< Ester 2 >

1 Pasadas estas cosas, reposada ya la ira del rey Asuero, acordóse de Vasti, y de lo que hizo, y de lo que fue sentenciado sobre ella.
တဖန်ရှင်ဘုရင် အာရွှေရုသည် စိတ်တော်ပြေ သောအခါ၊ ဝါရှိတိကို၎င်း၊ သူပြုသောအမှုနှင့် သူ့တဘက် ၌စီရင်သော အမှုကို၎င်း အောက်မေ့တော်မူ၏။
2 Y dijeron los criados del rey, sus oficiales: Busquen al rey mozas vírgenes de buen parecer.
အထံတော်၌ ခစားသော ကျွန်တော်တို့ကလည်း၊ အဆင်းလှသော သမီးကညာတို့ကို အရှင်မင်းကြီးအဘို့ ရှာရပါမည်အကြောင်း အခွင့်ပေးတော်မူပါ။
3 Y ponga el rey personas en todas las provincias de su reino, que junten todas las mozas vírgenes de buen parecer en Susán la cabecera del reino, en la casa de las mujeres, en poder de Egeo eunuco del rey, guarda de las mujeres, dándoles sus atavíos.
အဆင်းလှသော သမီးကညာအပေါင်းတို့ကို ရှုရှန်နန်းတော်တွင် အပျိုတော်နေရာသို့ စုဝေးစေ၍၊ နန်းတော်မိန်းမစိုး၊ အပျိုတော်အုပ်ဟေဂဲ၌ အပ်စေခြင်းငှါ၊ နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည် မင်းအရာရှိတို့ကို ခန့်ထားတော်မူပါ။ စင်ကြယ်စေခြင်းငှါ ဆေးမျိုးကို အပ်ပေးတော်မူပါ။
4 Y la moza que agradare a los ojos del rey, reine en lugar de Vasti. Y la cosa plugo en ojos del rey, e hízolo así.
နှစ်သက်တော်မူသော သမီးကညာကို မိဖုရား ဝါရှတိအရာ၌ ခန့်ထားတော်မူပါဟု လျှောက်သော စကားကို ရှင်ဘုရင်နှစ်သက်၍ ထိုသို့ စီရင်တော်မူ၏။
5 Había un varón Judío en Susán la cabecera del reino, cuyo nombre era Mardoqueo, hijo de Jair, hijo de Semeí, hijo de Cis, del linaje de Jemini,
ထိုကာလတွင် ရှုရှန်မြို့တော်၌၊ ဗင်္ယာမိန်အမျိုး ကိရှ၊ ရှိမိ၊ ယာဣရတို့မှ ဆင်းသက်သော မော်ဒကဲအမည် ရှိသော ယုဒလူတယောက်ရှိ၏။
6 Que había sido traspasado de Jerusalem con los cautivos que fueron traspasados con Jeconías rey de Judá, que hizo traspasar Nabucodonosor rey de Babilonia.
ထိုသူသည် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ သိမ်းသွားသော ယုဒရှင်ဘုရင် ယေခေါနိမှစ၍၊ ဘမ်းဆီး သိမ်းသွားခြင်းကို ခံရသောလူစု၌ ပါသတည်း။
7 Y había criado a Edisa, que es Ester, hija de su tio, porque no tenía padre ni madre, y era moza hermosa de forma y de buen parecer: y como su padre y su madre murieron, Mardoqueo se la había tomado por hija.
ထိုသူသည် အထွေးသမီး ဟဒဿတည်းဟူ သော ဧသတာကို မွေးမြူ၏။ ထိုသတို့သမီးသည် မိဘမရှိ၊ ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်း လှ၏။ မိဘ သေသောအခါ၊ မော်ဒကဲသည် ယူ၍ ကိုယ်သမီးကဲ့သို့ မှတ်သတည်း။
8 Y fue, que como se divulgó el mandamiento del rey y su ley, y siendo juntadas muchas mozas en Susán la cabecera del reino en poder de Egeo, fue tomada Ester para casa del rey, al cargo de Egeo guarda de las mujeres.
ရှင်ဘုရင် အမိန့်တော်ကိုထုတ်၍ ကျော်သော အခါ၊ အပျိုများတို့ကို ရှုရှန်နန်းတော်သို့ စုဝေးစေ၍၊ မိန်းမစိုး ဟေဂဲ၌အပ်ရာတွင်၊ ဧသတာကိုလည်း နန်း တော်သို့ ခေါ်ဆောင်၍ ဟေဂဲ၌ အပ်ကြ၏။
9 Y aquella moza agradó en sus ojos, y hubo gracia delante de él, e hizo apresurar sus atavíos, y sus raciones para darle; y siete mozas convenientes de la casa del rey para darle: y pasóla con sus mozas a lo mejor de la casa de las mujeres.
ဧသတာသည် ဟေဂဲစိတ်နှင့်တွေ့၍ မျက်နှာ ရသဖြင့်၊ ဟေဂဲသည် စင်ကြယ်စေသော ဆေးမျိုးနှင့် ပေးရသော အဝတ်အစားကို အလျင်အမြန်ပေး၏။ နန်းတော်၌ ရွေးကောက်သော ကျွန်မခုနစ်ယောက် တို့ကိုလည်းပေး၍၊ ဧသတာနှင့် သူ၏ကျွန်မတို့ကို အပျိုတော်နန်းတွင် အမြတ်ဆုံးသောနေရာ၌ ချီးမြှောက် လေ၏။
10 Ester no declaró su pueblo, ni su nacimiento, porque Mardoqueo le había mandado, que no lo declarase.
၁၀ဧသတာသည် မိမိအမျိုးနှင့် မိမိဆွေညာ တကာကို မဘော်မပြမည်အကြောင်း၊ မော်ဒကဲ သတိပေး သည်အတိုင်း မဘော်မပြဘဲ နေ၏။
11 Y cada día Mardoqueo se paseaba delante del patio de la casa de las mujeres, por saber cómo iba a Ester, y qué se hacía de ella.
၁၁ဧသတာသည် အဘယ်သို့ရှိသည်ကို၎င်း၊ သူ၌ အဘယ်သို့ ပြုကြလိမ့်မည်ကို၎င်း၊ မော်ဒကဲသည် သိခြင်း ငှါ အပျိုတော်နန်းဝင်းရှေ့မှာ နေ့တိုင်းသွားလာ၏။
12 Y como venía el tiempo de cada una de las mozas para venir al rey Asuero, al cabo que tenía ya doce meses según la ley de las mujeres, porque así se cumplía el tiempo de sus atavíos, seis meses con óleo de mirra, y seis meses con cosas aromáticas y afeites de mujeres;
၁၂ထိုအပျိုတော်တို့ ထုံးစံအတိုင်း၊ တနှစ်စေ့သော အခါ တယောက်နောက်တယောက် အလှည့်သင့်သည် အတိုင်း၊ ရှင်ဘုရင်အာရွှေရုထံသို့ ဝင်ရ၏။ ခြောက်လ ပတ်လုံးမုရန်ဆီ၊ ခြောက်လပတ်လုံး နံ့သာမျိုးအစရှိ သော စင်ကြယ်စေသောဆေးမျိုးကိုသုံး၍၊ စင်ကြယ်ခြင်းအမှု သည် ပြီးသည်တိုင်အောင် ထိုမျှကာလကိုလွန်စေရ၏။
13 Y con esto la moza venía al rey: todo lo que ella decía, se le daba, para venir con ello de la casa de las mujeres hasta la casa del rey.
၁၃ထိုနောက်မှ အပျိုတော်သည် ရှင်ဘုရင်ထံသို့ ဝင်ချိန်ရောက်သောအခါ၊ အလိုရှိသမျှတို့ကို တောင်း၍၊ အပျိုတော်နန်းမှ ရှင်ဘုရင်နန်းတော်သို့ ယူသွားရ၏။
14 Ella venía a la tarde, y a la mañana se volvía a la casa segunda de las mujeres al cargo de Saasgaz eunuco del rey, guarda de las concubinas: no venía más al rey, salvo si el rey la quería: entonces era llamada por nombre.
၁၄ညဦးအချိန်၌ဝင်၍ နံနက်အချိန်၌ နန်းတော် မိန်းမစိုး၊ မောင်းမမိဿံအုပ်၊ ရှာရဂါဇစောင့် ဒုတိယ မိန်းမနန်းသို့ပြန်ရ၏။ ရှင်ဘုရင်ချစ်၍ နာမည်အားဖြင့် ခေါ်တော်မမူလျှင် နောက်တဖန် အထံတော်သို့မဝင်ရ။
15 Y como se llegó el tiempo de Ester, hija de Abihail, tio de Mardoqueo, que él se había tomado por hija, para venir al rey, ninguna cosa procuró, sino lo que dijo Egeo eunuco del rey, guarda de las mujeres: y ganaba Ester la gracia de todos los que la veían.
၁၅မိမိသမီးကဲ့သို့ မော်ဒကဲမွေးမြူသော ဘထွေး အဘိဟဲလသမီး ဧသတာသည် အလှည့်သင့်၍၊ ရှင်ဘုရင် ထံသို့ဝင်ရသောအခါ၊ နန်းတော်မိန်းမစိုး၊ အပျိုတော်အုပ် ဟေဂဲစီရင်သော အရာမှတပါး အဘယ်အရာကိုမျှ မတောင်း၊ ဧသတာကို တွေ့မြင်သမျှသော သူတို့သည် ချစ်တတ်ကြ၏။
16 Y fue Ester llevada al rey Asuero a su casa real en el mes décimo, que es el mes de Tebet, en el año séptimo de su reino.
၁၆ထိုသို့ ရှင်ဘုရင် အာရွှေရုသည် နန်းစံ ခုနစ်နှစ်၊ တေဗက်အမည်ရှိသော ဒသမလတွင်၊ ဧသတာကို နန်းတော်၌ သိမ်းတော်မူပြီးလျှင်၊
17 Y el rey amó a Ester sobre todas las mujeres, y tuvo gracia y misericordia delante de él más que todas las vírgenes: y puso la corona del reino en su cabeza, e hízola reina en lugar de Vasti.
၁၇အခြားသော သမီးကညာအပေါင်းတို့ထက် ဧသတာသည် စိတ်တော်ကိုနူးညွတ်စေ၍၊ အထံတော်၌ မျက်နှာရသဖြင့်၊ ရှင်ဘုရင်သည် အခြားသော မိန်းမ တကာတို့ကို ချစ်သည်ထက် ဧသတာကိုသာ၍ ချစ်သော ကြောင့်၊ သူ့ခေါင်းပေါ်မှာ ရာဇသရဖူကိုတင်၍မိဖုရား ဝါရှတိအရာ၌ ချီးမြှောက်တော်မူ၏။
18 E hizo el rey gran banquete a todos sus príncipes y siervos, el banquete de Ester: e hizo relajación a las provincias; e hizo y dio mercedes conforme a la facultad real.
၁၈ထိုအခါ ရှင်ဘုရင်သည် ဧသတာပွဲဟူ၍ ကြီး သောပွဲကို မှူးတော်မတ်တော် ကျွန်တော်တို့အဘို့ လုပ်သဖြင့်၊ နိုင်ငံတော်တိုင်းပြည်တို့ကို မင်းမှုလွှတ်၍၊ စည်းစိမ်တော်နှင့် လျော်စွာ ဆုချတော်မူ၏။
19 Y cuando eran juntadas las vírgenes la segunda vez, Mardoqueo estaba asentado a la puerta del rey.
၁၉သမီးကညာတို့သည် ဒုတိယအချိန်၌ စုဝေး သောအခါ၊ မော်ဒကဲ သည် နန်းတော်၌ တံခါးမှူးဖြစ်၏။
20 Y Ester nunca declaró su nación ni su pueblo, como Mardoqueo le mandó: porque Ester hacía lo que decía Mardoqueo, como cuando estaba en crianza con él.
၂၀ဧသတာသည် မော်ဒကဲထံမွေးမြူခြင်းကို ခံ၍ နေစဉ်အခါ၊ သူ၏စကားကို နားထောင်သည်နည်းတူ နား ထောင်သေးသည်ဖြစ်၍၊ မော်ဒကဲသတိပေးသည်အတိုင်း၊ မိမိအမျိုး၊ မိမိဆွေညာတကာတို့ကို မဘော်မပြဘဲနေ သတည်း။
21 En aquellos días, estando Mardoqueo asentado a la puerta del rey, enojáronse Bagatán y Tares, dos eunucos del rey, de la guarda de la puerta, y procuraban poner mano en el rey Asuero.
၂၁ထိုကာလတွင်၊ မော်ဒကဲသည် နန်းတော်၌ တံခါးမှူးဖြစ်စဉ်၊ ဗိဂသန်နှင့် တေရက်တည်းဟူသော နန်းတော်မိန်းမစိုး၊ တံခါးစောင့် နှစ်ယောက်တို့သည် ဒေါသစိတ်ရှိ၍ ရှင်ဘုရင် အာရွှေရုကို လုပ်ကြံမည်ဟု အားထုတ်ကြ၏။
22 Y la cosa fue entendida de Mardoqueo, y él lo denunció a la reina Ester, y Ester lo dijo al rey en nombre de Mardoqueo.
၂၂ထိုအမှုကို မော်ဒကဲသိ၍ မိဖုရားဧသတာအား ဘော်ပြ၏။ ထိုသို့ မော်ဒကဲဘော်ပြကြောင်းကို ဧသတာ သည် ရှင်ဘုရင်အား လျှောက်လေ၏။
23 Y fue inquirida la cosa, y fue hallada; y ambos ellos fueron colgados en la horca: y fue escrito en el libro de las cosas de los tiempos delante del rey.
၂၃ထိုအမှုကို စစ်ကြော၍ အမှန်သိသောအခါ၊ ထိုသူနှစ်ယောက်တို့ကို သစ်ပင်၌ လည်ဆွဲချပြီးမှ၊ ရှင်ဘုရင်ရှေ့၊ နန်းတော်မှတ်စာ၌ ရေးမှတ်သတည်း။

< Ester 2 >