< Jonás 1 >
1 La Palabra de Yavé vino a Jonás, hijo de Amitay:
၁အမိတ္တဲ ၏သား ယောန သို့ ရောက် လာသောထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား၊
2 Levántate y vé a Nínive, la gran ciudad, y proclama contra ella, porque su perversidad subió delante de Mí.
၂သင်ထ ၍ နိနေဝေ မြို့ ကြီး သို့ သွား ပြီးလျှင် ၊ ခြိမ်းချောက် သောစကားနှင့် ကြွေးကြော် လော့။ ထိုမြို့ပြုသောဒုစရိုက် အပြစ်သည် ငါ့ ရှေ့ သို့ တက် လာပြီဟု မိန့် တော်မူ၏။
3 Jonás se levantó para huir de la Presencia de Yavé a Tarsis. Después de bajar a Jope, halló una nave que partía a Tarsis. Pagó el precio y se embarcó para navegar con ellos a Tarsis, lejos de la Presencia de Yavé.
၃သို့သော်လည်း ၊ ယောန သည် ထာဝရဘုရား ထံ တော်မှ တာရှု မြို့သို့ ပြေး မည့် အကြံရှိသည်နှင့် ထ လျက် ယုပ္ပေ မြို့သို့သွား ၍ ရောက်သဖြင့် ၊ တာရှု မြို့သို့သွား သော သင်္ဘော ကို တွေ့ကြုံ ၍ သင်္ဘော ခ ကို ပေး ပြီးလျှင် ၊ ထာဝရဘုရား ထံ တော်မှ သင်္ဘောသား တို့နှင့်အတူ တာရှု မြို့သို့ လိုက် ခြင်းငှါ သင်္ဘော ကို စီး လေ၏။
4 Pero Yavé levantó un viento impetuoso en el mar, y hubo una tempestad tan grande que el barco estaba a punto de romperse.
၄ထာဝရဘုရား သည်လည်း ပြင်းစွာ သောလေ ကို ပင်လယ် ပေါ် သို့ စေလွှတ် တော်မူသဖြင့် ၊ ပင်လယ် ၌ ကြီးစွာ သော မိုဃ်းသက်မုန်တိုင်း ဖြစ် ၍ ၊ သင်္ဘော သည် ပျက် လုသောလက္ခဏာ ရှိ၏။
5 Los marineros tuvieron miedo y cada uno clamaba a su ʼelohim. Echaron la carga al mar para aligerar la nave. Pero Jonás bajó al fondo del barco, se acostó y dormía profundamente.
၅ထိုအခါ သင်္ဘောသား တို့သည် ကြောက်ရွံ့ ၍ အသီးအသီး မိမိ တို့ဘုရား ကို အော်ဟစ် ကြ၏။ သင်္ဘော ပေါ့ စေခြင်းငှါ ဝန် များကိုလည်း ပင်လယ် ထဲ သို့ ပစ်ချ ကြ ၏။ ယောန မူကား ၊ သင်္ဘော ဝမ်း ထဲ သို့ ဆင်း ၍ အိပ်ပျော် လျက်နေ၏။
6 Y el capitán del barco se acercó a él y le dijo: ¿Por qué duermes? ¡Levántate y clama a tu ʼElohim! Tal vez ʼElohim tenga compasión de nosotros, y no perezcamos.
၆သင်္ဘော သူကြီးသည် လာ ၍ ၊ အိုအိပ်ပျော် သောသူ ၊ အဘယ်သို့ နည်း။ ထ လော့။ သင် ၏ဘုရား ကို ဆုတောင်း လော့။ ငါတို့အသက် လွတ်စေခြင်းငှါထိုဘုရား သည် ငါ တို့ ကို အောက်မေ့ ကောင်း အောက်မေ့လိမ့်မည်ဟု ဆို ၏။
7 Luego cada uno dijo a su compañero: ¡Vengan, echemos suertes para saber por culpa de quién nos vino este mal! Echaron suertes, y la suerte cayó sobre Jonás.
၇နောက် တဖန် သူတို့က၊ လာ ကြ။ အဘယ်သူ ၏ အပြစ် ကြောင့် ဤ အမှုရောက်သည်ကို ငါတို့သိ ရမည်အကြောင်း စာရေးတံ ချ ကြကုန်အံ့ဟု တိုင်ပင် ၍ ၊ စာရေးတံ ချ လျှင် ယောန ၌ စာရေးတံ ကျ ၏။
8 Entonces le dijeron: ¡Decláranos por qué nos vino esta calamidad! ¿Qué oficio tienes y de dónde vienes? ¿Cuál es tu país? ¿De cuál pueblo eres?
၈တဖန် သူတို့က၊ အဘယ်အပြစ် ကြောင့် ဤ အမှု ရောက်သည် ကို ပြော ပါလော့။ သင် ဆောင်ရွက်သောအမှု ကား၊ အဘယ် အမှုနည်း။ သင်သည် အဘယ် အရပ်က လာ သနည်း။ အဘယ် ပြည် ၊ အဘယ် အမျိုးသား ဖြစ်သနည်း ဟု မေးမြန်း ကြသော်၊
9 Él respondió: Soy hebreo y temo a Yavé, el ʼElohim del cielo, Quien hizo el mar y la tierra seca.
၉ငါ သည် ဟေဗြဲ အမျိုးသားဖြစ်၏။ ရေ မြေ ကို ဖန်ဆင်း တော်မူ သောကောင်းကင် ဘုံ၏အရှင်ဘုရား သခင်ထာဝရဘုရား ကို ကိုးကွယ် သောသူဖြစ်၏ဟု ဆို လျှင် ၊
10 Entonces aquellos hombres tuvieron gran temor y le preguntaron: ¿Por qué hiciste esto? Porque los hombres entendieron que huía de la Presencia de Yavé, pues él se lo declaró.
၁၀ထိုသူတို့သည် အလွန် ကြောက်ရွံ့ ၍ ၊ သင်သည် အဘယ်ကြောင့် ဤ သို့ပြု သနည်းဟုမေး ကြ၏။ ယောန သည် ထာဝရဘုရား ထံ တော်မှ မိမိ ပြေး ကြောင်းကို ဘော်ပြ သောကြောင့် သူတို့သိ ကြ၏။
11 Y le preguntaron: ¿Qué te haremos para que se nos calme el mar? Porque el mar se embravecía más y más.
၁၁ထိုအခါ ပင်လယ် ၌ လှိုင်းတံပိုးသည် တိုး ၍ ထ သောကြောင့် သူတို့က၊ ငါ တို့၌ လှိုင်းတံပိုးငြိမ်း စေခြင်းငှါ သင့် ကို အဘယ်သို့ ပြု ရပါမည်နည်းဟုမေး ကြသော် ၊
12 Y él respondió: Levántenme y láncenme al mar, y se les calmará, pues yo sé que por mi causa les vino esta gran tempestad.
၁၂ငါ့ ကိုချီ ၍ ပင်လယ် ထဲ သို့ ချ ပစ်ကြလော့။ သို့ပြုလျှင် ၊ လှိုင်းတံပိုးသည် သင် တို့၌ ငြိမ်း လိမ့်မည်။ ဤ ပြင်းစွာ သော မိုဃ်းသက်မုန်တိုင်း သည် ငါ့ ကြောင့် သာ သင် တို့အပေါ် သို့ ရောက်သည်ကို ငါ သိ ၏ဟု ပြန်ပြော သော်လည်း ၊
13 Sin embargo, los hombres remaron duro para regresar a tierra, pero no pudieron porque el mar se volvía más tormentoso contra ellos.
၁၃သင်္ဘောသား တို့သည် ကမ်း သို့ ရောက် အံ့သောငှါ ပင်ပန်းစွာ တက် ခတ်ကြ၏။ သို့ရာတွင် ၊ သူ တို့တဘက် ၌ လှိုင်းတံပိုးတိုး ၍ ထ သောကြောင့် ၊ သူတို့သည် မ တတ်နိုင် သောအခါ ၊
14 Entonces clamaron a Yavé: ¡Oh Yavé, te rogamos que nosotros no perezcamos por la vida de este hombre, ni nos culpes de sangre inocente! ¡Porque tú, oh Yavé, hiciste lo que te agradó!
၁၄အို ထာဝရဘုရား ၊ အကျွန်ုပ်တို့သည် တောင်းပန် ပါ၏။ ဤ သူ ၏အသက် ကြောင့် အကျွန်ုပ်တို့သည် အကျိုး နည်း မ ဖြစ်ပါစေနှင့်။ အပြစ် မရှိသောသူ၏အသက် သတ် သောအပြစ်ကို အကျွန်ုပ် တို့၌ တင် တော်မ မူပါနှင့်။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အလို ရှိတော်မူသည် အတိုင်း ပြု တော်မူ၏ဟု ထာဝရဘုရား အား ကြွေးကြော် တောင်းပန် ပြီးမှ ၊
15 Levantaron a Jonás y lo lanzaron al mar. Y el mar detuvo su furia.
၁၅ယောန ကိုချီ ၍ ပင်လယ် ထဲ သို့ ချ ပစ်ကြ၏။ ထိုအခါ ပင်လယ် လှိုင်းတံပိုးသည် ငြိမ်း လေ၏။
16 Aquellos hombres temieron a Yavé con gran temor, ofrecieron sacrificio a Yavé e hicieron votos.
၁၆သင်္ဘောသား တို့သည်လည်း ထာဝရဘုရား ကို အလွန် ကြောက်ရွံ့ သဖြင့် ယဇ် ပူဇော် ၍ သစ္စာ ဂတိထားကြ ၏။
17 Yavé preparó un gran pez que tragara a Jonás. Y Jonás estuvo en el estómago del pez tres días y tres noches.
၁၇ယောန ကို မျို စေခြင်းငှါ ငါး ကြီး ကို ထာဝရဘုရား ခန့် ထားတော်မူသည်နှင့်အညီ ၊ ယောန သည် ငါး ၏ဝမ်း ထဲမှာ သုံး ရက် ပတ်လုံးနေ ရ၏။