< Juan 5 >

1 Después de estas cosas, había una fiesta de los Judíos, y subió Jesús a Jerusalem.
ထို နောက်မှ ယုဒ ပွဲ ခံစဉ်တွင်၊ ယေရှု သည် ယေရုရှလင် မြို့သို့ ကြွ တော်မူ၏။
2 Y hay en Jerusalem junto a la puerta del ganado un estanque, que en lengua Hebrea es llamado Betesda, el cual tiene cinco pórticos.
ယေရုရှလင် မြို့၌ သိုး တံခါးနားမှာ ဟေဗြဲ ဘာသာစကားအားဖြင့်ဗေသေသဒ အမည် ရှိသော ရေကန် ရှိ၏။ ထိုရေကန်သည် ကနားပြင် ငါး ဆောင်နှင့် ပြည့်စုံ ၏။
3 En estos estaba echada una grande multitud de enfermos, ciegos, cojos, secos, que estaban esperando el movimiento del agua;
ထိုကနားပြင်တို့၌ မျက်စိ ကန်း၊ ခြေမစွမ်း ၊ ကိုယ်ပိန်ခြောက် သောသူတို့မှစ၍အနာ ရောဂါစွဲသောသူ များအပေါင်း တို့သည် ရေလှုပ်ရှားခြင်းကို မြော်လင့်၍ နေကြ၏။
4 Porque un ángel descendía a cierto tiempo al estanque, y revolvía el agua; y el que primero entraba en el estanque, después del movimiento del agua, quedaba sano de cualquier enfermedad que tuviese.
အကြောင်းမူကား၊ အချိန်တန်လျှင်ကောင်းကင်တမန်သည် ရေကန်သို့ဆင်းသက်၍ ရေကို လှုပ်ရှားတတ်၏။ ထိုသို့ရေလှုပ်ရှားသည်နောက်၊ ရှေးဦးစွာဝင်သောသူသည် မိမိ၌စွဲသမျှသောအနာရောဂါနှင့် ကင်းလွတ်ခြင်းသို့ ရောက်တတ်၏။
5 Y estaba allí un hombre, que había treinta y ocho años que estaba enfermo.
ထိုအခါ သုံးဆယ် ရှစ် နှစ် ပတ်လုံးရောဂါ စွဲသောသူ တစ် ယောက်သည် ရေကန်နားမှာရှိ၏။
6 Como Jesús le vio echado, y entendió que ya había mucho tiempo que estaba enfermo, dícele: ¿Quiéres ser sano?
ထိုသူ သည် တုံးလုံး နေသည်ကို ယေရှု မြင် တော်မူ၍ ကြာ လှပြီ ဟုသိ တော်မူလျှင်၊ သင်သည် ကျမ်းမာ ခြင်းသို့ ရောက်လို သလော ဟု မေး တော်မူ၏။
7 Y el enfermo le respondió: Señor, no tengo hombre, que cuando el agua fuere revuelta, me meta en el estanque; porque entre tanto que yo voy, otro antes de mí ha descendido.
နာ သောသူ ကလည်း၊ သခင် ၊ ရေ လှုပ်ရှား သောအခါ ရေကန် ထဲသို့ အကျွန်ုပ် ကို သွင်း ထားမည့်သူမ ရှိ ပါ။ အကျွန်ုပ် သွား စဉ် တွင် အခြား သောသူ သည် အကျွန်ုပ် ရှေ့ မှာ ဝင် တတ်ပါသည်ဟု လျှောက် ၏။
8 Dícele Jesús: Levántate, toma tu lecho, y anda.
ယေရှု ကလည်း ထ လော့။ ကိုယ် အိပ်ရာ ကိုဆောင် ၍ လှမ်းသွားလော့ ဟု မိန့်တော်မူသည်၊
9 Y luego aquel hombre fue sano, y tomó su lecho, e íbase; y era sábado aquel día.
ခဏခြင်း တွင်ထိုသူ သည် ပကတိ အဖြစ်သို့ရောက် ၍ ၊ မိမိ အိပ်ရာ ကိုဆောင် လျက် လှမ်းသွား ၏။
10 Entonces los Judíos decían a aquel que había sido sanado: Sábado es, no te es lícito llevar tu lecho.
၁၀ထို နေ့ သည် ဥပုသ်နေ့ ဖြစ် ၏။ ထိုကြောင့် ယုဒ လူတို့က၊ ဥပုသ်နေ့ ဖြစ် ၏။ အိပ်ရာ ကို မ ဆောင် အပ်ဟု ရောဂါ ကင်းသော သူ အားဆို ကြ၏။
11 Respondióles: El que me sanó, el mismo me dijo: Toma tu lecho, y anda.
၁၁သူ ကလည်း၊ အကျွန်ုပ် ကို ကျန်းမာ စေ သောသူ က၊ ကိုယ် အိပ်ရာ ကိုဆောင် ၍ လှမ်းသွားလော့ ဆို သည် ဟု ပြန်ပြော ၏။
12 Y le preguntaron entonces: ¿Quién es el que te dijo: Toma tu lecho, y anda?
၁၂ယုဒလူတို့ကလည်း၊ ကိုယ်အိပ်ရာကိုဆောင် ၍ လှမ်းသွား လော့ဟု သင့် အားဆို သောသူ ကားအဘယ်သူ နည်းဟု မေးမြန်း ကြ၏။
13 Y el que había sido sanado, no sabía quien fuese; porque Jesús se había apartado de la multitud que estaba en aquel lugar.
၁၃ထိုသူကား၊ အဘယ်သူ ဖြစ် သည်ကို ရောဂါ ကင်းသောသူ သည်မ သိ ။ အကြောင်းမူကား ၊ ထိုအရပ် ၌ လူစုဝေး လျက်ရှိ သည်ဖြစ်၍၊ ယေရှု သည် မထင်မရှား ထွက်ကြွတော်မူ၏။
14 Después le halló Jesús en el templo, y le dijo: He aquí, ya estás sano: no peques más, porque no te venga alguna cosa peor.
၁၄ထိုနောက်မှ ယေရှု သည်ဗိမာန် တော်၌ ထိုသူ ကို တွေ့ တော်မူလျှင် သင်သည် ကျန်းမာ ခြင်းရှိ၏။ သာ၍ဆိုး သောဘေးနှင့် ကင်းလွတ်မည်အကြောင်း နောက်တစ်ဖန်ဒုစရိုက် ကို မ ပြုနှင့် ဟု မိန့် တော်မူ၏။
15 El hombre se fue entonces, y dio aviso a los Judíos, que Jesús era el que le había sanado.
၁၅ထိုသူ သည်သွား ၍ မိမိ ကိုကျန်းမာ စေသောသူ သည် ယေရှု ဖြစ် သည်ကို ယုဒ လူတို့အား ကြားပြော လေ၏။
16 Y por esta causa los Judíos perseguían a Jesús, y procuraban matarle, porque hacía estas cosas en sábado.
၁၆ထိုအမှု ကိုဥပုသ်နေ့ ၌ ပြု တော်မူသောကြောင့် ၊ ယုဒ လူတို့သည် ယေရှု ကိုညှဉ်းဆဲ ကြ၏။
17 Y Jesús les respondió: Mi Padre hasta ahora obra, y yo obro.
၁၇ယေရှု ကလည်း ၊ ငါ့ ခမည်းတော် သည် ယခု တိုင်အောင် အလုပ်လုပ် တော်မူသည်ဖြစ်၍၊ ငါ သည်လည်း လုပ် ၏ ဟု ပြန်ပြောတော်မူ ၏။
18 Entonces por tanto más procuraban los Judíos matarle; porque no solo quebrantaba el sábado, mas aun también decía que era Dios su Padre, haciéndose igual a Dios.
၁၈သို့ဖြစ်၍ ဥပုသ်နေ့ ကို ဖျက် သည်သာမက ၊ ဘုရားသခင် ကို မိမိ အဘ ဟုခေါ် ၍ မိမိကိုဘုရားသခင် နှင့် ပြိုင် နှိုင်းတော်မူသောကြောင့် ၊ ယုဒ လူတို့သည် ကိုယ်တော် ကို သတ် ခြင်းငှာသာ၍ ရှာကြံ ကြ၏။
19 Respondió pues Jesús, y les dijo: De cierto, de cierto os digo: Que no puede el Hijo hacer algo de sí mismo, sino lo que viere hacer al Padre; porque todo lo que él hace, esto también hace el Hijo juntamente.
၁၉ယေရှု ကလည်း ၊ သင် တို့အား ငါအမှန်အကန် ဆို သည်ကား၊ ခမည်းတော် ပြု တော်မူသောအမှုကို သား တော်သည် မြင်၍သာပြု ၏။ မိမိ အလိုအလျောက်အဘယ် အမှုကိုမျှမပြုနိုင် ၊ ခမည်းတော် ပြု တော်မူသမျှ အတိုင်း သား တော်လည်းပြု ၏။
20 Porque el Padre ama al Hijo, y le muestra todas las cosas que él hace; y mayores obras que estas le mostrará, de modo que vosotros os maravilléis.
၂၀ခမည်းတော် သည်သား တော်ကိုချစ် တော်မူ၍ ပြု တော်မူသမျှ တို့ကို သား တော်အားပြ တော်မူ၏။ သင် တို့သည် အံ့ဩဖွယ် ရှိစေခြင်းငှာ ဤမျှမကသာ၍ကြီးစွာ သောအမူအရာ တို့ကို သား တော်အားပြ တော်မူလိမ့်မည်။
21 Porque como el Padre levanta los muertos, y les da vida, así también el Hijo a los que quiere da vida.
၂၁မည်းတော် သည် သေ လွန်သောသူ တို့ကို ထမြောက် ရှင်ပြန် စေတော်မူသကဲ့သို့ ၊ ထိုနည်းတူ သား တော်သည်လည်း အလို ရှိသမျှသောသူ တို့ကို ရှင် စေ၏။
22 Porque el Padre a nadie juzga, mas todo el juicio dio al Hijo;
၂၂လူအပေါင်း တို့သည် ခမည်းတော် ကို ရိုသေ သည်နည်းတူ ၊
23 Para que todos honren al Hijo, como honran al Padre: el que no honra al Hijo, no honra al Padre que le envió.
၂၃သား တော်ကို ရိုသေ စေမည်အကြောင်း ၊ ခမည်းတော် သည် အဘယ်သူ ကိုမျှ မတရားစီရင် တော်မမူ။ တရား စီရင်ခြင်းအခွင့်ရှိသမျှ ကို သား တော်အား အပ်ပေး တော်မူ၏။ သား တော်ကို မ ရိုသေ သောသူ သည်ကား၊ သား တော်ကိုစေလွှတ် တော်မူသောခမည်းတော် ကို မ ရိုသေ သောသူဖြစ်၏။
24 De cierto, de cierto os digo: Que el que oye mi palabra, y cree al que me envió, tiene vida eterna; y no vendrá en condenación, mas pasó de muerte a vida. (aiōnios g166)
၂၄ငါအမှန်အကန် ဆို သည်ကား၊ ငါ့ စကား ကို နားထောင် ၍ ငါ့ ကိုစေလွှတ် တော်မူသောသူ ကိုယုံကြည် သောသူ သည် ထာဝရ အသက် ကို ရ သည်ဖြစ်၍ အပြစ် စီရင်ခြင်းကိုမ ခံရ ။ သေ ခြင်းမှ အသက် ရှင်ခြင်းသို့ ကူးမြောက် သောသူဖြစ်၏။ (aiōnios g166)
25 De cierto, de cierto os digo: Que vendrá hora, y ahora es, cuando los muertos oirán la voz del Hijo de Dios; y los que oyeren, vivirán.
၂၅ငါ အမှန်အကန် ဆိုသည်ကား ၊ သေ လွန်သောသူ တို့သည် ဘုရားသခင် သား တော်၏ စကား သံကိုကြား ၍ ၊ ကြား သောအားဖြင့်အသက် ရှင်ရမည့်အချိန် ကာလသည် လာ၍ယခုပင် ရောက် လျက်ရှိ၏။
26 Porque como el Padre tiene vida en sí mismo, así dio también al Hijo que tuviese vida en sí mismo.
၂၆အကြောင်းမူကား ၊ ခမည်းတော် သည် ကိုယ် ၌ အသက် ရှိ တော်မူသည်နည်းတူ ၊ သား တော်သည်မိမိ ၌ အသက် ရှိ ရသောအခွင့်ကို ပေး တော်မူ၏။
27 Y también le dio poder de hacer juicio, porque es el Hijo del hombre.
၂၇သားတော်သည် လူ သား ဖြစ် သောကြောင့် တရားစီရင်ခြင်း အခွင့် ကိုလည်း အပ်ပေး တော်မူ၏။
28 No os maravilléis de esto; porque vendrá hora, cuando todos los que están en los sepulcros oirán su voz;
၂၈ဤ အမှုအရာကို အံ့ဩ ခြင်းမ ရှိကြနှင့်။ သင်္ချိုင်း များမှာရှိသောသူ အပေါင်း တို့သည် သား တော်၏ စကား သံကိုကြား ၍ ၊
29 Y los que hicieron bien, saldrán a resurrección de vida; y los que hicieron mal, a resurrección de condenación.
၂၉ထွက်ရမည့်အချိန် ကာလရောက် လတံ့။ ကောင်း သောအကျင့်ကို ကျင့် သောသူ တို့သည် အသက် ရှင်ရာ ထမြောက် ခြင်းသို့ ၎င်း ၊ ဆိုးယုတ် သောအကျင့်ကို ကျင့် သောသူ တို့သည် အပြစ် စီရင်ရာထမြောက် ခြင်းသို့ ၎င်း ထွက် ရကြလတံ့။
30 No puedo yo de mí mismo hacer algo: como oigo, juzgo; y mi juicio es justo, porque no busco mi voluntad, mas la voluntad del Padre que me envió.
၃၀ငါ သည်ကိုယ် အလိုအလျောက် အဘယ် အမှုကိုမျှမ ပြု နိုင် ။ ငါသည် ကြား သည်အတိုင်း တရား စီရင်၏၊ ငါ စီရင် ခြင်းသည်လည်း တရားတော် နှင့်ညီညွတ်၏။ အကြောင်းမူကား ၊ ငါ သည် ကိုယ်အလို သို့မ လိုက် ၊ ငါ့ ကို စေလွှတ် တော်မူသောခမည်းတော် ၏အလို သို့လိုက်၏။
31 Si yo doy testimonio de mí mismo, mi testimonio no es verdadero.
၃၁ငါ သည် ကိုယ် အကြောင်း ကို သက်သေခံ လျှင် ငါ့ သက်သေ မ တည် ။
32 Otro es el que da testimonio de mí; y yo sé que el testimonio que él da de mí, es verdadero.
၃၂ငါ ၏အကြောင်း ကိုသက်သေခံ သော သူတစ်ပါး ရှိ သေး၏။ ထို သူ၏သက်သေ တည် ကြောင်းကို ငါသိ ၏။
33 Vosotros enviasteis a Juan, y él dio testimonio a la verdad.
၃၃သင် တို့သည် ယောဟန် ထံသို့ စေလွှတ် ကြ၏။ သူသည် သမ္မာတရား ဘက်၌ သက်သေခံ ၏။
34 Empero yo no tomo el testimonio de hombre: mas digo estas cosas, para que vosotros seáis salvos.
၃၄သို့သော်လည်း လူ ပေးသောသက်သေ ကိုငါ သည်ပမာဏ မ ပြု။ သင် တို့သည် ကယ်တင် ခြင်းသို့ ရောက်မည်အကြောင်း ဤ စကားကို ငါပြော ၏။
35 El era antorcha que ardía, y alumbraba; y vosotros quisisteis regocijaros por un poco en su luz.
၃၅ယောဟန်သည်ညှိ ထွန်း၍ လင်း သောဆီမီး ဖြစ် ၏။ သင် တို့သည် သူ၏ အလင်း ၌ ခဏ သာမွေ့လျော် ခြင်းငှာအလိုရှိ ကြ၏။
36 Mas yo tengo mayor testimonio que el de Juan; porque las obras que el Padre me dio que cumpliese, es a saber, las mismas obras que yo hago, dan testimonio de mí, que el Padre me haya enviado.
၃၆ယောဟန် ၏သက်သေထက်သာ၍ ကြီးသောသက်သေ သည် ငါ ၌ရှိ ၏။ အကြင်အမှု တို့ကို ငါပြီးစီး စေခြင်းငှာ ခမည်းတော် သည် ငါ့ လက်သို့ အပ်ပေး တော်မူ၍၊ ငါပြု သော ထို အမှု တို့သည်လည်း ငါ့ဘက်၌နေ၍၊ ခမည်းတော် သည် ငါ့ ကိုစေလွှတ် တော်မူသည်အကြောင်း ကို သက်သေခံ ကြ၏။
37 Y el Padre mismo que me envió, él dio testimonio de mí. Vosotros nunca habéis oído su voz, ni habéis visto su parecer.
၃၇ခမည်းတော် သည်လည်း ငါ့ ဘက်၌ သက်သေခံ တော်မူ၏။ ခမည်းတော် ၏စကား သံတော်ကို သင်တို့သည် မ ကြား ၊ သဏ္ဌာန် တော်ကိုမ မြင် ၊
38 Ni tenéis su palabra permanente en vosotros; porque al que él envió, a éste vosotros no creéis.
၃၈နှုတ်ကပတ် တော်သည်လည်း သင် တို့၌ မ တည် ။ အကြောင်းမူကား ၊ စေလွှတ် တော်မူသောသူ ကိုသင် တို့ သည် မ ယုံကြည် ဘဲနေကြ၏။
39 Escudriñád las Escrituras; porque a vosotros os parece, que en ellas tenéis la vida eterna; y ellas son las que dan testimonio de mí; (aiōnios g166)
၃၉ကျမ်းစာအားဖြင့် ထာဝရ အသက် ကိုရ မည်ဟု စိတ်ထင် နှင့် သင်တို့သည် ကျမ်းစာ ကိုစေ့စေ့ ကြည့်ရှုကြ၏။ ထို ကျမ်းစာပင်ငါ ၏သက်သေ ဖြစ် ၏။ (aiōnios g166)
40 Y no queréis venir a mí, para que tengáis vida.
၄၀သင်တို့သည် အသက် ကိုရ အောင် ငါ့ ထံသို့ လာ ခြင်းငှာအလို မ ရှိကြ၊
41 Gloria de los hombres no recibo.
၄၁လူ ပေးသောဘုန်း အသရေကို ငါမခံ ။
42 Mas yo os conozco, que no tenéis el amor de Dios en vosotros.
၄၂သို့သော်လည်း ဘုရားသခင် ကို ချစ် ခြင်းမေတ္တာသည် သင်တို့၌ မ ရှိ သည်ကို ငါသိ ၏။
43 Yo he venido en nombre de mi Padre, y no me recibís: si otro viniere en su proprio nombre, a aquel recibiréis.
၄၃ငါ သည်ခမည်းတော် ၏အခွင့် နှင့် ရောက်လာ သော်လည်းသင်တို့သည်ငါ့ ကို လက် မ ခံကြ။ အခြား သောသူသည် မိမိ အခွင့် နှင့် ရောက်လာ လျှင် ထိုသူ ကို လက်ခံ ကြလိမ့်မည်။
44 ¿Cómo podéis vosotros creer, los que tomáis gloria los unos de los otros? y no buscáis la gloria que de solo Dios viene.
၄၄အချင်းချင်း ပေးသော ဘုန်း အသရေကိုသာခံ ၍ ၊ ဘုရားသခင် သာလျှင် ပေးတော်မူတတ်သော ဘုန်း အသရေကို အလို မရှိသောသင် တို့သည် အဘယ်သို့ ယုံကြည် နိုင် မည်နည်း။
45 No pensáis que yo os tengo de acusar delante del Padre: hay quien os acusa, es a saber, Moisés, en quien vosotros esperáis.
၄၅ခမည်းတော် ရှေ့ ၌ ငါ သည် သင် တို့ကိုအပြစ်တင် မည်ဟု မ ထင် ကြနှင့်။ သင် တို့ကို အပြစ်တင် သောသူတစ်ပါးရှိ သေး၏။ ထိုသူ ကား သင် တို့ကိုးစား သော မောရှေ ပေတည်း။
46 Porque si vosotros creyeseis a Moisés, creeríais a mí; porque de mí escribió él.
၄၆သင်တို့သည် မောရှေ ၏စကားကို ယုံ လျှင် ငါ့ စကားကို မယုံ ဘဲမနေနိုင်ကြ။ အကြောင်းမူကား ၊ မောရှေ သည် ငါ့ အကြောင်းကို ရေး ထား၏။
47 Y si a sus escritos no creeis, ¿cómo creeréis a mis palabras?
၄၇သူ ရေးထားသောစာ ကို သင် တို့သည်မ ယုံလျှင် ၊ ငါ စကား ကို အဘယ်သို့ ယုံ နိုင်မည်နည်း ဟု ယုဒလူတို့ အား မိန့်တော်မူ၏။

< Juan 5 >