< Ester 1 >
1 Y aconteció en los días de Asuero, el Asuero que reinó desde la India hasta la Etiopía, sobre ciento y veinte y siete provincias:
၁အိန္ဒိယ ပြည်မှစ၍ ကုရှ ပြည်တိုင်အောင် တိုင်းပြည် တရာ နှစ်ဆယ် ခုနစ် ပြည်တို့ကို အစိုးရ သောရှင်ဘုရင်အာရွှေရု သည်၊
2 En aquellos días, como se asentó el rey Asuero sobre el trono de su reino, el cual era en Susán cabecera del reino,
၂ရှုရှန် နန်းတော် ရာဇ ပလ္လင်ပေါ် မှာ ထိုင် ၍ နန်းစံ သုံး နှစ် တွင်၊
3 En el tercero año de su reino hizo banquete a todos sus príncipes y siervos, la fuerza de Persia y de Media, gobernadores, y príncipes de provincias delante de él,
၃ပေရသိ ဗိုလ် ၊ မေဒိ ဗိုလ်များ၊ အပြည် ပြည်သော မှူးမတ် ဝန်မင်းများတို့ကို ခေါ်၍၊ မှူး တော် မတ်တော် ကျွန် တော်အပေါင်း တို့အဘို့ ပွဲ လုပ် တော်မူ၏။
4 Para mostrar él las riquezas de la gloria de su reino, y la honra de la hermosura de su grandeza, por muchos días, ciento y ochenta días.
၄ထိုအခါ နိုင်ငံ တော်စည်းစိမ် ၊ ဘုန်း အာနုဘော်တော်ကို အရက် တရာ ရှစ် ဆယ်ပတ်လုံးပြ တော်မူ၏။
5 Y cumplidos estos días, hizo el rey a todo el pueblo que se halló en Susán la cabecera del reino, desde el mayor hasta el menor, hizo banquete siete días, en el patio del huerto del palacio real.
၅ထို ကာလ လွန် ပြီးမှ ၊ ရှင် ဘုရင်သည် ရှုရှန် နန်းတော် ၌ စည်းဝေးသောသူ အကြီး အငယ် အပေါင်း တို့ အဘို့ နန်းတော် အနားဥယျာဉ် တော်ဝင်းထဲမှာ ခုနစ် ရက် ပတ်လုံးပွဲ ခံတော်မူ၏။
6 El pabellón era de blanco, verde, y cárdeno, tendido sobre cuerdas de lino y púrpura, en sortijas de plata, y columnas de mármol: los lechos de oro y de plata, sobre losado de pórfido, y de mármol, y de alabastro, y de cárdeno.
၆ငွေ ကွင်း တပ်သော ကျောက်ဖြူတိုင်တို့၌ မောင်း သော ပိတ် ချောကြိုး ဖြင့် ဆွဲကာသော ပိတ် ချောကုလားကာ အဖြူ အစိမ်းအပြာ တို့နှင့်၎င်း၊ ခင်း သောကျောက်ပြားအနီ အပြာ အဖြူ အနက် တို့အပေါ် မှာထား သော ရွှေ ငွေ အနေ အထိုင်တို့နှင့်၎င်း ဥယျာဉ်တော်သည် ပြည့်စုံ၏။
7 Y daban a beber en vasos de oro, y vasos diferentes de otros, y mucho vino real, conforme a la facultad del rey.
၇ရှင်ဘုရင်စည်းစိမ်နှင့် လျော်စွာ ထူးခြားသော ရွှေ ဖလား တို့နှင့် များစွာ သော စပျစ်ရည် ကို သောက်ကြ ၏။
8 Y la bebida por ley: que nadie constriñiese: porque así lo había mandado el rey a todos los mayordomos de su casa: que se hiciese según la voluntad de cada uno.
၈စပျစ်ရည်သောက် ခြင်းအမှုသည် တရား အတိုင်း ဖြစ်၏။ အဘယ် သူကိုမျှ အနိုင် မသောက်စေ၊ လူ အပေါင်းတို့သည် ကိုယ် အလို အလျောက်ပြု ကြမည် အကြောင်း ၊ နန်းတော် အရာရှိ အပေါင်း တို့ကို ရှင်ဘုရင် မိန့် တော်မူ၏။
9 Asimismo la reina Vasti hizo banquete de mujeres en la casa real del rey Asuero.
၉မိဖုရား ဝါရှတိ သည်လည်း ၊ ရှင်ဘုရင် အာရွှေရု နန်းတော် သား မိန်းမ တို့အဘို့ ပွဲ လုပ်လေ၏။
10 El séptimo día estando el corazón del rey bueno del vino, mandó a Meumán, y Bazata, y Harbona, y Bagata, y Abgata, y Zetar, y Carcas, siete eunucos, que servían delante del rey Asuero,
၁၀
11 Que trajesen a la reina Vasti delante del rey con la corona del reino, para mostrar a los pueblos y a los príncipes su hermosura; porque era hermosa de parecer.
၁၁မိဖုရားဝါရှတိသည် အဆင်းလှသောကြောင့်၊ခုနစ် ရက်မြောက်သောနေ့ ၌ ရှင်ဘုရင် သည် စပျစ်ရည် သောက်၍ ရွှင်လန်း သောစိတ် ရှိသောအခါ၊ မိဖုရား အဆင်း လှ ခြင်းအသရေ ကို မင်း များနှင့် လူ များတို့အားပြ လိုသောငှါ ၊ မိဖုရား ဝါရှတိ ကို ရာဇ သရဖူ ဆောင်းစေ၍၊ အထံတော်သို့ဆောင် ခဲ့ရမည် အကြောင်း၊ မဟုမန် ၊ ဗိဇသ ၊ ဟာဗောန ၊ ဗိဂသ ၊ အဗာဂသ ၊ ဇေသာ ၊ ကာကတ် တည်းဟူသော အမှု တော်ထမ်းမိန်းမစိုး ခုနစ် ယောက်တို့ကို မိန့် တော်မူ၏။
12 Y la reina Vasti no quiso venir al mandado del rey que le envió por mano de los eunucos: y enojóse el rey muy mucho, y encendióse su ira en él.
၁၂သို့ရာတွင် မိန်းမစိုး ဆင့်ဆိုသော အမိန့် တော်ကို ၊ မိဖုရား သည် ငြင်းဆန် ၍ မလာဘဲနေ၏။ ထိုကြောင့် ရှင် ဘုရင်သည် အမျက် ထွက်၍ ၊ ဒေါသမီးလောင် လျက် နေတော်မူ၏။
13 Y preguntó el rey a los sabios que sabían los tiempos: porque así era la costumbre del rey para con todos los que sabían la ley y el derecho:
၁၃
14 Y estaban junto a él Carsena, y Setar, y Admata, y Társis, y Mares, y Marsana, y Memucán, siete príncipes de Persia y de Media, que veían la faz del rey, y se asentaban los primeros del reino:
၁၄ထိုအခါ ကာရှေန ၊ ရှေသာ ၊ အာဒမာသ ၊ တာရှိရှ ၊ မေရက် ၊ မာသေန ၊ မမုကန် တည်းဟူသော ရှင်ဘုရင် ၏မျက်နှာ တော်ကို အစဉ်ဖူးမြင် ၍၊ နိုင်ငံ တော်တွင် အမြတ်ဆုံး သောပေရသိ ၊ မေဒိ အတွင်းဝန်မင်း ခုနစ် ပါးတို့သည် အနား တော်၌ ထိုင်လျက်ရှိ၍၊ တရားစီရင် ရာလမ်းကို လေ့ကျက် သောသူအပေါင်း တို့နှင့် ရှင်ဘုရင် တိုင်ပင်သောထုံးစံ ရှိသည်အတိုင်း ၊ အကျိုးအကြောင်း ကိုနားလည် သော ထိုပညာရှိ တို့ကိုခေါ်၍၊
15 Según la ley qué se había de hacer con la reina Vasti, por cuanto no había hecho el mandamiento del rey Asuero enviado por mano de los eunucos.
၁၅မိန်းမစိုး ဆင့်ဆိုသော ငါရှင်ဘုရင် အာရွှေရု အမိန့် တော်ကို၊ မိဖုရား ဝါရှတိ သည် နား မ ထောင်သောကြောင့် ၊ ဓမ္မသတ် အတိုင်း သူ၌ အဘယ်သို့ စီရင် ရ မည်နည်းဟုမေး တော်မူလျှင်၊
16 Y dijo Memucán delante del rey y de los príncipes: No solamente contra el rey ha pecado la reina Vasti, mas contra todos los príncipes: y contra todos los pueblos, que son en todas las provincias del rey Asuero.
၁၆မမုကန် က၊ မိဖုရား ဝါရှတိ သည် အရှင်မင်းကြီး ကိုသာပစ်မှားသည် မ ဟုတ်ပါ။ အရှင်မင်းကြီး အာရွှေရု အစိုးရတော်မူသောတိုင်းပြည် အရပ်ရပ် ၌ ရှိသောမင်း များနှင့် ဆင်းရဲသား များ အပေါင်း တို့ကို ပြစ်မှား ပါပြီ။
17 Porque esta palabra de la reina saldrá a todas las mujeres para hacer tener en poca estima a sus maridos, diciéndoles: El rey Asuero mandó traer delante de sí a la reina Vasti, y ella no vino.
၁၇ရှင်ဘုရင် အာရွှေရု သည် မိဖုရား ဝါရှတိ ကို ခေါ် ၍ ၊ မိဖုရားမ လာ ဟု အနှံ့အပြားပြော ကြသဖြင့် ၊ မိဖုရား ပြုသောဤအမှု ကိုခပ်သိမ်း သော မိန်းမ တို့သည် ကြား၍ မိမိ တို့ခင်ပွန်း ကို မထီမဲ့မြင် ပြုကြပါလိမ့်မည်။
18 Y entonces dirán esto las señoras de Persia y de Media, que oyeren el hecho de la reina, a todos los príncipes del rey: y habrá asaz menosprecio y enojo.
၁၈မိဖုရား ပြုသောဤ အမှု ကို ပေရသိ ၊ မေဒိ မင်း ကတော်တို့သည် ကြား သိကြလျှင်၊ မှူး တော်မတ်တော် အပေါင်း တို့အား ထိုနည်းတူ ပြန်ပြောသဖြင့်၊ အားမနာ တတ်သောစိတ်၊ ဒေါသ စိတ် တိုးပွား စရာအကြောင်းရှိပါ လိမ့်မည်။
19 Si parece bien al rey, salga mandamiento real de delante de él, y escríbase entre las leyes de Persia y de Media, y no sea traspasado: Que no venga Vasti delante del rey Asuero: y dé el rey su reino a su compañera que sea mejor que ella.
၁၉ဝါရှတိ သည် အရှင်မင်းကြီး အာရွှေရု ထံ တော်သို့ နောက်တဖန် မ ဝင် စေခြင်းငှါ အလိုတော်ရှိလျှင် မဝင်စေနှင့် ဟု မိန့်တော်မူပါ။ မပြောင်းလဲနိုင်သော အမိန့်တော် ရှိစေခြင်းငှါပေရသိ ၊ မေဒိ ဓမ္မသတ် ၌ သွင်း၍ ရေး စေတော်မူပါ။ ဝါရှတိ ထက် ကောင်း သော မိန်းမကိုလည်း မိဖုရား အရာ၌ ချီးမြှောက် တော်မူပါ။
20 Y será oído el hecho que el rey hará en todo su reino, aunque es grande; y todas las mujeres darán honra a sus maridos, desde el mayor hasta el menor.
၂၀သို့ပြုလျှင်ရှင်ဘုရင်ပေးတော်မူသောအမိန့် တော်ကို ကျယ်ဝန်းသော နိုင်ငံ တော်တရှောက်လုံး ကြော်ငြာ သောအခါ ၊ မိန်းမ အပေါင်း တို့သည် ကိုယ်ခင်ပွန်း အယုတ်အမြတ်တို့ကို ရိုသေ ကြပါလိမ့်မည်ဟု ရှင်ဘုရင်နှင့် မှူးမတ်တို့ရှေ့မှာ လျှောက်ထား၏။
21 Y plugo esta palabra en ojos del rey y de los príncipes: e hizo el rey conforme al dicho de Memucán.
၂၁ထိုစကား ကို ရှင်ဘုရင် နှင့် မှူးမတ် တို့သည် နှစ်သက် ၍ မမုကန် လျှောက် သည်အတိုင်း ရှင်ဘုရင် ပြု လျက်၊
22 Y envió cartas a todas las provincias del rey, a cada provincia conforme a su escritura, y a cada pueblo conforme a su lenguaje: Que todo varón fuese señor en su casa: y hable según la lengua de su pueblo.
၂၂လူ တိုင်း မိမိ အိမ် ကို အုပ်စိုး ရမည်အကြောင်း၊ မိမိ လူမျိုး စကား ကို ပြော ရမည်အကြောင်း၊ အတိုင်းတိုင်း အပြည်ပြည် ဘာသာစကား အသီးအသီးကို အနက်ပြန် ၍ နိုင်ငံ တော်အရပ်ရပ် သို့ အမိန့်တော်စာ ကို ပေး လိုက် တော်မူ၏။