< 1 Crónicas 21 >
1 MAS Satanás se levantó contra Israel, é incitó á David á que contase á Israel.
၁စာတန်သည်ဣသရေလပြည်သားတို့ကို ဒုက္ခပေးလိုသဖြင့် ဒါဝိဒ်အားသန်းခေါင် စာရင်းကောက်ယူရန်ဆုံးဖြတ်စေ၏။-
2 Y dijo David á Joab y á los príncipes del pueblo: Id, contad á Israel desde Beer-seba hasta Dan, y traedme el número de ellos para que yo lo sepa.
၂ဒါဝိဒ်သည်ယွာဘနှင့်အခြားတပ်မှူးများ အား``သင်တို့သည်တိုင်းပြည်တစ်စွန်းမှ အခြားတစ်စွန်းသို့တိုင်အောင် ဣသရေလ နိုင်ငံတစ်လျှောက်လုံးကိုသွားရောက်၍လူဦး ရေစာရင်းကောက်ယူကြလော့။ လူဦးရေ မည်မျှရှိသည်ကိုငါသိလိုသည်'' ဟု မိန့်တော်မူ၏။
3 Y dijo Joab: Añada Jehová á su pueblo cien veces otros tantos. Rey señor mío, ¿no son todos estos siervos de mi señor? ¿para qué procura mi señor esto, que será pernicioso á Israel?
၃ယွာဘက``ထာဝရဘုရားသည်ဣသရေလ ပြည်သားတို့အား ယခုထက်အဆတစ်ရာ ပိုမိုတိုးပွားအောင်ပြုတော်မူပါစေသော။ အရှင်မင်းကြီး၊ သူတို့အပေါင်းသည်ကိုယ် တော်ရှင်၏အစေခံများဖြစ်ကြပါ၏။ ဣသရေလအမျိုးသားတစ်ရပ်လုံးအပြစ် ရကြစေရန် အဘယ်ကြောင့်ဤအမှုကို ပြုတော်မူပါသနည်း'' ဟုလျှောက်ထား၏။-
4 Mas el mandamiento del rey pudo más que Joab. Salió por tanto Joab, y fué por todo Israel; y volvió á Jerusalem, y dió la cuenta del número del pueblo á David.
၄သို့ရာတွင်မင်းကြီးသည်မိမိ၏အမိန့် အတိုင်းလိုက်နာစေတော်မူ၏။ ယွာဘသည် ထွက်ခွာသွားပြီးလျှင် ဣသရေလနိုင်ငံ တစ်ခုလုံးသို့လှည့်လည်ကာယေရုရှလင် မြို့သို့ပြန်လာ၏။-
5 Y hallóse [en] todo Israel que sacaban espada, once veces cien mil; y de Judá cuatrocientos y setenta mil hombres que sacaban espada.
၅သူသည်စစ်မှုထမ်းနိုင်သူလူပေါင်းဣသ ရေလပြည်မှ တစ်သန်းတစ်သိန်းနှင့်ယုဒ ပြည်မှလေးသိန်းခုနစ်သောင်းရှိကြောင်း ဒါဝိဒ်မင်းအားအစီရင်ခံလေသည်။-
6 Entre estos no fueron contados los Levitas, ni los hijos de Benjamín, porque Joab abominaba el mandamiento del rey.
၆ယွာဘသည်ဘုရင်၏အမိန့်ကိုမနှစ်သက် သဖြင့် လေဝိနှင့်ဗင်္ယာမိန်အနွယ်တို့တွင် သန်းခေါင်စာရင်းမကောက်ယူခဲ့ပေ။
7 Asimismo desagradó este negocio á los ojos de Dios, é hirió á Israel.
၇ဒါဝိဒ်ပြုသောအမှုကိုဘုရားသခင်သည် နှစ်သက်တော်မမူသဖြင့် ဣသရေလ အမျိုးသားတို့အားဒဏ်ခတ်တော်မူ၏။-
8 Y dijo David á Dios: He pecado gravemente en hacer esto: ruégote que hagas pasar la iniquidad de tu siervo, porque yo he hecho muy locamente.
၈ဒါဝိဒ်က``ကျွန်တော်မျိုးသည် ဤကြောက်မက် ဖွယ်ကောင်းသောအပြစ်ကိုကူးလွန်မိပါပြီ။ ကျွန်တော်မျိုးအား အပြစ်ဖြေလွှတ်တော် မူပါ။ ကျွန်တော်မျိုးသည် မိုက်မဲစွာပြုမိ ပါပြီ'' ဟုဘုရားသခင်အားလျှောက် ထား၏။
9 Y habló Jehová á Gad, vidente de David, diciendo:
၉ထိုအခါထာဝရဘုရားသည် ဒါဝိဒ်၏ ပရောဖက်ဖြစ်သူဂဒ်အား၊-
10 Ve, y habla á David, y dile: Así ha dicho Jehová: Tres cosas te propongo; escoge de ellas una que yo haga contigo.
၁၀သင်သည်ဒါဝိဒ်ထံသို့သွားလော့။ ငါပြုရန် ရှိသည့်အမှုသုံးခုအနက် သူသည်မိမိ ကြိုက်နှစ်သက်ရာတစ်ခုကို ရွေးချယ်နိုင် ကြောင်းပြောကြားလော့။ သူရွေးချယ်ရာ ကိုငါပြုမည်'' ဟုမိန့်တော်မူ၏။
11 Y viniendo Gad á David, díjole: Así ha dicho Jehová:
၁၁ဂဒ်သည်ဒါဝိဒ်ထံသို့သွား၍ ထာဝရဘုရား မိန့်တော်မူသည်အတိုင်းတင်ပြပြီးလျှင်၊-
12 Escógete, ó tres años de hambre; ó ser por tres meses deshecho delante de tus enemigos, y que la espada de tus adversarios te alcance; ó por tres días la espada de Jehová y pestilencia en la tierra, y que el ángel de Jehová destruya en todo el término de Israel: mira pues qué he de responder al que me ha enviado.
၁၂``အရှင်မင်းကြီး၊ သုံးနှစ်ပတ်လုံးအစာ ငတ်မွတ်ခေါင်းပါးသည့်ဘေး၊ သုံးလပတ် လုံးသင့်ကိုရန်သူလိုက်မီ၍ထားဖြင့် လုပ်ကြံသောဘေး၊ သုံးရက်ပတ်လုံးကပ် ရောဂါတည်းဟူသောထာဝရဘုရား ၏ဋ္ဌားဖြင့် ကောင်းကင်တမန်ကိုစေလွှတ် ကာ ဣသရေလနိုင်ငံတစ်လျှောက်လုံး တွင်သတ်ဖြတ်မည့်ဘေးတို့အနက် အဘယ်ကိုရွေးချယ်တော်မူပါမည်နည်း။ ထာဝရဘုရားအားအကျွန်ုပ်ပြန်ကြား လျှောက်ထားရပါမည်'' ဟုလျှောက်လေ၏။
13 Entonces David dijo á Gad: Estoy en grande angustia: ruego que yo caiga en la mano de Jehová; porque sus misericordias son muchas en extremo, y que no caiga yo en manos de hombres.
၁၃ဒါဝိဒ်သည်ဂဒ်အား``ငါသည်အလွန်ဆိုးဝါး သောအခြေအနေသို့ရောက်၍နေလေပြီ။ သို့ရာတွင်လူတို့အပြစ်ပေးသည်ကိုငါ မခံလို။ ထာဝရဘုရားအပြစ်ပေးတော် မူပါစေ။ ကိုယ်တော်သည်ကရုဏာထား တော်မူတတ်သောအရှင်ဖြစ်ပါ၏'' ဟု ဆို၏။
14 Así Jehová dió pestilencia en Israel, y cayeron de Israel setenta mil hombres.
၁၄သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ ပြည်သားတို့အပေါ်သို့ ကပ်ရောဂါသက် ရောက်စေတော်မူသဖြင့်လူခုနစ်သောင်း သေလေ၏။-
15 Y envió Jehová el ángel á Jerusalem para destruirla: pero estando él destruyendo, miró Jehová, y arrepintióse de aquel mal,
၁၅ဘုရားသခင်သည်ယေရုရှလင်မြို့ကို ဖျက်ဆီးတော်မူရန် ကောင်းကင်တမန်တစ် ပါးစေလွှတ်တော်မူပြီးမှစိတ်ပြောင်းလဲ တော်မူ၍``ဤမျှနှင့်တော်လောက်ပြီ။ ရပ် တန့်လော့။ ဆက်၍မဖျက်ဆီးနှင့်'' ဟု ထို ကောင်းကင်တမန်အားမိန့်တော်မူ၏။ ကောင်းကင်တမန်သည်ယေဗုသိအမျိုး သားအရောန၏ကောက်နယ်တလင်း အနီးတွင်ရပ်လျက်နေသတည်း။
16 Y dijo al ángel que destruía: Basta ya; detén tu mano. Y el ángel de Jehová estaba junto á la era de Ornán Jebuseo.
၁၆ကောင်းကင်တမန်သည်ယေရုရှလင်မြို့ကို ဖျက်ဆီးပစ်ရန် ဋ္ဌားကိုကိုင်ကာလေထဲတွင် ရပ်နေသည်ကိုဒါဝိဒ်မြင်လေ၏။ ထိုအခါ သူသည်ဣသရေလပြည်သားခေါင်းဆောင် များနှင့်အတူ မြေသို့တိုင်အောင်ဦးညွှတ် ပျပ်ဝပ်လိုက်၏။ သူတို့အားလုံးပင်လျှင် လျှော်တေအဝတ်ကိုဝတ်ဆင်ထားသတည်း။-
17 Y alzando David sus ojos, vió al ángel de Jehová, que estaba entre el cielo y la tierra, teniendo un espada desnuda en su mano, extendida contra Jerusalem. Entonces David y los ancianos se postraron sobre sus rostros, cubiertos de sacos.
၁၇ဒါဝိဒ်က``အို ဘုရားသခင်၊ အမှားကိုပြု သူမှာကျွန်တော်မျိုးဖြစ်ပါ၏။ သန်းခေါင် စာရင်းကောက်ယူရန်အမိန့်ပေးသူမှာ ကျွန်တော်မျိုးဖြစ်ပါ၏။ ဤသနားစရာ ကောင်းသောသူတို့သည်အဘယ်အမှုကို ပြုမိကြပါသနည်း။ အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဘုရား၊ ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏အိမ်ထောင်စုကိုဒဏ်ခတ် တော်မူ၍ကိုယ်တော်ရှင်၏လူစုတော်အား ချမ်းသာပေးတော်မူပါ'' ဟုဆုတောင်း ပတ္ထနာပြု၏။
18 Y dijo David á Dios: ¿No soy yo el que hizo contar el pueblo? Yo mismo soy el que pequé, y ciertamente he hecho mal; mas estas ovejas, ¿qué han hecho? Jehová Dios mío, sea ahora tu mano contra mí, y contra la casa de mi padre, y no haya plaga en tu pueblo.
၁၈ထာဝရဘုရား၏ကောင်းကင်တမန်က ဂဒ်အား``သင်သည်ဒါဝိဒ်ထံသို့သွား၍သူ့ အားယေဗုသိအမျိုးသားအရောနကောက် တလင်းတွင် ထာဝရဘုရားအဖို့ယဇ်ပလ္လင် ကိုတည်ရန်ပြောကြားလော့'' ဟုဆို၏။-
19 Y el ángel de Jehová ordenó á Gad que dijese á David, que subiese y construyese un altar á Jehová en la era de Ornán Jebuseo.
၁၉ဒါဝိဒ်သည်ထာဝရဘုရား၏အမိန့်တော် ကိုနာခံလျက် ဂဒ်စေခိုင်းသည်အတိုင်းသွား လေသည်။-
20 Entonces David subió, conforme á la palabra de Gad que le había dicho en nombre de Jehová.
၂၀အရောနနှင့်သူ၏သားလေးယောက်တို့သည် ဂျုံစပါးများကိုနယ်၍နေကြ၏။ သူတို့ သည်ကောင်းကင်တမန်ကိုမြင်သောအခါ အရောန၏သားတို့သည်ထွက်ပြေးပုန်း ရှောင်ကြ၏။-
21 Y volviéndose Ornán vió al ángel; por lo que se escondieron cuatro hijos suyos que con él estaban. Y Ornán trillaba el trigo.
၂၁အရောနသည်ချဉ်းလာသောဒါဝိဒ်မင်း ကိုမြင်လျှင် ကောက်နယ်ရာမှထွက်လာ၍ မြေသို့တိုင်အောင်ဦးညွှတ်ပျပ်ဝပ်လေ၏။-
22 Y viniendo David á Ornán, miró éste, y vió á David: y saliendo de la era, postróse en tierra á David.
၂၂ဒါဝိဒ်က``ကပ်ရောဂါဘေးမှငြိမ်းစေရန် ထာဝရဘုရားအဖို့ယဇ်ပလ္လင်ကိုတည် နိုင်ရန်သင်၏ကောက်နယ်တလင်းကိုငါ့ အားရောင်းလော့။ တန်ဖိုးအပြည့်အဝ ငါပေးမည်'' ဟုအရောနအားဆို၏။
23 Entonces dijo David á Ornán: Dame [este] lugar de la era, en que edifique un altar á Jehová, y dámelo por [su] cabal precio, para que cese la plaga del pueblo.
၂၃အရောနက``အရှင်မင်းကြီး၊ ဤကောက်နယ် တလင်းကိုယူတော်မူပါ။ အလိုရှိသည် အတိုင်းပြုတော်မူပါ။ ယဇ်ပလ္လင်ပေါ်တွင် တင်၍ မီးရှို့ပူဇော်ရန်နွားများဤတွင် ရှိပါ၏။ ထင်းအဖြစ်အသုံးပြုရန်ကောက် နယ်တန်ဆာများသည်လည်းကောင်း၊ ပူဇော် သကာအဖြစ်ဆက်သရန်ဂျုံစပါးများ သည်လည်းကောင်း ဤတွင်ရှိပါ၏။ ဤအရာ အားလုံးကိုအရှင့်အား ကျွန်တော်မျိုး ဆက်သပါ၏'' ဟုလျှောက်လေ၏။
24 Y Ornán respondió á David: Tómalo para ti, y haga mi señor el rey lo que bien le pareciere: y aun los bueyes daré para el holocausto, y los trillos para leña, y trigo para el presente: yo lo doy todo.
၂၄သို့ရာတွင်မင်းကြီးက``ဤသို့မယူလို။ တန်ဖိုးအပြည့်အဝငါပေးမည်။ သင်ပိုင် သည့်ပစ္စည်းတစ်စုံတစ်ရာနှင့်၊ ငါတန်ဖိုး မပေးဘဲရရှိသည့်အရာတစ်စုံတစ်ခု ကို ထာဝရဘုရားအားပူဇော်သကာ အဖြစ်ဖြင့်ငါမဆက်လို'' ဟုမိန့်တော် မူ၏။-
25 Entonces el rey David dijo á Ornán: No, sino que efectivamente la compraré por [su] justo precio: porque no tomaré para Jehová lo que es tuyo, ni sacrificaré holocausto que nada me cueste.
၂၅ထိုနောက်မင်းကြီးသည်အရောနအား ရွှေဒင်္ဂါးခြောက်ရာကိုပေးတော်မူ၍၊-
26 Y dió David á Ornán por el lugar seiscientos siclos de oro por peso.
၂၆ထာဝရဘုရားအဖို့ယဇ်ပလ္လင်ကိုတည် တော်မူပြီးလျှင် မီးရှို့ရာယဇ်နှင့်မိတ်သဟာ ယယဇ်တို့ကိုပူဇော်တော်မူ၏။ မင်းကြီး ဆုတောင်းပတ္ထနာပြုသောအခါထာဝရ ဘုရားသည်ပလ္လင်ပေါ်ရှိယဇ်ကောင်များ ကိုမီးရှို့ရန်အတွက် ကောင်းကင်မှမီးကို ချပေးတော်မူ၏။ ဤနည်းအားဖြင့်မင်း ကြီး၏ဆုတောင်းပတ္ထနာကိုနားညောင်း တော်မူသတည်း။
27 Y edificó allí David un altar á Jehová, en el que ofreció holocaustos y sacrificios pacíficos, é invocó á Jehová, el cual le respondió por fuego de los cielos en el altar del holocausto.
၂၇ထာဝရဘုရားသည်ကောင်းကင်တမန်အား မိမိ၏ဋ္ဌားကိုဖယ်ရှားလိုက်ရန်အမိန့်ပေး တော်မူသည်အတိုင်း ကောင်းကင်တမန်သည် လည်းဖယ်ရှားလိုက်၏။-
28 Y como Jehová habló al ángel, él volvió su espada á la vaina.
၂၈ဤအချင်းအရာကိုဒါဝိဒ်မင်းမြင်သော် မိမိ၏ဆုတောင်းပတ္ထနာကို ထာဝရဘုရား နားညောင်းတော်မူပြီဖြစ်ကြောင်းသိလေ၏။ သို့ဖြစ်၍သူသည်အရောန၏ကောက်နယ် တလင်းရှိယဇ်ပလ္လင်ပေါ်တွင်ယဇ်များကို ပူဇော်ခြင်းဖြစ်သတည်း။-
29 Entonces viendo David que Jehová le había oído en la era de Ornán Jebuseo, sacrificó allí.
၂၉ထိုအချိန်ကာလ၌တောကန္တာရတွင် မောရှေတည်ဆောက်ခဲ့သောထာဝရဘုရား ၏တဲတော်နှင့် ယဇ်များပူဇော်ရာယဇ်ပလ္လင် သည်ဂိဗောင်မြို့ကိုးကွယ်ရာဌာန၌တည် ရှိလျက်နေသေး၏။-
30 Y el tabernáculo de Jehová que Moisés había hecho en el desierto, y el altar del holocausto, estaban entonces en el alto de Gabaón: Mas David no pudo ir allá á consultar á Dios, porque estaba espantado á causa de la espada del ángel de Jehová.
၃၀သို့ရာတွင်ဒါဝိဒ်သည်ဘုရားသခင်အား ကိုးကွယ်ဝတ်ပြုရန် ထိုအရပ်သို့မသွားဝံ့။ အဘယ်ကြောင့်ဆိုသော်သူသည်ထာဝရ ဘုရား၏ကောင်းကင်တမန်ဋ္ဌားကိုကြောက် သောကြောင့်ဖြစ်၏။