< Salmos 36 >
1 Dicho de la rebelión del impío en medio de mi corazón: No hay temor de Dios delante de sus ojos.
၁သူယုတ်မာ၏စိတ်နှလုံးအတွင်း၌ အပြစ်ဒုစရိုက်သည်တီးတိုးလှုံ့ဆော်လျက်နေတတ်၏။ ထိုသူသည်ဘုရားကိုပစ်ပယ်တတ်၏။ ကိုယ်တော်ကိုလည်းမကြောက်မရွံ့တတ်။
2 Por tanto se lisonjea en sus ojos para hallar su iniquidad, para aborrecerla.
၂မိမိကိုယ်ကိုအထင်ကြီးလှသဖြင့် သူသည်မိမိ၏အပြစ်ကိုထာဝရဘုရား တွေ့ရှိတော်မူလိမ့်မည်မဟုတ်၊ မိမိအားအပြစ်ဒဏ်လည်းခတ်တော်မူလိမ့်မည် မဟုတ်ဟုထင်မှတ်တတ်၏။
3 Las palabras de su boca son iniquidad y fraude; no quiso entender para hacer bien.
၃သူပြောဆိုသောစကားသည်ညစ်ညမ်း၍ မုသားအတိဖြစ်၏။ သူသည်အကျင့်ကောင်းကိုမပြုတော့ပြီ၊ ပညာသတိလည်းမရှိတော့ပြီ။
4 Iniquidad piensa sobre su cama; está sobre camino no bueno, no aborrece el mal.
၄သူသည်အိပ်ရာပေါ်တွင်လဲလျောင်းစဉ် မကောင်းမှုများကိုကြံစည်တတ်၏။ သူပြုကျင့်လေသမျှသည်မကောင်းမှု သာဖြစ်၏။ သူသည်ဆိုးညစ်မှုကိုအဘယ်အခါမျှမပစ် ပယ်။
5 Jehová, hasta los cielos es tu misericordia; tu verdad hasta las nubes.
၅အို ထာဝရဘုရား၊ ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်သည် ကောင်းကင်သို့တိုင်အောင်လည်းကောင်း၊ သစ္စာတော်သည်မိုးတိမ်အထက်သို့ တိုင်အောင်လည်းကောင်းရောက်ပါ၏။
6 Tu justicia como los montes de Dios, tus juicios abismo grande; al hombre y al animal conservas, o! Jehová.
၆ကိုယ်တော်၏တရားမျှတမှုသည်မြင့်မားသော တောင်ရိုးနှင့်တူပါ၏။ ကိုယ်တော်ရှင်၏စီရင်တော်မူချက်တို့သည် ပင်လယ်၏နက်ရှိုင်းရာများနှင့်တူပါ၏။ ကိုယ်တော်ရှင်သည်လူနှင့်တိရစ္ဆာန်တို့ကို စောင့်ရှောက်တော်မူပါ၏။
7 ¡Cuán ilustre es tu misericordia, o, Dios! y los hijos de Adam se abrigan en la sombra de tus alas.
၇အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် လွန်စွာမြတ်နိုးဖွယ်ဖြစ်ပါ၏။ ကျွန်တော်မျိုးတို့သည်ကိုယ်တော်၏အတောင် တော်ရိပ် အောက်တွင်ဘေးမဲ့လုံခြုံခွင့်ရရှိကြပါ၏။
8 Embriagarse han de la grosura de tu casa: y del arroyo de tus delicias los abrevarás.
၈ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်ပေါများစွာ ချပေးတော်မူသောအစာရေစာကို စားသုံးကြရပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ကိုယ်တော်၏ကောင်းမြတ်တော်မူခြင်းတည်းဟူသော မြစ်ရေမှသောက်သုံးခွင့်ကိုပေးတော်မူပါ။
9 Porque contigo está el manadero de la vida; en tu lumbre veremos lumbre.
၉ကိုယ်တော်ရှင်ထံမှသတ္တဝါမှန်သမျှတို့သည် အသက်ကိုရရှိကြပါ၏။ ကိုယ်တော်ရှင်၏အလင်းတော်ကြောင့် ကျွန်တော်မျိုးတို့သည်အလင်းကိုရရှိကြ ပါ၏။
10 Extiende tu misericordia a los que te conocen; y tu justicia a los rectos de corazón.
၁၀ကိုယ်တော်ရှင်ကိုသိကျွမ်းသူတို့အား ဆက်လက်၍ မေတ္တာထားတော်မူပါ။ သူတော်ကောင်းတို့အားဆက်လက်၍ ကျေးဇူးပြုတော်မူပါ။
11 No venga contra mí pie de soberbia; y mano de impíos no me mueva.
၁၁မာနကြီးသူတို့အားကျွန်တော်မျိုးကိုတိုက် ခိုက်ခွင့်၊ သူယုတ်မာတို့သည်ကျွန်တော်မျိုးကိုနှင်ထုတ်ခွင့် မရပါစေနှင့်။
12 Allí cayeron los obradores de iniquidad; fueron rempujados, y no pudieron levantarse.
၁၂ဆိုးယုတ်သူတို့လဲရာအရပ်ကိုကြည့်ကြလော့။ သူတို့သည်မထနိုင်တော့ဘဲထိုနေရာတွင် လဲလျက်နေကြ၏။