< Job 36 >
1 Y pasando a delante Eliú, dijo:
၁တဖန်ဧလိဟု ဆက်၍မြွက်ဆိုသည်ကား၊
2 Espérame un poco, y enseñarte he: porque todavía hablo por Dios.
၂ငါ့ကိုသည်းခံပါလော့။ အကျိုးအကြောင်းကို ငါပြဦးမည်။ ဘုရားသခင့်အဘို့ ပြောစရာရှိသေး၏။
3 Tomaré mi sabiduría de lejos, y daré la justicia a mi Hacedor.
၃ငါသည်ဝေးသော အရပ်က ကိုယ်ပညာကို ဆောင်ခဲ့မည်။ ငါ့ကို ဖန်ဆင်းတော်မူသောဘုရားသခင် သည်ဖြောင့်မတ်တော်မူကြောင်းကို ငါပြမည်။
4 Porque de cierto no son mentira mis palabras, antes se trata contigo con perfecta sabiduría.
၄အကယ်စင်စစ်မမှန်သောစကားကို ငါမပြော။ ပညာ အတတ် စုံလင်သောသူသည် သင်၌ရှိ၏။
5 He aquí, que Dios es grande, y no aborrece, fuerte en virtud de corazón.
၅ဘုရားသခင်သည် တန်ခိုးကြီးတော်မူ၏။ သို့သော်လည်းမထီမဲ့ မြင်ပြုတော်မမူတတ်။ အစွမ်းသတ္တိ၊ ဥာဏ်သတ္တိနှင့်ပြည့်စုံတော်မူ၏။
6 No dará vida al impío; y a los afligidos dará su derecho.
၆မတရားသောသူတို့၏ အသက်ကို စောင့်တော်မမူ။ ဆင်းရဲခံရသောသူတို့ဘက်၌ တရားစီရင်တော်မူ၏။
7 No quitará sus ojos del justo: mas con los reyes los pondrá también en trono para siempre, y serán ensalzados.
၇ဖြောင့်မတ်သောသူတို့ကို ပမာဏမပြုဘဲ နေ တော်မမူ။ ရှင်ဘုရင်နှင့်အတူ ရာဇပလ္လင်ပေါ်မှာ ထာဝရ နေရာချ၍ ချီးမြှောက်တော်မူ၏။
8 Y si estuvieren presos en grillos, y cautivos en las cuerdas de aflicción,
၈သူတို့သည်အကျဉ်းနေ၍ ဒုက္ခကြိုးနှင့် ချည် နှောင်ခြင်းကို ခံရလျှင်၊
9 El les anunciará la obra de ellos, y que sus rebeliones prevalecieron.
၉သူတို့ပြုမိသောအမှုနှင့် ပြစ်မှားလွန်ကျူးမိသော အပြစ်များတို့ကို ပြတော်မူ၏။
10 Y despierta el oído de ellos para castigo, y dice que se conviertan de la iniquidad.
၁၀ဆုံးမသောစကားကို နားထောင်ချင်သော သဘောကိုသွင်းပေး၍၊ ဒုစရိုက်ကိုစွန့်စေမည်အကြောင်း ပညတ်တော်မူ၏။
11 Si oyeren, y sirvieren, acabarán sus días en bien, y sus años en deleites.
၁၁စကားတော်ကိုနားထောင်၍ အမှုတော်ကိုဆောင်ရွက်လျှင်၊ စည်းစိမ်ချမ်းသာနှင့်ပျော်မွေ့လျက်၊ နှစ်လနေ့ရက်ကာလကို လွန်စေတတ်ကြ၏။
12 Mas si no oyeren, serán pasados a cuchillo: y perecerán sin sabiduría.
၁၂နားမထောင်လျှင် ထားဘေးဖြင့် ဆုံး၍၊ ပညာ အတတ်မရှိဘဲ သေတတ်ကြ၏။
13 Mas los hipócritas de corazón le irritarán más; y no clamarán, cuando él los atare.
၁၃အဓမ္မသဘောရှိသောသူတို့သည် အမျက် တော်ကို သိုထားတတ်ကြ၏။ ချည်နှောင်တော်မူသော အခါ မအော်ဟစ်တတ်ကြ။
14 El alma de ellos morirá en su mocedad, y su vida entre los sodomíticos.
၁၄အသက်ငယ်စဉ်ကပင်သေ၍၊ ဆိုးညစ်သော သူတို့နှင့်အတူ ဆုံးတတ်ကြ၏။
15 Al pobre librará de su pobreza, y en la aflicción despertará su oreja.
၁၅အမှုရောက်သောဆင်းရဲသားတို့ကို ကယ်တင် တော်မူ၏။ ညှဉ်းဆဲခြင်းကိုခံရသောအခါ၊ နားထောင်စေ ခြင်းငှါ ပြုတော်မူ၏။
16 Y aun te apartará de la boca de la angustia en anchura, debajo de la cual no haya estrechura, y te asentará mesa llena de grosura.
၁၆ထိုသို့သင့်ကိုလည်း ကျဉ်းမြောင်းသောအရပ်မှ ကျယ်ဝန်းရှင်း လင်းသောအရပ်သို့ပြောင်းစေ၍၊ သင်၏ စားပွဲပေါ်မှာ ကောင်းသော အရသာနှင့်ပြည့်စုံသော ခဲဘွယ်စားဘွယ်ကို တင်ထားတော်မူလိမ့်မည်။
17 Mas tú has henchido el juicio del impío contra la justicia, y el juicio [que lo] sustenta todo.
၁၇သို့မဟုတ် မတရားသော သူကဲ့သို့ အပြစ်နှင့် ပြည့်စုံလျှင်၊ အပြစ်နှင့် ယှဉ်သောဒဏ်ကိုခံရမည်။
18 Por lo cual es de temer, que no te quite con herida, la cual no evites con gran rescate.
၁၈အမျက်တော်ထွက်တတ်သည်ဖြစ်၍၊ ဒဏ်ခတ် တော်မူမည်ဟု စိုးရိမ်စရာရှိ၏။ အမှုရောက်မှများသော အဘိုးကိုပေးသော်လည်း ကိုယ်ကို မရွေးမနှုတ်နိုင်။
19 ¿Estimará él tus riquezas, ni el oro, ni todas las fuerzas de poder?
၁၉သင်၏ဥစ္စာကို ပမာဏပြုတော်မူမည်လော။ ရွှေကို၎င်း၊ များစွာသော စည်းစိမ်ကို၎င်း ပေးချင်သော် လည်း၊ ပမာဏပြုတော်မမူ။
20 No desees la noche, en la cual él corta los pueblos de su lugar.
၂၀ညဉ့်ကိုမတောင့်တနှင့်။ ညဉ့်အခါလူတို့သည် ပယ်ရှင်းခြင်းကို ခံရတတ်ကြ၏။
21 Guárdate, no mires a la iniquidad, teniéndola por mejor que la pobreza.
၂၁သတိပြုပါ။ မတရားသောအမှုကို မငဲ့ကွက်နှင့်။ ထိုသို့သော အမှုကိုဆင်းရဲခြင်းထက် သင်သည် အလို ရှိလေပြီတကား။
22 He aquí, que Dios será ensalzado con su poder, ¿quién semejante a él, enseñador?
၂၂ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် ချီးမြှောက်ခြင်းရှိတော်မူ၏။ ဘုရားသခင်ကဲ့သို့ အဘယ်သူ အုပ်ချုပ်နိုင်သနည်း။
23 ¿Quién visitó sobre él su camino? ¿Y quién dijo: Iniquidad has hecho?
၂၃ကြွတော်မူရသောလမ်းကို အဘယ်သူ စီရင်သနည်း။ ကိုယ်တော်သည် မတရားသောအမှုကို ပြုမိပြီဟု အဘယ်သူဆိုရာသနည်း။
24 Acuérdate de engrandecer su obra, la cual contemplan los hombres.
၂၄လူတို့သည် ချီးမွမ်းအပ်သော အမှုတော်ကို ချီးမြှောက်ခြင်းငှါ သတိပြုလော့။
25 La cual vieron todos los hombres, y el hombre la ve de lejos.
၂၅လူခပ်သိမ်းတို့သည် အမှုတော်ကို မြင်ကြ၏။ အဝေးက ကြည့်ရှုတတ်ကြ၏။
26 He aquí que Dios es grande, y nosotros no le conoceremos: ni se puede rastrear el número de sus años.
၂၆ဘုရားသခင်သည် ကြီးမြတ်တော်မူ၏။ ငါတို့ သည် ဘုရားသခင်ကို မသိနိုင်။ အသက်တော်နှစ်ပေါင်း ကို စစ်၍မကုန်နိုင်ကြ။
27 Porque él detiene las goteras de las aguas, cuando la lluvia se derrama de su vapor.
၂၇ရေကိုသုန်ဖျင်းစေ၍၊ အထက်သို့ဆွဲယူတော် မူသဖြင့်၊ ရေငွေ့ရှိသည်အတိုင်း မိုဃ်းရွာတတ်၏။
28 Cuando gotean de las nubes, gotean sobre los hombres en abundancia.
၂၈မိုဃ်းတိမ်မှ လူတို့အပေါ်သို့ မိုဃ်းပေါက်ကျ၍၊ များစွာသော မိုဃ်းရွာတတ်၏။
29 ¿Si entenderá también los extendimientos de las nubes, y los bramidos de su tabernáculo?
၂၉မိုဃ်းတိမ်တော်နှံ့ပြားခြင်း၊ တဲတော်အသံမြည် ခြင်းကို အဘယ်သူ နားလည်သနည်း။
30 He aquí, que él extendió sobre ella su luz; y cubrió las raíces de la mar.
၃၀တဲတော်အပေါ်မှာ အလင်းတော်ကို ဖြန့်တော်မူ၏။ သမုဒ္ဒရာ၌ အနက်ဆုံးသောအရပ်ကိုလည်း ဖုံးလွှမ်း တော်မူ၏။
31 Con ellas castiga a los pueblos, y da comida a la multitud.
၃၁ထိုသို့သောအားဖြင့် လူမျိုးတို့ကို တရားစီရင်တော်မူ၏။ များစွာသော အစာအာဟာရကိုလည်း ပေးတော်မူ၏။
32 Con las nubes encubre la luz, y les manda que vayan contra ella.
၃၂အလင်းကိုလက်တော်နှင့် ကွယ်ကာ၍၊ တဖန် ရန်သူရှိရာသို့ လွှတ်တော်မူ၏။
33 La una da nuevas de la otra: la una adquiere ira contra la que viene.
၃၃ထိုသူမှစသော တိရစ္ဆာန်များနှင့် အပင်များကို အလိုတော်မရှိကြောင်း ထင်ရှား၏။