< Deuteronomio 9 >
1 OYE, Israel: tú estás hoy para pasar el Jordán, para entrar á poseer gentes más [numerosas] y más fuertes que tú, ciudades grandes y encastilladas hasta el cielo,
၁အို ဣသရေလ အမျိုး၊ နားထောင် လော့။ သင့် ထက် အားကြီး ၍ များပြား သော လူမျိုး တို့ကို၎င်း၊ မိုဃ်း ကောင်းကင်ကို ထိသော မြို့ရိုး နှင့် ပြည့်စုံသော မြို့ ကြီး တို့ကို၎င်း၊
2 Un pueblo grande y alto, hijos de gigantes, de los cuales tienes tú conocimiento, y has oído decir: ¿Quién se sostendrá delante de los hijos del gigante?
၂အာနက အမျိုးသား ရှေ့ မှာ အဘယ်သူ ရပ် နိုင် သနည်းဟူသောစကားကို သင် ကြား ၍ ၊ သင် သိ သော အာနက အမျိုးသား တည်းဟူသောအလွန် ကြီးမြင့်သော လူမျိုး ကို၎င်းတိုက်ယူ ခြင်းငှာ ၊ ယခု ယော်ဒန် မြစ် တဘက် သို့ ကူး လုပြီ။
3 Sabe, pues, hoy que Jehová tu Dios es el que pasa delante de ti, fuego consumidor, que los destruirá y humillará delante de ti: y tú los echarás, y los destruirás luego, como Jehová te ha dicho.
၃သို့ဖြစ်၍ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ရှေ့ မှာ ကြွ သဖြင့်၊ လောင် သောမီး ကဲ့သို့ဖြစ်လျက် သူ တို့ကို ဖျက်ဆီး ၍ ၊ သင့် မျက်မှောက် ၌ နှိမ့်ချ တော်မူမည်အကြောင်းကို ယခု သဘော ကျလော့။ ထာဝရဘုရား မိန့် တော်မူသည် အတိုင်း ၊ သင် သည် သူ တို့ကို နှင်ထုတ် ၍ အလျင် အမြန်ဖျက်ဆီး ရလိမ့်မည်။
4 No discurras en tu corazón cuando Jehová tu Dios los habrá echado de delante de ti, diciendo: Por mi justicia me ha metido Jehová á poseer esta tierra; pues por la impiedad de estas gentes Jehová las echa de delante de ti.
၄သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သူ တို့ ကို သင့် ရှေ့ မှ နှင်ထုတ် တော်မူသောနောက် ၊ သင်က၊ ငါ့ ကုသိုလ် ကြောင့် ထာဝရဘုရား သည် ငါ့ ကိုသွင်း ၍၊ ဤ ပြည် ကို အပိုင် ပေးတော်မူသည်ဟူ၍မ အောက်မေ့ ရ။ ထို လူမျိုး တို့၏ မ ကောင်းမှုကြောင့် ထာဝရဘုရား သည် သူ တို့ကို ငါ့ ရှေ့ မှ နှင်ထုတ် တော်မူသည်ဟူ၍စိတ် ထဲမှာ အောက်မေ့ ရမည်။
5 No por tu justicia, ni por la rectitud de tu corazón entras á poseer la tierra de ellos; mas por la impiedad de estas gentes Jehová tu Dios las echa de delante de ti, y por confirmar la palabra que Jehová juró á tus padres Abraham, Isaac, y Jacob.
၅သင် ပြုသောကုသိုလ် ကြောင့် ၎င်း၊ ဖြောင့်မတ် သော သဘော ကြောင့် ၎င်း၊ ထို ပြည် ကို သွား ၍ ဝင်စား ရမည် မ ဟုတ်။ ထို လူမျိုး တို့၏ မကောင်းမှု ကြောင့် ၎င်း၊ ထာဝရဘုရား သည် သင် ၏အဘ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို တော်မူသော စကား တော်ကို တည် စေလိုသောငှာ ၎င်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သူ တို့ကို သင့် ရှေ့ မှ နှင်ထုတ် တော်မူ၏။
6 Por tanto, sabe que no por tu justicia Jehová tu Dios te da esta buena tierra para poseerla; que pueblo duro de cerviz eres tú.
၆သို့ဖြစ်၍ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင် ၏ကုသိုလ် ကြောင့် ၊ ထို ကောင်းမွန် သော ပြည် ကိုပေး တော်မူသည်မ ဟုတ်။ သင် သည် လည်ပင်း ခိုင်မာ သော အမျိုး ဖြစ်၏။
7 Acuérdate, no te olvides que has provocado á ira á Jehová tu Dios en el desierto: desde el día que saliste de la tierra de Egipto, hasta que entrasteis en este lugar, habéis sido rebeldes á Jehová.
၇သင်သည်၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ကို အမျက် တော်ထွက်စေခြင်းငှာ၊ တော ၌ ပြုမိသည်ကို မ မေ့ နှင့်၊ အောက်မေ့ လော့။ သင်သည် အဲဂုတ္တု ပြည် ထဲက ထွက် သော နေ့ မှစ၍ ဤ အရပ် သို့ ရောက် သည် တိုင်အောင် ထာဝရဘုရား ကို ပုန်ကန် ပြီ။
8 Y en Horeb provocasteis á ira á Jehová, y enojóse Jehová contra vosotros para destruiros.
၈ဟောရပ် အရပ်၌ ထာဝရဘုရား ကို အမျက် တော်ထွက်စေသဖြင့် ၊ သင့် ကို ဖျက်ဆီး လောက်အောင် အမျက် ထွက်တော်မူ၏။
9 Cuando yo subí al monte para recibir las tablas de piedra, las tablas del pacto que Jehová hizo con vosotros, estuve entonces en el monte cuarenta días y cuarenta noches, sin comer pan ni beber agua:
၉ထာဝရဘုရား သည် သင် တို့နှင့် ဖွဲ့ သော ပဋိညာဉ် တရားကို ရေးထားသော ကျောက်ပြား တို့ကိုခံ ယူခြင်းငှာ ၊ တောင် ပေါ်သို့ ငါ တက် သောအခါ ၊ အရက် လေးဆယ် ပတ်လုံးမုန့် ကိုမ စား ၊ ရေ ကို မ သောက် ဘဲ တောင် ပေါ် မှာနေ လေ၏။
10 Y dióme Jehová las dos tablas de piedra escritas con el dedo de Dios; y en ellas [estaba escrito] conforme á todas las palabras que os habló Jehová en el monte de en medio del fuego, el día de la asamblea.
၁၀သင် တို့သည် စည်းဝေး ကြသောနေ့ ၌ ထာဝရဘုရား သည် တောင် ပေါ် မှာ မီး ထဲက မြွက်ဆို တော်မူသော စကား တော်အလုံးစုံ တို့ကို လက်ညှိုး တော်ဖြင့် ရေးထား သော ကျောက်ပြား နှစ် ပြားတို့ကို ထာဝရဘုရား သည် ငါ့ အား အပ် ပေးတော်မူ၏။
11 Y fué al cabo de los cuarenta días y cuarenta noches, que Jehová me dió las dos tablas de piedra, las tablas del pacto.
၁၁အရက် လေးဆယ် စေ့ သောအခါ ၊ ထိုပဋိညာဉ် ကျောက် ပြား နှစ် ပြား ကို ထာဝရဘုရား သည် ငါ့ အား ပေး တော်မူလျှင်၊
12 Y díjome Jehová: Levántate, desciende presto de aquí; que tu pueblo que sacaste de Egipto se ha corrompido: pronto se han apartado del camino que yo les mandé: hanse hecho una efigie de fundición.
၁၂သင်သည် ထ ၍ အလျင် အမြန်ဆင်း သွားလော့။ အဲဂုတ္တု ပြည်မှ သင်နှုတ်ဆောင် ခဲ့သောသင် ၏ လူ တို့သည် ဖောက်ပြန် ၍ ၊ ငါမှာထား သော လမ်း မှ အလျင် အမြန်လွှဲ ၍၊ ရုပ်တု ကို သွန်း ကြပြီဟု မိန့် တော်မူ၏။
13 Y hablóme Jehová, diciendo: He visto ese pueblo, y he aquí, que él es pueblo duro de cerviz:
၁၃တဖန် ထာဝရဘုရား က၊ ဤ လူမျိုး ကို ငါကြည့် မြင်ပြီ။ လည်ပင်း ခိုင်မာ သော အမျိုး ဖြစ်၏။
14 Déjame que los destruya, y raiga su nombre de debajo del cielo; que yo te pondré sobre gente fuerte y mucha más que ellos.
၁၄သို့ဖြစ်၍ ငါ့ ကို ရှိ စေလော့။ သူ တို့ကို ငါဖျက်ဆီး မည်။ သူ တို့နာမ ကိုလည်း ကောင်းကင် အောက် မှာ ငါချေ မည်။ သင့်ကိုမူကား၊ သူ တို့ထက် အားကြီး ၍ များပြား သော အမျိုး ဖြစ် စေမည်ဟု ငါ့ အား မိန့် တော်မူ၏။
15 Y volví y descendí del monte, el cual ardía en fuego, con las tablas del pacto en mis dos manos.
၁၅ထိုအခါ ငါ သည် ပဋိညာဉ် ကျောက်ပြား နှစ် ပြား ကို ကိုင် လျက် ၊ လှည့် ၍ မီး လောင် သော တောင် ပေါ်က ဆင်း လာ၏။
16 Y miré, y he aquí habíais pecado contra Jehová vuestro Dios: os habíais hecho un becerro de fundición, apartándoos presto del camino que Jehová os había mandado.
၁၆သင်တို့သည် သင် တို့ဘုရားသခင် ထာဝရဘုရား ကို ပြစ်မှား ၍ ၊ နွားသငယ် ရုပ်တု ကို သွန်း ကြောင်း နှင့် ထာဝရဘုရား မှာထား တော်မူသော လမ်း မှ အလျင်အမြန် လွှဲ သွားကြောင်းကို ငါသည် ကြည့် မြင်လျှင်၊
17 Entonces tomé las dos tablas, y arrojélas de mis dos manos, y quebrélas delante de vuestros ojos.
၁၇လက် နှစ် ဘက်နှင့် ကိုင် သော ကျောက်ပြား တို့ကို ချ ၍၊ သင် တို့မျက်မှောက် ၌ ငါချိုးဖဲ့ ၏။
18 Y postréme delante de Jehová, como antes, cuarenta días y cuarenta noches: no comí pan ni bebí agua, á causa de todo vuestro pecado que habíais cometido haciendo mal en ojos de Jehová para enojarlo.
၁၈သင် တို့သည် ထာဝရဘုရား ကို အမျက် တော် ထွက်စေခြင်းငှာ ၊ ရှေ့ တော်၌ ဒုစရိုက် ကို ပြု မိသောအပြစ် ရှိသမျှ တို့ကြောင့် ၊ ငါသည် အရင်ပြုသကဲ့သို့ထာဝရဘုရား ရှေ့ တော်၌ ပြပ်ဝပ် ၍ အရက် လေးဆယ် ပတ်လုံးမုန့် ကိုမ စား ၊ ရေ ကို မ သောက် ဘဲနေရ၏။
19 Porque temí á causa del furor y de la ira con que Jehová estaba enojado contra vosotros para destruiros. Pero Jehová me oyó aún esta vez.
၁၉အကြောင်း မူကား၊ ထာဝရဘုရား သည် သင် တို့ကို ဖျက်ဆီး ခြင်းငှာ အလွန် ပြင်းစွာထွက် သော အမျက် တော်အရှိန်ကို ငါကြောက် ၏။ သို့ရာတွင် ထာဝရဘုရား သည် ငါ့ စကားကို တဖန် နားထောင် တော်မူ၏။
20 Contra Aarón también se enojó Jehová en gran manera para destruirlo: y también oré por Aarón entonces.
၂၀ထာဝရဘုရား သည်လည်း ၊ အာရုန် ကို ဖျက်ဆီး ခြင်းငှါ အလွန် အမျက် ထွက်တော်မူသောကြောင့် ၊ အာရုန် အဘို့ ကိုလည်း ဆုတောင်း လေ၏။
21 Y tomé vuestro pecado, el becerro que habíais hecho, y quemélo en el fuego, y lo desmenucé moliéndole muy bien, hasta que fué reducido á polvo: y eché el polvo de él en el arroyo que descendía del monte.
၂၁သင် တို့ဒုစရိုက် တည်းဟူသော သင်တို့လုပ် သော နွားသငယ် ကို ငါယူ သဖြင့် အရည်ကျို ၍၊ အမှုန့် ဖြစ် အောင် ညက်ညက် ချေပြီးလျှင်၊ တောင် ထဲက ထွက် သော ချောင်း ရေပေါ် မှာ ချပစ် လေ၏။
22 También en Tabera, y en Massa, y en Kibroth-hataavah, enojasteis á Jehová.
၂၂တဗေရ အရပ်၊ မဿာ အရပ်၊ ကိဗြုတ် ဟတ္တဝါအရပ်၌ လည်း ၊ သင်တို့သည် ထာဝရဘုရား ကို အမျက် တော်ထွက်အောင် ပြု ကြ၏။
23 Y cuando Jehová os envió desde Cades-barnea, diciendo, Subid y poseed la tierra que yo os he dado; también fuisteis rebeldes al dicho de Jehová vuestro Dios, y no lo creisteis, ni obedecisteis á su voz.
၂၃ကာဒေရှဗာနာ အရပ်၌ လည်း ၊ ထာဝရဘုရား က၊ သွား ၍ ငါပေး သော ပြည် ကို သိမ်းယူ ကြလော့ဟု သင် တို့ကို စေခိုင်း တော်မူသောအခါ ၊ သင် တို့သည် သင် တို့၏ ဘုရားသခင် ထာဝရဘုရား အမိန့် တော်ကို ငြင်းဆန် ကြ၏။ ကိုယ်တော် ကို မ ယုံ ၊ စကား တော်ကို နား မ ထောင်ဘဲနေကြ၏။
24 Rebeldes habéis sido á Jehová desde el día que yo os conozco.
၂၄ငါ သိ ကျွမ်းသောနေ့ မှစ၍ ၊ သင် တို့သည် ထာဝရဘုရား ကို ပုန်ကန် လျက်နေ ကြပြီ။
25 Postréme, pues, delante de Jehová cuarenta días y cuarenta noches que estuve postrado; porque Jehová dijo que os había de destruir.
၂၅ထာဝရဘုရား သည် သင် တို့ကို ဖျက်ဆီး မည်ဟု မိန့် တော်မူသောကြောင့် ၊ ငါသည် အရင်ပြပ်ဝပ် သကဲ့သို့၊ အရက် လေးဆယ် ပတ်လုံးပြပ်ဝပ် လျက်နေရ၏။
26 Y oré á Jehová, diciendo: Oh Señor Jehová, no destruyas tu pueblo y tu heredad que has redimido con tu grandeza, al cual sacaste de Egipto con mano fuerte.
၂၆ထာဝရဘုရား အား လည်း ၊ အိုအရှင် ဘုရားသခင်၊ တန်ခိုး တော်အားဖြင့် ရွေး တော်မူ၍ ၊ အားကြီး သော လက် တော်နှင့် အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူသော ကိုယ်တော် ၏အမွေ ဥစ္စာဖြစ်သော ဤလူ တို့ ကို ဖျက်ဆီး တော်မ မူပါနှင့်။
27 Acuérdate de tus siervos Abraham, Isaac, y Jacob; no mires á la dureza de este pueblo, ni á su impiedad, ni á su pecado:
၂၇ကိုယ်တော် ၏ကျွန် အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့ကို အောက်မေ့ တော်မူပါ။ ဤ လူမျိုး သည် ခိုင်မာ သော သဘောရှိ၍၊ ပြစ်မှားမိသော ဒုစရိုက် အပြစ် ကို မှတ် တော် မ မူပါနှင့်။
28 Porque no digan [los de] la tierra de donde nos sacaste: Por cuanto no pudo Jehová introducirlos en la tierra que les había dicho, ó porque los aborrecía, los sacó para matarlos en el desierto.
၂၈သို့မဟုတ် အကျွန်ုပ် တို့ကို နှုတ်ဆောင် တော်မူသော ပြည်သား တို့က၊ ထာဝရဘုရား သည် ဂတိ ထားသော ပြည် သို့ သူ တို့ကို ဆောင် သွင်းခြင်းငှာ မ တတ် နိုင်သောကြောင့် ၎င်း၊ သူ တို့ကို မုန်း သောကြောင့် ၎င်း၊ တော ၌ သတ် လိုသောငှာ ထုတ် သွားပြီဟု ဆို ကြပါ လိမ့်မည်တကား။
29 Y ellos son tu pueblo y tu heredad, que sacaste con tu gran fortaleza y con tu brazo extendido.
၂၉ဤလူ တို့သည်ကား ၊ မဟာတန်ခိုး တော်နှင့် လက်ရုံး တော်ကို ဆန့် သဖြင့် နှုတ်ဆောင် တော်မူသော ကိုယ်တော် ၏ အမွေ လူဖြစ်ကြပါသည်ဟု ငါသည် ဆုတောင်းလေ၏။