< Juan 1 >
1 En un principio era el Verbo, y el Verbo estaba ante Dios, y el Verbo era Dios.
၁အစအဦး ၌ နှုတ်ကပတ် တော်ရှိ ၏။ နှုတ်ကပတ် တော်သည် ဘုရားသခင် နှင့်အတူ ရှိ ၏။ နှုတ်ကပတ် တော် သည်လည်း ဘုရားသခင် ဖြစ် တော်မူ၏။
2 Él estaba en [el] principio con Dios.
၂ထိုနှုတ်ကပတ် တော်သည် အစအဦး ၌ ဘုရားသခင် နှင့်အတူ ရှိ ၏။
3 Todas las cosas fueron hechas por el [Verbo], y sin Él nada de lo hecho fue hecho.
၃နှုတ်ကပတ်တော်သည် ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်း တော်မူ၏။ ဖန်ဆင်း တော်မူခြင်းနှင့် ကင်းလွတ် လျက်ဖြစ် သော အရာတစ်စုံတစ်ခု မျှ မရှိ။
4 En Él había Vida, y la Vida era la Luz de los hombres.
၄ထိုနှုတ်ကပတ် တော်၌ အသက် ရှိ ၏။ ထိုအသက် သည်လည်း လူ တို့၏အလင်း ဖြစ် ၏။
5 La Luz resplandece en la oscuridad, y la oscuridad no la apagó.
၅ထိုအလင်း သည် မှောင်မိုက် ၌ လင်း ၍ မှောင်မိုက် သည် မ ခံ မယူ။
6 Vino un hombre enviado por Dios llamado Juan
၆ယောဟန် အမည် ရှိသော သူ တစ်ယောက်ကို ဘုရားသခင် စေလွှတ် တော်မူ၏။
7 a dar testimonio de la Luz, para que todos creyeran por medio de él.
၇ထိုသူ ကိုလူအပေါင်း တို့သည် အမှီပြု ၍ယုံကြည် ခြင်းသို့ ရောက်မည်အကြောင်း ထိုသူ သည် သက်သေခံ ဖြစ်၍၊ အလင်း တော်၏အကြောင်း ကိုသက်သေခံ ခြင်းငှာ လာ ၏။
8 [Juan] no era la Luz, sino [vino] a dar testimonio de la Luz.
၈ထိုသူ သည် အလင်း တော်မ ဟုတ် ။ အလင်း တော်၏အကြောင်း ကို သက်သေခံ ခြင်းငှာ သာ လာ၏။
9 La Luz verdadera que alumbra a todo hombre venía al mundo.
၉ဟုတ်မှန် သောအလင်း မူကား၊ ဤလောက သို့ ကြွလာ လျက် ခပ်သိမ်း သောလူ အပေါင်းတို့အား အလင်း ကို ပေးသော သူဖြစ် သတည်း။
10 Estaba en el mundo, y el mundo fue hecho por Él, pero el mundo no lo conoció.
၁၀ထိုသူသည်ဤလောက ၌ ရှိ တော်မူပြီ။ ဤလောက ကိုလည်း ဖန်ဆင်း တော်မူပြီ။ သို့သော်လည်း ဤလောက သည် ထိုသူ ကိုမ သိ ။
11 A lo suyo vino, y los suyos no lo recibieron.
၁၁သူသည်မိမိ ဒေသအရပ်သို့ ကြွလာ သော်လည်း၊ မိမိ လူမျိုးတို့သည် သူ့ ကိုလက် မ ခံဘဲနေကြ၏။
12 Pero a los que creen en su Nombre, los que lo recibieron, les dio potestad de ser hijos de Dios,
၁၂ထိုသူ ကိုလက်ခံ သမျှ သောသူတည်းဟူသောကိုယ်တော် ကို ယုံကြည် သောသူ တို့အား၊ ဘုရားသခင် ၏ သား ဖြစ် ရသောအခွင့် ကို ပေး တော်မူ၏။
13 quienes no nacieron de sangres, ni de voluntad corporal, ni de voluntad de hombre, sino de Dios.
၁၃ထိုသား တို့မူကား၊ လူမျိုး နှင့်စပ်ဆိုင် ၍ ဘွားသောသားမ ဟုတ်။ မေထုန် သံဝါသအားဖြင့် ဘွားသော သားမ ဟုတ်။ လူ့ အလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွား တော်မူသောသားဖြစ်သတည်း။
14 El Verbo se encarnó y vivió entre nosotros. Contemplamos la gloria del Unigénito del Padre, lleno de gracia y verdad.
၁၄နှုတ်ကပတ် တော်သည်လည်း လူ့ ဇာတိအဖြစ် ကို ခံယူ၍၊ ကျေးဇူး တော်နှင့် ၎င်း၊ သစ္စာ တော်နှင့်၎င်း ပြည့်စုံ လျက် ငါ တို့တွင် တည်နေ တော်မူသည်ဖြစ်၍၊ ခမည်းတော် ၌ တစ်ပါးတည်း သောသားတော်၏ ဘုန်း ကဲ့သို့ သူ ၏ဘုန်း တော်ကို ငါတို့သည် မြင် ရကြပြီ။
15 Juan testificó acerca de Él y clamó: Éste es de Quien yo decía: El que viene detrás de mí es antes de mí, porque era primero que yo.
၁၅ယောဟန် သည် ထိုသခင် ၏အကြောင်း ကို သက်သေခံ ၍ ကြွေးကြော် သည်ကား၊ ငါ့ နောက် ကြွလာ သောသူ သည် ငါ မ ရှိမှီရှိ နှင့်သည်ဖြစ် ၍၊ ငါ့ ထက်သာ၍ ကြီးမြတ်သည်ဟု ငါဆိုရာ၌၊ ထိုသူ ကိုဆိုလို သည်ဟု သက်သေခံလေ၏။
16 De su plenitud recibimos todos, es decir, gracia sobre gracia.
၁၆ထိုသူ ၏ပြည့်စုံ ခြင်းမှ လည်းကျေးဇူး တစ်ပါး၌ ထပ်ဆင့် ၍ ကျေးဇူး တစ်ပါးကိုငါ တို့ရှိသမျှ သည်ခံရ ကြပြီ။
17 La Ley fue dada por medio de Moisés. La gracia y la verdad fueron constituidas por medio de Jesucristo.
၁၇အကြောင်းမူကား ၊ ပညတ် တရားတော်ကို မောရှေ လက်တွင်ပေး တော်မူ၏။ ကျေးဇူး တရားနှင့် သစ္စာ တရားမူကား ယေရှု ခရစ် အားဖြင့် ဖြစ် သတည်း။
18 Nadie vio jamás a Dios. El Unigénito Dios, Quien está en el seno del Padre, Él se dio a conocer.
၁၈ဘုရားသခင် ကို အဘယ်သူ မျှ မမြင် စဖူး သော်လည်း၊ ခမည်းတော် ၏ရင်ခွင် ၌ ရှိ သော တစ်ပါးတည်း သောသားတော်သည် ဘုရားသခင် ကို ထင်ရှား စေတော်မူပြီ။
19 Éste es el testimonio de Juan cuando los judíos de Jerusalén le enviaron unos sacerdotes y levitas para que le preguntaran: ¿Tú quién eres?
၁၉ယုဒ လူတို့က၊ သင် သည်အဘယ်သူ နည်းဟု ယောဟန် ကိုမေးမြန်း စေခြင်းငှာ ယဇ် ပုရောဟိတ်နှင့် လေဝိ လူတို့ကို ယေရုရှလင် မြို့မှ စေလွှတ် သောအခါ ၊ ယောဟန် သည် သက်သေခံ လေသည်မှာ၊
20 [Juan] dijo con claridad: Yo no soy el Cristo.
၂၀ငါ သည် ခရစ်တော် မ ဟုတ် ဟု ထိမ်ဝှက် ခြင်းမ ရှိ။ အတည့်အလင်းပြောဆို ၏။
21 Y le preguntaron: ¿Quién eres? ¿Eres tú Elías? Y contestó: No soy. ¿Eres el Profeta? Y respondió: No.
၂၁ထိုသူ တို့ကလည်း ၊ သို့ဖြစ်လျှင် သင် သည်အဘယ်သူ နည်း။ ဧလိယ ဖြစ် သလောဟု မေးမြန်း ပြန်၏။ ယောဟန်က၊ ငါ သည် ဧလိယမ ဟုတ်ဟုဆို ၏။ ဤမည်သောပရောဖက် ဖြစ် သလောဟု မေးပြန်လျှင်၊ မ ဟုတ်ဟု ဆို ပြန်၏။
22 Entonces le preguntaron: ¿Quién eres? Para que demos respuesta a los que nos enviaron. ¿Qué dices con respecto a ti mismo?
၂၂ထိုသူတို့ကလည်း ၊ သင်သည်အဘယ်သူ နည်း။ ငါ တို့ကိုစေလွှတ် သောသူ တို့အား ပြန်လျှောက် စရာ ရှိ စေခြင်းငှာ ၊ သင်သည်ကိုယ် ကို အဘယ်သို့ ဆို သနည်းဟု မေး ပြန်ကြ၏။
23 Él dijo: Yo soy una voz que clama en el desierto: Enderecen el camino del Señor, como dijo el profeta Isaías.
၂၃ယောဟန်ကလည်း၊ ငါ သည်ပရောဖက် ဟေရှာယ ဟောပြော သည်နှင့်အညီ ၊ ထာဝရ ဘုရား၏ လမ်းခရီး တော်ကို ဖြောင့် စေကြလော့ဟု တော ၌ ဟစ်ကြော် သောသူ၏အသံ ဖြစ်သည်ဟု ဆို ၏။
24 Unos enviados eran de los fariseos.
၂၄အစေခံ သောသူတို့ကား၊ ဖာရိရှဲ ဖြစ် ကြသတည်း။
25 Le preguntaron: Si tú no eres el Cristo, ni Elías, ni el Profeta ¿por qué bautizas?
၂၅ထိုသူတို့ကလည်း ၊ သင် သည် ခရစ်တော် မ ဟုတ် ၊ ဧလိယ မ ဟုတ်၊ ဤမည်သောပရောဖက် မ ဟုတ်သည် မှန်လျှင် အဘယ်ကြောင့် ဗတ္တိဇံ ကိုပေးသနည်းဟု မေး ပြန်ကြ၏။
26 Juan les respondió: Yo bautizo con agua. Entre ustedes está Alguien a Quien ustedes no conocen,
၂၆ယောဟန် ကလည်း၊ ငါ သည်ရေ ၌ ဗတ္တိဇံ ကိုပေး၏။ သင် တို့အလယ် ၌သင် တို့မ သိ သော သူတစ်ယောက် ရှိ၏။
27 el que viene después de mí, de Quien no soy digno de desatar la correa de su sandalia.
၂၇ထိုသူ သည်ငါ့ နောက် ကြွလာ သော်လည်းငါ့ထက်သာ၍ကြီးမြတ်၏။ ထိုသူ ၏ခြေနင်း တော်ကြိုး ကိုမျှ ဖြည် ခြင်းငှာ ငါ မ ထိုက် ဟုပြန်ပြော ၏။
28 Esto ocurrió en Betania, al otro lado del Jordán, donde Juan bautizaba.
၂၈ယောဟန် သည်ဗတ္တိဇံ ကိုပေးရာ အရပ် ၊ ယော်ဒန် မြစ်တစ်ဘက် ဗေသနိ ရွာ၌ ဤအမှုအရာဖြစ် သတည်း။
29 El día siguiente [Juan] vio a Jesús que iba hacia él, y dijo: ¡Ahí está el Cordero de Dios, Quien quita el pecado del mundo!
၂၉နက်ဖြန် နေ့၌ယေရှု ကြွလာ တော်မူသည်ကို ယောဟန်သည်မြင် လျှင်၊ ဤလောက ၏အပြစ် ကို ဆောင်သွား သော ဘုရားသခင် ၏ သိုးသငယ် ကိုကြည့် လော့။
30 De Él dije: Después de mí viene un Hombre que está adelante de mí, porque era primero que yo.
၃၀ငါ မ ရှိမှီရှိ နှင့်သည်ဖြစ်၍ ၊ ငါ့ ထက်သာ၍ကြီးမြတ်သောသူ သည်ငါ့ နောက် ကြွလာ သည်ဟု ငါ ဆို ရာ၌၊ ထိုသူ ကိုဆိုလို ၏။
31 Yo no lo reconocía [como el Cristo], pero vine a bautizar en agua para que [Él] se manifestara a Israel.
၃၁အစကထိုသူ ကိုငါ မ သိ ။ သို့သော်လည်း ထိုသူကို ဣသရေလ လူတို့အား ထင်ရှား စေခြင်းငှာ ငါ သည် ရေ ၌ ဗတ္တိဇံ ကိုပေးလျက်လာ ၏။
32 Juan dio testimonio: Contemplé al Espíritu que descendió del cielo como paloma y se posó sobre Él.
၃၂ထိုမှတစ်ပါး ဝိညာဉ် တော်သည်ကောင်းကင် မှ ချိုးငှက် ကဲ့သို့ ဆင်းသက် ၍ ထိုသူ ၏အပေါ် ၌နား တော်မူသည်ကို ငါမြင် ရပြီ။
33 Yo no lo conocía, pero el que me envió a bautizar con agua me dijo: El que bautiza con el Espíritu Santo es Aquel sobre Quien veas que desciende el Espíritu y se posa sobre Él.
၃၃အစကထို သူကိုငါ မ သိ ။ ရေ ၌ ဗတ္တိဇံ ကိုပေးစေခြင်းငှာငါ့ ကိုစေလွှတ် တော်မူသောသူ က၊ အကြင်သူ ၏ အပေါ် ၌ဝိညာဉ် တော်ဆင်းသက် ၍ နား တော်မူသည်ကို သင်သည်မြင် လျှင်၊ ထို သူကားသန့်ရှင်း သော ဝိညာဉ် တော်၌ ဗတ္တိဇံ ကိုပေးသောသူ ပေတည်းဟု မိန့် တော်မူသည်နှင့်အညီ။
34 Yo [lo] miré y di testimonio que Éste es el Hijo de Dios.
၃၄ငါ သည်မြင် ၍ ဤသူ သည် ဘုရားသခင် ၏ သား တော်ဖြစ် တော်မူကြောင်း ကို သက်သေခံ သည်ဟု ယောဟန် ဆို လေ၏။
35 El día siguiente otra vez Juan estaba con dos de sus discípulos.
၃၅တစ်ဖန် ယောဟန် သည် နက်ဖြန် နေ့၌ တပည့် နှစ် ယောက်တို့နှင့်အတူရပ် နေ၍၊
36 Vieron que Jesús pasaba y dijo: Ahí está el Cordero de Dios.
၃၆ယေရှု ကြွ တော်မူသည်ကိုမြင် လျှင် ၊ ဘုရားသခင် ၏ သိုးသငယ် ကို ကြည့် လော့ဟုဆို ၏။
37 Sus dos discípulos oyeron [lo] que [Juan] dijo y siguieron a Jesús.
၃၇တပည့် နှစ် ယောက်တို့သည် ထိုစကား ကိုကြား လျှင် ၊ ယေရှု နောက်တော်သို့ လိုက် ကြ၏။
38 Jesús dio vuelta y vio que lo seguían. Entonces les preguntó: ¿Qué buscan? Ellos le preguntaron: Rabí, que significa Maestro, ¿dónde te hospedas?
၃၈ယေရှု သည်လှည့် ၍ ထိုသူ တို့ လိုက် ကြသည်ကိုမြင် တော်မူလျှင်၊ အဘယ် အလိုရှိ သနည်း ဟု မေး တော်မူ၏။ ထိုသူ တို့က၊ ရဗ္ဗိ ၊ ကိုယ်တော် သည် အဘယ်မှာ နေ တော်မူသနည်းဟု မေးလျှောက် ကြ၏။ ရဗ္ဗိ၊ အနက် ကား၊ အရှင် ဘုရားဟု ဆိုလို သတည်း။
39 Él les respondió: Vengan y vean. Fueron y vieron dónde se hospedaba y aquel día se quedaron con Él. Eran como las cuatro de la tarde.
၃၉ယေရှုကလည်း လာ ၍ ကြည့် ကြလော့ ဟု မိန့် တော်မူ၏။ ထို သူတို့သည်သွား၍ နေ တော်မူရာအရပ် ကို ကြည့် ကြ၏။ ထိုအချိန် သည် ဆယ် နာရီအချိန်ဖြစ် ၍ မိုဃ်းချုပ် သည်တိုင်အောင်အထံ တော်၌နေ ကြ၏။
40 Uno de los dos que oyeron a Juan y siguieron a [Jesús] era Andrés, el hermano de Simón Pedro.
၄၀ယောဟန် ၏စကား ကိုကြား၍ နောက် တော်သို့ လိုက်သောသူနှစ် ယောက်တို့တွင် တစ်ယောက်ကား ရှိမုန် ပေတရု ညီ အန္ဒြေ ပေတည်း။
41 Éste halló primero a su hermano Simón y le dijo: Hallamos al Mesías, que significa Cristo.
၄၁ထိုသူ သည် မိမိ အစ်ကို ရှိမုန် ကို ရှေးဦးစွာ တွေ့ လျှင် ၊ ငါတို့သည် မေရှိ ကိုတွေ့ ကြပြီဟု ပြောဆို လျက်၊
42 Lo llevó a Jesús, Quien lo miró fijamente y [le] dijo: Tú eres Simón hijo de Juan. Tú serás llamado Cefas, que significa Pedro.
၄၂သူ့ ကိုယေရှု ထံသို့ ပို့ဆောင် လေ၏။ မေရှိအနက် ကား ခရစ်တော် ဟုဆိုလို သတည်း။ ယေရှု သည် ထို သူ ကိုကြည့်ရှု ၍၊ သင် သည်ယောန ၏သား ရှိမုန် ဖြစ် ၏ ကေဖ အမည် သစ်ကို ရလတံ့ ဟုမိန့် တော်မူ၏၊ ကေဖ အနက် ကား ပေတရု ဟုဆိုလိုသတည်း။
43 Jesús quiso ir a Galilea. Halló a Felipe y le dijo: Sígueme.
၄၃နက်ဖြန် နေ့၌ ဂါလိလဲ ပြည်သို့ ကြွ ခြင်းငှာအလို တော်ရှိလျှင် ဖိလိပ္ပု ကိုတွေ့ ၍ ၊ ငါ့ နောက် သို့ လိုက်လော့ ဟု မိန့် တော်မူ၏။
44 Felipe era de Betsaida, la ciudad de Andrés y Pedro.
၄၄ဖိလိပ္ပု ကား၊ အန္ဒြေ နှင့် ပေတရု မွေးဘွားရာ ဗက်ဇဲဒ မြို့မှ လာသောသူဖြစ် သတည်း။
45 Felipe se encontró con Natanael y le dijo: Hallamos a Aquél de Quien Moisés escribió en la Ley y [también] los profetas: a Jesús, Hijo de José de Nazaret.
၄၅ဖိလိပ္ပု သည်နာသနေလ ကိုတွေ့ လျှင် ၊ မောရှေ သည် ပညတ္တိ ကျမ်း၌ ၎င်း၊ ပရောဖက် တို့သည် သူတို့ ကျမ်း ၌၎င်း အကြောင်းပြု ၍ ရေး ထားသောသူ ၊ နာဇရက် မြို့သား ဖြစ်သော ယောသပ် ၏သား ယေရှု ကို ငါတို့သည် တွေ့ ကြပြီဟုဆို ၏။
46 Natanael le preguntó: ¿De Nazaret puede salir algo bueno? Felipe le respondió: Ven y ve.
၄၆နာသနေလ ကလည်း ၊ နာဇရက် မြို့ထဲက ကောင်း သောအရာတစ်စုံတစ်ခု မျှ ထွက် နိုင် သလောဟုမေး လျှင်၊ ဖိလိပ္ပု က၊ လာ ၍ ကြည့် ပါဟုဆို ၏။
47 Jesús vio a Natanael quien se acercaba y dijo con respecto a él: ¡Ahí está un verdadero israelita en quien no hay engaño!
၄၇နာသနေလ လာ သည်ကို ယေရှု သည် မြင် တော်မူလျှင်၊ လှည့်စား ခြင်းအပြစ်နှင့်ကင်းလွတ် သော ဣသရေလ လူစစ် ကိုကြည့် လော့ ဟု ထိုသူ ကိုအမှတ် ပြု၍ မိန့် တော်မူ၏။
48 Natanael le preguntó: ¿Cómo me conoces? Jesús respondió: Antes que Felipe [te] llamara, cuando estabas debajo de la higuera, [te] vi.
၄၈နာသနေလ ကလည်း၊ ကိုယ်တော်သည် အဘယ်သို့ သောအားဖြင့်အကျွန်ုပ် ကို သိ တော်မူသနည်းဟု မေးလျှောက် သော်၊ ယေရှု က၊ ဖိလိပ္ပု သည် သင့် ကိုမ ခေါ် မှီ၊ သင် သည် သင်္ဘောသဖန်း ပင်အောက် ၌ရှိ သည်ကို ငါ မြင်သည် ဟု ပြန် ၍မိန့်တော်မူလျှင်၊
49 Natanael le respondió: ¡Maestro, Tú eres el Hijo de Dios! ¡Tú eres [el] Rey de Israel!
၄၉အရှင် ဘုရား၊ ကိုယ်တော် သည် ဘုရားသခင် ၏သား တော်ဖြစ် တော်မူ၏၊ ဣသရေလ လူတို့၏ ရှင်ဘုရင် လည်းဖြစ် တော်မူ၏ဟု နာသနေလ လျှောက် လေ၏။
50 Jesús respondió: Porque te dije que te vi debajo de la higuera, ¿crees? Verás cosas mayores que éstas.
၅၀တစ်ဖန် ယေရှု က၊ သင်္ဘောသဖန်း ပင်အောက် ၌ သင့် ကိုငါ မြင်သည် ဟုဆို သောကြောင့် ယုံ သလော။ ထိုမျှမက သင်သည် သာ၍ ကြီးစွာ သောအကြောင်း အရာကို မြင် လတံ့။
51 En verdad, en verdad les digo: [Ustedes verán] el cielo abierto, y a los ángeles de Dios que ascienden y descienden sobre el Hijo del Hombre.
၅၁သင် တို့အား ငါအမှန်အကန် ဆို သည်ကား၊ နောင်ကာလ၌ ကောင်းကင် ဖွင့်လှစ် သည်ကို၎င်း ၊ ဘုရားသခင် ၏ ကောင်းကင် တမန်တို့သည် လူ သား ၏အပေါ် ၌ဆင်း လျက်တက် လျက်ရှိနေသည်ကို၎င်း ၊ သင်တို့ သည် မြင် ရကြလတံ့ ဟု မိန့် တော်မူ၏။