< Isaías 39 >

1 En aquel tiempo Merodac-Baladán, hijo de Baladán, rey de Babilonia, al saber que Ezequías estuvo enfermo y fue restablecido, le envió cartas y un presente.
ထို​အ​ချိန်​ကာ​လ​လောက်​၌​ပင်​ဗာ​လ​ဒန်​၏ သား​ဗာ​ဗု​လုန်​ဘု​ရင်​မေ​ရော​ဒပ္ဗာ​လ​ဒန်​သည် ဟေ​ဇ​ကိ​မင်း​ဖျား​နာ​လျက်​ရှိ​ကြောင်း​ကြား သိ​ရ​သ​ဖြင့်၊ သ​ဝဏ်​လွှာ​တစ်​စောင်​နှင့်​လက် ဆောင်​ပဏ္ဏာ​ပေး​ပို့​ဆက်​သ​လေ​၏။-
2 Ezequías se alegró con ellos. Les mostró la tesorería, la plata y el oro, las especias y los ungüentos aromáticos, toda su casa de armas y todo lo que se encontraba entre sus tesoros. No hubo algo en su palacio ni en sus dominios que Ezequías no les mostrara.
ဟေ​ဇ​ကိ​သည်​စေ​တ​မန်​တို့​ကို​လက်​ခံ​ပြီး လျှင် မိ​မိ​၏​ဘဏ္ဍာ​တော်​များ​ဖြစ်​သည့် ရွှေ၊ ငွေ၊ နံ့​သာ​မျိုး၊ နံ့​သာ​ဆီ​နှင့်​လက်​နက်​ကိ​ရိ​ယာ ရှိ​သ​မျှ​တို့​ကို​ပြ​၏။ ပစ္စည်း​သို​လှောင်​ခန်း​များ နှင့်​နိုင်​ငံ​တော်​အ​ရပ်​ရပ်​တို့​တွင်​ထို​သူ​တို့ အား​မင်း​ကြီး​မ​ပြ​သည့်​အ​ရာ​တစ်​စုံ တစ်​ခု​မျှ​မ​ရှိ။-
3 Entonces el profeta Isaías fue al rey Ezequías y le preguntó: ¿Qué dijeron aquellos hombres y de dónde vienen a visitarte? Ezequías respondió: De una tierra lejana vinieron a visitarme, de Babilonia.
ထို​နောက်​ဟေ​ရှာ​ယ​သည်​ဟေ​ဇ​ကိ​မင်း​ထံ သွား​၍``ထို​သူ​တို့​သည်​အ​ဘယ်​အ​ရပ်​မှ​လာ ပါ​သ​နည်း။ သူ​တို့​က​အ​ရှင့်​အား​အ​ဘယ် သို့​ပြော​ဆို​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။ ဟေ​ဇ​ကိ​က``သူ​တို့​သည်​အ​လွန်​ဝေး​သော ဗာ​ဗု​လုန်​ပြည်​မှ​လာ​ပါ​သည်'' ဟု​ဆို​လျှင်၊
4 Isaías le preguntó: ¿Qué vieron en tu palacio? Y Ezequías respondió: Vieron todo cuanto hay en mi palacio. Nada hay entre mis tesoros que no les mostré.
``သူ​တို့​သည်​နန်း​တော်​တွင်း​၌​အ​ဘယ်​အ​ရာ များ​ကို​တွေ့​မြင်​သွား​ကြ​ပါ​သ​နည်း'' ဟု မေး​မြန်း​၏။ ဟေ​ဇ​ကိ​က``သူ​တို့​သည်​နန်း​တော်​တွင်း​၌​ရှိ သ​မျှ​သော​အ​ရာ​တို့​ကို​တွေ့​မြင်​ကြ​ပါ​၏။ ပစ္စည်း​သို​လှောင်​ခန်း​များ​တွင်​သူ​တို့​အား​ငါ မ​ပြ​သော​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ'' ဟု မိန့်​တော်​မူ​၏။
5 Entonces Isaías dijo a Ezequías: Escucha la Palabra de Yavé de las huestes:
ထို​အ​ခါ​ဟေ​ရှာ​ယ​သည်​မင်း​ကြီး​အား၊ ``အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​ကို​ကြား​နာ​လော့၊-
6 Mira, vienen días cuando todo lo que hay en tu palacio, cuanto tus antepasados atesoraron hasta hoy, será llevado a Babilonia. Nada quedará, dice Yavé.
အ​ရှင့်​နန်း​တော်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့ ကို​လည်း​ကောင်း၊ ယ​နေ့​တိုင်​အောင်​အ​ရှင့်​ဘိုး ဘေး​တို့​စု​ဆောင်း​ထား​ရှိ​ခဲ့​သည့်​ပစ္စည်း​ဥစ္စာ မှန်​သ​မျှ​ကို​လည်း​ကောင်း ဗာ​ဗု​လုန်​ပြည်​သို့ ဆောင်​ယူ​သွား​ရာ​နေ့​ရက်​ကာ​လ​ရောက်​ရှိ လာ​လိမ့်​မည်။ အ​ဘယ်​အ​ရာ​တစ်​စုံ​တစ်​ခု မျှ​ကျန်​ရစ်​လိမ့်​မည်​မ​ဟုတ်။-
7 Tomarán de los hijos que descienden de ti, a quienes tú engendraste, para que sean oficiales en el palacio del rey de Babilonia.
အ​ရှင့်​သား​မြေး​အ​ရင်း​အ​ချာ​အ​ချို့​တို့ သည်​လည်း​အ​ဖမ်း​ခံ​ရ​လျက် ဗာ​ဗု​လုန်​ဘု​ရင် ၏​နန်း​တော်​တွင်​မိန်း​မ​စိုး​များ​အ​ဖြစ်​ဖြင့် အ​မှု​ထမ်း​ရ​ကြ​လိမ့်​မည်'' ဟု​လျှောက်​လေ သည်။
8 Entonces Ezequías dijo a Isaías: La Palabra de Yavé que hablaste es buena. Porque pensó: Habrá paz y seguridad en mis días.
ဤ​လျှောက်​ထား​ချက်​ကို​ဟေ​ဇ​ကိ​မင်း​သည် မိ​မိ​၏​လက်​ထက်​၌​ငြိမ်း​ချမ်း​မှု​နှင့်​ဘေး​မဲ့ လုံ​ခြုံ​မှု​ရှိ​လိမ့်​မည်​ဟု အ​နက်​အ​ဋ္ဌိပ္ပါယ် ကောက်​ယူ​လျက်``ငါ့​အား​သင်​ဖော်​ပြ​သည့် ထာ​ဝ​ရ​ဘု​ရား​ထံ​မှ​သ​တင်း​တော်​သည် ကောင်း​ပေ​၏'' ဟု​ဆို​၏။

< Isaías 39 >