< Salmos 75 >

1 Alabarte hemos, o! Dios, alabar te hemos; que cercano está tu nombre: cuenten todos tus maravillas.
အိုဘုရားသခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကိုချီးမွမ်းကြပါ၏။ နာမတော်နီးကြောင်းကို အံ့ဘွယ် သော အမှုတော်တို့သည် သက်သေခံကြသည်ဖြစ်၍၊ ကိုယ်တော်ကို ချီးမွမ်းကြပါ၏။
2 Cuando yo tuviere tiempo, yo juzgaré rectamente.
ချိန်းချက်သော အချိန်ကာလနှင့် ငါတွေ့ကြုံ သောအခါ ဖြောင့်မတ်စွာ တရားစီရင်မည်။
3 La tierra se arruinaba, y sus moradores: yo compuse sus columnas. (Selah)
မြေကြီးနှင့် မြေကြီးသားအပေါင်းတို့သည် လှုပ်ရှားခြင်းရှိသည် ဖြစ်၍၊ မြေကြီးတည်သော တိုင်တို့ကို ငါထောက်ခံရ၏။
4 Dije a los malvados: No os enloquezcáis: y a los impíos: No alcéis el cuerno.
မိုက်သော အကျင့်ကို မကျင့်ကြနှင့်ဟု မိုက် သော သူတို့အား၎င်း၊ ဦးချိုကို မမြှောက်ကြနှင့်။
5 No levantéis en alto vuestro cuerno; no habléis con cerviz gruesa.
သင်တို့၏ ဦးချိုကို မချီးမြှောက်ကြနှင့်။ လည် ပင်းခိုင်မာလျက် မပြောကြနှင့်ဟု မတရားသောသူတို့ အား၎င်း ငါပြောထား၏။
6 Porque ni de oriente, ni de occidente, ni del desierto viene el ensalzamiento.
အရှေ့၊ အနောက်၊ တောင်အရပ်တို့တွင် အဘယ်အရပ်မျှ ကျေးဇူးမပြုနိုင်။
7 Porque Dios, que es el juez; a este abate, y a aquel ensalza.
ဘုရားသခင်သည် စီရင်ပိုင်တော်မူ၏။တယောက် ကို နှိမ့်ချ၍၊ တယောက်ကို ချီးမြှောက်တော် မူ၏။
8 Que el cáliz está en la mano de Jehová, y lleno de vino bermejo de mistura, y él derrama de aquí: ciertamente sus heces chuparán, y beberán todos los impíos de la tierra.
ထာဝရဘုရား၏လက်တော်၌ ဖလားရှိ၏။ နီသောစပျစ်ရည်ပါ၏။ ဆေးမျိုးနှင့်ရောလျက်ရှိ၏။ ထိုစပျစ်ရည်ကို လောင်းတော်မူ၏။ အနည်အဖတ်ကို လည်း မတရားသော မြေသားအပေါင်းတို့သည် ညှစ်၍ သောက်ရကြ၏။
9 Y yo anunciaré siempre: cantaré alabanzas al Dios de Jacob.
ငါမူကားအစဉ်မပြတ်ချီးမွမ်း၍၊ ယာကုပ်အမျိုး ၏ ဘုရားခင်ကို ထောမနာသီချင်းဆိုပါမည်။
10 Y quebraré todos los cuernos de los pecadores: y los cuernos del justo serán ensalzados.
၁၀မတရားသောသူတို့၏ ဦးချိုအပေါင်းကို ငါချိုး မည်။ တရားသော သူ၏ဦးချိုတို့မူကား၊ ချီးမြှောက်ခြင်းသို့ ရောက်ရကြလိမ့်မည်။

< Salmos 75 >