< Salmos 22 >

1 ¡ʼEL mío, ʼEL mío! ¿Por qué me desamparaste? ¿Por qué estás lejos de mi salvación y de las palabras de mi clamor?
အကျွန်ုပ် ဘုရား ၊ အကျွန်ုပ် ဘုရား ၊ အဘယ်ကြောင့် အကျွန်ုပ် ကို စွန့်ပစ် တော်မူသနည်း။ အကျွန်ုပ် ကို မကယ်တင် ဘဲ အကျွန်ုပ် အော်ဟစ် သော စကား ကို နား မထောင်ဘဲ အဘယ်ကြောင့်အဝေး မှာနေတော်မူသနည်း။
2 ʼElohim mío, clamo de día, y no respondes, Y de noche, y no hay descanso para mí.
အကျွန်ုပ် ဘုရား ၊ နေ့ အခါအကျွန်ုပ်အော်ဟစ် သော်လည်း ၊ ကိုယ်တော်သည် နား မ ထောင်ပါ။ ညဉ့် အခါ အော်ဟစ်သော်လည်း သက်သာ ခြင်းသို့ မ ရောက်ပါ။
3 Pero Tú eres santo, ¡Tú, que moras entre las alabanzas de Israel!
ကိုယ်တော် မူကား ၊ ဣသရေလ အမျိုးသားတို့ ချီးမွမ်း ရာ၌ ကျိန်းဝပ် လျက် သန့်ရှင်း ခြင်းရှိတော်မူ၏။
4 En Ti confiaron nuestros antepasados. Confiaron, y Tú los libraste.
အကျွန်ုပ် တို့ဘိုးဘေး တို့သည် ကိုယ်တော် ကို ကိုးစား ကြပါ၏။ ကိုးစား ကြသည်တွင် ၊ ကိုယ်တော်သည် ကယ်တင် တော်မူ၏။
5 Clamaron a Ti, y fueron librados. Confiaron en Ti, y no fueron avergonzados.
သူတို့သည် ကိုယ်တော် ကို အော်ဟစ် ၍ ကယ်တင် ခြင်းသို့ ရောက်ပါ၏။ ကိုယ်တော် ကို ကိုးစား ၍ ရှက်ကြောက် ခြင်းနှင့် ကင်းလွတ် ကြပါ၏။
6 Pero yo soy gusano y no hombre, Oprobio de los hombres y despreciado por el pueblo.
အကျွန်ုပ် မူကား ၊ လူ မ ဟုတ်၊ ပိုး ကောင်မျှသာ ဖြစ်ပါ၏။ လူ များ ကဲ့ရဲ့ စရာ၊ လူစု အရှက် ခွဲစရာဘို့ ဖြစ်ပါ၏။
7 Todos los que me ven me escarnecen. Hacen una mueca con los labios. Menean la cabeza y dicen:
အကျွန်ုပ် ကိုမြင် သမျှ သောသူတို့သည် ပြက်ယယ် ပြုခြင်း၊ နှုတ်ခမ်း ဖြဲ ခြင်း၊ ခေါင်း ညိတ် ခြင်းကို ပြုကြပါ၏။
8 Se encomendó a Yavé. Líbrelo Él. Que Él lo rescate, Puesto que se complacía en Él.
သူသည် ထာဝရဘုရား ကို ကိုးစား ပြီ၊ သူ့ ကို နှုတ် တော်မူပါလေစေ။ သူ ၌ အလို ရှိလျှင် ယခု ပင် ကယ်တင် တော်မူပါလေစေဟု ဆိုကြပါ၏။
9 Pero Tú eres el que me sacó del vientre. Me diste confianza aun cuando estaba a los pechos de mi madre.
သို့သော်လည်း ကိုယ်တော် သည် အကျွန်ုပ် ကို အမိဝမ်း ထဲ က ဆွဲယူ ၍၊ နို့စို့သည်ကာလ၌ စိုးရိမ်ခြင်း အကြောင်းကို ပယ်ရှင်းတော်မူ၏။
10 A Ti fui entregado desde la matriz, Desde el vientre de mi madre Tú eres mi ʼEL.
၁၀အကျွန်ုပ်သည် ဘွား ကတည်း ကပင် လက် တော် သို့ ရောက် ပါ၏။ အမိ ဝမ်း ထဲ မှစ၍ကိုယ်တော် သည် အကျွန်ုပ် ဘုရား သခင်ဖြစ်တော်မူပါပြီ။
11 No te alejes de Mí, porque la angustia está cerca, Porque no hay quien ayude.
၁၁အကျွန်ုပ် နှင့် ဝေး ဝေးနေတော်မ မူပါနှင့်။ ဘေး အန္တရာယ် ရောက်လုနီး ပါပြီ။ မစ သောသူမ ရှိပါ။
12 Me rodearon muchos toros. Fuertes toros de Basán me rodearon.
၁၂နွားလား ဥသဘတို့သည် အကျွန်ုပ် ကိုဝိုင်း ၍၊ အားကြီး သော ဗာရှန် ဥသဘတို့သည် ဝန်းရံ လျက် နေကြ ပါ၏။
13 Abren su boca contra mí Como león voraz y rugiente.
၁၃ကိုက် ဖြတ်၍ ဟောက် တတ်သော ခြင်္သေ့ ကဲ့သို့အကျွန်ုပ် ကို ပစပ် ဟ ကြပါ၏။
14 Soy derramado como aguas Y todos mis huesos se descoyuntan. Mi corazón se volvió como cera. Se derritió entre mis órganos.
၁၄အကျွန်ုပ်သည် ရေ ကဲ့သို့ သွန် ခြင်းကို ခံရ၍ ၊ အရိုး အဆစ်ရှိသမျှ တို့သည် ပြုတ် ကြပါ၏။ အကျွန်ုပ် နှလုံး သည် ဘယောင်း ကဲ့သို့ ဖြစ်၍ ၊ ရင် ထဲမှာ အရည် ကျိုလျက် ရှိပါ၏။
15 Mi vigor está seco como tiesto Y mi lengua se pega a mis mandíbulas. ¡Me pones en el polvo de la muerte!
၁၅အကျွန်ုပ် ခွန်အား သည် အိုး ခြမ်းကဲ့သို့ ခန်းခြောက် ၍ ၊ လျှာ လည်း ပါး ရိုး၌ ကပ် လျက်ရှိပါ၏။ အကျွန်ုပ် ကို သေ မြေ တိုင်အောင်ချ တော်မူပါပြီ။
16 Perros me rodearon. Me cercó cuadrilla de perversos. Horadaron mis manos y mis pies.
၁၆ခွေး တို့သည် အကျွန်ုပ် ကိုဝိုင်း လျက်၊ စုဝေး သော လူဆိုး တို့သည် ဝန်းရံ လျက်နေ၍ ၊ အကျွန်ုပ် ၏ လက် ခြေ တို့ကို ထိုးဖောက် ကြပါပြီ။
17 Puedo contar todos mis huesos. Ellos me miran y me observan.
၁၇ကိုယ် အရိုး ရှိသမျှ တို့ကို အကျွန်ုပ်ရေတွက် နိုင် ပါ၏။ သူ တို့သည် အကျွန်ုပ် ကိုကြည့် မြင်၍ အား ရလျက် နေကြပါ၏။
18 Reparten entre sí mis ropas, Y sobre mi túnica echan suertes.
၁၈အကျွန်ုပ် အဝတ် ကို အချင်းချင်း ဝေဖန် ၍ ၊ အကျွန်ုပ် အင်္ကျီ ကို စာရေးတံ ချ ကြပါ၏။
19 Pero Tú, oh Yavé, ¡no te alejes! Fortaleza mía, ¡Apresúrate a socorrerme!
၁၉အိုထာဝရဘုရား ၊ အကျွန်ုပ်နှင့်ဝေး ဝေးနေတော် မ မူပါနှင့်။ အကျွန်ုပ် ခွန်အား ဗလ၊ အကျွန်ုပ် ကို မစ ခြင်းငှါအလျင်အမြန်ကြွလာ တော်မူပါ။
20 ¡Libra de la espada el alma mía, Del poder del perro mi vida!
၂၀အကျွန်ုပ် အသက် ကို ထား ဘေးမှ ၎င်း၊ အကျွန်ုပ် အချစ် ဆုံးကို ခွေး လက် မှ ၎င်း ကယ် လွတ်တော်မူပါ။
21 ¡Sálvame de la boca del león Y de los cuernos de los toros salvajes! ¡Me has respondido!
၂၁ခြင်္သေ့ ခံတွင်း မှ အကျွန်ုပ် ကိုကယ် တင်၍ ၊ ကြံ့ ဦးချို ထဲ မှာ အကျွန်ုပ် ခေါ်သောအသံကို နားထောင် တော်မူ ပါ။
22 Anunciaré tu Nombre a mis hermanos. En medio de la congregación te alabaré.
၂၂အကျွန်ုပ် သည် သိတင်း တော်ကို ညီအစ် ကိုတို့ အား ကြား ပြောပါမည်။ ပရိသတ် အလယ် မှာ ကိုယ်တော် ကို ချီးမွမ်း ပါမည်။
23 Los que temen a Yavé, alábenlo. Glorifíquenlo, toda la descendencia de Jacob, Y témanle, toda la descendencia de Israel,
၂၃ထာဝရဘုရား ကို ကြောက်ရွံ့ သော အချင်းတို့၊ ချီးမွမ်း ခြင်းကို ပြုကြလော့။ ယာကုပ် အမျိုး အပေါင်း တို့၊ ဂုဏ် ကျေးဇူးတော်ကို ဘော်ပြကြပါလော့။ ဣသရေလ အမျိုး အပေါင်း တို့၊ ကိုယ်တော် ကို ကြောက်ရွံ့ ကြလော့။
24 Porque no menospreció ni aborreció el dolor del afligido, Ni de él ocultó su rostro, Sino cuando clamó a Él, Lo escuchó.
၂၄အကြောင်း မူကား၊ နှိမ့်ချ လျက်ရှိသောသူ၏ နှိမ့်ချ သောအဖြစ်ကို မထီမဲ့မြင် ပြုတော်မူသည်မဟုတ်။ မျက်နှာ တော်ကိုမ လွှဲ ၊ အော်ဟစ် သောအခါ နားထောင် တော်မူပြီ။
25 De Ti viene mi alabanza en la gran congregación. Cumpliré mis votos delante de los que te temen.
၂၅အကျွန်ုပ်သည် မဟာ ပရိသတ် အလယ် မှာ ကိုယ်တော် ကို ချီးမွမ်း ၍ ၊ ကိုယ်တော် ကို ကြောက်ရွံ့ သောသူတို့ ရှေ့ မှာ၊ သစ္စာ ဂတိထားသည်အတိုင်း သစ္စာ ဝတ်ကို ဖြေပါမည်။
26 ¡Los pobres comerán y serán saciados! ¡Alabarán a Yavé los que lo buscan! ¡Que su corazón viva para siempre!
၂၆နှိမ့်ချ လျက်ရှိသောသူတို့ သည် ဝ စွာစား ရကြ လိမ့်မည်။ ထာဝရဘုရား ကိုရှာ သောသူတို့သည် ချီးမွမ်း ကြလိမ့်မည်။ သင် တို့စိတ် နှလုံးသည် အစဉ် အမြဲအား ဖြည့်ရလိမ့်မည်။
27 Se acordarán y volverán a Yavé de todos los confines de la tierra, Y todas las familias de las naciones se postrarán delante de Ti.
၂၇မြေကြီး စွန်း ရှိသမျှ တို့သည် သတိရ ၍ ၊ ထာဝရဘုရား ထံ တော်သို့ ပြောင်း လဲကြလိမ့်မည်။ လူ အမျိုး အနွယ် အပေါင်း တို့သည် ရှေ့ တော်၌ ကိုးကွယ် ကြလိမ့်မည်။
28 Porque de Yavé es el reino, Y Él gobierna las naciones.
၂၈အကြောင်း မူကား၊ ထာဝရဘုရား သည် စိုးစံ ပိုင်တော်မူ၏။ လူမျိုး တို့ကို မင်း ပြုတော်မူ၏။
29 Comerán y se postrarán Todos los poderosos de la tierra, Los que bajan al polvo se postrarán ante Él, Los que no pueden conservar viva su alma.
၂၉မြေကြီး ပေါ်မှာ ကြွယ်ဝ သောသူအပေါင်း တို့ သည် စား ၍ ကိုးကွယ် ကြလိမ့်မည်။ ကိုယ် အသက် ကိုမ စောင့် နိုင်။ မြေမှုန့် သို့ဆင်း ရသောသူအပေါင်း တို့သည်လည်း၊ ရှေ့ တော်၌ ညွတ် ပြတ်ဝပ်တွားကြလိမ့်မည်။
30 Una futura generación le servirá. Esto se dirá de ʼAdonay hasta la próxima generación.
၃၀သူ တို့အမျိုး အနွယ်သည်လည်း ဝတ် တော်ကို ပြုသဖြင့်၊ လူအစဉ် အဆက်တို့သည် ထာဝရ ဘုရား၏ သိတင်းတော်ကို ကြား ရကြလိမ့်မည်။
31 Acudirán y declararán su justicia, Anunciarán a pueblo que nacerá que Él hizo esto.
၃၁ဤသို့ စီရင် တော်မူပြီးမှသူတို့သည်ပေါ် လာ၍ ၊ တရား သောအမှုတော်ကိုဘွား သောလူမျိုး အား ဘော်ပြ ရကြလိမ့်မည်။

< Salmos 22 >