< 1 Samuel 22 >
1 Y yéndose David de allí, escapóse en la cueva de Odollam: lo cual como oyeron sus hermanos, y toda la casa de su padre, vinieron allí a él.
၁ဒါဝိဒ်သည် ထိုအရပ်မှပြေး၍ အဒုလံဥမင်သို့ ဘေးလွတ်လျက် ရောက်လေ၏။ သူအစ်ကိုများ၊ အဆွေ အမျိုးများအပေါင်းတို့သည် ကြားလျှင် သူ့ထံသို့ သွားကြ၏။
2 Y juntáronse con él todos los varones afligidos, y todo hombre que estaba adeudado, y todos los que estaban amargos de alma: y fue hecho capitán de ellos, y así tuvo consigo como cuatrocientos hombres.
၂အမှုရောက်သောသူ၊ ကြွေးတင်သောသူ၊ စိတ်ညစ်သောသူအပေါင်းတို့သည်၊ သူ့ထံမှာ စုဝေးကြ၍ လူလေးရာခန့်ရှိသဖြင့်၊ ဒါဝိဒ်သည် သူတို့ကို အုပ်ရ၏။
3 Y fuése David de allí a Maspa de Moab: y dijo al rey de Moab: Yo te ruego que mi padre y mi madre estén con vosotros, hasta que sepa lo que Dios hará de mí.
၃ထိုအရပ်မှ မောဘပြည် မိဇပါမြို့သို့သွား၍၊ မောဘရှင်ဘုရင်အား၊ ဘုရားသခင်သည် ကျွန်တော်၌ အဘယ်သို့ပြုတော်မူမည်ကို ကျွန်တော်မသိဘဲနေစဉ်တွင်၊ ကျွန်တော်မိဘသည် ထွက်လာ၍ ကိုယ်တော် ထံ၌ နေရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်သဖြင့်၊
4 Y trájoles en la presencia del rey de Moab: y habitaron con él todo el tiempo que David estuvo en la fortaleza.
၄မောဘရှင်ဘုရင်ထံသို့ သွင်း၍၊ ဒါဝိဒ်သည် ခိုင်ခံ့သော ဥမင်၌ နေသည်ကာလပတ်လုံး၊ မိဘတို့သည် မောဘရှင်ဘုရင်ထံမှာ နေကြ၏။
5 Y Gad profeta dijo a David: No te estés en esta fortaleza: pártete, y vete en tierra de Judá. Y David se partió, y vino al bosque de Haret.
၅တဖန် ပရောဖက်ဂဒ်က၊ ခိုင်ခံ့သော ဥမင်၌ မနေနှင့်။ ထွက်၍ ယုဒပြည်သို့ သွားလော့ဟု ဒါဝိဒ်အား ဆိုသည်အတိုင်း ဒါဝိဒ်သွား၍ ဟာရက်တော၌ နေ၏။
6 Y oyó Saul como había parecido David y los que estaban con él. Y Saul estaba en Gabaa debajo de un árbol en Rama, y tenía su lanza en su mano, y todos sus criados estaban en derredor de él.
၆ထိုအခါ ရှောလုသည် ဂိဗာမြို့၌ ကုန်းပေါ်တွင် သစ်ပင်အောက်မှာ လှံကို ကိုင်လျက်၊ ကျွန်အပေါင်းတို့ သည် ခြံရံလျက်နေစဉ်တွင်၊ ဒါဝိဒ်နှင့်သူ၏ လူတို့သည် ပေါ်ကြောင်းကို ရှောလုကြား၍၊
7 Y dijo Saul a sus criados, que estaban en derredor de él: Oíd ahora hijos de Jemini. ¿Os dará también a todos vosotros el hijo de Isaí tierras y viñas? ¿y haceros ha a todos vosotros capitanes y sargentos,
၇အို ဗင်္ယာမိန် အမျိုးသားတို့၊ ယေရှဲ၏သားသည် လယ်များ၊ စပျစ်ဥယျာဉ်များကို သင်တို့ရှိသမျှ၌ ဝေပေးနိုင်သလော။ သင်တို့ရှိသမျှကို လူတထောင်အုပ်၊ တရာအုပ်အရာ၌ ခန့်ထားနိုင်သလော။
8 Que todos vosotros habéis conspirado contra mí, y no hay quien me descubra al oído, como mi hijo ha hecho alianza con el hijo de Isaí: ni hay alguno de vosotros que se duela de mí, y me descubra como mi hijo ha despertado a mi siervo contra mi, para que me aseche, como es este día?
၈ထိုသို့ ပြုနိုင်သောကြောင့် သင်တို့အပေါင်းသည် ငါ့တဘက်၌ သင်းဖွဲ့ကြသလော။ ငါ့သားသည် ယေရှဲ၏သားနှင့် မိဿဟာယဖွဲ့ကြောင်းကို တယောက်မျှမပြော။ ငါ့အတွက် တယောက်မျှ ဝမ်းမနည်း။ ငါ့ကျွန်သည် ယနေ့ ပြုသည် အတိုင်း၊ ငါ့ကို ချောင်းမြောင်းစေခြင်းငှါ၊ ငါ့သားနှိုးဆော် ကြောင်းကို တယောက်မျှမပြောဘဲ နေကြသည်တကားဟု အခြံအရံတို့အား ဆိုလေသော်၊
9 Entonces Doeg Idumeo, que era señor sobre los siervos de Saul, respondió y dijo: Yo ví al hijo de Isaí, que vino a Nobe, a Aquimelec, hijo de Aquitob:
၉ရှောလု၏ ကျွန်အုပ် ဧဒုံ အမျိုးသား ဒေါဂက၊ ယေရှဲ၏သားသည် အဟိတုပ်၏သား အဟိမလက်ရှိရာ နောဗမြို့သို့ရောက်ကြောင်းကို ကျွန်တော်မြင်ပါ၏။
10 Y él consultó por él a Jehová, y le dio provisión, y asimismo le dio la espada de Goliat el Filisteo.
၁၀အဟိမလက်သည် ယေရှဲ၏သားအဘို့ ထာဝရဘုရားထံတော်၌ မေးမြန်း၍ စားစရိတ်ကို၎င်း၊ ဖိလိတ္တိလူ ဂေါလျတ်၏ ထားကို၎င်း ပေးပါ၏ဟု ကြားလျှောက်လျှင်၊
11 Y el rey envió por Aquimelec, hijo de Aquitob, sacerdote, y por toda la casa de su padre, los sacerdotes que estaban en Nobe: y todos vinieron al rey.
၁၁ရှင်ဘုရင်သည် အဟိတုပ်၏သား ယဇ်ပုရောဟိတ် အဟိမလက်နှင့် သူ၏အဆွေအမျိုးတည်းဟူသော နောဗမြို့၌ နေသော ယဇ်ပုရောဟိတ်အပေါင်းတို့ကို ခေါ်၍၊ သူတို့သည် အထံတော်သို့ ရောက်လာကြ၏။
12 Y Saul le dijo: Oye ahora hijo de Aquitob. Y él dijo: Aquí estoy, señor mío.
၁၂ရှောလုကလည်း၊ အဟိတုပ်၏သား နားထောင်လော့ဟု ဆိုလျှင်၊ အဟိမလက်က အကျွန်ုပ်ရှိပါသည် သခင်ဟုလျှောက်၏။
13 Y Saul le dijo: ¿Por qué habéis conspirado contra mí, tú, y el hijo de Isaí, cuando tú le diste pan, y espada, y consultaste por él a Dios, para que se levantase contra mí, y me asechase, como es este día?
၁၃ရှောလုကလည်း၊ သင်နှင့် ယေရှဲ၏သားသည် အဘယ်ကြောင့် ငါ့တဘက်၌ သင်းဖွဲ့ကြသနည်း။သူသည် ယနေ့ပြုသည့်အတိုင်း ငါ့ကို ပုန်ကန်စေခြင်းငှါ သင်သည် မုန့်နှင့်ထားကို ပေး၍ သူအဘို့ ဘုရားသခင့်ထံတော်၌ မေးမြန်းပြီတကားဟု ဆိုသော်၊
14 Entonces Aquimelec respondió al rey, y dijo: ¿Y quién hay fiel entre todos tus siervos como lo es David, y yerno del rey, y que va por tu mandado, y es ilustre en tu casa?
၁၄အဟိမလက်က၊ ကိုယ်တော်၏ ကျွန်တို့တွင် ဒါဝိဒ်ကဲ့သို့ အဘယ်သူသည် သစ္စာရှိသနည်း။ သမက်တော်ဖြစ်ပါ၏။ စေခိုင်းတော်မူသောသူ၊ နန်းတော်၌ အသရေရှိသောသူ ဖြစ်ပါ၏။
15 ¿He comenzado yo desde hoy a consultar por él a Dios? Lejos sea de mí. No imponga el rey cosa a su siervo, ni a toda la casa de mi padre; porque tu siervo ninguna cosa sabe de este negocio, grande ni chica.
၁၅ထိုကာလ၌ အကျွန်ုပ်သည် ဒါဝိဒ်အဘို့ ဘုရားသခင့်ထံတော်၌ မေးမြန်းစပြုသလော။ ထိုအမှု ဝေးပါစေသော။ ရှင်ဘုရင်သည် ကိုယ်တော်ကျွန်နှင့် ကျွန်တော်၏အဆွေအမျိုး တစုံတယောက်၌မျှ အပြစ်တင်တော်မမူပါနှင့်၊ ကိုယ်တော်ကျွန်သည် ဤအမှုကို အကြီးအငယ်အားဖြင့်မျှ မသိပါဟု ရှင်ဘုရင်အား လျှောက်လေ၏။
16 Y el rey dijo: Sin duda morirás Aquimelec, tú y toda la casa de tu padre.
၁၆ရှင်ဘုရင်က၊ အဟိမလက်၊သင်နှင့် သင်၏အဆွေအမျိုးအပေါင်းတို့သည် ဧကန်အမှန်အသေခံရမည်ဟု ဆိုလျက်၊
17 Entonces el rey dijo a la gente de su guardia, que estaban al rededor de él: Cercád y matád a los sacerdotes de Jehová: porque la mano de ellos es también con David: porque sabiendo ellos que huía, no me lo descubrieron. Mas los siervos del rey no quisieron extender sus manos para matar los sacerdotes de Jehová.
၁၇ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့သည် ဒါဝိဒ်ဘက်မှာ နေ၍၊ သူပြေးကြောင်းကို သိသော်လည်း ငါ့အားမကြားမပြောသောကြောင့်၊ သူတို့ကို လှည့်၍ သတ်ကြဟု ခြံရံလျက်ရှိသော ခြေသည်တို့အား အမိန့်တော်ရှိသော်လည်း၊ ရှင်ဘုရင်၏ ကျွန်တို့သည် ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့ကို မလုပ်ကြံ ဘဲ နေကြ၏။
18 Entonces el rey dijo a Doeg: Vuelve tú, y arremete contra los sacerdotes. Y tornando Doeg Idumeo, arremetió contra los sacerdotes, y mató en aquel día ochenta y cinco varones, que vestían efod de lino.
၁၈တဖန်ရှင်ဘုရင်က၊ သင်သည်လှည့်၍ ယဇ်ပုရောဟိတ်တို့ကို လုပ်ကြံတော့ဟု ဒေါဂအား မိန့်တော်မူ သည်အတိုင်း၊ ဧဒုံအမျိုးသား ဒေါဂသည် လှည့်၍ ပိတ်သင်တိုင်းကို ဝတ်သော ယဇ်ပုရောဟိတ် ရှစ်ဆယ့်ငါးပါးတို့ကို လုပ်ကြံသဖြင့် ထိုနေ့၌ သတ်လေ၏။
19 Y a Nobe, ciudad de los sacerdotes, puso a cuchillo, así hombres como mujeres, niños y mamantes, bueyes y asnos, y ovejas, todo a cuchillo.
၁၉ယဇ်ပုရောဟိတ် ပိုင်သော နောဗမြို့ကိုလည်း တိုက်၍ ယောက်ျား၊ မိန်းမ၊ သူငယ်၊ နို့စို့မှစ၍ နွား၊ မြည်း၊ သိုးတို့ကို ထားနှင့်လုပ်ကြံလေ၏။
20 Mas escapó uno de los hijos de Aquimelec, hijo de Aquitob, que se llamaba Abiatar, el cual huyó tras David.
၂၀အဟိတုပ်၏ သားဖြစ်သော အဟိမလက်၏သားတို့တွင်၊ အဗျာသာ အမည်ရှိသော သူတယောက်သည် လွတ်၍ ဒါဝိဒ်ရှိရာသို့ ပြေးလေ၏။
21 Y Abiatar dio las nuevas a David, como Saul había muerto los sacerdotes de Jehová.
၂၁ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့ကို ရှောလုသတ်ကြောင်းကို၊ အဗျာသာသည် ဒါဝိဒ်အား ကြားပြောသောအခါ၊
22 Y dijo David a Abiatar: Yo sabía que estando allí aquel día Doeg Idumeo, él lo había de hacer saber a Saul. Yo he dado causa contra todas las personas de la casa de tu padre.
၂၂ဒါဝိဒ်က၊ ဧဒုံအမျိုးသား ဒေါဂသည် ရှောလုအားပြောမည်ဟု သူ့ကိုတွေ့သောနေ့၌ ငါရိပ်မိ၏။ ငါသည် သင်၏ အဆွေအမျိုးအပေါင်းတို့ကို သေစေခြင်းငှါပြုမိပါပြီတကား။
23 Quédate conmigo, no hayas temor: quien buscare mi alma, buscará también la tuya; porque tú estarás conmigo guardado.
၂၃ငါနှင့် အတူနေပါလော့။ မစိုးရိမ်နှင့်။ ငါ့အသက်ကို ရှာသောသူသည် သင့်အသက်ကိုရှာ၏။ ငါနှင့်အတူ နေပါလော့။ မစိုးရိမ်နှင့်။ ငါနှင့်အတူနေလျှင် ဘေးလွတ်ပါလိမ့်မည်ဟု အဗျာသာအား ပြောဆို၏။