< Job 28 >
1 Ciertamente la plata tiene su oculto nacimiento, y el oro lugar de donde lo sacan.
၁ငွေလိုက်သောငွေကြောင်းသည် စင်စစ်ရှိ၏။ လူစစ်တတ်သော ရွှေနေရာလည်းရှိ၏။
2 El hierro es tomado del polvo, y de la piedra es fundido el metal.
၂သံကိုမြေကြီးထဲက တူးယူတတ်၏။ ကျောက်ကို ချက်၍ ကြေးနီ ကိုရတတ်၏။
3 A las tinieblas puso término, y a toda obra perfecta que él hizo puso piedra de oscuridad y de sombra de muerte.
၃လူသည် မှောင်မိုက်ကို ပျောက်စေတတ်၏။ အဆုံးတိုင်အောင်၎င်း မှောင်မိုက်ကျောက်၊ သေမင်း အရိပ်တိုင်အောင်၎င်း လိုက်၍ စစ်တတ်၏။
4 Sale el río junto al morador; y las aguas sin pie, más altas que el hombre, se fueron.
၄တောင်ခြေရင်း၌တွင်းတူး၍၊ ခြေဖြင့် ကိုယ်ကို မထောက်ဘဲ ဆင်း၍၊ လူနေရာကို စွန့်သွားတတ်၏။
5 Tierra de la cual saldrá pan, y debajo de ella estará como convertida en fuego.
၅မြေသည်စားစရာကို ပေးတတ်သော်လည်း၊ အောက်အရပ်၌ မီးဖြင့်ပျက်သကဲ့သို့ အပျက်ခံရ၏။
6 Lugar que sus piedras serán zafiros, y tendrá polvos de oro.
၆သူ၏ကျောက်တို့သည် ကျောက်နီနေရာဖြစ်၏။ မြေမှုန့်လည်း ရွှေဖြစ်၏။
7 Senda que nunca la conoció ave, ni ojo de buitre la vio.
၇အဘယ်ငှက်မျှမသိ၊ လင်းတမျက်စိလည်း မမြင် သေးသော လမ်းရှိ၏။
8 Nunca la pisaron animales fieros, ni pasó por ella león.
၈ထိုလမ်းကိုသားရဲမနင်း၊ ခြင်္သေ့မရှောက်သေး။
9 En el pedernal puso su mano, y trastornó los montes de raíz.
၉လူသည်ကျောက်ပေါ်မှာလက်တင်၍၊ တောင်တို့ ကို ခြေရင်းတိုင်အောင် မှောက်တတ်၏။
10 De los peñascos cortó ríos, y todo lo precioso vio su ojo.
၁၀ကျောက်တို့တွင် ရေစီးစေတတ်၏။ သူ၏မျက်စိသည် ထူးဆန်းသောအရာရှိသမျှတို့ကို ကြည့်မြင် တတ်၏။
11 Los ríos detuvo en su nacimiento, y lo escondido hizo salir a luz.
၁၁စီးသောရေကို တဖန်ဖြတ်၍၊ ဝှက်ထားသော အရာတို့ကို ထုတ်ဘော်တတ်၏။
12 ¿Mas la sabiduría, donde se hallará? ¿y el lugar de la prudencia, donde está?
၁၂သို့ရာတွင်၊ ပညာကိုအဘယ်မှာ တွေ့ရလိမ့်မည် နည်း။ ဥာဏ်သည်လည်း အဘယ်အရပ်၌ နေသနည်း။
13 Nunca el hombre supo su valor, ni se halla en la tierra de los vivientes.
၁၃ဥာဏ်ပညာအဘိုးကို လူမသိနိုင်။ အသက်ရှင် သော သူတို့၏ နေရာ၌ရှာ၍မတွေ့နိုင်။
14 El abismo dice: No está en mí: y la mar dijo: Ni conmigo.
၁၄နက်နဲသော အရပ်ကငါ၌မရှိ။ ပင်လယ်က လည်း၊ ငါ၌မရှိဟုဆို တတ်၏။
15 No se dará por oro, ni su precio será a peso de plata.
၁၅ရွှေစင်ကို ပေး၍ပညာကိုမရ။ ငွေကိုချိန်၍ ပညာအဘိုးကို မမှီနိုင်။
16 No es apreciada con oro de Ofir, ni con ónix precioso, ni con zafiro.
၁၆ဩဖိရရွှေ၊ မြတ်သောရှဟံကျောက်၊ နီလာ ကျောက်နှင့် ဝယ်သော်လည်း မရနိုင်။
17 El oro no se le igualará, ni el diamante; ni se trocará por vaso de oro fino.
၁၇ရွှေဖြစ်စေ၊ ကျောက်သလင်းဖြစ်စေမမှီနိုင်။ ရွှေစင်တန်ဆာများနှင့်ဖယ်လှည်၍မရနိုင်။
18 De coral, ni de gabis, no se hará mención: la sabiduría es mejor que piedras preciosas.
၁၈သန္တာနှင့်ပုလဲကိုပြောစရာမရှိ။ ပညာသည် ပတ္တမြားထက်သာ၍ အဘိုးကြီး၏။
19 No se igualará con ella esmeralda de Etiopía: no se podrá apreciar con oro fino.
၁၉ကုရှဥဿဘယားသည် မမှီနိုင်။ အမြတ်ဆုံးသော ရွှေနှင့်ဝယ်၍ မရနိုင်။
20 ¿De dónde, pues, vendrá la sabiduría? ¿y dónde está el lugar de la inteligencia?
၂၀သို့ဖြစ်၍၊ ပညာသည် အဘယ်က လာသနည်း။ ဥာဏ်သည် အဘယ်ဆီမှာ နေရာကျသနည်း။
21 Pues es encubierta a los ojos de todo viviente, y a toda ave del cielo es oculta.
၂၁အသက်ရှင်သော သတ္တဝါတစုံတယောက်မျှ ကြည့်၍မမြင်နိုင်။ မိုဃ်းကောင်းကင်ငှက်တို့သည် ရှာ၍ မတွေ့နိုင်။
22 La perdición y la muerte dijeron: Su fama hemos escuchado con nuestros oídos.
၂၂အဗဒ္ဒုန်မင်းနှင့်သေမင်းတို့က၊ ပညာ၏သိတင်းကို နားနှင့် ကြားရုံမျှသာရှိသည်ဟု ဆိုတတ်ကြ၏။
23 Dios entendió su camino, y él solo conoció su lugar.
၂၃ဘုရားသခင်သာလျှင် ပညာလမ်းကို နားလည်တော်မူ၏။
24 Porque él mira hasta los fines de la tierra, y ve debajo de todo el cielo:
၂၄ပညာနေရာအရပ်ကို သိတော်မူ၏။
25 Haciendo peso al viento, y poniendo las aguas por medida.
၂၅လေကိုချိန်လျက်၊ ရေကိုလည်းခြင်လျက်၊ မြေကြီး စွန်းတိုင်အောင် ကြည့်ရှု၍၊ ကောင်းကင်အောက်၌ ရှိသမျှ တို့ကို မြင်တော်မူ၏။
26 Cuando él hizo ley a la lluvia, y camino al relámpago de los truenos:
၂၆မိုဃ်းရွာမှုကိုစီရင်၍၊ မိုဃ်းကြိုးလျှပ်စစ်ပြက်ရာ လမ်းကို ဖန်ဆင်းသောအခါ၊
27 Entonces la vio él, y la manifestó; la preparó, y también la inquirió.
၂၇ပညာကိုမြင်၍ဘော်ပြတော်မူ၏။ ပညာတရားကို ထား၍စုံစမ်းတော်မူ၏။
28 Y dijo al hombre: He aquí, que el temor del Señor es la sabiduría; y la inteligencia el apartarse del mal.
၂၈လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့်၊ ဒုစရိုက်ကို ရှောင်ခြင်း သည် ဥာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟုမြွက်ဆို၏။