< Job 16 >
1 Y respondió Job, y dijo:
၁ယောဘပြန်၍ မြွက်ဆိုသည်ကား၊
2 Muchas veces he oído cosas como estas: consoladores molestos sois todos vosotros.
၂ထိုသို့သောစကားများတို့ကို ငါကြားဘူးပြီ။ သင်တို့ရှိသမျှသည် နှစ်သိမ့်စေခြင်းငှါ ပြုသော်လည်း၊ ပင်ပန်းစေသော သူဖြစ်ကြပါသည်တကား။
3 ¿Han de tener fin las palabras ventosas? ¿o qué te animará a responder?
၃အချည်းနှီးသော စကားမကုန်နိုင်သလော။ သင်သည်စကားတုံ့ပြန်ပြောခြင်းငှါ အဘယ်ကြောင့် ရဲရင့်သနည်း။
4 También yo hablaría como vosotros. Ojalá vuestra alma estuviera en lugar de la mía, que yo os tendría compañía en las palabras, y sobre vosotros movería mi cabeza.
၄သင်တို့ပြောသကဲ့သို့ ငါသည်လည်းပြောနိုင်၏။ သင်တို့သည် ငါကဲ့သို့ဖြစ်လျှင်၊ ငါသည်သင်တို့ တဘက်က စကားများကို ပုံ၍ထားနိုင်၏။ ခေါင်းကိုလည်း ခါနိုင်၏။
5 Esforzaríaos con mi boca, y la consolación de mis labios detendría el dolor.
၅ထိုသို့ငါသည်မပြုဘဲ၊ သင်တို့ကို ငါ့စကားနှင့် မစမည်။ အချည်းနှီးသောစကားကို ငါချုပ်တည်းမည်။
6 Mas si hablo, mi dolor no cesa; y si dejo de hablar, no se aparta de mí.
၆ယခုမှာငါသည် ပြောသော်လည်းမသက်သာ၊ မပြောဘဲနေလျှင်လည်း ခြားနားခြင်းမရှိ။
7 Empero ahora me ha fatigado: ha asolado toda mi compañía.
၇ဘုရားသခင်သည် ငါ့ကိုပင်ပန်းစေတော်မူပြီ။ငါ့အိမ်ကို သုတ်သင်ပယ်ရှင်းတော်မူပြီ။
8 Háme arrugado: el testigo es mi magrez, que se levanta contra mí para testificar en mi rostro.
၈ငါ့ကိုခြေချင်းခတ်တော်မူ၍၊ ထိုခြေချင်းသည်ငါ့ တဘက်က သက်သေခံ၏။ ငါပိန်ကြုံခြင်းအရာသည် လည်း ငါ့တဘက်ကထ၍ မျက်နှာချင်းဆိုင်လျက် သက် သေခံ၏။
9 Su furor me arrebató, y me ha sido contrario: crujió sus dientes contra mí; contra mí aguzó sus ojos mi enemigo.
၉အမျက်တော်သည် ငါ့ကိုအပိုင်းပိုင်းဆွဲဖြတ်၍ ညှဉ်းဆဲတတ်၏။ ငါ့အပေါ်မှာ အံသွားခဲကြိတ်ခြင်းကို ပြုတော်မူ၏။ ငါ့ရန်သူသည်ငါ့ကို မျက်စောင်းထိုး၏။
10 Abrieron contra mi su boca, hirieron mis mejillas con afrenta: contra mí se juntaron todos.
၁၀သူတပါးတို့သည် ငါ့ကိုပစပ်ဟကြ၏။ အရှက်ခွဲ ၍ ပါးကိုပုတ်ကြ၏။ ငါ့တဘက်က တညီတညွတ်တည်း စုဝေးကြ၏။
11 Háme entregado Dios al mentiroso, y en las manos de los impíos me hizo temblar.
၁၁ဘုရားသခင်သည်ငါ့ကို မတရားသောသူတို့တွင် ချုပ်ထားတော်မူပြီ။ လူဆိုးတို့၏ လက်သို့အပ်တော်မူပြီ။
12 Próspero estaba, y desmenuzóme; y arrebatóme por la cerviz, y despedazóme, y púsome a sí por hito.
၁၂ငါသည်ငြိမ်ဝပ်လျက်နေသောအခါ ငါ့အရိုးတို့ကို ချိုးတော်မူ၏။ လည်ပင်းကိုကိုင်၍ အပိုင်းပိုင်းပြတ်စေ ခြင်းငှါ လှုပ်တော်မူ၏။ ငါ့ကို ပစ်စရာစက်သွင်းတော် မူ၏။
13 Cercáronme sus flecheros, partió mis riñones, y no perdonó: mi hiel derramó por tierra.
၁၃မြှားတော်တို့သည် ငါ့ကိုဝိုင်း၍ ကရုဏာတော် မရှိဘဲ၊ ငါ့ကျောက်ကပ်ကို စူးစေတော်မူ၏။ ငါ့သည်းခြေအရည်ကိုမြေပေါ်၌ သွန်းတော်မူ၏။
14 Quebrantóme de quebrantamiento sobre quebrantamiento: corrió contra mí como un gigante.
၁၄ငါ့ကိုအထပ်ထပ်ဆွဲဖြတ်၍၊ သူရဲကဲ့သို့ငါ့ကို ဟုန်းဟုန်းတိုက်လာတော်မူ၏။
15 Yo cosí saco sobre mi piel, y cargué mi cabeza de polvo.
၁၅ငါသည်ကိုယ်အရေပေါ်မှာ လျှော်တေအဝတ်ကို ချုပ်၍ ကိုယ်ဦးချိုကို ရွှံ့နှင့်လူးပြီ။
16 Mi rostro está enlodado con lloro, y mis párpados entenebrecidos;
၁၆ငိုခြင်းအားဖြင့် ငါ့မျက်နှာပျက်လျက်၊ ငါ့မျက် ခမ်းအပေါ်မှာ သေခြင်းအရိပ်လွှမ်းမိုးလျက် ရှိ၏။
17 Sobre no haber iniquidad en mis manos, y haber sido limpia mi oración.
၁၇သို့သော်လည်းငါ့လက်၌မတရားသော အမှုမရှိ။ ငါပြုသော ပဌနာသည် သန့်ရှင်း၏။
18 ¡Oh tierra no cubras mi sangre, y no haya lugar a mi clamor!
၁၈အိုမြေကြီး၊ ငါ့အသွေးကိုဖုံး၍ မထားပါနှင့်။ ငါအော်ဟစ်ခြင်းအသံကို သင်၌မနေစေနှင့်။
19 Por cierto aun ahora en los cielos está mi testigo, y mi testigo en las alturas.
၁၉ဤအမှု၌ ငါ့သက်သေသည် ကောင်းကင်ပေါ် မှာ ရှိ၏။
20 Mis disputadores son mis amigos: mas mis ojos a Dios destilan.
၂၀ငါ့သဘောကို သိသောသူသည် မြင့်သောအရပ်၌ ရှိ၏။ ငါ့အဆွေခင်ပွန်းတို့သည် ငါ့ကိုကဲ့ရဲ့၍၊ ငါသည် ဘုရားသခင့်ရှေ့တော်၌ မျက်ရည်ကျလျက်နေ၏။
21 ¡ Ojalá pudiese disputar el hombre con Dios, como puede con su prójimo!
၂၁လူသည် မိမိအသိအကျွမ်းနှင့်ဆွေးနွေးသကဲ့သို့ ဘုရားသခင်နှင့် ဆွေးနွေးရသောအခွင့်ရှိပါစေသော။
22 Mas los años contados vendrán: y yo andaré el camino por donde no volveré.
၂၂နှစ်ပေါင်းမကြာမမြင့်မှီ တဖန်ပြန်၍ မလာရ သောလမ်းသို့ ငါလိုက်သွားရတော့မည်။