< 1 Crónicas 14 >

1 E Hiram rey de Tiro envió embajadores a David, y madera de cedro, y albañiles, y carpinteros, que le edificasen una casa.
တုရုမင်းကြီးဟိရံသည် ဒါဝိဒ်အဘို့ နန်းတော်ကို တည်ဆောက်ခြင်းငှါ၊ သံတမန်နှင့်တကွ အာရဇ်သစ်သား၊ လက်သမား၊ ပန်းရန်သမားတို့ကို စေလွှတ်လေ၏။
2 Y entendiendo David que Jehová le había confirmado por rey sobre Israel, y que había ensalzado su reino sobre su pueblo Israel,
ထာဝရဘုရားသည် ဒါဝိဒ်ကို ဣသရေလ ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူကြောင်းနှင့် မိမိလူဣသ ရေလအမျိုးအဘို့အလိုငှါ၊ နိုင်ငံကို ချီးမြှောက်တော်မူ ကြောင်းကို ဒါဝိဒါသိမြင်လေ၏။
3 Tomó aun David mujeres en Jerusalem, y engendró David aun hijos e hijas.
ဒါဝိဒ်သည် ယေရုရှလင်မြို့၌ ထပ်၍မယားတို့ကို သိမ်းယူသဖြင့် သားသမီးများတို့ကို မြင်လေ၏။
4 Y estos son los nombres de los que le nacieron en Jerusalem: Samua, Sobad, Natán, Salomón,
ယေရုရှလင်မြို့၌ ဒါဝိဒ်မြင်သော သားတို့အမည် ကား၊ ရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန်၊
5 Jebahar, Elisua, Elifalet,
ဣဗဟာ၊ ဧလိရွှ၊ ဧလိပလက်၊
6 Noga, Nafeg, Jafías,
နောဂ၊ နေဖက်၊ ယာဖျာ၊
7 Elisama, Baal-jada, y Elifalet.
ဧလိရှမာ၊ ဧလျာဒ၊ ဧလိဖလက်တည်း။
8 Y oyendo los Filisteos, que David era ungido por rey sobre todo Israel, subieron todos los Filisteos en busca de David. Y como David lo oyó, salió contra ellos.
ဒါဝိဒ်ကို ဘိသိက်ပေး၍ ဣသရေလ ရှင်ဘုရင် အရာ၌ ခန့်ထားကြောင်းကို ဖိလိတ္တိ လူတို့သည်ကြားလျှင်၊ ထိုသူအပေါင်းတို့သည် ဒါဝိဒ်ကို ရှာ၍ လာကြ၏။ ထိုသိတင်းကို ဒါဝိဒ်သည် ကြားသောအခါ ချီသွား၏။
9 Y vinieron los Filisteos, y extendiéronse por el valle de Rafaim.
ဖိလိတ္တိလူတို့သည် လာ၍ရေဖိမ်ချိုင့်၌ အနှံ့ အပြားနေကြ၏။
10 Y David consultó a Dios, diciendo: ¿Subiré contra los Filisteos? ¿Entregarlos has en mi mano? Y Jehová le dijo: Sube, que yo los entregaré en tus manos.
၁၀ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ဖိလိတ္တိလူတို့ ရှိရာသို့ သွားရပါမည်လော။ အကျွန်ုပ်လက်၌ အပ်တော် မူမည်လောဟု ဘုရားသခင်ကို မေးလျှောက်လျှင်၊ ထာဝရဘုရားက သွားလော့။ သင့်လက်၌ ငါအပ်မည်ဟု မိန့်တော်မူသည်အတိုင်း၊
11 Entonces subieron en Baal-perazim, y allí los hirió David. Y David dijo: Dios rompió mis enemigos por mi mano como se rompen las aguas. Por esto llamaron el nombre de aquel lugar Baal-perazim.
၁၁ဒါဝိဒ်သည် ဗာလပေရဇိမ်မြို့သို့သွား၍ သူတို့ကို လုပ်ကြံပြီးမှ၊ ဘုရားသခင်သည် ရေထ၍ဖြိုဖျက်သကဲ့သို့ ငါ့ရန်သူတို့ကို ငါ့အားဖြင့် ဖြိုဖျက်တော်မူပြီဟုဆိုလျက်၊ ထိုအရပ်ကို ဗာလပေရဇိမ်အမည်ဖြင့် တွင်စေသတည်း။
12 Y dejaron allí sus dioses, y David dijo, que los quemasen a fuego.
၁၂ထိုအရပ်၌ ဖိလိတ္တိလူများ ပစ်ထားသော ရုပ်တု များကို ဒါဝိဒ်၏အမိန့်တော်နှင့် မီးရှို့ကြ၏။
13 Y volviendo los Filisteos a extenderse por el valle,
၁၃တဖန်ဖိလိတ္တိလူတို့သည် ထိုချိုင့်၌ အနှံ့အပြား လာ၍နေကြ၏။
14 David volvió a consultar a Dios, y Dios le dijo: No subas tras ellos; sino rodéalos, para venir a ellos por delante de los morales.
၁၄ဒါဝိဒ်သည်လည်း ဘုရားသခင်ကို တဖန်မေးလျှောက် သော်၊ သူတို့ရှိရာသို့ တည့်တည့်မတက်ရ။ သူတို့မှလွှဲ၍ ပိုးစာတောတဘက်တချက်၌ ချီရမည်။
15 Y como oyeres venir un estruendo por las copas de los morales, sal luego a la batalla: porque Dios saldrá delante de ti, y herirá el campo de los Filisteos.
၁၅ပိုးစာပင်ဖျား၌ စစ်ချီသံကိုကြားသောအခါ၊ တိုက်အံ့သောငှါ ချီလော့။ ထိုအခါ ဘုရားသခင်သည် ဖိလိတ္တိတပ်ကို လုပ်ကြံခြင်းငှါ သင့်ရှေ့မှာ ကြွသွားမည်ဟု ဘုရားသခင် မိန့်တော်မူသည်အတိုင်း၊
16 Y David lo hizo como Dios le mandó; e hirieron el campo de los Filisteos, desde Gabaón hasta Gazera.
၁၆ဒါဝိဒ်သည် ပြု၍ ဖိလိတ္တိလူတို့ကို ဂိဗောင်မြို့မှ သည် ဂါဇေရမြို့တိုင်အောင် လုပ်ကြံလေ၏။
17 Y el nombre de David fue divulgado por todas aquellas tierras; y puso Jehová el temor de David sobre todas las gentes.
၁၇ဒါဝိဒ်သိတင်းသည်အတိုင်းတိုင်း အပြည်ပြည် တို့၌ နှံ့ပြား၍၊ ခပ်သိမ်းသော လူမျိုးတို့သည် သူ့ကို ကြောက်ရွံ့စေခြင်းငှါ ထာဝရဘုရားစီရင်တော်မူ၏။

< 1 Crónicas 14 >