< Isaías 1 >
1 Visión de Isaías, hijo de Amoz, que vio con respecto a Judá y Jerusalén en días de Uzías, Jotam, Acaz y Ezequías, reyes de Judá.
၁ယုဒ ရှင်ဘုရင် ဩဇိ မင်း၊ ယောသံ မင်း၊ အာခတ် မင်း၊ ဟေဇကိ မင်းတို့ လက်ထက် ၌ ၊ အာမုတ် ၏သား ဟေရှာယ သည် ယေရုရှလင် မြို့မှစ၍ ၊ ယုဒ ပြည်နှင့်ဆိုင် သော ဗျာဒိတ် တော်ကိုခံရ သည်မှာ၊
2 ¡Oye, cielo, y escucha tú, tierra, porque habla Yavé! Crié hijos y los desarrollé, pero ellos se rebelaron contra Mí.
၂ထာဝရဘုရား မိန့် တော်မူသည်ဖြစ်၍ ၊ အို ကောင်းကင် ၊ ကြား လော့။ အိုမြေကြီး ၊ နားထောင် လော့။ မိန့်တော်မူချက်ဟူမူကား၊ ငါ ကျွေးမွေးပြုစုသော သားသမီး တို့သည် ငါ့ ကို ပုန်ကန် ကြပြီ။
3 El buey conoce a su dueño, y el asno el pesebre de su amo, pero Israel no me conoce. Mi pueblo no tiene entendimiento.
၃နွား သော်လည်းမိမိ အရှင် ကိုသိ ၏။ မြည်း သော်လည်း မိမိ သခင် ၏ မြည်းဇောင်း ကို သိ၏။ ဣသရေလ အမျိုးသားတို့မူကား၊ ငါ့ကိုမ သိ ကြ။ ငါ ၏လူမျိုး မူကား၊ မ ဆင်ခြင် တတ်ပါတကား။
4 ¡Oh gente pecadora, pueblo cargado de iniquidad, generación de perversos, hijos depravados! Abandonaron a Yavé, despreciaron al Santo de Israel, se volvieron atrás.
၄ဆိုးယုတ် သောအမျိုး ၊ ဒုစရိုက် ဝန်ကို ထမ်းရွက် သော လူစု ၊ မတရား သဖြင့်ပြုသောအနွှယ် ၊ ဖောက်ပြန် သော သားသမီး ပါတကား။ ထာဝရဘုရား ကို စွန့် ကြပြီ။ ဣသရေလ အမျိုး၏ သန့်ရှင်း သောဘုရားကို မရိုမသေပြု၍ ပယ် ကြပြီ။ ကျော ခိုင်း၍ ခွာသွား ကြပြီ။
5 ¿Por qué aún quieren ser castigados? ¿Aún se rebelarán? Toda la cabeza está enferma, y el corazón doliente.
၅သူတို့ကိုအဘယ်သို့ ဒဏ် ပေးရဦးမည်နည်း။ အဘယ်သို့ထပ်၍ဆုံးမရဦးမည်နည်း။ ဦးခေါင်း သည် အနာ သက်သက်ရှိ၏။ နှလုံး သည်လည်း ခွန်အား အလျှင်း မရှိ။
6 Desde la planta del pie hasta la cabeza nada hay sano, sino golpes, contusiones, y heridas supurantes. No fueron drenadas, ni vendadas, ni aliviadas con ungüento.
၆ခြေ ဘဝါး မှသည် ဦးခေါင်း တိုင်အောင် ကျန်းမာ ခြင်းမရှိ။ စုတ်ရှ သောအနာ ၊ ထိခိုက်၍ရောင်သောအနာ၊ ရိယွဲသော အနာ သက်သက်ရှိ၏။ ထိုအနာများကို မနှိပ် မ နယ်ရ။ အဝတ်နှင့်မ စည်း ရ။ ဘယောင်းဆီ နှင့် မ ပြော့ စေရသေး။
7 Su tierra está asolada, sus ciudades incendiadas, su suelo devorado por extranjeros en presencia de ustedes, asolada como con desolación de extraños.
၇သင် တို့ပြည် သည် လူဆိတ်ညံ လျက်ရှိ၏။ သင် တို့မြို့ များကို မီးလောင် ပြီ။ သင် တို့မြေ ကိုလည်း တကျွန်း တနိုင်ငံသားတို့သည် သင် တို့မျက်မှောက် ၌ စား ကြ၏။ ရန်သူ ဖျက် ပြီးသကဲ့သို့ ၊ လူဆိတ်ညံ လျက်ရှိ၏။
8 La hija de Sion quedó como cobertizo de viñedo, como choza de melonar, como ciudad sitiada.
၈ဇိအုန် သတို့သမီး သည်လည်း ၊ စပျစ် ဥယျာဉ်၌ တဲ ကဲ့သို့ ၎င်း၊ သခွါး တောင်ယာ၌ လင့်စင် ကဲ့သို့ ၎င်း၊ ရန်သူဝိုင်း သောမြို့ ကဲ့သို့ ၎င်း ကျန်ရစ် လေ၏။
9 Si Yavé de las huestes no nos hubiera dejado un pequeño remanente, seríamos como Sodoma, semejantes a Gomorra.
၉ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရားသည် ငါ တို့ ၌ အနည်းငယ် မျှ ကြွင်း စေတော်မ မူလျှင်၊ ငါတို့သည် သောဒုံ မြို့ကဲ့သို့ ဖြစ် ၍ဂေါမောရ မြို့နှင့် တူ ကြပြီ။
10 ¡Escuchen la Palabra de Yavé, gobernantes de Sodoma! ¡Escuchen la Ley de nuestro ʼElohim, pueblo de Gomorra!
၁၀သောဒုံ မြို့ကို အစိုးရသောမင်း တို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ကြား ကြလော့။ ဂေါမောရ မြို့သား တို့၊ ငါ တို့ဘုရား သခင်၏ တရား တော်ကို နားထောင် ကြလော့။
11 ¿De qué me sirve, dice Yavé, la multitud de sus sacrificios? Estoy harto de holocaustos de carneros y de grasa de ganado gordo. No quiero sangre de becerros, ni de corderos, ni de machos cabríos.
၁၁ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် တို့ပူဇော်သော ယဇ် များကို ငါ သည်အဘယ်သို့ ဆိုင်သနည်း။ မီးရှို့၍ ပူဇော် သောသိုး ကောင်၊ ဆူဖြိုးအောင်ကျွေးသော တိရစ္ဆာန် တို့၏ ဆီဥ နှင့် ငါဝ ပြီ။ နွား နှင့် သိုးသငယ် ၊ ဆိတ် တို့၏အသွေး ကို ငါမ နှစ်သက်။
12 ¿Quién demanda esto de sus manos cuando los presentan ante Mí y pisotean mis patios?
၁၂သင်တို့သည် ငါ ရှေ့ မှာ မျက်နှာပြ ခြင်းငှါ လာ ကြ သောအခါ ၊ ငါ့ တန်တိုင်း တော်ကို ကျော်နင်း သောသင် တို့၌ ထိုသို့ သော ဝတ်ကို အဘယ်သူ တောင်း သနည်း။
13 No sigan presentando ofrendas vanas. El incienso me es repugnancia, también las nuevas lunas, los sábados y el convocar asamblea. ¡No tolero la iniquidad junto con la Asamblea Solemne!
၁၃အချည်းနှီး သော ပူဇော် သက္ကာကို နောက်တဖန် မ ဆောင် ခဲ့ကြနှင့်။ သင်တို့မီးရှို့သောနံ့သာ ပေါင်းကို ငါ ရွံရှာ ၏။ လဆန်း နေ့၊ ဥပုသ် နေ့၊ ပရိသတ်စည်းဝေး သောနေ့ ကိုလည်း ရွံရှာ၏။ အဓမ္မ အမှုနှင့်ရောနှောသော ဓမ္မစည်းဝေး ခြင်းတို့ကို သည်းမ ခံ နိုင်။
14 Mi alma aborrece sus nuevas lunas y sus solemnidades. Me son molestas. Estoy cansado de soportarlas.
၁၄ငါ့ ဝိညာဉ် သည် သင် တို့လဆန်း နေ့များနှင့် ၊ သင် တို့ပွဲ များကို မုန်း ၏။ ငါ့ ကို နှောက်ရှက် စရာဖြစ် ၏။ သည်းခံ ခြင်းအားဖြင့်ငါပင်ပန်း ၏။
15 Cuando extiendan sus manos, esconderé de ustedes mi Presencia. Y aunque multipliquen sus oraciones, no escucharé. Sus manos están llenas de sangre.
၁၅သင် တို့သည်လက်ဝါး တို့ကို ဖြန့် ကြသောအခါ ၊ ငါသည်မျက်စိ ကိုလွှဲ မည်။ များ စွာသော ပဌနာ ကို ပြုကြသောအခါ ၊ ငါ သည်နား မ ထောင်။ သင် တို့လက် တို့ သည် အသွေး နှင့် ပြည့် ကြ၏။
16 Lávense, purifíquense, y quiten de mi vista la maldad de sus obras. Dejen de hacer el mal.
၁၆ကိုယ်ကိုကိုယ်ဆေးကြော ကြလော့။ ကိုယ်ကို ကိုယ်စင်ကြယ် စေကြလော့။ သင် တို့ဒုစရိုက် များကို ငါ့ မျက်မှောက် မှ ပယ်ရှား ကြလော့။ မကောင်း သောအကျင့် ကို ဖြတ် ကြလော့။
17 Aprendan a hacer lo bueno, busquen la justicia. Reprendan al opresor, defiendan al huérfano, aboguen por la viuda.
၁၇ကောင်း သောအကျင့်ကို ကျင့်အံ့သောငှါသင် ကြလော့။ တရား သဖြင့် ပြုခြင်းငှါ ရှာကြံ ကြလော့။ ကောက်သောအရာကို ဖြောင့်စေကြလော့။ မိဘ မရှိသောသူတို့ အဘို့ တရား သဖြင့် စီရင်ကြလော့။ မုဆိုးမ တို့၏အမှုကို စောင့် ကြလော့။
18 Vengan luego y razonemos juntos, dice Yavé. Aunque sus pecados sean como la grana, como la nieve serán emblanquecidos. Aunque sean rojos como el carmesí, serán como lana blanca.
၁၈ထာဝရဘုရား မိန့် တော်မူသည်ကား၊ လာ ကြ။ တရားစီရင် ကြကုန်အံ့။ သင် တို့အပြစ် သည် နီ သော အဆင်းရှိသော်လည်း ၊ မိုဃ်းပွင့် ကဲ့သို့ ဖြူ လိမ့်မည်။ ကတ္တီပါ နီနှင့်အမျှ နီ သော်လည်း ၊ သိုးမွေး ကဲ့သို့ ဖြစ် လိမ့်မည်။
19 Si ustedes quieren y obedecen, comerán lo bueno de la tierra.
၁၉သင်တို့သည် ကြည်ညို နားထောင် လျှင် ၊ မြေ အသီးအနှံ ကို စားရ ကြလိမ့်မည်။
20 Pero si rehúsan y se rebelan, la espada los devorará, porque lo dijo la boca de Yavé.
၂၀သို့မဟုတ် ၊ ငြင်းဆန် ပုန်ကန် လျှင် ထား လက်နက်ဖြင့် ဆုံး ရကြလိမ့်မည်ဟု၊ ထာဝရဘုရား ၏ နှုတ် တော်ထွက်အမိန့် တော်ရှိ၏။
21 ¡Cómo se convirtió en prostituta la Ciudad Fiel! Estuvo llena de equidad y en ella vivía la justicia. Pero ahora viven los asesinos.
၂၁သစ္စာ ရှိသောမြို့ သည် အဘယ်သို့ မျောက်မထား ပြန်သနည်း။ အထက်က ဖြောင့်မတ် စွာ စီရင်ခြင်းနှင့်ပြည့် ၏။ တရား သည် သူ ၏အထဲ မှာ နေရာ ကျ၏။ ယခု မူကား ၊ လူအသက်ကိုသတ် သောသူတို့သည် နေရာ ကျကြ၏။
22 Tu plata se volvió escoria. Tu vino está mezclado con agua.
၂၂သင် ၏ ငွေ သည်လည်းချော် ဖြစ် လေပြီ။ သင် ၏ စပျစ်ရည် သည် ရေ နှင့် ရော လျက်ရှိ၏။
23 Tus gobernantes son rebeldes y cómplices de ladrones. Todos aman el soborno y corren tras las dádivas. No hacen justicia al huérfano ni llega a ellos la causa de la viuda.
၂၃သင် ၏မင်း တို့သည် ပုန်ကန် ကြပြီ။ သူခိုး လက်ခံ ဖြစ်ကြပြီ။ ထိုမင်းအပေါင်း တို့သည် လက်ဆောင် ကို အလို ရှိကြ၏။ တံစိုး ကိုစား ကြ၏။ မိဘ မရှိသောသူတို့ အဘို့ တရားမ စီရင် ကြ။ မုတ်ဆိုးမ အမှု ကို နား မ ထောင်ကြ။
24 Por tanto, ʼAdonay Yavé de las huestes, el Fuerte de Israel, dice: ¡Ah, tomaré satisfacción de mis enemigos! ¡Me vengaré de mis enemigos!
၂၄ထိုကြောင့်၊ ဣသရေလ အမျိုး၌ တန်ခိုးကြီး သောဘုရား၊ ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အဲ ၊ ငါ့ တဘက် ၌ နေသောသူတို့ ကို ပယ်ရှားပြီးမှငါချင်ရဲ ပြေမည်။ ကိုယ်အဘို့ကို စောင့်၍ ငါ့ ရန်သူ တို့ကို အပြစ်နှင့် အလျောက်စီရင် မည်။
25 Volveré mi mano contra ti. Purificaré totalmente tus escorias y quitaré toda tu impureza.
၂၅သင့် ကို လည်း ငါ ကိုင် ယူပြီးလျှင် ၊ ချော် နှင့် ရှင်းရှင်းကင်းစင် စေ၍ သင် ၏ကြေး ဖြူရှိသမျှ ကိုလည်း ပယ်ရှား မည်။
26 Restauraré tus jueces como al principio y tus consejeros, como los de antaño. Entonces te llamarán Ciudad de Justicia, Ciudad Fiel.
၂၆သင် ၏ တရားသူကြီး တို့နှင့် တိုင်ပင်မှူးမတ်တို့ကို ရှေ့ဦး စွာခန့်ထားသည် နည်းတူ ၊ တဖန်ငါခန့်ထား ဦးမည်။ ထို နောက်မှ၊ သင် ၏နာမကို တရား သောမြို့ ၊ သစ္စာ စောင့်သောမြို့ ဟု သမုတ် ကြလိမ့်မည်။
27 Sion será rescatada con equidad, y sus arrepentidos con justicia.
၂၇ဇိအုန် မြို့သည် တရား အားဖြင့် ၎င်း၊ မြို့သူမြို့ သားတို့သည် ဖြောင့်မတ် သောအားဖြင့် ၎င်း၊ ရွေးနှုတ် ခြင်း ကိုခံ ရကြလိမ့်မည်။
28 Pero los rebeldes y pecadores serán juntamente quebrantados, y los que abandonan a Yavé serán consumidos.
၂၈လွန်ကျူး သောသူနှင့် ပြစ်မှား သောသူတို့သည် ပျက်စီး ခြင်းသို့ အတူ ရောက်၍ ၊ ထာဝရဘုရား ကို စွန့် သောသူတို့ သည် ဆုံးရှုံး ကြလိမ့်မည်။
29 Entonces se avergonzarán de los robles que amaron y tendrán afrenta a causa de los huertos que escogieron.
၂၉သင်တို့သည် တပ်မက် ဘူးသော သပိတ် ပင်တို့ ကြောင့် ရှက် ကြလိမ့်မည်။ သင်တို့သည် ရွေး ယူဘူးသော ဥယျာဉ် တို့ကြောင့် မျက်နှာပျက် ကြလိမ့်မည်။
30 Porque serán como roble al cual se le cae la hoja y como huerto que no tiene agua.
၃၀အကြောင်း မူကား၊ အရွက် နွမ်း သော သပိတ် ပင် ကဲ့သို့ ၎င်း၊ ရေ မရှိ သော ဥယျာဉ် ကဲ့သို့ ၎င်း ဖြစ် ကြလိမ့်မည်။
31 El fuerte será como estopa, y su obra como chispa. Ambos arderán juntos, y no habrá quien los apague.
၃၁ခွန်အားကြီး သောသူသည် ပိုက်ဆန်လျှော်ဖြစ် လျက်၊ သူ ၏အမှု သည် မီးပွား ဖြစ်လျက်၊ ထို နှစ် ပါးသည် အတူ လောင် ကြလိမ့်မည်။ ထိုမီးကိုအဘယ်သူမျှ မ သတ် ရ။