< Proverbios 10 >

1 Proverbios de Salomón. El hijo sabio alegra al padre, Pero el hijo necio es tristeza de su madre.
ရှောလမုန် မင်း၏ သုတ္တံ စကားဟူမူကား၊ ပညာ ရှိ သောသား သည် အဘ ဝမ်းမြောက် ခြင်းအကြောင်း၊ မိုက် သောသား မူကား ၊ အမိ ဝမ်းနည်း ခြင်းအကြောင်းကို ဖြစ်စေတတ်၏။
2 Los tesoros de perversidad no son de provecho, Pero la justicia libra de la muerte.
မ တရားသောဥစ္စာဘဏ္ဍာ သည် အကျိုး မ ရှိ။ ဖြောင့်မတ် ခြင်းပါရမီမူကား ၊ သေ ခြင်းမှ ကယ်တင် တတ် ၏။
3 Yavé no deja padecer hambre al justo, Pero impide que se sacie el apetito de los perversos.
ဖြောင့်မတ် သော သူကိုငတ် ၍ သေစေခြင်းငှါ၊ ထာဝရဘုရား သည် အခွင့်ပေးတော်မ မူ။ မ တရားသောသူတို့ ၏ အဓမ္မ အမှုကိုကား ဖျက်ဆီး တော်မူ၏။
4 La mano negligente empobrece, Pero la mano de los diligentes enriquece.
ပျင်းရိ သောသူသည် ဆင်းရဲ ခြင်း၊ လုံ့လ ဝိရိယ ရှိသောသူသည် ကြွယ်ဝ ခြင်းသို့ ရောက်တတ်၏။
5 El que recoge en verano es hijo sensato, Pero el que duerme en la cosecha es un hijo que avergüenza.
အသီး သီးသောအချိန်၌ သိမ်းယူ သောသူသည် ပညာ ရှိသောသား ဖြစ်၏။ စပါး ရိတ်ရာကာလ၌ အိပ် တတ်သောသူမူကား၊ အရှက် ခွဲတတ်သောသား ဖြစ်၏။
6 Hay bendiciones sobre la cabeza del justo, Pero la boca de los perversos oculta violencia.
တရား သောသူ၏ခေါင်း ပေါ် မှာ မင်္ဂလာ သက်ရောက် တတ်၏။ မ တရားသောသူ၏နှုတ် ကိုကား ညှဉ်းဆဲ ခြင်း အပြစ်သည် ပိတ် လိမ့်မည်။
7 La memoria del justo será bendita, Pero el nombre del perverso se pudrirá.
တရား သောသူကို အောက်မေ့ သောအခါ ကောင်းကြီး ပေးတတ်၏။ မ တရားသောသူ၏နာမ မူကား ပုပ်ပျက် တတ်၏။
8 El sabio de corazón acepta los mandamientos, Pero el insensato charlatán se hunde.
လိမ္မာ သောသူသည် ပညတ် တရားကိုခံ တတ်၏။
9 El que camina en integridad anda confiado, Pero el que pervierte sus caminos será puesto en descubierto.
ဖြောင့်မတ် ခြင်းလမ်းသို့ လိုက် သောသူသည် အနင်း မှန် လိမ့်မည်။ ကောက် သောလမ်း သို့လိုက်သော သူမူကား ၊ သဘော ထင်ရှားလိမ့်မည်။
10 El que guiña el ojo causa tristeza, Pero el que reprende francamente hace la paz.
၁၀မျက်စိ မှိတ် သောသူသည် စိတ် ကိုပူစေတတ်၏။ စကား များသော လူမိုက် မူကား ဆုံးရှုံး တတ်၏။
11 La boca del justo es manantial de vida, Pero la boca del necio oculta violencia.
၁၁ဖြောင့်မတ် သောသူ၏နှုတ် သည် အသက် ရေတွင်း ဖြစ်၏။ မ တရားသောသူ၏ နှုတ် ကိုကား ၊ ညှဉ်းဆဲ ခြင်း အပြစ်သည် ပိတ် လိမ့်မည်။
12 El odio provoca rencillas, Pero el amor cubre todas las faltas.
၁၂မုန်း သောစိတ်သည် ရန်တွေ့ ရာသို့ တိုက်တွန်း တတ်၏။ ချစ် သောစိတ် မူကား ၊ ခပ်သိမ်း သော အပြစ် တို့ကို ဖုံးအုပ် တတ်၏။
13 La sabiduría está en los labios del entendido, Pero la vara es para la espalda del que carece de entendimiento.
၁၃ဉာဏ် ကောင်းသောသူသည် ပညာ စကား ကို ပြော တတ်၏။ ဉာဏ် မဲ့ သောသူ၏ကျော အဘို့ မူကား ကြိမ်လုံး ရှိ၏။
14 Los sabios atesoran conocimiento, Pero la boca del necio es ruina cercana.
၁၄ပညာရှိ သောသူတို့သည် ကြားသိ သောအရာကို သိမ်း ထားတတ်၏။ မိုက် သောသူ၏နှုတ် မူကား ၊ အကျိုးနည်း ခြင်းနှင့်နီးစပ် ၏။
15 La fortuna del rico es su fortaleza, La ruina de los necesitados es su pobreza.
၁၅ငွေ ရတတ်သောသူ၏ စည်းစိမ် သည် သူ ၏ခိုင်ခံ့ သောမြို့ ဖြစ်၏။ ဆင်းရဲသား တို့၏ဆင်းရဲ ခြင်းမူကား၊ သူ တို့၏ အကျိုးနည်း ကြောင်းဖြစ်၏။
16 El salario del justo es para vida, El lucro del perverso, para pecado.
၁၆ဖြောင့်မတ် သောသူ၏အလုပ် အကိုင်သည် အသက် နှင့်၎င်း၊ မ တရားသောသူ၏ အကျိုး စီးပွါးသည် အပြစ် နှင့်၎င်း ယှဉ်၏။
17 El que acepta la instrucción está en senda de vida, Pero el que desecha la reprensión se extravía.
၁၇နည်း ဥပဒေသကို စောင့်ရှောက် သောသူသည် အသက် လမ်း သို့ လိုက်တတ်၏။ ဆုံးမ ခြင်းကို ငြင်းပယ် သောသူမူကား လမ်းလွဲ တတ်၏။
18 Los labios rectos aplacan el odio, Pero el que esparce calumnia es un necio.
၁၈အငြိုး ဖွဲ့သောသဘောကို မုသာ နှုတ်ခမ်း ဖြင့် ဖုံး ထားသောသူ၊ သူ့အသရေ ပျက်အောင် ပြောတတ်သောသူ သည် မိုက် သောသဘောရှိ၏။
19 En las muchas palabras no falta pecado, Pero el que refrena sus labios es prudente.
၁၉စကား များ သောအားဖြင့် အပြစ် ပါ တတ်၏။ မိမိ နှုတ် ကို ချုပ်တည်း သော သူမူကား ပညာ ရှိ၏။
20 La boca del justo es plata pura, Pero el corazón del perverso es nada.
၂၀ဖြောင့်မတ် သောသူ၏လျှာ သည် ငွေစင် နှင့် တူ ၏။ ဆိုး သောသူ ၏ နှလုံး မူကား အဘိုး မထိုက်။
21 Los labios del justo nutren a muchos, Pero los necios mueren por falta de entendimiento.
၂၁ဖြောင့်မတ် သောသူ ၏နှုတ်ခမ်း တို့သည် လူအများ ကို ကျွေး တတ်၏။ မိုက် သောသူတို့မူကား ၊ ဉာဏ် မ ရှိသောကြောင့် သေ ကြလိမ့်မည်။
22 La bendición de Yavé es la que enriquece, Y Él no le añade tristeza.
၂၂ထာဝရဘုရား ၏ ကောင်းကြီး မင်္ဂလာသည် စည်းစိမ် ကိုဖြစ်စေတတ်၏။ ထို စည်းစိမ်နှင့် လည်း၊ ဝမ်းနည်း ခြင်းအကြောင်း ကို ရောနှော တော်မ မူ။
23 La perversidad es como deporte para el necio. Así es la sabiduría para el hombre de entendimiento.
၂၃မိုက် သောသူသည် အပြစ် ပြု ရာ၌ ပျော်မွေ့ တတ်၏။ ဉာဏ် ကောင်းသောသူ မူကား ဆင်ခြင် တတ်၏။
24 Lo que teme el perverso, eso le vendrá, Pero el deseo de los justos les será concedido.
၂၄မ တရားသောသူကြောက် တတ်သော အမှုသည် သူ့ အပေါ်သို့ ရောက် လိမ့်မည်။ ဖြောင့်မတ် သောသူ တောင့်တ သော အကျိုးကိုကား ၊ ဘုရားသခင်ပေး တော်မူမည်။
25 Cuando pasa el remolino de viento, desaparece el perverso, Pero el justo tiene fundamento eterno.
၂၅မ တရားသောသူသည် လွန် သွားသော လေဘွေ ကဲ့သို့ ပျောက် တတ်၏။ ဖြောင့်မတ် သောသူမူကား ၊ မြဲမြံ သော တိုက်မြစ် ဖြစ်၏။
26 Como vinagre a los dientes y humo a los ojos, Así es el perezoso para quienes lo comisionan.
၂၆ပုံးရည် သည်သွား ၌ ၎င်း ၊ မီးခိုး သည် မျက်စိ ၌ ၎င်း ဖြစ်သကဲ့သို့ ၊ ပျင်းရိ သောသူသည် စေလွှတ် သောသူ ၌ ဖြစ် ၏။
27 El temor a Yavé aumenta los días, Pero los años de los perversos serán acortados.
၂၇ထာဝရဘုရား ကိုကြောက်ရွံ့ သော သဘောသည် အသက် တာကို ရှည် စေတတ်၏။ မ တရားသောသူ ၏ နှစ် ပေါင်းကာလမူကား တို တတ်၏။
28 La esperanza de los justos es alegría, Pero la esperanza de los perversos perecerá.
၂၈ဖြောင့်မတ် သောသူ၏ မြော်လင့် ခြင်းသည် ဝမ်းမြောက် စရာအကြောင်းဖြစ်၏။ ဆိုး သောသူ၏ မြော်လင့် ခြင်းမူကား ပျောက်ပျက် လိမ့်မည်။
29 El camino de Yavé es fortaleza para el íntegro, Pero ruina para los malhechores.
၂၉ထာဝရဘုရား ၏ တရားလမ်း သည် ဖြောင့်မတ် သောသူ ခိုင်ခံ့ ခြင်းအကြောင်း ဖြစ်၏။ မ တရားသဖြင့် ကျင့် သောသူတို့မူကား ၊ ပျက်စီး ခြင်းသို့ ရောက်ရကြ လိမ့်မည်။
30 El justo no será sacudido jamás, Pero los perversos no habitarán la tierra.
၃၀ဖြောင့်မတ် သောသူသည် အစဉ် မပြတ်နေရာမှ မ ရွေ့ ရ။ မ တရားသောသူမူကား ၊ မြေ ပေါ်မှာ အတည် မ ကျရ။
31 La boca del justo destila sabiduría, Pero la lengua perversa será cortada.
၃၁ဖြောင့်မတ် သောသူ၏ နှုတ် မှပညာ စကား ထွက် တတ်၏။ ကောက်လိမ် သော လျှာ မူကား ၊ အဖြတ် ခံရလိမ့်မည်။
32 Los labios del justo destilan lo aceptable, Pero la boca de los perversos lo que es pervertido.
၃၂ဖြောင့်မတ် သောသူ၏ နှုတ်ခမ်း တို့သည် နှစ်သက် ဘွယ်သော အရာကို သိကျွမ်း တတ်၏။ မ တရား သောသူတို့ မူကား ၊ ဆန့်ကျင် သော စကား ကို ပြောတတ် ကြ၏။

< Proverbios 10 >