< Levítico 13 >

1 Yavé habló a Moisés y a Aarón:
ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား အောက်​ဖော်​ပြ​ပါ​ပ​ညတ်​များ​ကို​ချ မှတ်​ပေး​တော်​မူ​၏။-
2 Cuando un hombre tenga en la piel de su cuerpo una hinchazón, o erupción, o mancha blanca, y se convierta en infección de lepra, será llevado al sacerdote Aarón o a uno de sus hijos sacerdotes.
တစ်​စုံ​တစ်​ယောက်​တွင်​အ​ရေ​ပြား​၌​အ​နာ​စိမ်း ဖြစ်​စေ၊ ဖူး​ယောင်​နာ​ဖြစ်​စေ၊ အ​နာ​ကွက်​ဖြစ်​စေ၊ ပေါ်​လာ​သ​ဖြင့် ဆိုး​ရွား​သော​ကိုယ်​ရေ​ပြား​ရော​ဂါ စွဲ​မည့်​လက္ခ​ဏာ​ရှိ​လာ​လျှင် ထို​သူ​ကို​အာ​ရုန်​မှ ဆင်း​သက်​သော​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ခေါ် ဆောင်​ခဲ့​ရ​မည်။-
3 El sacerdote examinará la infección en la piel del que tiene la mancha. Si el vello que está en la erupción se volvió blanco, y la llaga aparece más hundida que la piel de su cuerpo, es llaga de lepra. El sacerdote lo reconocerá y lo declarará impuro.
ယဇ်​ပု​ရော​ဟိတ်​သည်​အ​နာ​ကို​စစ်​ဆေး​ပြီး လျှင် အ​နာ​ပေါ်​ရှိ​အ​မွေး​များ​ဖြူ​၍​အ​နာ တွင်း​နက်​နေ​လျှင် ထို​သူ​၌​ဆိုး​ဝါး​သော​ကိုယ် ရေ​ပြား​ရော​ဂါ​စွဲ​ကပ်​နေ​ပြီ​ဖြစ်​သော​ကြောင့် မ​သန့်​ရှင်း​သူ​ဟူ​၍​အ​ဆုံး​အ​ဖြတ်​ပေး​ရ မည်။-
4 Pero si en la piel de su cuerpo hay una mancha blanca, aunque no parece más hundida que la piel, ni su vello se volvió blanco, el sacerdote aislará al que tiene la infección durante siete días.
သို့​ရာ​တွင်​အ​နာ​ကွက်​ဖြူ​သော်​လည်း အ​မွေး မ​ဖြူ၊ အ​နာ​ကွက်​လည်း​ချိုင့်​နေ​ဟန်​မ​ရှိ​လျှင် ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​အား​ခု​နစ်​ရက် ပတ်​လုံး​သီး​ခြား​နေ​ထိုင်​စေ​ရ​မည်။-
5 Al séptimo día el sacerdote lo examinará, y si ante sus ojos la infección no cambió, ni se extendió en la piel, el sacerdote lo aislará por otros siete días.
သတ္တ​မ​နေ့​၌​ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​အား ထပ်​မံ​စစ်​ဆေး​ပြီး​အ​နာ​သည် ပ​က​တိ​အ​တိုင်း ပြန့်​ပွား​မှု​မ​ရှိ​ဟု​ထင်​မြင်​လျှင် ထို​သူ​အား ခု​နစ်​ရက်​ထပ်​မံ​သီး​ခြား​နေ​ထိုင်​စေ​ရ​မည်။-
6 Al séptimo día el sacerdote lo examinará otra vez, y si parece que la erupción se oscureció y no se esparció en la piel, el sacerdote lo declarará limpio. Es una erupción. Lavará entonces sus ropas y quedará limpio.
တစ်​ဖန်​သတ္တ​မ​နေ့​၌​ထို​သူ​အား​ထပ်​မံ​စစ်​ဆေး ၍ အ​နာ​ညိုး​လျက်​မ​ပြန့်​ပွား​ကြောင်း​တွေ့​ရ​လျှင် ရိုး​ရိုး​အ​နာ​ဖြစ်​သ​ဖြင့်​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​ရှင်း​သည်​ဟူ​၍​အ​ဆုံး​အ​ဖြတ်​ပေး​ရ မည်။ ထို​သူ​သည်​မိ​မိ​အ​ဝတ်​များ​ကို​လျှော်​ဖွပ် ပြီး​နောက် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း စင်​ကြယ်​လာ​လိမ့်​မည်။-
7 Pero si la erupción se extendió en la piel, después que se mostró al sacerdote para ser limpiado, entonces comparecerá otra vez ante el sacerdote.
သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​၏ အ​နာ​ကို​စစ်​ဆေး​၍ သန့်​ရှင်း​သူ​ဟု​အ​ဆုံး အ​ဖြတ်​ပေး​ပြီး​နောက်​မှ​အ​နာ​ပြန့်​ပွား​လာ လျှင် ထို​သူ​သည်​ယဇ်​ပု​ရော​ဟိတ်​ထံ​၌​တစ် ဖန်​အ​စစ်​ဆေး​ခံ​ရ​မည်။-
8 El sacerdote lo examinará, y si la erupción se esparció en la piel, el sacerdote lo declarará impuro. Es lepra.
ယဇ်​ပု​ရော​ဟိတ်​သည်​သူ​၏​အ​နာ​ကို​ထပ်​မံ စစ်​ဆေး​၍​အ​နာ​ပြန့်​ပွား​လျက်​ရှိ​ကြောင်း တွေ့​ရ​လျှင် ထို​အ​နာ​သည်​ဆိုး​ရွား​သော​ကိုယ် ရေ​ပြား​ရော​ဂါ​ဖြစ်​သော​ကြောင့် ထို​သူ​အား မ​သန့်​ရှင်း​သူ​ဟူ​၍​အ​ဆုံး​အ​ဖြတ်​ပေး ရ​မည်။
9 Cuando haya infección de lepra en un hombre será llevado al sacerdote,
တစ်​စုံ​တစ်​ယောက်​သော​သူ​၌ ဆိုး​ရွား​သော​ကိုယ် ရေ​ပြား​ရော​ဂါ​စွဲ​လျှင် ထို​သူ​ကို​ယဇ်​ပု​ရော ဟိတ်​ထံ​သို့​ခေါ်​ဆောင်​ခဲ့​ရ​မည်။-
10 quien lo examinará. Si parece hinchazón blanca en la piel, el vello se volvió blanco y se descubre la carne viva,
၁၀ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​ကို​စစ်​ဆေး​၍ အ​ရေ ပြား​ပေါ်​တွင်​အ​ဖြူ​ကွက်​အ​နာ​ရှိ​ပြီး ထို​အ​ဖြူ ကွက်​ပေါ်​ရှိ​အ​မွေး​များ​ဖြူ​လျက်​အ​နာ​သည် လည်း​ပြည်​တည်​နေ​လျှင်၊-
11 es lepra crónica en la piel de su cuerpo. El sacerdote lo declarará impuro. No lo hará recluir, puesto que está impuro.
၁၁ထို​အ​နာ​သည်​ဆိုး​ရွား​သော​အ​ရေ​ပြား​ရော​ဂါ ဖြစ်​သည်။ ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​အား​မ​သန့် ရှင်း​ဟု​အ​ဆုံး​အ​ဖြတ်​ပေး​ရ​မည်။ ထို​သူ​၌ ရော​ဂါ​ဆိုး​စွဲ​လျက်​ရှိ​ကြောင်း သိ​သာ​ထင်​ရှား သ​ဖြင့်​သူ့​အား​သီး​ခြား​နေ​ထိုင်​စေ​ရန်​မ​လို။-
12 Pero si la lepra brota mucho y cubre toda la piel del infectado, desde su cabeza hasta sus pies, a plena vista del sacerdote,
၁၂အ​ကယ်​၍​သူ​၏​အ​ရေ​ပြား​ရော​ဂါ​သည် ဦး ခေါင်း​မှ​ခြေ​ထောက်​သို့​တိုင်​အောင်​ပြန့်​ပွား လာ​လျှင်၊-
13 entonces el sacerdote lo observará. Si la lepra cubrió todo su cuerpo, declarará limpio al infectado si toda ella se volvió blanca. Él es limpio.
၁၃ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​ကို​ထပ်​မံ​၍​စစ် ဆေး​ရ​မည်။ သူ​၏​အ​နာ​သည် တစ်​ကိုယ်​လုံး​ပြန့် နှံ့​သွား​ကြောင်း​တွေ့​ရှိ​ရ​လျှင် ယဇ်​ပု​ရော​ဟိတ် သည်​သူ့​အား​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​ရှင်း​သည်​ဟု​ဆုံး​ဖြတ်​ရ​မည်။ သူ​သည်​တစ် ကိုယ်​လုံး​ဖြူ​ဆွတ်​သွား​လျှင်​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​သန့်​ရှင်း​စင်​ကြယ်​၏။-
14 Pero el día cuando aparezca carne viva en él, entonces será impuro.
၁၄သို့​ရာ​တွင်​ထို​သူ​၏​ကိုယ်​ပေါ်​၌ အ​နာ​ပေါက်​လာ သည်​နှင့်​တစ်​ပြိုင်​နက်​သူ​သည်​မ​သန့်​ရှင်း​ချေ။-
15 El sacerdote examinará la carne viva, y lo declarará impuro. La carne viva es impura. Es lepra.
၁၅ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​အား​တစ်​ဖန် စစ်​ဆေး​၍ ကိုယ်​ပေါ်​၌​အ​နာ​ပေါက်​နေ​သည်​ကို တွေ့​ရှိ​ရ​လျှင် သူ့​ကို​မ​သန့်​ရှင်း​ဟု​ဆုံး​ဖြတ်​ရ မည်။ အ​နာ​ပေါက်​လာ​ခြင်း​သည်​ဆိုး​ရွား​သော ကိုယ်​ရေ​ပြား​ရော​ဂါ​စွဲ​ခြင်း​လက္ခ​ဏာ​ဖြစ်​၍ ထို​သူ​သည်​မ​သန့်​ရှင်း​ချေ။-
16 Pero si la carne viva cambia y se vuelve blanca, entonces irá al sacerdote,
၁၆အ​နာ​သည်​ပျောက်​ကင်း​၍​တစ်​ဖန်​ဖြူ​လာ လျှင် သူ​သည်​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား ရ​မည်။-
17 quien lo examinará. Si la llaga se volvió blanca, entonces el sacerdote declarará puro al infectado. Está limpio.
၁၇ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​ကို​တစ်​ဖန်​စစ်​ဆေး ရ​မည်။ အ​နာ​သည်​ပြန်​၍​ဖြူ​လာ​လျှင် သူ​သည် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​စင်​ကြယ်​၏။ ယဇ် ပု​ရော​ဟိတ်​သည်​လည်း​သူ့​အား​စင်​ကြယ် သည်​ဟု​အ​ဆုံး​အ​ဖြတ်​ပေး​ရ​မည်။
18 Cuando un cuerpo tenga una infección en su piel que se sanó,
၁၈တစ်​စုံ​တစ်​ယောက်​သော​သူ​၏​ကိုယ်​ရေ​ပြား​ပေါ် တွင် ပျောက်​ကင်း​သွား​သော​အ​နာ​စိမ်း​နေ​ရာ​၌၊-
19 pero surge en el lugar de la infección una hinchazón blanca o una mancha blanca rojiza, será presentado al sacerdote,
၁၉ဖြူ​သော​အ​ဖု​ဖြစ်​စေ၊ နီ​ဖျော့​ဖျော့​အ​ကွက်​ဖြစ် စေ​ပေါ်​လာ​လျှင် သူ​သည်​ယဇ်​ပု​ရော​ဟိတ်​ထံ သို့​သွား​ရ​မည်။-
20 y el sacerdote la examinará. Si parece más hundida que la piel y el vello se volvió blanco, el sacerdote lo declarará impuro. Es infección de lepra que brotó de la erupción.
၂၀ယဇ်​ပု​ရော​ဟိတ်​သည်​အ​နာ​ကို​စစ်​ဆေး​ပြီး​နောက် အ​နာ​တွင်း​နက်​လျက် အ​နာ​ပေါ်​ရှိ​အ​မွေး​များ ဖြူ​လာ​ကြောင်း​တွေ့​ရှိ​ရ​လျှင် ထို​သူ​အား​မ​သန့် ရှင်း​ဟု​ဆုံး​ဖြတ်​ရ​မည်။ ထို​အ​နာ​သည်​အ​နာ စိမ်း​နေ​ရာ​မှ​ဖြစ်​ပေါ်​လာ​သော​ဆိုး​ရွား​သည့် ကိုယ်​ရေ​ပြား​ရော​ဂါ​ဖြစ်​သည်။-
21 Pero si el sacerdote la examina, y no parece que hay vello blanco en ella, ni está más hundida que la piel y perdió color, entonces el sacerdote lo aislará siete días.
၂၁ယဇ်​ပု​ရော​ဟိတ်​သည်​အ​နာ​ကို​စစ်​ဆေး​၍ အ​နာ​နေ​ရာ​တွင်​အ​မွေး​များ​မ​ဖြူ၊ အ​နာ တွင်း​လည်း​မ​နက်၊ အ​နာ​၏​အ​ရောင်​လည်း ဖျော့​နေ​လျှင်​ထို​သူ​အား​ခု​နစ်​ရက်​ပတ်​လုံး သီး​ခြား​နေ​ထိုင်​စေ​ရ​မည်။-
22 Si se esparció mucho por la piel, el sacerdote lo declarará impuro. Es lepra.
၂၂အ​နာ​ကွက်​ပြန့်​ပွား​လာ​ကြောင်း​ကို​တွေ့​ရှိ​ရ လျှင် ထို​သူ​၌​ရော​ဂါ​စွဲ​ကပ်​ပြီး​ဖြစ်​၍​သူ အား​မသန့်​ရှင်း​ဟု​ဆုံး​ဖြတ်​ရ​မည်။-
23 Pero si la mancha blanca rojiza se mantiene fija y no se esparce, es cicatriz de la erupción, y el sacerdote lo declarará limpio.
၂၃သို့​ရာ​တွင်​အ​နာ​ကွက်​သည်​မ​ပြန့်​ပွား​ဘဲ န​ဂို​မူ​လ​အ​တိုင်း​ရှိ​နေ​လျှင် အ​နာ​စိမ်း​၏ အ​မာ​ရွတ်​မျှ​သာ​ဖြစ်​သော​ကြောင့် ယဇ်​ပု​ရော ဟိတ်​က​ထို​သူ​အား​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​ရှင်း​သည်​ဟု​ဆုံး​ဖြတ်​ရ​မည်။
24 También si hay en la piel del cuerpo una quemadura de fuego, y en lo vivo de la quemadura se forma una mancha blanquecina, rojiza, o blanca,
၂၄တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​မီး​လောင်​ခံ​ရ​၍ မီး​လောင်​သော​နေ​ရာ​တွင်​အ​ရေ​ပြား​ဖြူ​လာ လျှင်​ဖြစ်​စေ၊ နီ​ဖျော့​ဖျော့​ဖြစ်​လာ​လျှင်​ဖြစ်​စေ၊-
25 el sacerdote la examinará. Si el vello que hay en la mancha blanca rojiza se volvió blanco y parece estar más hundida que la piel, es lepra que brotó en la quemadura. El sacerdote lo declarará impuro. Es infección de lepra.
၂၅ယဇ်​ပု​ရော​ဟိတ်​သည်​ထို​အ​နာ​ကို​စစ်​ဆေး​ရ မည်။ အ​နာ​ကွက်​တွင်​ရှိ​သော​အ​မွေး​များ​သည် ဖြူ​၍​အ​နာ​တွင်း​နက်​ကြောင်း​တွေ့​ရှိ​ရ​လျှင် မီး လောင်​သော​အ​နာ​မှ​ဖြစ်​ပေါ်​လာ​သော​ဆိုး​ရွား သည့်​ကိုယ်​ရေ​ပြား​ရော​ဂါ​ဖြစ်​သော​ကြောင့် ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​အား​မ​သန့်​ရှင်း ဟု​ဆုံး​ဖြတ်​ရ​မည်။-
26 Pero si el sacerdote la observa, y no aparece vello blanco en la mancha, ni está más hundida que la piel sino palideció, el sacerdote lo aislará siete días.
၂၆သို့​ရာ​တွင်​အ​နာ​ကွက်​၌​ရှိ​သော​အ​မွေး​သည် မ​ဖြူ၊ အ​နာ​တွင်း​မ​နက်၊ အ​နာ​၏​အ​ရောင်​လည်း ဖျော့​နေ​ကြောင်း​တွေ့​ရှိ​ရ​လျှင် ထို​သူ​အား​ခု​နစ် ရက်​သီး​ခြား​နေ​ထိုင်​စေ​ရ​မည်။-
27 Al séptimo día el sacerdote lo examinará. Si se esparció considerablemente por la piel, el sacerdote lo declarará impuro. Es infección de lepra.
၂၇သတ္တ​မ​နေ့​တွင်​ယဇ်​ပု​ရော​ဟိတ်​သည် သူ့​ကို​ထပ်​မံ စစ်​ဆေး​၍​အ​နာ​သည်​ပြန့်​ပွား​နေ​ကြောင်း​တွေ့​ရ လျှင် ထို​အ​နာ​သည်​ဆိုး​ရွား​သော​ကိုယ်​ရေ​ပြား ရော​ဂါ​ဖြစ်​သော​ကြောင့် ထို​သူ​ကို​မ​သန့်​ရှင်း ဟု​ဆုံး​ဖြတ်​ရ​မည်။-
28 Pero si la mancha blanca se queda fija, y no se esparce por la piel ni perdió color, es hinchazón de la quemadura. El sacerdote lo declarará limpio porque es la cicatriz de la quemadura.
၂၈သို့​သော်​အ​နာ​ကွက်​သည်​မူ​လ​အ​ခြေ​အ​နေ​၌ ရှိ​၍ မ​ပြန့်​ပွား​ကြောင်း​ကို​လည်း​ကောင်း၊ အ​ရောင် ဖျော့​နေ​ကြောင်း​ကို​လည်း​ကောင်း​တွေ့​ရှိ​ရ​လျှင် ထို​အ​နာ​သည်​ဆိုး​ရွား​သော​ကိုယ်​ရေ​ပြား​ရော ဂါ​မ​ဟုတ်။ ထို​အ​နာ​သည်​မီး​လောင်​သည့်​အ​မာ ရွတ်​မျှ​သာ​ဖြစ်​ခြင်း​ကြောင့် ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​အား​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း သည်​ဟု​ဆုံး​ဖြတ်​ရ​မည်။
29 Cuando un hombre o una mujer tenga una infección en la cabeza o en la barbilla,
၂၉အ​မျိုး​သား​သို့​မ​ဟုတ်​အ​မျိုး​သ​မီး​တစ် ယောက်​၏​ခေါင်း​ပေါ်​တွင်​ဖြစ်​စေ၊ မေး​ပေါ်​တွင် ဖြစ်​စေ​အ​နာ​ပေါက်​လျှင်၊-
30 el sacerdote examinará la infección. Si parece más hundida que la piel y el vello en ella es amarillento y delgado, el sacerdote lo declarará impuro. Es tiña, una lepra de la cabeza o de la barbilla.
၃၀ယဇ်​ပု​ရော​ဟိတ်​က​ထို​အ​နာ​ကို​စစ်​ဆေး​ရ မည်။ အ​နာ​တွင်း​သည်​နက်​ဟန်​ရှိ​၍​အ​နာ​ပေါ် ရှိ​အ​မွေး​များ​ပါး​လျက် ဝါ​ကြန့်​ကြန့်​အ​ရောင် ရှိ​လျှင် ထို​အ​နာ​သည်​ဆိုး​ရွား​သော​ကိုယ်​ရေ ပြား​ရော​ဂါ​ဖြစ်​သော​ကြောင့် ထို​သူ​အား မ​သန့်​ရှင်း​ဟု​ဆုံး​ဖြတ်​ရ​မည်။-
31 Pero si el sacerdote examina la infección de la tiña, y no parece más hundida que la piel y no hay en ella vello negro, el sacerdote aislará al infectado de la tiña siete días.
၃၁ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​အား​စစ်​ဆေး သည့်​အ​ခါ အ​နာ​တွင်း​သည်​မ​နက်​သော်​လည်း အ​နာ​ပေါ်​ရှိ​အ​မွေး​များ​သည် ပ​က​တိ​အ​သွေး အ​ရောင်​အ​တိုင်း​မ​ရှိ​ခဲ့​လျှင် သူ့​ကို​ခု​နစ်​ရက် သီး​ခြား​နေ​ထိုင်​စေ​ရ​မည်။-
32 El séptimo día el sacerdote examinará la infección. Si la tiña no se esparció, ni hay en ella pelo amarillento, ni la tiña parece más profunda que la piel,
၃၂သတ္တ​မ​နေ့​၌​ယဇ်​ပု​ရော​ဟိတ်​သည်​အ​နာ ကို​တစ်​ဖန်​စစ်​ဆေး​၍ အ​နာ​သည်​မ​ပြန့်​မ​ပွား အ​မွေး​များ​သည်​လည်း​မ​ဝါ၊ အ​နာ​တွင်း သည်​လည်း​မ​နက်​ကြောင်း​တွေ့​ရှိ​ရ​လျှင်၊-
33 entonces se afeitará (pero no se afeitará la tiña), y el sacerdote aislará al tiñoso siete días más.
၃၃အ​နာ​ပတ်​လည်​ရှိ​အ​မွေး​များ​ကို​ရိတ်​ရ မည်။ ထို့​နောက်​သူ​အား​ခု​နစ်​ရက်​တိုး​၍​သီး ခြား​နေ​ထိုင်​စေ​ရ​မည်။-
34 El séptimo día el sacerdote examinará la tiña. Si la tiña no se esparció por la piel, ni parece más hundida que la piel, lo declarará limpio. Lavará sus ropas y será limpio.
၃၄သတ္တ​မ​နေ့​၌​ယဇ်​ပု​ရော​ဟိတ်​သည်​အ​နာ​ကို တစ်​ဖန်​စစ်​ဆေး​၍ အ​နာ​သည်​မ​ပြန့်​မ​ပွား၊ အ​နာ​တွင်း​သည်​လည်း​မ​နက်​ကြောင်း​တွေ့​ရှိ ရ​လျှင် ထို​သူ​အား​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​ရှင်း​သည်​ဟု​ဆုံး​ဖြတ်​ရ​မည်။ ထို​သူ​သည် မိ​မိ​အ​ဝတ်​များ​ကို​ဖွပ်​လျှော်​ရ​မည်။ ထို့ နောက်​သူ​သည်​သန့်​ရှင်း​လိမ့်​မည်။-
35 Pero si, después de su purificación, la tiña se extendió en la piel,
၃၅သို့​ရာ​တွင်​သူ့​အား​သန့်​ရှင်း​သည်​ဟု​ဆုံး ဖြတ်​ပြီး​နောက် အ​နာ​သည်​ပြန့်​ပွား​လာ​လျှင်၊-
36 el sacerdote lo examinará. Si la tiña se extendió en la piel, el sacerdote no tendrá que buscar el pelo amarillento. Es impuro.
၃၆ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​ကို​ထပ်​မံ​စစ်​ဆေး ရ​မည်။ အ​နာ​သည်​ပြန့်​ပွား​လျက်​ရှိ​ကြောင်း တွေ့​ရ​လျှင် အ​မွေး​ဝါ​သည်​မ​ဝါ​သည်​ကို​စစ် ဆေး​ကြည့်​ရန်​မ​လို။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​သည်​မ​သန့်​ရှင်း​ကြောင်း​ထင်​ရှား​နေ​ပြီ ဖြစ်​သည်။-
37 Pero si le parece que la tiña está detenida y creció en ella cabello negro, la tiña está sanada. Está limpio, y el sacerdote lo declarará limpio.
၃၇သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​သည်​အ​နာ​မ​ပြန့် မ​ပွား၊ အ​နာ​ပေါ်​ရှိ​အ​မွေး​နက်​များ​သည် ပ​က​တိ​အ​သွေး​အ​ရောင်​ရှိ​၍ ပျောက်​ကင်း သွား​ပြီ​ဟု​ထင်​မြင်​ယူ​ဆ​လျှင် ထို​သူ​အား ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​သည် ဟူ​၍​ဆုံး​ဖြတ်​ရ​မည်။
38 Cuando un hombre o una mujer tenga en la piel de su cuerpo manchas blancas,
၃၈အ​မျိုး​သား​သို့​မ​ဟုတ်​အ​မျိုး​သ​မီး​တစ် ယောက်​၏​အ​ရေ​ပြား​ပေါ်​တွင်​အ​ဖြူ​ကွက် များ​ပေါ်​လျှင်၊-
39 el sacerdote las examinará. Si en la piel de su cuerpo hay manchas blancuzcas, es herpes que brotó en la piel. La persona está limpia.
၃၉ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​အား​စစ်​ဆေး ရ​မည်။ အ​ကွက်​များ​သည်​ဖြူ​မွဲ​မွဲ​ဖြစ်​လျှင် အ​ရေ​ပြား​ပေါ်​တွင်​ဖြစ်​ပေါ်​တတ်​သော​ညှင်း ကွက်​များ​ဖြစ်​၍​သူ​သည်​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​သန့်​ရှင်း​သည်။
40 Cuando a un varón se le cae el pelo de su cabeza, es calvo, pero limpio.
၄၀အ​မျိုး​သား​သို့​မ​ဟုတ် အ​မျိုး​သ​မီး​တစ် ယောက်​၏​ဦး​ခေါင်း​အ​နောက်​ပိုင်း​မှ​ဖြစ်​စေ၊ အ​ရှေ့​ပိုင်း​မှ​ဖြစ်​စေ​ဆံ​ပင်​များ​ကျွတ်​လျှင် မ​သန့်​ရှင်း​သူ​ဟူ​၍​မ​သတ်​မှတ်​ရ။-
41 También, si se le cae por delante de su cabeza, es calvo por delante, pero limpio.
၄၁
42 Pero si en la calva de la coronilla o en la calva frontal aparece una erupción blanca rojiza, es lepra que brota en su coronilla o en su calva frontal.
၄၂သို့​ရာ​တွင်​ဆံ​ပင်​ပြောင်​သော​နေ​ရာ​၌​နီ ဖျော့​ဖျော့​အ​နာ​ပေါက်​လျှင် ထို​အ​နာ​သည် ဆိုး​ရွား​သော​အ​ရေ​ပြား​ရော​ဂါ​ဖြစ်​သည်။-
43 Entonces el sacerdote lo examinará, y si la hinchazón de la erupción blanca rojiza de su coronilla o de su calva frontal es como el aspecto de la lepra en la piel del cuerpo,
၄၃ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​အား​စစ်​ဆေး​၍ အ​နာ​သည်​နီ​ဖျော့​ဖျော့​ဖြစ်​လျှင်၊-
44 es leproso. Está impuro. El sacerdote lo declarará impuro. Tiene la infección en su cabeza.
၄၄သူ​၏​ဦး​ခေါင်း​ပေါ်​၌​ဆိုး​ရွား​သော​အ​ရေ ပြား​ရော​ဂါ​စွဲ​သည်​ဖြစ်​သော​ကြောင့် မ​သန့် ရှင်း​သူ​ဟု​ဆုံး​ဖြတ်​ရ​မည်။-
45 Las ropas del leproso que tenga la infección serán rasgadas y su cabeza será descubierta. Se cubrirá hasta el bigote y pregonará: ¡Impuro! ¡Impuro!
၄၅ဆိုး​ရွား​သော​ကိုယ်​ရေ​ပြား​ရော​ဂါ​စွဲ​သော သူ​သည် စုတ်​သော​အ​ဝတ်​ကို​ဝတ်​ရ​မည်။ ဆံ​ပင် ကို​မ​ဖြီး​ရ။ မျက်​နှာ​အောက်​ပိုင်း​ကို​ဖုံး​လျက် မ​သန့်​ရှင်း၊ မ​သန့်​ရှင်း​ဟု​အော်​ရ​မည်။-
46 Permanecerá impuro todo el tiempo que tenga la infección. Por estar impuro, vivirá solo. Su habitación estará fuera del campamento.
၄၆သူ​၏​ကိုယ်​၌​ထို​ရော​ဂါ​စွဲ​နေ​သည့်​ကာ​လ ပတ်​လုံး သူ​သည်​မ​သန့်​ရှင်း​သ​ဖြင့် လူ​သူ​နှင့် ဝေး​ရာ​စ​ခန်း​အ​ပြင်​၌​ထွက်​၍​နေ​ထိုင်​ရ​မည်။
47 Cuando haya infección de lepra en la ropa, sea ropa de lana o lino,
၄၇သိုး​မွေး​အ​ဝတ်​အ​ထည်​သို့​မ​ဟုတ်​ပိတ်​ချော အ​ဝတ်​အ​ထည်​တွင်​ဖြစ်​စေ၊-
48 en tejido o trama, sea lino o lana, en cuero o en cualquier objeto hecho de cuero,
၄၈သိုး​မွေး​အ​ထည်​စ​သို့​မ​ဟုတ်​ပိတ်​ချော အ​ထည်​စ​တွင်​ဖြစ်​စေ၊ သား​ရေ​သို့​မ​ဟုတ် သား​ရေ​ထည်​ပစ္စည်း​တွင်​ဖြစ်​စေ၊-
49 y la mancha se muestre verdosa o rojiza, sea en ropa, cuero, tejido, trama o en cualquier objeto hecho de cuero, es infección de lepra y se debe mostrar al sacerdote.
၄၉စိမ်း​ဖန့်​ဖန့်​သို့​မ​ဟုတ်​နီ​ကြန့်​ကြန့်​ဖား​ဥ ကွက်​များ​ကို​တွေ့​ရ​လျှင် ပြန့်​ပွား​တက်​သော ဖား​ဥ​မျိုး​ဖြစ်​သ​ဖြင့် ထို​ပစ္စည်း​များ​ကို​ယဇ် ပု​ရော​ဟိတ်​ထံ​ပြ​သ​ရ​မည်။-
50 El sacerdote observará la infección y aislará lo infectado durante siete días.
၅၀ယဇ်​ပု​ရော​ဟိတ်​သည်​ပစ္စည်း​ကို​စစ်​ဆေး​ပြီး ခု​နစ်​ရက်​သိမ်း​ထား​ရ​မည်။-
51 El séptimo día observará la infección. Si se esparció por la ropa, el tejido, la trama o por el cuero, cualquiera que sea el uso del cuero, la infección es una lepra maligna. Está impuro.
၅၁သတ္တ​မ​နေ့​၌​ထို​ပစ္စည်း​ကို​ထပ်​မံ​စစ်​ဆေး​၍ ဖား​ဥ​ကွက်​ပြန့်​ပွား​လာ​လျှင် ထို​ပစ္စည်း​သည် မ​သန့်​ရှင်း​ချေ။-
52 Quemará la ropa, el tejido, la trama de lana o lino, o cualquier objeto de cuero infectado, porque es lepra maligna. Se quemará al fuego.
၅၂ထို​ဖား​ဥ​ကွက်​သည်​ကူး​စက်​တတ်​သော​ဖား​ဥ မျိုး​ဖြစ်​သ​ဖြင့် ယဇ်​ပု​ရော​ဟိတ်​သည်​ပစ္စည်း ကို​မီး​ရှို့​ဖျက်​ဆီး​ရ​မည်။
53 Pero si el sacerdote lo examina y parece que la infección no se extendió en la ropa, el tejido, la trama o en cualquier objeto de cuero,
၅၃ယဇ်​ပု​ရော​ဟိတ်​သည် ပစ္စည်း​ကို​စစ်​ဆေး​၍​ဖား​ဥ ကွက်​သည်​မ​ကျယ်​ပြန့်​လျှင်၊-
54 el sacerdote ordenará que laven lo que tiene la infección, y lo aislara siete días más.
၅၄ထို​ပစ္စည်း​ကို​ဖွပ်​လျှော်​စေ​ပြီး​နောက် ခု​နစ်​ရက် ထပ်​မံ​၍​သိမ်း​ထား​ရ​မည်။-
55 Después que el objeto infectado sea lavado, el sacerdote lo examinará. Si parece que la mancha no cambió ante sus ojos, aunque no se extendió, está impuro. Ya sea que esté corroído por el derecho o por el revés, lo quemarás en el fuego.
၅၅ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​ပစ္စည်း​ကို​စစ် ဆေး​ရ​မည်။ ဖား​ဥ​ကွက်​သည်​မ​ပြန့်​ပွား​သော် လည်း​အ​ရောင်​မ​ပြောင်း​လဲ​လျှင် ထို​ပစ္စည်း​သည် မ​သန့်​ရှင်း​ချေ။ ထို​ပစ္စည်း​သည်​အ​တွင်း​အ​ပြင် ဆွေး​မြေ့​နေ​ကြောင်း​တွေ့​ရှိ​ရ​လျှင် ယင်း​ကို မီး​ရှို့​ဖျက်​ဆီး​ရ​မည်။-
56 Pero si el sacerdote lo examina y le parece que la mancha se debilitó después de ser lavada, la cortará de la ropa, del cuero, del tejido o de la trama.
၅၆သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​သည်​ထပ်​မံ​စစ် ဆေး​သည့်​အ​ခါ ဖား​ဥ​ကွက်​သည်​အ​ရောင်​ညှိုး သွား​ကြောင်း​ကို​တွေ့​ရှိ​ရ​လျှင် အ​ဝတ်​အ​ထည် သို့​မ​ဟုတ်​သား​ရေ​ထည်​ပစ္စည်း​မှ​ထို​အ​ကွက် ကို​ဆုတ်​ထုတ်​ရ​မည်။-
57 Pero si reaparece en la ropa, el tejido, la trama o en cualquier objeto de cuero, se esparce. Quemará al fuego aquello en lo cual está la infección.
၅၇ထို့​နောက်​ဖား​ဥ​ကွက်​တစ်​ဖန်​ပြန်​ပေါ်​လာ လျှင် ဖား​ဥ​ပြန့်​ပွား​လာ​ခြင်း​ကြောင့် ပိုင်​ရှင် သည်​ပစ္စည်း​ကို​မီး​ရှို့​ဖျက်​ဆီး​ရ​မည်။-
58 Pero si la ropa, el tejido, la trama o cualquier objeto de cuero que se lave y la mancha sea removida, entonces se lavará por segunda vez, y quedará limpio.
၅၈သူ​သည်​ပစ္စည်း​ကို​ဖွပ်​လျှော်​သ​ဖြင့်​ဖား​ဥ ကွက်​ပျောက်​လျှင် နောက်​တစ်​ကြိမ်​ထပ်​မံ​ဖွပ် လျှော်​ရ​မည်။ ထို့​နောက်​ပစ္စည်း​သည်​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​လိမ့်​မည်။
59 Esta es la Ley con respecto a la mancha de la lepra en una ropa de lana o de lino, bien sea en tejido o trama, o en cualquier objeto de cuero, para declararlo limpio o impuro.
၅၉ဤ​ပ​ညတ်​သည်​ကား သိုး​မွေး​အဝတ်​အ​ထည် သို့​မ​ဟုတ်​ပိတ်​ချော​အ​ဝတ်​အ​ထည်​တွင်​ဖြစ် စေ၊ သိုး​မွေး​အ​ထည်​စ၊ သို့​မ​ဟုတ်​ပိတ်​ချော အ​ထည်​စ​တွင်​ဖြစ်​စေ၊ သား​ရေ​ထည်​ပစ္စည်း တွင်​ဖြစ်​စေ၊ ဖား​ဥ​ကွက်​ပေါ်​ခြင်း​နှင့်​ဆိုင်​သော ပ​ညတ်​ဖြစ်​သ​တည်း။

< Levítico 13 >