။
18 Hizo también cincuenta corchetes de metal para juntar la tienda, de modo que fuese una.
၁၈ကြေးဝါ ချောင်း ငါးဆယ် ကိုလည်း လုပ် ၍ အပေါ်တဲ တပိုင်းနှင့် တပိုင်းကို ပူးတွဲ သဖြင့်၊ တဲတဆောင် တည်းဖြစ်လေ၏။
19 E hizo una cubierta para la tienda de cueros rojos de carneros, y una cubierta encima de cueros de tejones.
၁၉အပေါ်တဲ ဖုံးအုပ် ဘို့ အနီ ဆိုးသော သိုး ရေ ကို၎င်း၊ ထိုသိုးရေအပေါ် ၌ တဟာရှ သားရေ ကို၎င်း လုပ် လေ၏။
20 Además hizo las tablas para el tabernáculo de madera de Sittim, para estar derechas.
၂၀တဲ တော်ကာရန်ထောင် ထားသော အကာရှ ပျဉ်ပြား တို့ကိုလည်း လုပ် လေ၏။
21 La longitud de cada tabla de diez codos, y de codo y medio la anchura.
၂၁ပျဉ်ပြား သည် အလျား ဆယ် တောင် ၊ အနံ တတောင် ထွာ ရှိ၏။
22 Cada tabla tenía dos quicios enclavijados el uno delante del otro: así hizo todas las tablas del tabernáculo.
၂၂ထိုပျဉ်ပြား ရှိသမျှ တို့၌ ခြေထောက်နှစ်ခုစီ တတန်း တည်းရှိစေခြင်းငှာ လုပ် လေ၏။
23 Hizo, pues, las tablas para el tabernáculo: veinte tablas al lado del austro, al mediodía.
၂၃တဲ တော်တောင် ဘက် ၌ ကာရန် ပျဉ်ပြား နှစ်ဆယ် ကို လုပ် ၍၊
24 Hizo también las cuarenta basas de plata debajo de las veinte tablas: dos basas debajo de la una tabla para sus dos quicios, y dos basas debajo de la otra tabla para sus dos quicios.
၂၄ထိုပျဉ်ပြား နှစ်ဆယ် တွင်၊ တပြားတပြားအောက် ၌ ခြေထောက် နှစ် ခုစီ စွပ်စရာဘို့ ငွေ ခြေစွပ် လေးဆယ် ကို လုပ် လေ၏။
25 Y para el otro lado del tabernáculo, á la parte del aquilón, hizo veinte tablas,
၂၅ထိုအတူ တဲ တော်မြောက် ဘက် ၌ ကာရန် ပျဉ်ပြား နှစ်ဆယ် ကို လုပ် ၍၊
26 Con sus cuarenta basas de plata: dos basas debajo de la una tabla, y dos basas debajo de la otra tabla.
၂၆ထိုပျဉ်ပြား ၌လည်း ငွေ ခြေစွပ် လေးဆယ် ၊ တပြား နှစ် ခုစီ လုပ်လေ၏။
27 Y para el lado occidental del tabernáculo hizo seis tablas.
၂၇တဲ တော်အနောက် ဘက်၌ ကာရန် ပျဉ်ပြား ခြောက် ပြားကို၎င်း၊
28 Para las esquinas del tabernáculo en los dos lados hizo dos tablas,
၂၈ထောင့် တဘက် တချက်၌ ကာရန် ပျဉ်ပြား နှစ် ပြားကို၎င်းလုပ် လေ၏။
29 Las cuales se juntaban por abajo, y asimismo por arriba á un gozne: y así hizo á la una y á la otra en las dos esquinas.
၂၉အထက် ၌ ၎င်း၊ အောက် ၌၎င်း ၊ ကွင်း ကိုတပ် ၍ စေ့စပ်လျက် ထောင့် နှစ် ခုပြီး လေ၏။
30 Eran, pues, ocho tablas, y sus basas de plata dieciséis; dos basas debajo de cada tabla.
၃၀ပျဉ်ပြား ရှစ် ပြား၊ ငွေ ခြေစွပ် ဆယ် ခြောက် ခု၊ တပြား နှစ် ခုစီ ရှိ လေ၏။
31 Hizo también las barras de madera de Sittim; cinco para las tablas del un lado del tabernáculo,
၃၁တဲ တော်၌ ကာရသော ပျဉ်ပြား ကို လျှိုစရာဘို့ အကာရှ သား ကန့်လန့်ကျင် တို့ကို၊ တဘက် ငါး ချောင်းစီ လုပ် လေ၏။
32 Y cinco barras para las tablas del otro lado del tabernáculo, y cinco barras para las tablas del lado del tabernáculo á la parte occidental.
၃၂တဲ တော်နောက်ဖေး ၌ ကာရသော ပျဉ်ပြား ကို လျှိုစရာဘို့ ၊ ကန့်လန့်ကျင် ငါး ချောင်းကိုလည်း လုပ်လေ၏။
33 E hizo que la barra del medio pasase por medio de las tablas del un cabo al otro.
၃၃အလယ် ကန့်လန့်ကျင် ကို ထောင့်တဘက်တချက် ၌ ဆုံး စေ၏။
34 Y cubrió las tablas de oro, é hizo de oro los anillos de ellas por donde pasasen las barras: cubrió también de oro las barras.
၃၄ပျဉ်ပြား တို့ကို ရွှေ နှင့်မွမ်းမံ လေ၏။ ကန့်လန့်ကျင် လျှို ဘို့ရာ ရွှေ ကွင်း ကိုလည်း လုပ် ၍ ကန့်လန့်ကျင် တို့ကို ရွှေ နှင့်မွမ်းမံ လေ၏။
35 Hizo asimismo el velo de cárdeno, y púrpura, y carmesí, y lino torcido, el cual hizo con querubines de delicada obra.
၃၅တနည်းကား၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ဖြင့် ပြီး ၍၊ ခေရုဗိမ် အရုပ်နှင့်၊ ချယ်လှယ် သော ကုလားကာ တထည်ကို၎င်း၊
36 Y para él hizo cuatro columnas de madera de Sittim; y cubriólas de oro, los capiteles de las cuales eran de oro; é hizo para ellas cuatro basas de plata de fundición.
၃၆ထိုကုလားကာဘို့ ရွှေ ချ သော အကာရှ သားတိုင် လေး တိုင်ကို၎င်းလုပ် လေ၏။ ထိုတိုင် တို့သည် ရွှေ တံစို့ နှင့် ပြည့်စုံ၍၊ ငွေ ခြေစွပ် လေး ခုကိုလည်း သွန်း လေ၏။
37 Hizo también el velo para la puerta del tabernáculo, de jacinto, y púrpura, y carmesí, y lino torcido, obra de recamador;
၃၇တဲ တော်တံခါး ဝ၌ ကာရန်၊ ပြာ သောအထည်၊ မောင်း သော အထည်၊ နီ သော အထည် ပိတ်ချော ဖြင့် ပြီး ၍ ချယ်လှယ် သော ကုလားကာ တထည်ကို၎င်း၊
38 Y sus cinco columnas con sus capiteles: y cubrió las cabezas de ellas y sus molduras de oro: pero sus cinco basas las hizo de metal.
၃၈ထိုကုလားကာ ဘို့ တံစို့ နှင့် ပြည့်စုံသော တိုင် ငါး တိုင်ကို၎င်းလုပ်၍၊ တိုင် ထိပ် နှင့်တိုင် တန်း တို့ကို ရွှေ နှင့် မွမ်းမံ လေ၏။ ကြေးဝါ ခြေစွပ် ငါးခု လည်း ရှိ၏။

< Éxodo 36 >