< Ester 9 >

1 Y en el mes doceno, que es el mes de Adar, a los trece del mismo, donde llegó el mandamiento del rey, y su ley para que se hiciese, el mismo día en que esperaban los enemigos de los Judíos enseñorearse de ellos, fue lo contrario; porque los Judíos se enseñorearon de los que los aborrecían.
ရှင်ဘုရင်အမိန့်တော်အတိုင်း စီရင်ရသော အချိန်နီး၍၊ ယုဒအမျိုး၏ ရန်သူတို့က၊ ငါတို့နိုင်မည်ဟု မြော်လင့်သောနေ့၊ အမှုပြောင်းလဲ၍ ယုဒလူတို့သည် မနာလိုသော သူတို့ကိုနိုင်သော နေ့ရက်တည်းဟူသော အာဒါမည်သော ဒွါဒသမလတဆယ်သုံးရက်နေ့တွင်၊
2 Los Judíos se juntaron en sus ciudades en todas las provincias del rey Asuero, para meter mano sobre los que habían procurado su mal: y nadie se puso delante de ellos, porque el temor de ellos había caído sobre todos los pueblos.
ရှင်ဘုရင်အာရွှေရု၏ နိုင်ငံတော် အပြည်ပြည် အမြို့မြို့၌နေသော ယုဒလူတို့သည်၊ ညှဉ်းဆဲလိုသော သူတို့ကို ဆီးတားခြင်းငှါ စုဝေးကြ၏။ ပြည်သူပြည်သား အပေါင်းတို့သည် ကြောက်ရွံ့သောကြောင့်၊ အဘယ်သူမျှ ရန်မပြုဝံ့ဘဲနေကြ၏။
3 Y todos los príncipes de las provincias, y los virreyes, y capitanes, y oficiales del rey, ensalzaban a los Judíos; porque el temor de Mardoqueo había caído sobre ellos.
အပြည်ပြည်ကို အုပ်စိုးသောမင်း၊ ကိုယ်စားတော် မင်း၊ မြို့ဝန်မင်း၊ အမှုတော်စောင့် အရာရှိအပေါင်းတို့ သည် မော်ဒကဲကို ကြောက်ရွံ့သောကြောင့်၊ ယုဒလူတို့ကို မစကြ၏။
4 Porque Mardoqueo era grande en la casa del rey, y su fama iba por todas las provincias: porque el varón Mardoqueo iba engrandeciéndose.
အကြောင်းမူကား၊ မော်ဒကဲသည် နန်းတော် တွင် ဘုန်းကြီးလျက်၊ အတိုင်းတိုင်းအပြည်ပြည်၌ သိတင်း နှံ့ပြား၍၊ တနေ့ထက် တနေ့ကြီးမြင့်ရာသို့ ရောက် သတည်း။
5 E hirieron los Judíos a todos sus enemigos de plaga de espada, y de mortandad, y de perdición: e hicieron en sus enemigos a su voluntad.
ထိုနေ့တွင် ယုဒလူတို့သည် ရန်သူအပေါင်းတို့ကို ထားနှင့်လုပ်ကြံသတ်ဖြတ်ဖျက်ဆီး၍၊ မနာလိုသော သူတို့၌ ပြုချင်သမျှပြုကြ၏။
6 Y en Susán la cabecera del reino mataron los Judíos, y destruyeron quinientos hombres.
ရှုရှန်မြို့တော်၌လူငါးရာတို့ကို လုပ်ကြံသတ်ဖြတ် ကြ၏။
7 Y a Parsandata, y a Delfón, y a Esfata,
ယုဒအမျိုး၏ ရန်သူဟမ္မေဒါသသားဖြစ်သော ဟာမန်၏သား တကျိပ်တည်းဟူသော ပါရှန္ဒာသ၊ ဒါလဖုန်၊ အာသပါသ၊ ပေါရသ၊ အာဒလိ၊ အာရိဒါသ၊ ပါမရှာတ၊ အရိသဲ၊ ဒရိဒဲ၊ ဝါဇေဇာသတို့ကိုလည်း သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်းမယူဘဲနေကြ၏။
8 Y a Porata, y a Adalia, y a Adriata,
9 Y a Permesta, y a Arisai, y a Aridai, y a Vaiezata,
10 Diez hijos de Amán, hijo de Amadati, enemigo de los Judíos, mataron: mas en la presa no metieron mano.
၁၀
11 El mismo día vino la copia de los muertos en Susán la cabecera del reino, delante del rey.
၁၁ထိုနေ့၌ ရှုရှန်မြို့တော်တွင် သေသောသူစာရင်း ကို ရှင်ဘုရင်ရှေ့တော်မှာ ပြကြ၏။
12 Y dijo el rey a la reina Ester: En Susán la cabecera del reino han muerto los Judíos y destruido quinientos hombres, y diez hijos de Amán: ¿En las otras provincias del rey qué habrán hecho? ¿Qué pues es tu petición, y dársete ha? ¿y qué es más tu demanda, y hacerse ha?
၁၂ရှင်ဘုရင်သည် မိဖုရားဧသတာကို ခေါ်၍၊ ယုဒ လူတို့သည် ရှုရှန် မြို့တော်၌ ဟာမန်သားတကျိပ်နှင့်တကွ လူငါးရာတို့ကို လုပ်ကြံသတ်ဖြတ် ကြပြီ။ နိုင်ငံတော်တွင် အခြားသော အပြည်ပြည်တို့၌ အဘယ်သို့ ပြုကြပြီနည်း။ သင်သည် အဘယ်အလိုရှိသေးသနည်း။ အလိုရှိသည် အတိုင်း ငါပြုမည်။ အဘယ်ဆိုကို တောင်းချင်သေး သနည်း။ တောင်းသမျှကို ငါပေးမည်ဟု မိန့်တော်မူလျှင်၊
13 Y respondió Ester: Si place al rey, concédase también mañana a los Judíos en Susán, que hagan conforme a la ley de hoy; y que cuelguen en la horca a los diez hijos de Amán.
၁၃ဧသတာက၊ အရှင်မင်းကြီးအလိုတော်ရှိလျှင်၊ ရှုရှန်မြို့၌ရှိသော ယုဒလူတို့သည် ယနေ့ အမိန့်တော် အတိုင်း နက်ဖြန်နေ့၌လည်း ပြုရမည်အကြောင်း၊ ဟာမန်သားတကျိပ်ကိုလည်း လည်ဆွဲချတိုင်၌ ဆွဲထားရမည် အကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်သည်အတိုင်း၊
14 Y mandó el rey que se hiciese así: y fue dada ley en Susán: y colgaron a los diez hijos de Amán.
၁၄ရှင်ဘုရင်မိန့်တော်မူ၍ ရှုရှန်နန်းတော်၌ အမိန့် တော်ကို ထုတ်ပြီးမှ၊ ဟာမန်သား တကျိပ်ကို ဆွဲထား ကြ၏။
15 Y juntáronse los Judíos que estaban en Susán también a los catorce del mes de Adar, y mataron en Susán a trescientos hombres; mas en la presa no metieron su mano.
၁၅ရှုရှန်မြို့၌ရှိသော ယုဒလူတို့သည်လည်း၊ အာဒါလတဆယ်လေးရက်နေ့တွင် စုဝေး၍၊ ရှုရှန်မြို့သား သုံးရာတို့ကို သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်း မယူဘဲနေကြ၏။
16 Y los otros Judíos que estaban en las provincias del rey se juntaron también, y se pusieron en defensa de su vida, y tuvieron reposo de sus enemigos, y mataron de sus enemigos setenta y cinco mil; mas en la presa no metieron su mano.
၁၆နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည်၌ရှိသော ယုဒလူအခြားတို့သည် အာဒါလတဆယ်သုံးရက်နေ့တွင်၊ မိမိတို့အသက်ကို စောင့်လျက်၊ ရန်သူလက်သို့မရောက်ဘဲ ချမ်းသာရမည်အကြောင်း၊ စုဝေး၍ ရန်သူခုနစ်သောင်း ငါးထောင်တို့ကို သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်းမယူဘဲ နေကြ၏။
17 A los trece días del mes de Adar; y reposaron a los catorce días del mismo, e hicieron aquel día día de banquete y de alegría.
၁၇ထိုလ တဆယ်လေးရက်နေ့တွင် ငြိမ်ဝပ်စွာနေ ၍ ပွဲခံရာနေ့၊ ပျော်မွေ့ရာနေ့ဖြစ်စေခြင်းငှါ စောင့်ရှောက် ကြ၏။
18 Mas los Judíos que estaban en Susán se juntaron a los trece del mismo, y a los catorce del mismo; y a los quince del mismo reposaron, e hicieron aquel día día de banquete y de alegría.
၁၈ရှုရှန်မြို့၌ရှိသော ယုဒလူများမူကား၊ တဆယ် သုံးရက်နေ့နှင့် တဆယ်လေးရက်နေ့တွင်း စုဝေးကြ၏။ တဆယ်ငါးရက်မြောက်သောအခါ ငြိမ်ဝပ်စွာနေ၍ ပွဲခံရာ နေ့၊ ပျော်မွေ့ရာနေ့ဖြစ်စေခြင်းငှါ စောင့်ရှောက်ကြ၏။
19 Por tanto los Judíos aldeanos que habitan en las villas sin muro hacen a los catorce del mes de Adar el día de alegría y de banquete, y buen día, y de enviar partes cada uno a su vecino.
၁၉မြို့ရိုးမရှိသောရွာတို့၌ နေသော ယုဒလူတို့သည် လည်း၊ အာဒါ လတဆယ်လေးရက်နေ့ကို ပျော်မွေ့စွာ ပွဲခံရာနေ့၊ မင်္ဂလာနေ့၊ တယောက်ကိုတယောက် လက်ဆောင်ပေးလိုက်ရာနေ့ဖြစ်စေကြ၏။
20 Y escribió Mardoqueo estas cosas, y envió cartas a todos los Judíos que estaban en todas las provincias del rey Asuero, cercanos y de lejos,
၂၀တဖန် မော်ဒကဲသည် ဤအမှုအရာတို့ကို ရေးထား၏။
21 Constituyéndoles que hiciesen el día catorceno del mes de Adar, y el quinceno del mismo cada un año,
၂၁ယုဒလူတို့သည် ရန်သူလက်မှ လွတ်၍ ချမ်းသာ ရသောနေ့၊
22 Por aquellos días en que los Judíos tuvieron reposo de sus enemigos: y aquel mes que les fue tornado de tristeza en alegría, y de luto en día bueno; que los hiciesen días de banquete y de gozo, y de enviar partes cada uno a su vecino, y dádivas a los pobres.
၂၂သူတို့ဝမ်းနည်းခြင်းနှင့် မြည်တမ်းခြင်းပျောက်၍ ဝမ်းမြောက်ခြင်းနှင့်ပျော်မွေကခြင်းသို့ ရောက်သော လတည်းဟူသော အာဒါလ တဆယ်လေးရက်နှင့် တဆယ်ငါးရက်နေ့တို့ကို နှစ်တိုင်းစောင့်၍ ပွဲခံရာနေ့၊ ပျော်မွေ့ရာနေ့၊ တယောက်ကိုတယောက် လက်ဆောင် ပေးလိုက်၍၊ ဆင်းရဲသောသူတို့အား စွန့်ကြဲရာနေ့ဖြစ်စေ သော ထုံးစံကို စီရင်ခြင်းငှါ၊ ရှင်ဘုရင် အာရွှေရု နိုင်ငံ တော်အပြည်ပြည်၌ အနီးအဝေးရှိသော ယုဒလူအပေါင်း တို့နေရာသို့ မှာစာကို ပေးလိုက်လေ၏။
23 Y los Judíos aceptaron, y comenzaron a hacer lo que Mardoqueo les escribió.
၂၃ယုဒလူတို့ကလည်း၊ ပြုစရှိ၍ မော်ဒကဲမှာလိုက် သည်အတိုင်း အမြဲပြုပါမည်ဟု ဝန်ခံကြ၏။
24 Porque Amán, hijo de Amaatí Agageo, enemigo de todos los Judíos, pensó contra los Judíos para destruirlos, y echó Pur, que quiere decir, suerte, para consumirlos, y echarlos a perder.
၂၄ယုဒလူအပေါင်းတို့၏ ရန်သူဖြစ်သော အာဂတ် အမျိုး၊ ဟမ္မေဒါသသား ဟာမန်သည် ယုဒအမျိုးကို ဖျက်ဆီးမည်အကြံရှိ၍၊ ဖျက်ဆီးပယ်ရှင်းခြင်းငှါ ပုရ စာရေးတံချသောကြောင့်၎င်း၊
25 Y como ella entró delante del rey, él dijo con carta: El mal pensamiento que pensó contra los Judíos sea vuelto sobre su cabeza; y cuélguenle a él, y a sus hijos, en la horca.
၂၅ဧသတာသည် ရှင်ဘုရင်ထံတော်သို့ဝင်၍ ယုဒ လူတို့တဘက်၌ ဟာမန်ကြံစည်သော အဓမ္မအကြံကို သူ၏ခေါင်းပေါ်သို့ ပြန်ရောက်စေမည်အကြောင်း၊ သူနှင့် သူ၏သားတို့ကိုလည်း လည်ဆွဲချတိုင်၌ ဆွဲထားစေမည် အကြောင်း၊ အမိန့်တော်စာကို ပေးတော်မူသည်ဖြစ်၍၎င်း၊
26 Por esto llamaron a estos días Purim, del nombre Pur: por tanto por todas las palabras de esta carta, y por lo que ellos vieron sobre esto, y lo que llegó a su noticia,
၂၆ပုရဟူသောစကားကို အစွဲပြုသဖြင့်၊ ထိုနေ့ကို ပုရနေ့ဟူ၍ ခေါ်ဝေါ်ကြ၏။ ထိုအမိန့်တော်စာချက်နှင့် ကိုယ်တိုင်တွေ့မြင်သော အမှုကို ထောက်လျက်၊
27 Establecieron y aceptaron los Judíos sobre sí, y sobre su simiente, y sobre todos los allegados a ellos, y no será traspasado, de hacer estos dos días según la escritura de ellos, y conforme a su tiempo cada un año.
၂၇ယုဒလူတို့သည် ကိုယ်တိုင်မှစ၍ သားမြေး၊ ဘာသာဝင်သူ အပေါင်းတို့နှင့်တကွ၊ မော်ဒကဲမှာစာ၌ စီရင်ထုံးဖွဲ့သည်အတိုင်း၊ ထိုနေ့ နှစ်ရက်ကိုနှစ်တိုင်း အစဉ်မပြတ်စောင့်မည်အကြောင်း၊
28 Y que estos días serían en memoria, y celebrados en todas las naciones, y familias, y provincias, y ciudades: estos días Purim no pasarán de entre los Judíos, y la memoria de ellos no cesará de su simiente.
၂၈ထိုပုရနေ့တို့သည် ယုဒအမျိုး၌မပျောက်၊ သားစဉ်မြေးဆက်တို့သည် မမေ့မလျော့၊ အပြည်ပြည် အမြို့မြို့၌ နေသောအဆွေအမျိုးအသီးအသီး အစဉ် အဆက်တို့သည်အောက်မေ့ စောင့်ရှောက်မည်အကြောင်း ဝန်ခံကြ၏။
29 Y la reina Ester, hija de Abihail, y Mardoqueo Judío, escribieron con toda fuerza para confirmar esta segunda carta del Purim.
၂၉ထိုအခါ အဘိဟဲလသမီး မိဖုရားဧသတာနှင့် ယုဒအမျိုး မော်ဒကဲတို့သည်၊ ပုရနေ့တို့ကို မြဲမြံစွာ တည်စေခြင်းငှါ ကျပ်တည်းစွာ အာဏာထား၍ မှာစာကို တဖန်ရေးထားကြ၏။
30 Y envió cartas a todos los Judíos, a las ciento y veinte y siete provincias del rey Asuero, con palabras de paz y de verdad,
၃၀ယုဒအမျိုးသား မော်ဒကဲနှင့် မိဖုရားဧသတာ မှာထား၍၊
31 Para confirmar estos días del Purim en sus tiempos, como les había constituido Mardoqueo Judío, y la reina Ester, y como habían aceptado sobre sí, y sobre su simiente, las palabras de los ayunos y de su clamor.
၃၁ယုဒလူတို့သည် ကိုယ်အဘို့နှင့် သားစဉ် မြေးဆက်အဘို့ စီရင်သည်အတိုင်း၊ ချိန်းချက်သော အချိန်၌ အစာရှောင်ခြင်း၊ ဆုတောင်းခြင်းနှင့်တကွ ပုရနေ့တို့ကို အမြဲစောင့်စေခြင်းငှါ၊ အာရွှေရုနိုင်ငံတော် တွင် တိုင်းပြည်တရာနှစ်ဆယ်ခုနစ်ပြည်၌ရှိသော ယုဒလူ အပေါင်းတို့ နေရာသို့ ငြိမ်သက်စေသော သစ္စာစကားနှင့် ထိုမှာစာကို မော်ဒကဲပေးလိုက်လေ၏။
32 Y el mandamiento de Ester confirmó estas palabras del Purim, y fue escrito en el libro.
၃၂ဧသတာစီရင်သောအားဖြင့်၊ ပုရနေ့တို့ကို စောင့်ရာ ထုံးစံသည် အမြဲတည်၍ ဤစာ၌ရေးထား လျက်ရှိသတည်း။

< Ester 9 >