< 1 Corintios 7 >

1 CUANTO á las cosas de que me escribisteis, bien es al hombre no tocar mujer.
သင်​တို့​ရေး​သား​ပေး​ပို့​လိုက်​သော​စာ​တွင် ပါ ရှိ​သည့်​အ​ကြောင်း​အ​ရာ​များ​နှင့်​ပတ်​သက်​၍ ဖြေ​ကြား​အံ့။ အ​မျိုး​သား​သည်​အိမ်​ထောင် မ​ပြု​ဘဲ​နေ​နိုင်​လျှင်​ကောင်း​၏။-
2 Mas á causa de las fornicaciones, cada uno tenga su mujer, y cada una tenga su marido.
သို့​သော်​ကာ​မ​ဂုဏ်​လိုက်​စား​မှု​များ​လွန်​စွာ များ​ပြား​လျက်​နေ​သ​ဖြင့် အ​မျိုး​သား​တိုင်း မှာ​ဇ​နီး​ရှိ​သင့်​၏။ အ​မျိုး​သမီး​တိုင်း​မှာ​လည်း ခင်​ပွန်း​ရှိ​သင့်​၏။-
3 El marido pague á la mujer la debida benevolencia; y asimismo la mujer al marido.
လင်​သည်​မ​ယား​အား​ပြု​သင့်​သည့်​ဝတ်​ကို​လည်း ကောင်း၊ မ​ယား​သည်​လင်​အား​ပြု​သင့်​သည့်​ဝတ်​ကို လည်း​ကောင်း​ပြု​လျက် တစ်​ဦး​၏​အ​လို​ကို​တစ်​ဦး က​ဖြည့်​တင်း​ပေး​ရာ​၏။-
4 La mujer no tiene potestad de su propio cuerpo, sino el marido: é igualmente tampoco el marido tiene potestad de su propio cuerpo, sino la mujer.
မ​ယား​သည်​မိ​မိ​ကိုယ်​ခန္ဓာ​ကို​မ​ပိုင်။ လင်​သာ လျှင်​ပိုင်​၏။ ထို​နည်း​တူ​လင်​သည်​မိ​မိ​ကိုယ်​ခန္ဓာ ကို​မ​ပိုင်။ မ​ယား​သာ​လျှင်​ပိုင်​၏။-
5 No os defraudéis el uno al otro, á no ser por algún tiempo de [mutuo] consentimiento, para ocuparos en la oración: y volved á juntaros en uno, porque no os tiente Satanás á causa de vuestra incontinencia.
သင်​တို့​သည်​ဆု​တောင်း​ပတ္ထ​နာ​အ​တွက်​အ​ချိန် ပေး​ရန် ကြို​တင်​သ​ဘော​တူ​ညီ​ချက်​အ​ရ​ခေတ္တ ဆိုင်း​ငံ့​ခြင်း​မှ​တစ်​ပါး မိ​မိ​တို့​၏​လင်​မ​ယား ဝတ်​များ​ကို​မ​ပျက်​မ​ကွက်​ကြ​စေ​နှင့်။ ဆု​တောင်း ပတ္ထ​နာ​ပြု​ချိန်​ကုန်​ဆုံး​သော​အ​ခါ​၌​မူ ပြန် လည်​ပေါင်း​သင်း​၍​နေ​ကြ​လော့။ သို့​မှ​သာ​လျှင် မိ​မိ​တို့​၏​စိတ်​ကို​ချုပ်​တည်း​နိုင်​လျက် စာ​တန် သွေး​ဆောင်​ခြင်း​ကို​ခံ​နိုင်​ကြ​လိမ့်​မည်။
6 Mas esto digo por permisión, no por mandamiento.
ဤ​သို့​ဆို​ရာ​၌​ငါ​သည်​သင်​တို့​အား​အ​မိန့်​ပေး ခြင်း​မ​ဟုတ်။ ခွင့်​ပြု​ခြင်း​သာ​ဖြစ်​၏။-
7 Quisiera más bien que todos los hombres fuesen como yo: empero cada uno tiene su propio don de Dios; uno á la verdad así, y otro así.
အ​ကယ်​စင်​စစ်​ငါ​သည်​လူ​တိုင်း​ကို​ငါ​ကဲ့​သို့​ပင် ဖြစ်​စေ​လို​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​လူ တစ်​ဦး​စီ​အား​ထူး​ခြား​သည့်​ဆု​ကျေး​ဇူး​ကို ပေး​တော်​မူ​၏။
8 Digo pues á los solteros y á las viudas, que bueno les es si se quedaren como yo.
သို့​ဖြစ်​၍​အိမ်​ထောင်​မ​ရှိ​သူ​များ​နှင့်​မု​ဆိုး​မ များ​အား ငါ​ကဲ့​သို့​တစ်​ကိုယ်​တည်း​ဆက်​လက်​နေ ထိုင်​နိုင်​လျှင်​ပို​၍​ကောင်း​လိမ့်​မည်။-
9 Y si no tienen don de continencia, cásense; que mejor es casarse que quemarse.
သို့​သော်​သင်​တို့​၏​စိတ်​ကို​မ​ချုပ်​တည်း​နိုင်​လျှင်​မူ ကား အိမ်​ထောင်​ပြု​ကြ​လော့။ စိတ်​ပူ​လောင်​ခြင်း​ရှိ သည်​ထက်​အိမ်​ထောင်​ပြု​ခြင်း​က​ပို​၍​ကောင်း​လိမ့် မည်။
10 Mas á los que están juntos en matrimonio, denuncio, no yo, sino el Señor: Que la mujer no se aparte del marido;
၁၀အိမ်​ထောင်​သည်​များ​အား​ငါ​ပ​ညတ်​လို​၏။ ယင်း ပ​ညတ်​မှာ​ငါ​၏​ပ​ညတ်​မ​ဟုတ်။ သ​ခင်​ဘု​ရား ၏​ပ​ညတ်​ဖြစ်​၏။ မ​ယား​သည်​မိ​မိ​၏​လင်​နှင့် ခွဲ​ခွာ​၍​မ​နေ​ရ။-
11 Y si se apartare, que se quede sin casar, ó reconcíliese con su marido; y que el marido no despida á su mujer.
၁၁ခွဲ​ခွာ​၍​နေ​လျှင်​လည်း​နောက်​ထပ်​အိမ်​ထောင် မ​ပြု​ဘဲ​နေ​ရ​မည်။ သို့​မ​ဟုတ်​မိ​မိ​လင်​နှင့် ပြန်​လည်​၍​ပေါင်း​သင်း​ရ​မည်။ လင်​သည်​လည်း မိ​မိ​မ​ယား​ကို​မ​ကွာ​မ​ရှင်း​ရ။-
12 Y á los demás yo digo, no el Señor: Si algún hermano tiene mujer infiel, y ella consiente en habitar con él, no la despida.
၁၂(သ​ခင်​ဘု​ရား​ပ​ညတ်​တော်​မ​မူ​သော်​လည်း) အ​ခြား​သူ​တို့​အား​ငါ​ပ​ညတ်​လို​သည်​မှာ ယုံ​ကြည်​သူ​အ​မျိုး​သား​တစ်​ယောက်​သည် မ​ယုံ​ကြည်​သူ​မ​ယား​ရှိ​က ထို​အ​မျိုး​သ​မီး က​ဆက်​လက်​ပေါင်း​သင်း​နေ​လို​ပါ​မူ သူ့​အား မ​ကွာ​မ​ရှင်း​ရ​ဟူ​၍​ပင်​ဖြစ်​၏။-
13 Y la mujer que tiene marido infiel, y él consiente en habitar con ella, no lo deje.
၁၃ထို​နည်း​တူ​ယုံ​ကြည်​သူ​အ​မျိုး​သ​မီး​တစ်​ယောက် သည် မ​ယုံ​ကြည်​သူ​လင်​ရှိ​၍ ထို​အ​မျိုး​သား​က ဆက်​လက်​ပေါင်း​သင်း​နေ​လို​ပါ​လျှင်​သူ့​အား မ​ကွာ​မ​ရှင်း​ရ။-
14 Porque el marido infiel es santificado en la mujer, y la mujer infiel en el marido: pues de otra manera vuestros hijos serían inmundos; empero ahora son santos.
၁၄ယုံ​ကြည်​သူ​အ​မျိုး​သား​သည် မ​ယုံ​ကြည်​သူ မ​ယား​နှင့်​စုံ​ဖက်​သော​အား​ဖြင့်​လည်း​ကောင်း၊ မ​ယုံ​ကြည်​သူ​အ​မျိုး​သ​မီး​သည် ယုံ​ကြည်​သူ လင်​နှင့်​စုံ​ဖက်​သော​အား​ဖြင့်​လည်း​ကောင်း၊ ဘု​ရား သ​ခင်​နှစ်​သက်​လက်​ခံ​သူ​များ​ဖြစ်​လာ​ပေ​သည်။ အ​ကယ်​၍​ဤ​သို့​မ​ဖြစ်​ပါ​မူ​သင်​တို့​၏​သား သ​မီး​များ​သည် ဘု​ရား​မဲ့​သူ​များ​ဖြစ်​ကြ ပေ​တော့​အံ့။ ယ​ခု​မှာ​မူ​ထို​သား​သ​မီး​တို့ သည်​ဘု​ရား​သ​ခင်​နှစ်​သက်​လက်​ခံ​သူ​များ ဖြစ်​ကြ​၏။-
15 Pero si el infiel se aparta, apártese: que no es el hermano ó la hermana sujeto á servidumbre en semejante [caso]; antes á paz nos llamó Dios.
၁၅သို့​သော်​မ​ယုံ​ကြည်​သူ​မ​ဟုတ်​သူ​အ​မျိုး​သား က​သော်​လည်း​ကောင်း၊ အ​မျိုး​သ​မီး​က​သော် လည်း​ကောင်း ကွာ​ရှင်း​လို​လျှင်​ကွာ​ရှင်း​ပါ​စေ။ ဤ အ​မှု​မျိုး​တွင်​ယုံ​ကြည်​သူ​ခင်​ပွန်း​ဖြစ်​စေ၊ ဇ​နီး ဖြစ်​စေ​လွတ်​လပ်​စွာ​ပြု​နိုင်​ခွင့်​ရှိ​၏။ ဘု​ရား​သ​ခင် သည်​သင်​တို့​အား သင့်​တင့်​အေး​ချမ်း​စွာ​နေ​ထိုင် ကြ​စေ​ရန် ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​၏။-
16 Porque ¿de dónde sabes, oh mujer, si quizá harás salvo á tu marido? ¿ó de dónde sabes, oh marido, si quizá harás salva á tu mujer?
၁၆အ​ချင်း​အ​မျိုး​သ​မီး၊ သင်​သည်​မိ​မိ​ခင်​ပွန်း​ဖြစ် သူ​ကို​ကယ်​တင်​နိုင်​မည်​မ​ဟုတ်​ဟု​မ​ဆို​နိုင်​ပေ။ အ​ချင်း​အ​မျိုး​သား၊ သင်​သည်​မိ​မိ​၏​ဇ​နီး​ကို ကယ်​တင်​နိုင်​မည်​မ​ဟုတ်​ဟု​မ​ဆို​နိုင်​ပေ။
17 Empero cada uno como el Señor le repartió, y como Dios llamó á cada uno, así ande: y así enseño en todas las iglesias.
၁၇မည်​သို့​ပင်​ဆို​စေ၊ လူ​အ​သီး​သီး​တို့​သည်​သ​ခင် ဘု​ရား​ပေး​တော်​မူ​သည့်​ဆု​ကျေး​ဇူး​များ​နှင့် အ​ညီ ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​စဉ် အ​ခါ​က​ရှိ​ခဲ့​သည့်​အ​ခြေ​အ​နေ​အ​တိုင်း ဆက်​လက်​၍​အ​သက်​ရှင်​ရာ​၏။ ဤ​နည်း​အ​တိုင်း အ​သင်း​တော်​အား​လုံး​အား​ငါ​ဟော​ပြော​သွန် သင်​၏။-
18 ¿Es llamado alguno circuncidado? quédese circunciso. ¿Es llamado alguno incircuncidado? que no se circuncide.
၁၈အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ယူ​ပြီး​သူ​သည် ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ရ​လျှင် အ​ရေ​ဖျား​လှီး မင်္ဂ​လာ​ဆိုင်​ရာ​အ​မှတ်​အ​သား​များ​ကို​စွန့်​ပယ် ရန်​မ​လို။ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​ယူ​ခဲ့​သူ သည်​ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ရ​လျှင်​အ​ရေ ဖျား​လှီး​မင်္ဂ​လာ​ခံ​ယူ​ရန်​မ​လို။-
19 La circuncisión nada es, y la incircuncisión nada es; sino la observancia de las mandamientos de Dios.
၁၉အ​ရေ​ဖျား​လှီး​ခံ​သည်​မ​ခံ​သည်​မှာ​ပ​ဋ္ဌာ​န မ​ဟုတ်။ ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​များ​ကို စောင့်​ထိန်း​ခြင်း​သာ​လျှင်​ပ​ဋ္ဌာ​န​ဖြစ်​၏။-
20 Cada uno en la vocación en que fué llamado, en ella se quede.
၂၀လူ​တိုင်း​ပင်​ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ ခြင်း​ခံ​ရ​စဉ်​အ​ချိန်​က​မိ​မိ​လုပ်​ကိုင်​နေ​သည့် အ​လုပ်​ကို​ဆက်​လက်​လုပ်​ကိုင်​ရာ​၏။-
21 ¿Eres llamado siendo siervo? no se te dé cuidado: mas también si puedes hacerte libre, procúralo más.
၂၁ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ရ​ချိန်​တွင်​သင်​သည် ကျွန်​ဖြစ်​ပါ​လျှင်​ကိစ္စ​မ​ရှိ။ သို့​သော်​ကျွန်​အ​ဖြစ် မှ​လွတ်​မြောက်​ခွင့်​ရ​မည်​ဆို​ပါ​က​ထို​အ​ခွင့် ကို​ယူ​လော့။-
22 Porque el que en el Señor es llamado siendo siervo, liberto es del Señor: asimismo también el que es llamado siendo libre, siervo es de Cristo.
၂၂ကျွန်​ဖြစ်​စဉ်​သ​ခင်​ဘု​ရား​ရွေး​ကောက်​တော်​မူ ခြင်း​ခံ​ရ​သူ​သည်​သ​ခင်​ဘု​ရား​၏​လွတ်​မြောက် သူ​ဖြစ်​၏။ ထို​နည်း​တူ​စွာ​လွတ်​မြောက်​သူ​သည် ခ​ရစ်​တော်​၏​ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ရ သော​အ​ခါ​ခ​ရစ်​တော်​၏​ကျွန်​ဖြစ်​လာ​၏။-
23 Por precio sois comprados; no os hagáis siervos de los hombres.
၂၃သင်​တို့​ကို​ဘု​ရား​သ​ခင်​သည်​အ​ဖိုး​အ​ခ​ပေး ၍​ဝယ်​ယူ​ထား​တော်​မူ​သ​ဖြင့်​လူ​တို့​ထံ​တွင် ကျွန်​မ​ခံ​ကြ​နှင့်။-
24 Cada uno, hermanos, en lo que es llamado, en esto se quede para con Dios.
၂၄ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ရွေး​ကောက်​တော်​မူ ခြင်း​ခံ​ရ​စဉ်​အ​ခါ​က​ရှိ​ခဲ့​သည့်​အ​ခြေ​အ​နေ ၌​ပင် ဘု​ရား​သ​ခင်​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​လျက် ဆက်​လက်​နေ​ထိုင်​ရ​ကြ​၏။
25 Empero de las vírgenes no tengo mandamiento del Señor; mas doy mi parecer, como quien ha alcanzado misericordia del Señor para ser fiel.
၂၅သင်​တို့​စာ​ရေး​မေး​မြန်း​သည့်​အိမ်​ထောင်​မ​ပြု​ဘဲ နေ​ရေး​ကိစ္စ​နှင့်​ပတ်​သက်​၍​ငါ​ပြော​မည့်​စ​ကား သည် ငါ့​အား​သ​ခင်​ဘု​ရား​မိန့်​တော်​မူ​ချက်​အ​ရ ပြော​သော​စ​ကား​မ​ဟုတ်။ သို့​ရာ​တွင်​သ​ခင်​ဘု​ရား ၏​က​ရု​ဏာ​တော်​ကြောင့်​ယုံ​ကြည်​ထိုက်​သူ​တစ် ယောက်​အ​နေ​ဖြင့် ငါ​၏​ထင်​မြင်​ချက်​ကို​ဖော်​ပြ လိုက်​ပါ​သည်။
26 Tengo, pues, esto por bueno á causa de la necesidad que apremia, que bueno es al hombre estarse así.
၂၆ယ​ခု​ကြုံ​တွေ့​နေ​ရ​သည့်​ခေတ်​ဆိုး​ကြောင့်​အ​မျိုး သား​တစ်​ယောက်​သည် ရှိ​မြဲ​အ​ခြေ​အ​နေ​အ​တိုင်း ဆက်​လက်​နေ​ထိုင်​လျှင်​ကောင်း​ပေ​မည်။-
27 ¿Estás ligado á mujer? no procures soltarte. ¿Estás suelto de mujer? no procures mujer.
၂၇သင်​သည်​အိမ်​ထောင်​သည်​ဖြစ်​လျှင် မိ​မိ​၏​ဇ​နီး ကို​စွန့်​ပယ်​ရန်​မ​ကြံ​စည်​နှင့်။ အိမ်​ထောင်​သည်​မ​ဟုတ် ပါ​က​အိမ်​ထောင်​ပြု​ရန်​မ​ကြံ​စည်​နှင့်။-
28 Mas también si tomares mujer, no pecaste; y si la doncella se casare, no pecó: pero aflicción de carne tendrán los tales: mas yo os dejo.
၂၈သို့​သော်​အိမ်​ထောင်​ပြု​လျှင်​လည်း​အ​ပြစ်​တစ်​စုံ တစ်​ရာ​ကူး​လွန်​ခြင်း​မ​ဟုတ်။ အိမ်​ထောင်​မ​ရှိ သည့်​အ​မျိုး​သ​မီး​သည်​အိမ်​ထောင်​ပြု​ခဲ့​သော် မည်​သည့်​အ​ပြစ်​ကို​မျှ​မ​ကူး​လွန်။ သို့​ရာ​တွင် အိမ်​ထောင်​သည်​တို့​နေ့​စဉ်​တွေ့​ကြုံ​ကြ​ရ​မည့် ဆင်း​ရဲ​ဒုက္ခ​များ​နှင့် သင်​တို့​အား​ကင်း​ဝေး​စေ လို​၍​ဤ​သို့​ငါ​ပြော​ရ​ခြင်း​ဖြစ်​၏။
29 Esto empero digo, hermanos, que el tiempo es corto: lo que resta es, que los que tienen mujeres sean como los que no las tienen;
၂၉ညီ​အစ်​ကို​တို့၊ ငါ​ဆို​လို​သည်​ကား​ဤ​သို့​တည်း။ အ​ချိန်​ကာ​လ​ကုန်​ဆုံး​တော့​မည်။ ယ​ခု​မှ​စ​၍ အိမ်​ထောင်​ရှင်​အ​မျိုး​သား​များ​သည်​အိမ်​ထောင် မ​ရှိ​သ​ကဲ့​သို့​နေ​အပ်​၏။-
30 Y los que lloran, como los que no lloran; y los que se huelgan, como los que no se huelgan; y los que compran, como los que no poseen;
၃၀ငို​ကြွေး​သူ​များ​သည်​ဝမ်း​မ​နည်း​သ​ကဲ့​သို့ လည်း​ကောင်း၊ ရယ်​မော​သူ​များ​သည်​ဝမ်း​မ​မြောက် သ​ကဲ့​သို့​လည်း​ကောင်း​နေ​အပ်​၏။ ဥစ္စာ​ပစ္စည်း ဝယ်​ယူ​သူ​များ​သည်​ထို​ဥစ္စာ​ပစ္စည်း​ကို​မ​ပိုင် သ​ကဲ့​သို့​နေ​အပ်​၏။-
31 Y los que usan de este mundo, como los que no usan: porque la apariencia de este mundo se pasa.
၃၁လော​က​ဥစ္စာ​ဘဏ္ဍာ​ကို​သုံး​သော​သူ​တို့​သည် မ​သုံး​သ​ကဲ့​သို့​နေ​အပ်​၏။ အ​ဘယ်​ကြောင့်​ဆို သော်​ယ​ခု​လက်​ရှိ​ကမ္ဘာ​လော​က​ကြီး​သည် ကာ​လ​ကြာ​မြင့်​စွာ​တည်​ရှိ​နေ​တော့​မည် မ​ဟုတ်​သော​ကြောင့်​တည်း။
32 Quisiera, pues, que estuvieseis sin congoja. El soltero tiene cuidado de las cosas que son del Señor, cómo ha de agradar al Señor:
၃၂ငါ​သည်​သင်​တို့​အား​ပူ​ပန်​သော​က​နှင့်​ကင်း​ဝေး စေ​လို​၏။ အိမ်​ထောင်​မဲ့​အ​မျိုး​သား​သည်​သ​ခင် ဘု​ရား​နှစ်​သက်​တော်​မူ​သော​အ​မှု​ကို​ပြု​လုပ် လို​သော​ကြောင့် သ​ခင်​ဘု​ရား​၏​အ​မှု​တော် ကို​အ​လေး​အ​နက်​ထား​တတ်​၏။-
33 Empero el que se casó tiene cuidado de las cosas que son del mundo, cómo ha de agradar á su mujer.
၃၃သို့​ရာ​တွင်​အိမ်​ထောင်​ရှင်​အ​မျိုး​သား​မူ​ကား မိ​မိ​၏​ဇ​နီး​နှစ်​သက်​စေ​ရန်​စိတ်​ဆန္ဒ​ရှိ​သ​ဖြင့် လော​ကီ​မှု​ရေး​ကို​အ​လေး​အ​နက်​ထား​တတ်​၏။-
34 Hay asimismo diferencia entre la casada y la doncella: la doncella tiene cuidado de las cosas del Señor, para ser santa así en el cuerpo como en el espíritu: mas la casada tiene cuidado de las cosas del mundo, cómo ha de agradar á su marido.
၃၄ထို့​ကြောင့်​သူ​သည်​စိတ်​နှစ်​ခွ​ဖြစ်​၍​နေ​၏။ အိမ် ထောင်​မဲ့​အ​မျိုး​သ​မီး​သို့​မ​ဟုတ်​အ​ပျို​ဖြစ်​သူ သည်​သ​ခင်​ဘု​ရား​အား မိ​မိ​၏​ကိုယ်​ခန္ဓာ​နှင့် စိတ်​ဝိ​ညာဉ်​ကို​ပါ​ဆက်​ကပ်​လို​သ​ဖြင့် သ​ခင် ဘု​ရား​၏​အ​မှု​တော်​ကို​အ​လေး​အ​နက်​ထား တတ်​၏။ သို့​ရာ​တွင်​အိမ်​ထောင်​ရှင်​အ​မျိုး​သ​မီး မူ​ကား မိ​မိ​ခင်​ပွန်း​နှစ်​သက်​စေ​ရန်​စိတ်​ဆန္ဒ ရှိ​သ​ဖြင့်​လော​ကီ​မှု​ရေး​ကို​အ​လေး​အ​နက် ထား​တတ်​၏။
35 Esto empero digo para vuestro provecho; no para echaros lazo, sino para lo honesto y decente, y para que sin impedimento os lleguéis al Señor.
၃၅ဤ​သို့​ငါ​ပြော​ရ​ခြင်း​မှာ​သင်​တို့​၏​အ​ကျိုး​ကို လို​လား​၍​ပြော​ခြင်း​ဖြစ်​၏။ သင်​တို့​အား​ချုပ် ချယ်​လို​သော​ကြောင့်​မ​ဟုတ်။ သင်​တို့​အား​မှန် ကန်​လျောက်​ပတ်​စွာ​ပြု​ကျင့်​ကြ​စေ​ရန်​နှင့် သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ဦး​လည်​မ​သုန် အ​ကြွင်း​မဲ့​ဆက်​ကပ်​လျက်​ထမ်း​ဆောင်​ကြ စေ​ရန်​လို​လား​သော​ကြောင့်​ဖြစ်​၏။
36 Mas, si á alguno parece cosa fea en su [hija] virgen, que pase ya de edad, y que así conviene que se haga, haga lo que quisiere, no peca; cásese.
၃၆စေ့​စပ်​ကြောင်း​လမ်း​ပြီး​နောက်​ထိမ်း​မြား​မင်္ဂ​လာ မ​ပြု​ရန် သ​ဘော​တူ​စိတ်​ပိုင်း​ဖြတ်​ထား​သူ​နှစ်​ဦး နှင့်​ပတ်​သက်​၍​ပြော​ရ​သော် အ​မျိုး​သား​သည် အ​မျိုး​သ​မီး​အ​ပေါ်​တွင် မိ​မိ​ပြု​မူ​ပုံ​မ​လျောက် ပတ်​သည်​ကို​သိ​သော​အ​ခါ​၌​သော်​လည်း​ကောင်း၊ မိ​မိ​စိတ်​ကို​မ​ထိန်း​ချုပ်​နိုင်​သော​အ​ခါ​၌​သော် လည်း​ကောင်း​ထိမ်း​မြား​မင်္ဂ​လာ​ပြု​ရာ​၏။ ဤ​သို့ ပြု​ခြင်း​၌​အ​ဘယ်​အ​ပြစ်​မျှ​မ​ရှိ။-
37 Pero el que está firme en su corazón, y no tiene necesidad, sino que tiene libertad de su voluntad, y determinó en su corazón esto, el guardar su [hija] virgen, bien hace.
၃၇သို့​ရာ​တွင်​အ​မျိုး​သား​သည်​မိ​မိ​အ​လို​အ​လျောက် အိမ်​ထောင်​မ​ပြု​ဘဲ​နေ​ရန်​စိတ်​ပိုင်း​ဖြတ်​၍ မိ​မိ​၏ စိတ်​ကို​လည်း​လုံး​ဝ​ချုပ်​ထိန်း​နိုင်​သ​ဖြင့်​ထိမ်း မြား​မင်္ဂ​လာ​မ​ပြု​ဘဲ​နေ​ပါ​လျှင်​ကောင်း​လေ​စွ။-
38 Así que, el que la da en casamiento, bien hace; y el que no la da en casamiento, hace mejor.
၃၈ထို​ကြောင့်​မိ​မိ​နှင့်​စေ့​စပ်​ကြောင်း​လမ်း​ထား​သူ အ​မျိုး​သ​မီး​ပျို​နှင့် ထိမ်း​မြား​မင်္ဂ​လာ​ပြု​သူ​၏ အ​ပြု​အ​မူ​သည်​လျောက်​ပတ်​ပေ​၏။ သို့​ရာ​တွင် ထိမ်း​မြား​မင်္ဂ​လာ​မ​ပြု​သူ​၏​အ​ပြု​အ​မူ​သည် ကား​သာ​၍​ပင်​လျောက်​ပတ်​၏။
39 La mujer casada está atada á la ley, mientras vive su marido; mas si su marido muriere, libre es: cásese con quien quisiere, con tal que sea en el Señor.
၃၉ဇ​နီး​ဖြစ်​သူ​သည်​မိ​မိ​၏​ခင်​ပွန်း​အ​သက်​ရှင် သ​မျှ​ကာ​လ​ပတ်​လုံး​ချည်​နှောင်​မှု​ရှိ​၏။ ခင်​ပွန်း သေ​ဆုံး​သွား​သော​အ​ခါ​၌​မူ မိ​မိ​နှစ်​သက်​သူ မည်​သူ​နှင့်​မ​ဆို​ထိမ်း​မြား​လက်​ထပ်​နိုင်​၏။ သို့ ရာ​တွင်​ထို​ထိမ်း​မြား​လက်​ထပ်​မှု​သည်​ယုံ​ကြည် သူ​အ​ချင်း​ချင်း​ထိမ်း​မြား​လက်​ထပ်​မှု​သာ လျှင်​ဖြစ်​ရ​မည်။-
40 Empero más venturosa será si se quedare así, según mi consejo; y pienso que también yo tengo Espíritu de Dios.
၄၀အ​ကယ်​၍​ထို​အ​မျိုး​သ​မီး​သည်​အိမ်​ထောင်​မ​ပြု ဘဲ​နေ​ပါ​က သာ​၍​မင်္ဂ​လာ​ရှိ​၏။ ဤ​ကား​ငါ​၏ ထင်​မြင်​ယူ​ဆ​ချက်​ဖြစ်​၏။ ငါ​သည်​လည်း​ဘု​ရား သ​ခင်​၏​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​ဖြစ် သည်​ဟု​ယုံ​ကြည်​၏။

< 1 Corintios 7 >