< Efesios 5 >
1 SED, pues, imitadores de Dios como hijos amados:
၁ထိုသို့ သင်တို့သည် ဘုရားသခင် ၏ ချစ် သား ဖြစ်ကြသည်နှင့်အညီ ၊ ဘုရားသခင်ကျင့်တော်မူသည် နည်းတူကျင့် ကြလော့။
2 Y andad en amor, como también Cristo nos amó, y se entregó á sí mismo por nosotros, ofrenda y sacrificio á Dios en olor suave.
၂ခရစ်တော် သည် ငါ တို့ကို ချစ် တော်မူသောအားဖြင့်ဘုရားသခင့် ရှေ့တော်၌ မွှေးကြိုင် သော အနံ့ ရှိစေခြင်းငှာ ၊ ကိုယ်ကိုကိုယ် ဆက်ကပ် ၍ ယဇ် ပူဇော်လျက် ၊ ငါ တို့အတွက် စွန့် တော်မူသည်နည်းတူ ၊ သင်တို့သည် မေတ္တာ တရား၌ ကျင်လည် ကြလော့။
3 Pero fornicación y toda inmundicia, ó avaricia, ni aun se nombre entre vosotros, como conviene á santos;
၃မတရား သော မေထုန်၌မှီဝဲခြင်း၊ အမျိုးမျိုး သော ကိလေသာညစ်ညူး ခြင်း၊ လောဘ လွန်ကျူးခြင်းအမှုတို့ကို သန့်ရှင်း သူတို့သည် ရှောင် သင့်သည်အတိုင်း ၊ စကား ဖြင့်မျှ မ ဆက်ဆံကြနှင့်။
4 Ni palabras torpes, ni necedades, ni truhanerías, que no convienen; sino antes bien acciones de gracias.
၄မ တော် မလျော်သော ညစ်ညူး ပြက်ပြယ် ပြက်ယယ် သော စကားများကိုလည်း ပယ်၍ ကျေးဇူး တော်ချီးမွမ်းခြင်းစကားကို သုံးကြလော့။
5 Porque sabéis esto, que ningún fornicario, ó inmundo, ó avaro, que es servidor de ídolos, tiene herencia en el reino de Cristo y de Dios.
၅မတရား သောမေထုန်၌ မှီဝဲသောသူ၊ ညစ်ညူး စွာ ပြုသောသူ၊ ရုပ်တု ကိုကိုးကွယ်သောသူဖြစ် သော လောဘ လွန်ကျူးသောသူ တစ်စုံတစ်ယောက်မျှ ခရစ်တော် နှင့် ဘုရားသခင် ၏နိုင်ငံ ၌ အမွေ မ ခံရ သည်ကို သင်တို့ သိ ကြ၏။
6 Nadie os engañe con palabras vanas; porque por estas cosas viene la ira de Dios sobre los hijos de desobediencia.
၆လျှပ်ပေါ် သောစကား ဖြင့် အဘယ်သူ မျှ သင် တို့ ကို မလှည့်ဖြား စေနှင့်။ ထိုအမှု ကြောင့် ဘုရားသခင် ၏ အမျက် တော်သည် ငြင်းဆန် တတ်သော သူ တို့ အပေါ်သို့ သင့်ရောက် ပေ၏။
7 No seáis pues aparceros con ellos;
၇ထိုကြောင့် သူ တို့နှင့်ဆက်ဆံ ၍ မ ကျင့် ကြနှင့်။
8 Porque en otro tiempo erais tinieblas; mas ahora sois luz en el Señor: andad como hijos de luz,
၈အထက် ကာလ၌သင်တို့သည် မှောင်မိုက် အတိဖြစ် ကြ၏။ ယခု မူကား ၊ သခင် ဘုရား၌ အလင်း ဖြစ်ကြ၏။ သို့ဖြစ်၍အလင်း ၏သား ကဲ့သို့ ကျင့် နေကြလော့။
9 (Porque el fruto del Espíritu es en toda bondad, y justicia, y verdad; )
၉အလင်း တော်၏ အကျိုး မူကား ၊ အလုံးစုံ သော ကောင်းမွန် ခြင်း၊ ဖြောင့်မတ် ခြင်း၊ သစ္စာစောင့် ခြင်းဖြစ် သတည်း။
10 Aprobando lo que es agradable al Señor.
၁၀သခင် ဘုရားနှစ်သက် တော်မူသောအရာသည် အဘယ် အရာဖြစ် သည်ကို သင် ကြလော့။
11 Y no comuniquéis con las obras infructuosas de las tinieblas; sino antes bien redargüidlas.
၁၁အကျိုးမဲ့ သောမှောင်မိုက် အမှု တို့နှင့် မ ဆက်ဆံ သည်သာမက ၊ ထိုအမှုတို့၏ အပြစ်ကို ပြ ကြလော့။
12 Porque torpe cosa es aun hablar de lo que ellos hacen en oculto.
၁၂အကြောင်းမူကား ၊ သူ တို့သည် ဆိတ်ကွယ် ရာ၌ ပြု သောအမှုအရာ တို့ကို စကားပြော ကာ မျှ၌ ညစ်ညူး ခြင်းပါ သေး၏။
13 Mas todas las cosas cuando son redargüidas, son manifestadas por la luz; porque lo que manifiesta todo, la luz es.
၁၃အပြစ်ထင်ရှား သောအရာ ရှိသမျှ တို့သည် အလင်း ဖြင့် ထင်ရှား ကြ၏။ ထင်ရှား စေတတ်သော အရာရှိသမျှ တို့သည်လည်း အလင်း ဖြစ် ၏။
14 Por lo cual dice: Despiértate, tú que duermes, y levántate de los muertos, y te alumbrará Cristo.
၁၄ထိုကြောင့် အိပ်ပျော် သူ နိုး လော့။ သေ ခြင်းမှ ထမြောက် လော့။ သို့ပြုလျှင် ခရစ်တော် သည် အလင်း ကို သင့် အား ပေးတော်မူမည်ဟု ဆို သတည်း။
15 Mirad, pues, cómo andéis avisadamente; no como necios, mas como sabios;
၁၅ထိုကြောင့် ပညာ မဲ့ကဲ့သို့ မ ဟုတ်၊ ပညာရှိ ကဲ့သို့ စေ့စေ့ မြေ့မြေ့ကျင့်ဆောင် မည်အကြောင်း သတိပြု ကြလော့။
16 Redimiendo el tiempo, porque los días son malos.
၁၆ယခု နေ့ရက် ကာလတို့သည် ဆိုးယုတ် သောကြောင့် ကာလ အချိန်ကို ရွေးနှုတ် ကြ လော့။
17 Por tanto, no seáis imprudentes, sino entendidos de cuál sea la voluntad del Señor.
၁၇ထိုကြောင့် သတိ မရှိသောသူမ ဖြစ် ၊ သခင် ဘုရား၏ အလို တော်ရှိရာကို ပိုင်းခြား၍ သိ သောသူ ဖြစ်ကြ လော့။
18 Y no os embriaguéis de vino, en lo cual hay disolución; mas sed llenos de Espíritu;
၁၈လွန်ကျူး စေတတ်သော စပျစ်ရည် နှင့် ယစ်မူး ခြင်းကိုရှောင် ၍ ဝိညာဉ် တော်နှင့် ပြည့်စုံ လျက်ရှိကြလော့။
19 Hablando entre vosotros con salmos, y con himnos, y canciones espirituales, cantando y alabando al Señor en vuestros corazones;
၁၉ဆာလံ သီချင်းမှစသော ဓမ္မ သီချင်း အမျိုးမျိုးတို့ကို အချင်းချင်း ပြောဆို ဘတ်ရွတ်၍၊ နူးညွတ်သော စိတ် နှလုံးနှင့် သခင် ဘုရားရှေ့တော်၌ ကျူးဧ ၍သီချင်း ဆို ကြလော့။
20 Dando gracias siempre de todo al Dios y Padre en el nombre de nuestro Señor Jesucristo:
၂၀ခပ်သိမ်း သောအရာတို့၌ ကျေးဇူး တော်ကြီးလှပါ၏ဟု ငါ တို့သခင် ယေရှု ခရစ် ၏ နာမ တော်ကို ထောက်၍ ၊ ခမည်းတော် ဘုရားသခင် ရှေ့၊ ကာလအစဉ်မပြတ်ဝန်ခံကြလော့။
21 Sujetados los unos á los otros en el temor de Dios.
၂၁ခရစ်တော် ကို ခန့်ညား သောအားဖြင့် ၊ အချင်းချင်း တစ်ယောက်အောက်တစ်ယောက်ကိုယ်ကို နှိမ့်ချ လျက်နေကြလော့။
22 Las casadas estén sujetas á sus propios maridos, como al Señor.
၂၂အချင်းမိန်းမ တို့၊ သခင် ဘုရား၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့ ၊ ကိုယ် ခင်ပွန်း ၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။
23 Porque el marido es cabeza de la mujer, así como Cristo es cabeza de la iglesia; y él es el que da la salud al cuerpo.
၂၃အကြောင်းမူကား ၊ ခရစ်တော် သည် အသင်းတော် ၏ အပေါ်မှာခေါင်း ဖြစ်တော်မူသကဲ့သို့ ၊ ယောက်ျား သည် မိမိခင်ပွန်း ၏အပေါ်မှာခေါင်း ဖြစ် ၏။ ခရစ်တော်သည်လည်း မိမိ ကိုယ် ကို ကယ်တင် သောသူ ဖြစ်တော်မူ၏။
24 Así que, como la iglesia está sujeta á Cristo, así también las casadas [lo estén] á sus maridos en todo.
၂၄အသင်းတော် သည် ခရစ်တော် ၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံ သကဲ့သို့ ၊ မိန်းမ တို့လည်း ကိုယ်ခင်ပွန်း ၏ အုပ်စိုးခြင်းကို အရာရာ ၌ ဝန်ခံရကြမည်။
25 Maridos, amad á vuestras mujeres, así como Cristo amó á la iglesia, y se entregó á sí mismo por ella,
၂၅အချင်းယောက်ျား တို့၊ ခရစ်တော် သည် အသင်းတော် ကို ချစ် တော်မူသကဲ့သို့ ၊ သင်တို့လည်း ကိုယ် ခင်ပွန်း ကို ချစ် ကြလော့။
26 Para santificarla limpiándola en el lavacro del agua por la palabra,
၂၆ထို အသင်းတော် သည် သန့်ရှင်း လျက် အပြစ် ကင်းလျက်ရှိ သည် ဖြစ်၍ ၊
27 Para presentársela gloriosa para sí, una iglesia que no tuviese mancha ni arruga, ni cosa semejante; sino que fuese santa y sin mancha.
၂၇အညစ်အကြေး တင် ခြင်း၊ အရေ တွန့်ခြင်းမှ စ သည်တို့နှင့် လွတ်လပ်သဖြင့်၊ အသရေ တင့်တယ်လျက် ရှိသော အသင်းတော် ကို ခရစ်တော် သည် မိမိ အားဆက်သ အံ့သောငှာ ၊ နှုတ်ကပတ် တော်ရေ ၌ ဆေးကြော ခြင်းအားဖြင့် စင်ကြယ် သန့်ရှင်း စေမည်အကြောင်း၊ ထို အသင်းတော်အဘို့ အလို့ငှာကိုယ်ကိုကိုယ် စွန့် တော်မူ၏။
28 Así también los maridos deben amar á sus mujeres como á sus mismos cuerpos. El que ama á su mujer, á sí mismo se ama.
၂၈ထိုနည်းတူ ယောက်ျား တို့သည် မိမိ ကိုယ် ကို ချစ်သကဲ့သို့ မိမိ ခင်ပွန်း တို့ကိုချစ် ရကြမည်။ ခင်ပွန်း ကို ချစ် သောသူ သည် ကိုယ် ကိုချစ် သောသူဖြစ်၏။
29 Porque ninguno aborreció jamás á su propia carne, antes la sustenta y regala, como también Cristo á la iglesia;
၂၉ကိုယ် အသား ကို မုန်း သောသူတစ်ယောက် မျှမရှိ။ ခရစ်တော် သည် အသင်းတော် ကို ကျွေးမွေး ပြုစု တော်မူသကဲ့သို့ ၊ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကို ကျွေးမွေးပြုစုတတ်ကြ၏။
30 Porque somos miembros de su cuerpo, de su carne y de sus huesos.
၃၀အကယ်စင်စစ်ငါတို့သည် သခင် ဘုရား၏ သားတော်၊ အရိုးတော် တို့အဝင်ဖြစ်၍၊ ကိုယ်တော်မြတ်၏ အင်္ဂါ ဖြစ် ကြ၏။
31 Por esto dejará el hombre á su padre y á su madre, y se allegará á su mujer, y serán dos en una carne.
၃၁ထို အကြောင်းကြောင့် ယောက်ျား သည် ကိုယ် မိဘ ကိုစွန့် ၍ ကိုယ် ခင်ပွန်း ၌ မှီဝဲ သဖြင့် ၊ ထိုသူနှစ် ယောက် တို့သည် တစ်သား တစ်ကိုယ်တည်း ဖြစ် ရလိမ့်မည်။
32 Este misterio grande es: mas yo digo [esto] con respecto á Cristo y á la iglesia.
၃၂ဤ အရာသည် အလွန် နက်နဲ သောအရာဖြစ် ပေ၏။ ထိုသို့ ငါ ဆို သော် ၊ ခရစ်တော် နှင့် အသင်းတော် ကိုရည်မှတ် ၍ဆိုသတည်း။
33 Cada uno empero de vosotros de por sí, ame también á su mujer como á sí mismo; y la mujer reverencie á su marido.
၃၃သို့ရာတွင် သင် တို့သည် အသီးသီး ကိုယ်ကိုကိုယ် ချစ်သကဲ့သို့ ကိုယ် ခင်ပွန်း ကိုချစ် ကြလော့။ မိန်းမ သည်လည်း ကိုယ် ခင်ပွန်း ကို ရိုသေ ခြင်းရှိစေလော့။