< Números 20 >
1 Y llegaron los hijos de Israel, toda la congregación, al desierto de Zin el mes primero, y reposó el pueblo en Cádes; y allí murió María, y fue sepultada allí.
၁သက္ကရာဇ်လေးဆယ်၊ ပဌမလ၌ ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့သည်၊ ဇိနတောသို့ ရောက်၍၊ ကာဒေရှအရပ်၌ နေကြ၏။ ထိုအရပ်၌ မိရိအံသေ သင်္ဂြိုဟ် လေ၏။
2 Y no hubo agua para la congregación; y juntáronse contra Moisés y Aarón.
၂ပရိသတ်တို့သောက်စရာ ရေမရှိသောကြောင့်၊ မောရှေနှင့်အာရုန်တဘက်၌ စုဝေးကြလျက်၊
3 Y riñó el pueblo con Moisés, y hablaron, diciendo: Y ojalá hubiéramos perecido nosotros, cuando perecieron nuestros hermanos delante de Jehová.
၃ထာဝရဘုရားရှေ့မှာ ငါတို့အစ်ကိုများသေသော အခါ၊ ငါတို့လည်း မသေပါလေ။
4 ¿Y por qué hicisteis venir la congregación de Jehová a este desierto, para que muramos aquí nosotros y nuestras bestias?
၄ငါတို့နှင့် ငါတို့တိရစ္ဆာန်များကို သေစေခြင်းငှါ၊ ထာဝရဘုရား၏ပရိသတ်ကို ဤတောသို့ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။
5 ¿Y por qué nos has hecho subir de Egipto para traernos a este mal lugar? No lugar de sementera, de higueras, de viñas, ni granados, ni aun agua hay para beber.
၅ငါတို့ကို အဲဂုတ္တုပြည်မှ ထွက်စေ၍၊ ဤဆိုးသော အရပ်သို့ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ ဤအရပ် သည် လယ်လုပ်စရာမကောင်း၊ သင်္ဘောသဖန်းပင်၊ စပျစ် နွယ်ပင်၊ သလဲပင်စိုက်စရာမကောင်း။ သောက်စရာရေမျှ မရှိဟု မောရှေကို အပြစ်တင်၍ ဆိုကြ၏။
6 Y fuéronse Moisés y Aarón de delante de la congregación a la puerta del tabernáculo del testimonio, y echáronse sobre sus rostros, y la gloria de Jehová apareció sobre ellos.
၆မောရှေနှင့် အာရုန်တို့သည် လူအစုအဝေးမှ ထွက်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝသို့ သွား သဖြင့်၊ ပြပ်ဝပ်လျက် နေကြစဉ်၊ ထာဝရဘုရား၏ ဘုန်း တော်သည် ထင်ရှားလေ၏။
7 Y habló Jehová a Moisés, diciendo:
၇ထာဝရဘုရားကလည်း၊
8 Toma la vara, y congrega al pueblo tú y Aarón tu hermano, y hablád a la peña en los ojos de ellos, y ella dará su agua, y sacarles has aguas de la peña, y darás de beber a la congregación, y a sus bestias.
၈လှံတံတော်ကို ကိုင်ယူ၍ သင်၏အစ်ကိုအာရုန် ပါလျက်၊ ပရိသတ်များကို စုဝေးစေလော့။ သူတို့ရှေ့မှာ ကျောက်ကိုမှာထားလော့။ ကျောက်သည် မိမိရေကို ထွက် စေ၍၊ ပရိသတ်များနှင့် သူတို့တိရစ္ဆာန်များတို့အား သောက်ဘို့ ရေကို ပေးရမည်ဟု၊
9 Entonces Moisés tomó la vara de delante de Jehová, como él le mandó.
၉မောရှေအား မိန့်တော်မူသည်အတိုင်း၊ မောရှေ သည် လှံတံတော်ကို ထာဝရဘုရားရှေ့တော်ကယူ၍၊
10 Y juntaron Moisés y Aarón la congregación delante de la peña, y díjoles: Oíd ahora rebeldes: ¿Haceros hemos salir aguas de esta peña?
၁၀အာရုန်ပါလျက်၊ ပရိသတ်တို့ကို ကျောက်ရှေ့မှာ စုဝေးစေပြီးလျှင်၊ အချင်းသူပုံတို့၊ နားထောင်ကြလော့။ ငါတို့သည် သင်တို့အဘို့ ဤကျောက်ထဲက ရေကို ထွက်စေ ရမည်လောဟု ဆိုလျက်၊
11 Entonces Moisés alzó su mano, e hirió la peña con su vara dos veces, y salieron muchas aguas, y bebió la congregación y sus bestias.
၁၁မိမိလက်ကို ဆန့်၍ ကျောက်ကို လှံတံနှင့် နှစ်ကြိမ်ရိုက်သဖြင့်၊ ရေသည် များစွာထွက်၍၊ လူပရိသတ် တို့နှင့် တိရစ္ဆာန်တို့သည် သောက်ရကြ၏။
12 Y Jehová dijo a Moisés, y a Aarón: Por cuanto no creísteis en mí para santificarme en ojos de los hijos de Israel, por tanto no meteréis este pueblo en la tierra, que les he dado.
၁၂ထာဝရဘုရားကလည်း၊ သင်တို့သည် ငါ့ကို မယုံ ကြည်၊ ဣသရေလအမျိုးသားတို့ရှေ့မှာ ငါ့ကိုမရိုမသေ ပြုသောကြောင့်၊ ဤပရိသတ်တို့အား ငါပေးသောပြည်သို့ သင်တို့သည် ပို့ဆောင်သောအခွင့်ကို မရကြဟု မောရှေ နှင့် အာရုန်တို့အား မိန့်တော်မူ၏။
13 Estas son las aguas de la rencilla por las cuales riñeron los hijos de Israel con Jehová, y él se santificó en ellos.
၁၃ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား ကို ဆန့်ကျင်ဘက်ပြုသော်လည်း၊ သူတို့တွင် ရိုသေ လေးမြတ်ခြင်းကို ခံတော်မူသောကြောင့်၊ ထိုရေသည် မေရိဘရေဖြစ်သတည်း။
14 Y envió Moisés embajadores al rey de Edom desde Cádes: Así dice Israel tu hermano: Tú has sabido todo el trabajo que nos ha venido,
၁၄မောရှေသည် ကာဒေရှအရပ်မှ ဧဒုံရှင်ဘုရင်ထံ သို့ သံတမန်တို့ကို စေလွှတ်၍၊ ကိုယ်တော့်ညီ ဣသရေလ က၊ အကျွန်ုပ်တို့ တွေ့ရသောအမှု အလုံးစုံတည်းဟူသော၊
15 Que nuestros padres descendieron en Egipto, y estuvimos en Egipto muchos tiempos, y los Egipcios nos fatigaron, y a nuestros padres:
၁၅အကျွန်ုပ်တို့ဘိုးဘေးသည် အဲဂုတ္တုပြည်သို့သွား၍ အကျွန်ုပ်တို့ သည်အဲဂုတ္တုပြည် မှာကာလကြာမြင့်စွာနေသဖြင့်၊ အဲဂုတ္တုလူတို့သည် အကျွန်ုပ် တို့နှင့် ဘိုးဘေးများကို ညှဉ်းဆဲကြောင်း၊
16 Y clamamos a Jehová, el cual oyó nuestra voz, y envió un ángel, y sacónos de Egipto: y, he aquí, estamos en Cádes ciudad de tu término.
၁၆အကျွန်ုပ်တို့သည် ထာဝရဘုရားကို အော်ဟစ် သောအခါ၊ ကောင်းကင်တမန်ကို စေလွှတ်၍၊ အကျွန်ုပ် တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူကြောင်းကို ကိုယ်တော်သိပါ၏။ ယခုမှာ အကျွန်ုပ်တို့သည် ကိုယ်တော် ၏ နိုင်ငံအစွန်အနား၊ ကာဒေရှအရပ်၌ ရှိကြပါ၏။
17 Rogámoste que pasemos por tu tierra: no pasaremos, por labranza, ni por viña, ni beberemos agua de pozo: por el camino real iremos sin apartarnos a diestra ni a siniestra hasta que pasemos tu término.
၁၇ကိုယ်တော့်ပြည်အလယ်၌ရှောက်၍ သွားပါရ စေ။ လယ်ယာများ၊ စပျစ်ဥယျာဉ်များကို မနင်းပါ။ တွင်း ရေကိုလည်း မသောက်ပါ။ ကိုယ်တော့်ပြည်နယ်ကို မလွန် မှီတိုင်အောင်၊ လက်ျာဘက်၊ လက်ဝဲဘက်သို့ မလွှဲ၊ မင်း လမ်းသို့သာ ရှောက်လိုက်ပါမည်ဟု တောင်းပန်စေ၏။
18 Y Edom le respondió: No pasarás por mí, de otra manera yo saldré contra ti armado.
၁၈ဧဒုံကလည်း၊ သင်သည် ငါ့ပြည်အလယ်၌ မရှောက်မသွားရ။ ရှောက်သွားလျှင်၊ ထားလက်နက်နှင့် ဆီးတားမည်ဟု ပြန်ပြော၏။
19 Y los hijos de Israel le dijeron: Por el camino seguido iremos: y si bebiéremos tus aguas yo y mis ganados, daré el precio de ellas: ciertamente ninguna cosa más haremos: con mis pies pasaré.
၁၉ဣသရေလအမျိုးသားတို့ကလည်း၊ မင်းလမ်းသို့ သာ ရှောက်လိုက်ပါမည်။ ကိုယ်တိုင်မှစ၍ တိရစ္ဆာန်တို့ သည် ကိုယ်တော့်ရေကို သောက်လျှင် အဘိုးကို ပေးပါ မည်။ အခြားသောအမှုကို မပြုဘဲ၊ ခြေဖြင့် သွားရုံမျှသာ ပြုပါမည်ဟု ဆိုသော်လည်း၊
20 Y él respondió: No pasarás. Y salió Edom contra él con mucho pueblo, y mano fuerte.
၂၀ဧဒုံက၊ သင်သည် ရှောက်၍မသွားရဟုဆိုလျက်၊ များစွာသော ဗိုလ်ခြေအလုံးအရင်းနှင့်တကွ ဆီးတားခြင်း ငှါ ထွက်လာ၏။
21 Y no quiso Edom dejar pasar a Israel por su término, y así Israel se apartó de él.
၂၁ထိုသို့ ဧဒုံသည် သူ၏ပြည်အလယ်၌ရှောက်သွား သော အခွင့်ကို ဣသရေလအား မပေးသောကြောင့်၊ ဣသရေလသည် လွှဲရှောင်လေ၏။
22 Y partidos de Cádes los hijos de Israel, vinieron, toda aquella congregación al monte de Hor.
၂၂ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ သည် ကာဒေရှအရပ်မှ ပြောင်း၍ ဟောရတောင်သို့ ရောက်ကြ၏။
23 Y Jehová habló a Moisés, y a Aarón en el monte de Hor, en los términos de la tierra de Edom, diciendo:
၂၃ဧဒုံပြည်စွန်နား၊ ဟောရတောင်ပေါ်မှာ ထာဝရ ဘုရားသည် မောရှေနှင့်အာရုန်တို့ကို ခေါ်၍၊
24 Aarón será juntado a sus pueblos: que no entrará en la tierra que yo di a los hijos de Israel, por cuanto fuisteis rebeldes a mi mandamiento a las aguas de la rencilla.
၂၄သင်တို့သည် မေရိဘစမ်းရေနားမှာ ငါ့စကားကို ဆန့်ကျင်သောကြောင့်၊ ဣသရေလအမျိုးသားတို့အား ငါပေးသော ပြည်သို့အာရုန်သည် မဝင်ရ။ မိမိလူမျိုးစည်း ဝေးရာသို့ သွားရမည်။
25 Toma a Aarón, y a Eleazar su hijo, y házlos subir al monte de Hor.
၂၅သို့ဖြစ်၍ အာရုန်နှင့် သူ၏သား ဧလာဇာကို ခေါ်၍ ဟောရတောင်ပေါ်သို့ ဆောင်သွားပြီးလျှင်၊
26 Y haz desnudar a Aarón sus vestidos, y viste de ellos a Eleazar su hijo; porque Aarón será congregado, y morirá allí.
၂၆အာရုန်၏အဝတ်ကို ချွတ်၍ သူ၏သား ဧလာဇာကို ဝတ်စေပြီးမှ၊ အာရုန်သည် ထိုအရပ်၌သေ၍ မိမိလူမျိုးစည်းဝေးရာသို့ သွားရမည်ဟု၊
27 Y Moisés hizo como Jehová le mandó, y subieron al monte de Hor a ojos de toda la congregación.
၂၇မိန့်တော်မူသည်အတိုင်း၊ မောရှေပြု၍၊ သူတို့ သည် ပရိသတ်အပေါင်းတို့ရှေ့မှာ ဟောရတောင်ပေါ်သို့ တက်ကြ၏။
28 Y Moisés hizo desnudar a Aarón de sus vestidos, y vistiólos a Eleazar su hijo: y Aarón murió allí en la cumbre del monte, y Moisés y Eleazar descendieron del monte.
၂၈မောရှေသည် အာရုန်၏အဝတ်ကို ချွတ်၍ သား ဧလာဇာကို ဝတ်စေပြီးမှ၊ အာရုန်သည် တောင်ထိပ်၌ သေလေ၏။ မောရှေနှင့် ဧလာဇာတို့သည် တောင်ပေါ် က ဆင်းလာကြ၏။
29 Y viendo toda la congregación que Aarón era muerto, lloráronle treinta días toda la casa de Israel.
၂၉အာရုန်သည် အနိစ္စရောက်ကြောင်းကို ပရိသတ် အပေါင်းတို့သည် သိမြင်သောအခါ၊ ဣသရေလအမျိုး သားရှိသမျှတို့သည်၊ အာရုန်အတွက် အရက်သုံးဆယ်ပတ် လုံး ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။