< Ezequiel 6 >

1 Y fue palabra de Jehová a mí, diciendo:
တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက် လာ၍၊
2 Hijo del hombre, pon tu rostro hacia los montes de Israel, y profetiza contra ellos;
အချင်းလူသား၊ သင်သည် ဣသရေလတောင် တို့ကို မျက်နှာပြု၍၊ သူတို့တဘက်၌ ပရောဖက်ပြုလော့။
3 Y dirás: Montes de Israel, oíd palabra del Señor Jehová: Así dijo el Señor Jehová a los montes y a los collados, a los arroyos y a los valles: He aquí que yo, yo, hago venir sobre vosotros espada, y destruiré vuestros altos.
အိုဣသရေလတောင်တို့၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင်ကြလော့။ အရှင်ထာဝရ ဘုရားသည် တောင်ကြီး၊ တောင်ငယ်၊ မြစ်၊ ချိုင့်တို့အား မိန့်တော်မူသည်ကား၊ ငါသည်ကိုယ်တိုင်သင်တို့ အပေါ်သို့ ထားကိုရောက်စေ၍၊ မြင့်သောအရပ်တို့ကို ဖြိုဖျက်မည်။
4 Y vuestros altares serán asolados, y vuestras imágenes del sol serán quebradas; y haré que caigan vuestros muertos delante de vuestros ídolos.
သင်တို့ယဇ်ပလ္လင်တို့သည် လူဆိတ်ညံလိမ့်မည်။ နေရုပ်တုတို့သည် ကျိုးပဲ့လိမ့်မည်။ ရုပ်တုဆင်းတုတို့ရှေ့မှာ သင်တို့၏သူရဲများကို ငါလှဲချမည်။
5 Y pondré los cuerpos muertos de los hijos de Israel delante de sus ídolos, y vuestros huesos esparciré en derredor de vuestros altares.
ရုပ်တုဆင်းတုတို့ရှေ့မှာ ဣသရေလအမျိုးသား အသေကောင်များကို ချထား၍၊ ယဇ်ပလ္လင်တို့ပတ်လည်၌ သင်တို့ အရိုးများကို ငါဖြန့်ကြဲမည်။
6 En todas vuestras habitaciones las ciudades serán desiertas, y los altos serán asolados, para que sean asolados y se hagan desiertos vuestros altares; y vuestros ídolos serán quebrados, y cesarán; y vuestras imágenes del sol serán destruidas, y serán deshechas vuestras obras.
သင်တို့နေရာအရပ်ရပ်၌ ရှိသောမြို့တို့သည် ပြိုပျက်၍၊ မြင့်သော အရပ်တို့သည် လူဆိတ်ညံလျက်၊ ယဇ်ပလ္လင် တို့သည်သုတ်သင်ပယ်ရှင်းလျက်၊ ရုပ်တု ဆင်းတု အမျိုးမျိုးတို့သည် ခုတ်လှဲချိုးဖဲ့ခြင်းကို ခံရလျက်၊ သင်တို့လုပ်သော အရာတို့သည် ပျောက်ပျက် လျက်ရှိကြလိမ့်မည်။
7 Y muertos caerán en medio de vosotros, y sabréis que soy Jehová.
သင်တို့အလယ်၌သူရဲတို့သည် လဲ၍သေကြလိမ့် မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြ လိမ့်မည်။
8 Y dejaré que haya de vosotros quien escape de la espada entre las naciones, cuando fuereis esparcidos por las tierras.
သို့သော်လည်း၊ သင်တို့သည် အပြည်ပြည်သို့ ကွဲပြားကြသောအခါ၊ လူအမျိုးမျိုးတို့၏ထားနှင့် လွတ် သော သူအချို့ရှိစေခြင်းငှါ အကျန်အကြွင်းကို ငါထား မည်။
9 Y acordarse han de mí, los que de vosotros escaparen entre las naciones, entre las cuales serán cautivos; porque yo me quebranté a causa de su corazón fornicario, que se apartó de mí, y a causa de sus ojos, que fornicaron tras sus ídolos; y serán confusos en su misma presencia, a causa de los males que hicieron en todas sus abominaciones.
ငါ့ကိုစွန့်ပစ်၍မှားယွင်းတတ်သော နှလုံးကို၎င်း၊ ရုပ်တုဆင်းတုတို့နှင့် မှားယွင်းလိုသဖြင့်လိုက်၍ ကြည့် သော မျက်စိတို့ကို၎င်း ငါပယ်ဖျက်သောအခါ၊ လွတ် သောသူတို့သည်သိမ်းသွားခြင်းကို ခံရာအပြည်ပြည်တို့၌ ငါ့ကိုအောက်မေ့ကြလိမ့်မည်။ ပြုမိသမျှသောစက် ဆုပ်ရွံ့ရှာဘွယ်အမှုတို့ကြောင့် ကိုယ်ကိုကိုယ်ရွံ့ရှာကြ လိမ့်မည်။
10 Y sabrán que yo soy Jehová, y que no en vano dije que les había de hacer este mal.
၁၀ထိုသို့သောအပြစ်ဒဏ်ကို ငါပေးမည်ဟု၊ ငါ ထာဝရဘုရားသည် အချည်းနှီးမိန့်တော်မူသည် မဟုတ် ကြောင်းကို သိရကြလိမ့်မည်။
11 Así dijo el Señor Jehová: Hiere con tu mano, y patea con tu pie, y dí: ¡Ay, por todas las abominaciones de los males de la casa de Israel! porque con espada, y con hambre, y con pestilencia caerán.
၁၁အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုး ပြုမိသမျှသော ရွံ့ရှာဘွယ်အမှုဆိုးတို့ ကြောင့်၊ အမင်္ဂလာရှိပါသည်တကားဟုဆိုလျက်၊ လက်ခုပ်တီးလော့။ ခြေနှင့်ဆောင့်လော့။ အကြောင်းမူ ကား၊ သူတို့သည်ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာဘေး တို့ဖြင့်လဲ၍ သေကြလိမ့်မည်။
12 El que estuviere lejos, morirá de pestilencia; y el que estuviere cerca, caerá con espada; y el que quedare, y el cercado, morirá de hambre; y cumpliré en ellos mi enojo.
၁၂ဝေးသောသူသည် နာဘေးဖြင့်သေလျက်၊ နီးသောသူသည် ထားဘေးဖြင့်ဆုံးလျက်၊ ထိုဘေးမှ လွတ်၍ ကျန်ကြွင်းသောသူသည်လည်း မွတ်သိပ်ခြင်း ဘေးဖြင့် သေလျက်၊ သူတို့၌ ငါ၏ဒေါသအရှိန် ပြည့်စုံ လိမ့်မည်။
13 Y sabréis que yo soy Jehová, cuando sus muertos estarán en medio de sus ídolos, en derredor de sus altares, en todo collado alto, y en todas las cumbres de los montes, y debajo de todo árbol sombrío, y debajo de toda encina espesa, y en todo lugar donde dieron olor suave a todos sus ídolos.
၁၃ရုပ်တုဆင်းတုအပေါင်းတို့အား နံ့သာပေါင်းကို ပူဇော်ရာအရပ်၊ ယဇ်ပလ္လင်များပတ်လည်၊ မြင့်သောကုန်း၊ တောင်ထိပ်ရှိသမျှတို့အပေါ်၊ စိမ်းသောသစ်ပင်၊ အရိပ် ကောင်းသော သပိတ်ပင် ရှိသမျှတို့အောက်၌၊ ရုပ်တု ဆင်းတုတို့တွင်သူရဲတို့သည်လဲ၍ သေလျက်ရှိကြသော အခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြ လိမ့်မည်။
14 Y extenderé mi mano sobre ellos, y tornaré la tierra asolada, y espantosa, desde el desierto de Deblata hasta todas sus habitaciones; y sabrán que yo soy Jehová.
၁၄သူတို့အပေါ်မှာ ငါသည်လက်ကိုဆန့်၍၊ ဒိဗလတ်မြို့နှင့် ဆိုင်သော လွင်ပြင်ထက်၊ သူတို့နေလေရာ ရာပြည်ကိုသာ၍ လူဆိတ်ညံရာ၊ အံ့ဩဘွယ်ရာဖြစ်စေ သောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြ လိမ့်မည်ဟု မိန့်တော်မူ၏။

< Ezequiel 6 >