< Génesis 14 >

1 Y aconteció en aquellos días, que Amrafel rey de Sennaar, Arioc rey de Elasar, Codor-laomor rey de Elam, y Tadal rey de las gentes,
ထို ရောအခါ၊ ရှိနာ မင်းကြီး အံရဖေလ ၊ ဧလာသာ မင်းကြီး အာရုတ် ၊ ဧလံ မင်းကြီး ခေဒေါရလောမာ ၊ ဂေါအိမ် မင်းကြီး တိဒလ တို့သည်၊
2 Hicieron guerra contra Bara rey de Sodoma, y contra Bersa rey de Gomorra, y contra Senaab rey de Adama, y contra Semeber rey de Seboim, y contra el rey de Bala, la cual es Segor.
သောဒုံ မင်းကြီး ဗေရ ၊ ဂေါမောရ မင်းကြီး ဗိရရှ ၊ အာဓမာ မင်းကြီး ရှိနပ် ၊ ဇေဘိုင် မင်းကြီး ရှေမဘာ ၊ ဗေလာ မင်းကြီး တို့နှင့် စစ် တိုက် ကြ၏။ ဗေလပြည်ကား ၊ ဇောရ အမည်လည်းရှိသတည်း။
3 Todos estos se juntaron en el valle de Siddim, que es el mar de sal.
ထို ပြည်ရှိသမျှ တို့သည်၊ သောဒုံ အိုင် ဖြစ် သော စိဒ္ဒိမ် ချိုင့် တွင် နီးစပ် လျက်ရှိကြ၏။
4 Doce años habían servido a Codor-laomor, y a los trece años se levantaron.
တဆယ် နှစ် နှစ် ပတ်လုံးခေဒေါရလောမာ မင်းကြီးထံ ကျွန် ခံပြီးလျှင် ၊ တဆယ် သုံး နှစ် မြောက်သောအခါ ပုန်ကန် ကြ၏။
5 Y a los catorce años vino Codor-laomor, y los reyes que estaban con él, e hirieron a Rafaim en Astarot-carnaím, y a Zuzim en Ham y a Emim en Save-cariataim.
တဆယ် လေး နှစ် မြောက်လျှင် ၊ ခေဒေါရလောမာ မင်းသည်၊ မိမိ ဘက်ကနေသော မင်းကြီး တို့နှင့်တကွ လာ ၍ ၊ အာရှတရုတ်ကာနိမ် မြို့၌ ၊ ရေဖိမ် လူများကို၎င်း ၊ ဟာမ မြို့၌ ဇူဇိမ် လူများကို၎င်း ၊ ကိရယသိမ် ချိုင့်၌ ဧမိမ် လူများကို၎င်း၊
6 Y a los Horeos en el monte de Seir, hasta la llanura de Farán, que está junto al desierto.
စိရ တောင် ပေါ် မှာဟောရိ လူများကို၎င်း လုပ်ကြံ၍၊ တော နား မှာရှိသော ဧလပါရန် မြို့တိုင်အောင် လိုက်ကြ၏။
7 Y volvieron, y vinieron a En-mispat, que es Cádes, e hirieron todas las labranzas de los Amalecitas, y también al Amorreo, que habitaba en Hasasón-tamar.
တဖန် ပြန် လာ၍ ၊ ကာဒေရှ ပြည်၊ အင်မိရှပတ် မြို့သို့ ရောက် ပြီးလျှင်၊ အာမလက် ပြည် ရှိသမျှ ကို၎င်း ၊ ဟာဇဇုန္တာမာ မြို့၌ နေ သောအာမောရိ လူများကို၎င်း လုပ်ကြံ ကြ၏။
8 Y salió el rey de Sodoma, y el rey de Gomorra, y el rey de Adama, y el rey de Seboim, y el rey de Bala, que es Segor, y ordenaron contra ellos batalla en el valle de Siddim:
ထိုအခါ သောဒုံ မင်းကြီး ၊ ဂေါမောရ မင်းကြီး ၊ အာဓမာ မင်းကြီး ၊ ဇေဘိုင် မင်းကြီး ၊ ဇောရ တည်း ဟူသော ဗေလာ မင်းကြီး တို့သည် ချီ ထွက်၍ စိဒ္ဒိမ် ချိုင့် ၌ စစ် ပြိုင် ကြ၏။
9 Es a saber, contra Codor-laomor rey de Elam, y Tadal rey de las gentes, y Amrafel rey de Sennaar, y Arioc rey de Elasar, cuatro reyes contra cinco.
ထိုသို့ ဧလံ မင်းကြီး ခေဒေါရလောမာ ၊ ဂေါအိမ် မင်းကြီး တိဒလ ၊ ရှိနာ မင်းကြီး အံရဖေလ ၊ ဧလာသာ မင်းကြီး အာရုတ် တည်း ဟူသော၊ မင်းကြီး လေး ပါးနှင့်၊ မင်းကြီးငါး ပါးတို့သည် စစ်ပြိုင်ကြ၏။
10 Y el valle de Siddim era lleno de pozos de betún: y huyeron el rey de Sodoma, y el de Gomorra, y cayeron allí: y los demás huyeron al monte.
၁၀စိဒ္ဒိမ် ချိုင့် ၌ ရေညှိ အကျိအချွဲနှင့် ပြည့်သော တွင်း များ ရှိ၏။ သောဒုံ မင်းကြီး ၊ ဂေါမောရ မင်းကြီးတို့သည် ပြေး ၍ ထို တွင်းများ၌ ကျ လေ၏။ ကြွင်း သောသူတို့သည် တောင် သို့ ပြေး ကြ၏။
11 Y tomaron toda la hacienda de Sodoma y de Gomorra, y todas sus vituallas, y fuéronse.
၁၁အောင်သောမင်းတို့သည်၊ သောဒုံ မြို့နှင့် ဂေါမောရ မြို့၌ ရှိသမျှ သော ဥစ္စာ နှင့် မြို့ရိက္ခါ ရှိသမျှ တို့ကို ယူ ၍ သွား ကြ၏။
12 Tomaron también a Lot, hijo del hermano de Abram, y a su hacienda, y fuéronse; porque él moraba en Sodoma.
၁၂သောဒုံ မြို့၌ နေ သောအာဗြံ အစ်ကို သား လောတ နှင့် သူ ၏ဥစ္စာ တို့ကိုလည်း သိမ်းယူ ၍ သွား ၏။
13 Y vino uno que escapó, y denunciólo a Abram Hebreo, que habitaba en el alcornocal de Mamré Amorreo, hermano de Escol, y hermano de Aner, los cuales estaban confederados con Abram.
၁၃ထိုဘေးမှ လွတ် ၍ ပြေးသော သူတယောက်သည်၊ ဟေဗြဲ လူ အာဗြံ နှင့် မိဿဟာယ ဖွဲ့ သောသူ၊ ဧရှကောလ နှင့် အာနေရ ၏အစ်ကို အာမောရိ လူမံရေ ၏ သပိတ်တော နား မှာ နေ သောအာဗြံ ထံသို့ ရောက် ၍ ၊ သိတင်းကြား ပြောလေ၏။
14 Y oyó Abram, que su hermano era cautivo, y armó sus criados, los criados de su casa, trescientos y diez y ocho, y siguióles hasta Dan.
၁၄အာဗြံ သည် မိမိ အစ်ကို သားကို ဘမ်း သွား ကြောင်း ကိုကြား လျှင် ၊ မိမိ အိမ် ၌ ဘွား ၍ သွန်သင် သော လူသုံး ရာ တဆယ် ရှစ် ယောက်တို့ကို စီရင် ၍ ၊ ဒန် မြို့ တိုင်အောင် လိုက် လေ၏။
15 Y derramóse sobre ellos de noche él y sus siervos, e hirióles, y siguióles hasta Hoba, que está a la mano izquierda de Damasco.
၁၅ညဉ့် အခါ၊ မိမိ လူ တို့ကိုခွဲ ၍ တိုက် စေသဖြင့် ၊ လုပ်ကြံ ပြီးလျှင် ၊ ဒမာသက် မြို့မြောက် ဘက် ဟောဘ မြို့ တိုင်အောင် လိုက် ပြန်လေ၏။
16 Y volvió toda la hacienda, y también a Lot su hermano, y su hacienda volvió a traer, y también las mujeres y el pueblo.
၁၆ရန်သူတို့သိမ်း သွားသော ဥစ္စာ ရှိသမျှ ကို၎င်း ၊ မိမိ အစ်ကို သား လောတ နှင့် သူ ၏ဥစ္စာ ကို၎င်း ၊ မိန်းမ များ နှင့် လူ များကို၎င်း၊ တဖန် ဆောင် ယူခဲ့လေ၏။
17 Y salió el rey de Sodoma a recibirle, volviendo él de herir a Codor-laomor y a los reyes que estaban con él, al valle de Save, que es el valle del rey.
၁၇ခေဒေါရလောမာ နှင့် ၊ သူ့ဘက်ကနေသောမင်းကြီး တို့ကို လုပ်ကြံ ရာမှ အာဗြံပြန် လာသောအခါ ၊ သောဒုံ မင်းကြီး သည် ခရီးဦးကြို ပြုခြင်းငှါ ရှာဝေ ချိုင့် တည်းဟူသောမင်းကြီး ချိုင့် သို့ ထွက်သွား ၏။
18 Entonces Melquisedec, rey de Salem, sacó pan y vino, él cual era sacerdote del Dios altísimo.
၁၈အမြင့်ဆုံး သော ဘုရား သခင်၏ ယဇ် ပုရောဟိတ်ဖြစ်သော၊ ရှာလင် မင်းကြီး မေလခိဇေဒက် သည်လည်း ၊ မုန့် နှင့် စပျစ်ရည် ကို ဆောင် ခဲ့ပြီးလျှင်၊
19 Y bendíjole, y dijo: Bendito sea Abram del Dios altísimo, poseedor de los cielos y de la tierra.
၁၉ကောင်းကင် မြေကြီး ရှင် ၊ အမြင့်ဆုံး သော ဘုရား သခင်သည် အာဗြံ အား ကောင်းကြီး ပေးတော်မူပါစေသောဟု၊ အာဗြံ ကို ကောင်းကြီး ပေး၍၊
20 Y bendito sea el Dios altísimo, que entregó tus enemigos en tu mano. Y él le dio los diezmos de todo.
၂၀သင် ၏ ရန်သူ တို့ကို သင် ၏လက် ၌ အပ်နှံ တော်မူသော အမြင့်ဆုံး သော ဘုရား သခင်လည်း မင်္ဂလာ ရှိတော်မူစေသတည်းဟု မြွက်ဆို ၏။ အာဗြံသည်လည်း ဥစ္စာ ရှိသမျှတို့ကို၊ ထိုမင်း အား ဆယ် ဘို့တဘို့ လှူ လေ၏။
21 Entonces el rey de Sodoma dijo a Abram: Dáme las personas, y toma para ti la hacienda.
၂၁သောဒုံ မင်းကြီး ကလည်း ၊ လူ တို့ကို ကျွန်ုပ် အား ပြန်ပေး ပါ၊ ဥစ္စာ တို့ကိုကား၊ ကိုယ်တိုင် ယူ ပါလော့ဟု အာဗြံ အား ပြော လိုလျှင်၊
22 Y respondió Abram al rey de Sodoma: Mi mano he alzado a Jehová Dios altísimo, poseedor de los cielos y de la tierra,
၂၂အာဗြံက၊မင်းကြီးသည်အာဗြံ ကိုငါ ရတတ် စေပြီဟုပြော စရာမ ရှိစေခြင်းငှါ
23 Que desde un hilo hasta la correa de un zapato, nada tomaré de todo lo que es tuyo, porque no digas: Yo enriquecí a Abram:
၂၃ကျွန်ုပ်နှင့်အတူလိုက်လာသောသူ၊အာနေရ၊ဧရှကောလ၊မံရေ တို့သည်မိမိ တို့အဘို့ ကိုယူ စေခြင်းငှါအခွင့်ပေးသဖြင်သူတို့ယူသောအဘို့ ကို၎င်း၊ထား၍၊မင်းကြီး၏ဥစ္စာ၊အပ်ခြည်တမျှင်ဖြစ်စေခြေနင်း ကြိုး တပင်ဖြစ်စေ၊တစုံတခု ကိုငါမ ယူ ဟု
24 Sacando solamente lo que comieron los mancebos, y la parte de los varones que fueron conmigo Aner, Escol, y Mamré: los cuales tomarán su parte.
၂၄ကောင်းကင် မြေကြီး ရှင်၊အမြင့်ဆုံး သောဘုရား သခင်ထာဝရဘုရား ရှေ့တော်၌၊ကျွန်ုပ် သည်လက် ကိုချီ ၍အဓိဌာန်ပြုပါပြီဟု၊သောဒုံ မင်းကြီး အား ပြောဆို လေ၏။

< Génesis 14 >