< Salmos 110 >

1 Dice Yavé a mi ʼAdonay: Siéntate a mi mano derecha, Hasta que pongas a tus enemigos como estrado de tus pies.
ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​သင်​၏​ရန်​သူ​များ​ကို​သင်​၏ ခြေ​တင်​ခုံ​ဖြစ်​စေ​မည်။ ယင်း​သို့​မ​ဖြစ်​မီ​ကာ​လ​ငါ​၏​လက်​ယာ​ဘက် တွင် ထိုင်​နေ​လော့'' ဟု ငါ​၏​အ​ရှင်​မင်း​မြတ်​အား​မိန့်​တော်​မူ​၏။
2 Yavé enviará desde Sion el cetro de tu poder. Domina en medio de tus enemigos
ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင်​၏​ရာ​ဇ​အာ​ဏာ ကို ဇိ​အုန်​မြို့​မှ​နေ​ရာ​အ​နှံ့​အ​ပြား​သို့​တိုင်​အောင် တည်​စေ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​က​အ​ရှင့်​အား``သင်​၏​ရန်​သူ​တို့​ကို အုပ်​စိုး​လော့'' ဟု​မိန့်​တော်​မူ​၏။
3 En el día de tu poder. En la hermosura de la santidad desde el seno de la aurora, Con ornamento santo desde el vientre de la aurora, Tu juventud te es [como] el rocío.
ရန်​သူ​တို့​အား​အ​ရှင်​မင်း​ကြီး​တိုက်​ခိုက် တော်​မူ​သော​နေ့​၌ အ​ရှင်​၏​ပြည်​သား​တို့​သည်​အ​လို​အ​လျောက် ကိုယ်​တော်​နှင့်​လိုက်​ပါ​ချီ​တက်​ကြ​ပါ​လိမ့်​မည်။ နံ​နက်​ချိန်​၌​ကျ​သည့်​ဆီး​နှင်း​ကဲ့​သို့​သန်​စွမ်း သော လူ​ငယ်​လူ​ရွယ်​အ​မြောက်​အ​မြား​သည် အ​ရှင်​မင်း​ကြီး​ရှိ​ရာ​သန့်​ရှင်း​မြင့်​မြတ်​သည့် တောင်​ပေါ်​သို့​ရောက်​ရှိ​ကြ​ပါ​လိမ့်​မည်။
4 Yavé juró y no cambiará: Tú eres sacerdote para siempre según el orden de Melquisedec.
``သင်​သည်​ယဇ်​ပု​ရော​ဟိတ်​မင်း​မေ​လ​ခိ ဇေ​ဒက်​နည်း​တူ ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​လိမ့်​မည်'' ဟု ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည်​ကျိန်​ဆို က​တိ​ပေး​တော်​မူ​သည်​ဖြစ်​ရာ ထို​က​တိ​တော်​ကို​ပြန်​လည်​ရုပ်​သိမ်း​တော်​မူ လိမ့်​မည် မ​ဟုတ်​ပါ။
5 ʼAdonay está a tu mano derecha. Quebrantará reyes en el día de su ira.
ဘု​ရား​ရှင်​သည်​အ​ရှင်​မင်း​ကြီး​၏​လက်​ယာ ဘက်​တွင် ရှိ​တော်​မူ​ပါ​၏။ အ​မျက်​ထွက်​တော်​မူ​ရာ​နေ့​ရက်​၌​ကိုယ်​တော် သည် ဘု​ရင်​အ​ပေါင်း​တို့​ကို​နှိမ်​နင်း​တော်​မူ​လိမ့်​မည်။
6 Juzgará entre las naciones, Las llenará de cadáveres. Quebrantará a los gobernantes sobre la extensa tierra.
လူ​မျိုး​တ​ကာ​တို့​ကို​တ​ရား​စီ​ရင်​တော်​မူ ရာ​တွင် စစ်​တ​လင်း​ကို​လူ​သေ​ကောင်​များ​နှင့် ပြည့်​နှက်​စေ​တော်​မူ​လိမ့်​မည်။ ကမ္ဘာ​တစ်​ဝှမ်း​လုံး​ရှိ​ဘု​ရင်​တို့​ကို နှိမ်​နင်း​တော်​မူ​လိမ့်​မည်။
7 Beberá del arroyo en el camino, Por tanto levantará [su] cabeza.
မင်း​ကြီး​သည်​လမ်း​အ​နီး​ရှိ​စမ်း​ချောင်း​မှ ရေ​ကို​သောက်​လျက်​အား​အင်​ပြည့်​တင်း​လာ​ကာ အောင်​ပွဲ​ကို​ခံ​တော်​မူ​လိမ့်​မည်။

< Salmos 110 >