< 2 Reyes 2 >
1 Y ACONTECIÓ que, cuando quiso Jehová alzar á Elías en un torbellino al cielo, Elías venía con Eliseo de Gilgal.
၁ဧလိယအားလေပွေဖြင့် ကောင်းကင်ဘုံသို့ ထာဝရဘုရားဆောင်ယူတော်မူရန်အချိန် ကျရောက်လာ၏။ ဧလိယနှင့်ဧလိရှဲသည် ဂိလဂါလမြို့မှထွက်ခွာလာကြရာ၊-
2 Y dijo Elías á Eliseo: Quédate ahora aquí, porque Jehová me ha enviado á Beth-el. Y Eliseo dijo: Vive Jehová, y vive tu alma, que no te dejaré. Descendieron pues á Beth-el.
၂လမ်းတွင်ဧလိယက``ဤတွင်နေရစ်ပါလော့။ ငါ့အားထာဝရဘုရားသည် ဗေသလမြို့ သို့စေလွှတ်တော်မူသည်'' ဟုဧလိရှဲအား ပြော၏။ သို့ရာတွင်ဧလိရှဲက``အကျွန်ုပ်သည်အရှင်နှင့် ခွဲခွာလိမ့်မည်မဟုတ်ကြောင်း အသက်ရှင်တော် မူသောထာဝရဘုရားနှင့်အရှင့်အပေါ်၌ အကျွန်ုပ်ထားရှိသည့်ကျေးဇူးသစ္စာကိုတိုင် တည်၍ကျိန်ဆိုပါ၏'' ဟုပြန်ပြောလေသည်။ သို့ဖြစ်၍သူတို့နှစ်ဦးသည်ဗေသလမြို့ သို့ဆက်၍သွားကြ၏။
3 Y saliendo á Eliseo los hijos de los profetas que estaban en Beth-el, dijéronle: ¿Sabes como Jehová quitará hoy á tu señor de tu cabeza? Y él dijo: Sí, yo lo sé; callad.
၃ထိုမြို့တွင်နေထိုင်ကြသည့်ပရောဖက်တစ်စု သည် ဧလိရှဲထံသို့လာ၍``ကိုယ်တော်၏သခင် ကိုကိုယ်တော့်ထံမှ ယနေ့ထာဝရဘုရားရုပ် သိမ်းတော်မူမည်ကိုသိပါ၏လော'' ဟုမေး ကြ၏။ ဧလိရှဲက``ငါသိ၏။ ဆိတ်ဆိတ်နေကြလော'' ဟုပြန်၍ဖြေကြား၏။
4 Y Elías le volvió á decir: Eliseo, quédate aquí ahora, porque Jehová me ha enviado á Jericó. Y él dijo: Vive Jehová, y vive tu alma, que no te dejaré. Vinieron pues á Jericó.
၄ထိုနောက်ဧလိယသည်ဧလိရှဲအား``ဤအရပ် တွင်နေရစ်ပါလော့။ ထာဝရဘုရားသည်ငါ့အား ယေရိခေါမြို့သို့စေလွှတ်တော်မူသည်'' ဟုဆို၏။ သို့ရာတွင်ဧလိရှဲက``အကျွန်ုပ်သည်အရှင်နှင့် ခွဲခွာလိမ့်မည်မဟုတ်ကြောင်း အသက်ရှင်တော် မူသောထာဝရဘုရားနှင့်အရှင့်အပေါ်၌ အကျွန်ုပ်ထားရှိသည့်ကျေးဇူးသစ္စာကိုတိုင် တည်၍ကျိန်ဆိုပါ၏'' ဟုပြန်ပြောလေ၏။ သို့ ဖြစ်၍သူတို့သည်ယေရိခေါမြို့သို့သွား ကြ၏။
5 Y llegáronse á Eliseo los hijos de los profetas que estaban en Jericó, y dijéronle: ¿Sabes cómo Jehová quitará hoy á tu señor de tu cabeza? Y él respondió: Sí, yo lo sé; callad.
၅ထိုမြို့တွင်နေထိုင်ကြသည့်ပရောဖက်တစ်စု သည် ဧလိရှဲထံသို့လာ၍``ထာဝရဘုရားသည် ကိုယ်တော်၏သခင်ကိုကိုယ်တော်ထံမှ ယနေ့ ရုပ်သိမ်းတော်မူမည်ကိုသိပါ၏လော'' ဟု မေးကြ၏။ ဧလိရှဲက``ငါသိ၏။ ဆိတ်ဆိတ်နေကြလော့'' ဟုပြန်၍ဖြေကြား၏။
6 Y Elías le dijo: Ruégote que te quedes aquí, porque Jehová me ha enviado al Jordán. Y él dijo: Vive Jehová, y vive tu alma, que no te dejaré. Fueron pues ambos á dos.
၆ထိုနောက်ဧလိယသည်ဧလိရှဲအား``ဤတွင် နေရစ်ပါလော့။ ထာဝရဘုရားသည်ငါ့အား ယော်ဒန်မြစ်သို့စေလွှတ်တော်မူသည်'' ဟု ဆို၏။ သို့ရာတွင်ဧလိရှဲက``အကျွန်ုပ်သည်အရှင် နှင့်ခွဲခွာမည်မဟုတ်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားနှင့်အရှင့်အပေါ်၌ အကျွန်ုပ် ထားရှိသည့်ကျေးဇူးသစ္စာကိုတိုင်တည်၍ကျိန် ဆိုပါ၏'' ဟုပြန်ပြောလေသည်။ သို့ဖြစ်၍ သူတို့သည်ဆက်လက်ထွက်ခွာသွားကြ၏။-
7 Y vinieron cincuenta varones de los hijos de los profetas, y paráronse enfrente á lo lejos: y ellos dos se pararon junto al Jordán.
၇ပရောဖက်ငါးကျိပ်တို့သည်ယော်ဒန်မြစ်အထိ လိုက်သွားကြ၏။ ဧလိယနှင့်ဧလိရှဲတို့သည် မြစ်အနီးတွင်ရပ်တန့်ကြသောအခါ ပရော ဖက်ငါးကျိပ်တို့သည်မလှမ်းမကမ်းတွင်ရပ် လျက်နေကြ၏။-
8 Tomando entonces Elías su manto, doblólo, é hirió las aguas, las cuales se apartaron á uno y á otro lado, y pasaron ambos en seco.
၈ထိုနောက်ဧလိယသည်မိမိ၏ဝတ်လုံကိုချွတ် ၍လိပ်ပြီးလျှင် ရေကိုရိုက်လေ၏။ ထိုအခါရေ သည်နှစ်ခြမ်းကွဲ၍သွားသဖြင့် သူတို့နှစ်ဦး သည်ခြောက်သွေ့သောမြေပေါ်တွင်လျှောက်၍ မြစ်တစ်ဘက်သို့ကူးကြ၏။-
9 Y como hubieron pasado, Elías dijo á Eliseo: Pide lo que quieres que haga por ti, antes que sea quitado de contigo. Y dijo Eliseo: Ruégote que las dos partes de tu espíritu sean sobre mí.
၉ထိုအရပ်သို့ရောက်သောအခါဧလိယသည် ဧလိရှဲအား``သင်နှင့်မခွဲမခွာရမီငါ့ထံ ဆုတစ်ခုကိုတောင်းလော့'' ဟုပြော၏။ ဧလိရှဲက``အရှင်၏အရိုက်အရာကိုဆက်ခံ နိုင်ရန် သားဦးရသင့်ရထိုက်သောအရှင်၏ တန်ခိုးဝေစု ကို အကျွန်ုပ်အားပေးတော်မူပါ'' ဟုတောင်း လေ၏။
10 Y él le dijo: Cosa difícil has pedido. Si me vieres cuando fuere quitado de ti, te será así hecho; mas si no, no.
၁၀ဧလိယက``သင်တောင်းသောဆုကိုပေးရန် မလွယ်ကူပါ။ သို့ရာတွင်သင်သည်ငါ့အားဆောင် ယူသွားသည်ကိုတွေ့မြင်ရပါလျှင် သင်တောင်း သောဆုကိုရလိမ့်မည်။ အကယ်၍သင်မတွေ့ မမြင်ရပါမူထိုဆုကိုရမည်မဟုတ်'' ဟု ဆို၏။
11 Y aconteció que, yendo ellos hablando, he aquí, un carro de fuego con caballos de fuego apartó á los dos: y Elías subió al cielo en un torbellino.
၁၁သူတို့သည်စကားပြောလျက်ဆက်လက်လျှောက် သွားကြစဉ် ရုတ်တရက်သူတို့နှစ်ယောက်၏စပ် ကြား၌ မီးမြင်းများကလျက်မီးလျှံထနေ သောရထားတစ်စီးပေါ်လာပြီးလျှင် ဧလိယ အားလေပွေဖြင့်ကောင်းကင်ဘုံသို့ဆောင်ယူ သွားလေ၏။-
12 Y viéndolo Eliseo, clamaba: ¡Padre mío, padre mío, carro de Israel y su gente de á caballo! Y nunca más le vió, y trabando de sus vestidos, rompiólos en dos partes.
၁၂ဧလိရှဲသည်ထိုအခြင်းအရာကိုမြင်သဖြင့် ဧလိယအား``အို အကျွန်ုပ်၏အဖ၊ အို အကျွန်ုပ် ၏အဖ၊ တန်ခိုးကြီးမား၍ဣသရေလအမျိုး သားတို့ဘက်မှခုခံကာကွယ်သောအရှင်၊ ကိုယ် တော်သည်ထွက်ခွာသွားတော်မူပါပြီတကား'' ဟုဟစ်အော်၍ပြော၏။ ထိုနောက်သူသည်ဧလိယ ကိုတစ်ဖန်ပြန်၍မတွေ့မမြင်ရတော့ချေ။ ဧလိရှဲသည်ကြေကွဲဝမ်းနည်းသဖြင့် မိမိ၏ ဝတ်လုံကိုနှစ်ခြမ်းဆုတ်ဖြဲလိုက်၏။-
13 Alzó luego el manto de Elías que se le había caído, y volvió, y paróse á la orilla del Jordán.
၁၃ထိုနောက်သူသည်ဧလိယထံမှကျခဲ့သည့် ဝတ်လုံကိုကောက်ယူပြီးလျှင် ယော်ဒန်မြစ် သို့ပြန်လာ၏။-
14 Y tomando el manto de Elías que se le había caído, hirió las aguas, y dijo: ¿Dónde está Jehová, el Dios de Elías? Y así que hubo del mismo modo herido las aguas, apartáronse á uno y á otro lado, y pasó Eliseo.
၁၄သူသည်မြစ်ကမ်းပေါ်တွင်ရပ်လျက်ရေကို ဧလိယ၏ဝတ်လုံဖြင့်ရိုက်၏။ သို့ရာတွင်ရေ သည်ကွဲ၍မသွားချေ။ ဧလိရှဲသည်``ဧလိယ ၏ဘုရားတည်းဟူသောထာဝရဘုရားသခင်ကားအဘယ်မှာနည်း'' ဟုဟစ်အော်ပြီး လျှင် ရေကိုတစ်ဖန်ရိုက်ပြန်၏။ ထိုအခါရေ သည်နှစ်ခြမ်းကွဲသဖြင့် သူသည်မြစ်တစ်ဘက် ကမ်းသို့လျှောက်၍သွားလေသည်။-
15 Y viéndole los hijos de los profetas que estaban en Jericó de la otra parte, dijeron: El espíritu de Elías reposó sobre Eliseo. Y viniéronle á recibir, é inclináronse á él hasta la tierra.
၁၅ယေရိခေါမြို့မှပရောဖက်ငါးကျိပ်တို့သည် ဧလိရှဲကိုမြင်သဖြင့်``ဧလိယ၏တန်ခိုးကို ဧလိရှဲခံယူရရှိလေပြီ'' ဟုဆိုကြ၏။ သူ တို့သည်ဧလိရှဲအားလာရောက်ကြိုဆိုကာ သူ၏ရှေ့တွင်ဦးညွှတ်ကြပြီးနောက်၊-
16 Y dijéronle: He aquí hay con tus siervos cincuenta varones fuertes: vayan ahora y busquen á tu señor; quizá lo ha levantado el espíritu de Jehová, y lo ha echado en algún monte ó en algún valle. Y él les dijo: No enviéis.
၁၆``ဤအရပ်တွင်အကျွန်ုပ်တို့လူငါးကျိပ်ရှိ ပါ၏။ အကျွန်ုပ်တို့အားလုံးပင်သန်မာသူ များဖြစ်ပါသည်။ အကျွန်ုပ်တို့အား အရှင် ၏သခင်ကိုသွားရောက်ရှာဖွေခွင့်ပြုတော်မူ ပါ။ ထာဝရဘုရား၏ဝိညာဉ်တော်သည်သူ့ကို ဆောင်ယူပြီးလျှင် တောင်ပေါ်ဖြစ်စေ၊ ချိုင့်ထဲ သို့ဖြစ်စေတစ်နေရာရာတွင်ချထားကောင်း ချထားခဲ့ပါလိမ့်မည်'' ဟုပြောကြ၏။ ဧလိရှဲက``သင်တို့မသွားကြပါနှင့်'' ဟု တားမြစ်၏။
17 Mas ellos le importunaron, hasta que avergonzándose dijo: Enviad. Entonces ellos enviaron cincuenta hombres, los cuales lo buscaron tres días, mas no lo hallaron.
၁၇သို့ရာတွင်သူတို့သည်အကြိမ်ကြိမ်တောင်းပန် ကြသဖြင့် ဧလိရှဲသည်သူတို့အားခွင့်ပြုလိုက် လေသည်။ ထိုသူငါးကျိပ်တို့သည်သုံးရက်တိုင် တိုင် တစ်တောင်တက်ဆင်းရှာဖွေကြသော်လည်း ဧလိယကိုမတွေ့ကြ။-
18 Y cuando volvieron á él, que se había quedado en Jericó, él les dijo: ¿No os dije yo que no fueseis?
၁၈ထိုအခါသူတို့သည်ယေရိခေါမြို့တွင် စောင့်လျက် နေသည့်ဧလိရှဲ၏ထံသို့ပြန်လာကြ၏။ ထိုအခါ ဧလိရှဲက``သင်တို့အားမသွားကြရန်ငါပြော သည်မဟုတ်လော'' ဟုဆိုလေ၏။
19 Y los hombres de la ciudad dijeron á Eliseo: He aquí el asiento de esta ciudad es bueno, como mi señor ve; mas las aguas son malas, y la tierra enferma.
၁၉ယေရိခေါမြို့သားအချို့တို့သည် ဧလိရှဲထံ သွား၍``အရှင်၊ အရှင်သိတော်မူသည့်အတိုင်း ဤမြို့သည်သာယာသောမြို့ပင်ဖြစ်သော်လည်း ရေမကောင်းသဖြင့်နေထိုင်သူတို့သားပျက် တတ်ပါသည်'' ဟုလျှောက်ကြ၏။
20 Entonces él dijo: Traedme una botija nueva, y poned en ella sal. Y trajéronsela.
၂၀ဧလိရှဲက``အိုးသစ်တွင်ဆားအနည်းငယ်ထည့် ၍ယူခဲ့ကြလော့'' ဟုဆိုသည့်အတိုင်းယူခဲ့ကြ သောအခါ၊-
21 Y saliendo él á los manaderos de las aguas, echó dentro la sal, y dijo: Así ha dicho Jehová: Yo sané estas aguas, y no habrá más en ellas muerte ni enfermedad.
၂၁သူသည်စမ်းရေတွင်းသို့သွား၍ဆားကိုရေတွင် ခတ်ပြီးလျှင်``ထာဝရဘုရားက`ငါသည်ဤရေ ကိုသန့်စင်စေပြီ။ နောက်တစ်ဖန်သေဘေး၊ သား ပျက်ဘေးမဖြစ်ပွားစေရ' ဟုမိန့်တော်မူပြီ'' ဟူ၍ပြော၏။
22 Y fueron sanas las aguas hasta hoy, conforme á la palabra que habló Eliseo.
၂၂ဧလိရှဲပြောသည့်အတိုင်းပင်ထိုအချိန်မှအစ ပြု၍ ယနေ့တိုင်အောင်ထိုရေသည်သန့်စင်လျက်ရှိ သတည်း။
23 Después subió de allí á Beth-el; y subiendo por el camino, salieron los muchachos de la ciudad, y se burlaban de él, diciendo: ¡Calvo, sube! ¡calvo, sube!
၂၃ဧလိရှဲသည်ဗေသလမြို့သို့သွားရန် ယေရိခေါ မြို့မှထွက်ခွာခဲ့၏။ လမ်းတွင်မြို့တစ်မြို့မှသူ ငယ်အချို့တို့သည်ထွက်လာပြီးလျှင် သူ့အား ပြောင်လှောင်ကြ၏။ သူတို့က``ဦးပြည်း၊ ခေါင်းတုံး ကြီး၊ ဤအရပ်မှထွက်သွားလော့'' ဟုအော်ဟစ် ကြ၏။
24 Y mirando él atrás, viólos, y maldíjolos en el nombre de Jehová. Y salieron dos osos del monte, y despedazaron de ellos cuarenta y dos muchachos.
၂၄ဧလိရှဲသည်လှည့်၍သူတို့အားစိမ်းစိမ်းကြည့် ပြီးလျှင် ထာဝရဘုရား၏နာမတော်ကိုအမှီ ပြု၍ကျိန်ဆဲလေသည်။ ထိုအခါတောအုပ်ထဲ မှဝက်ဝံမနှစ်ကောင်ထွက်လာကာ ထိုသူငယ် လေးဆယ့်နှစ်ယောက်တို့အားအပိုင်းပိုင်းကိုက် ဖြတ်ကြ၏။
25 De allí fué al monte de Carmelo, y de allí volvió á Samaria.
၂၅ဧလိရှဲသည်ကရမေလတောင်သို့သွားပြီး နောက် ရှမာရိမြို့သို့ပြန်လာလေသည်။