< Isaías 28 >
1 ¡Ay de la arrogante corona de los ebrios de Efraín y de la flor marchita de su gloriosa hermosura que está sobre la cabeza de los que se jactan en la abundancia, aturdidos por el vino!
၁စပျစ် ရည်နှင့် ယစ်မူးသောသူတို့၏ နေရာကြွယ်ဝ သော ချိုင့် ဦး တွင် ၊ ဧဖရိမ် အမျိုး သေ သောက်ကြူးတို့၏ မာန သရဖူ နှင့်၊ သူ တို့၌ ညှိုးနွမ်း တတ်သော ဘုန်း အသရေ၏ ပန်း ပွင့်သည် အမင်္ဂလာ ရှိ၏။
2 Ciertamente ʼAdonay tiene uno que es fuerte y poderoso, como aguacero de granizo, como tormenta trastornadora, y como aguacero de recias aguas desbordantes que derriban la tierra con fuerza.
၂ထာဝရ ဘုရား၌ ခွန်အား တန်ခိုးကြီး သောသူသည်၊ မိုဃ်းသီး ပါလျက် ဖျက်ဆီး သော မိုဃ်း သက်မုန်တိုင်း ကဲ့သို့ ၎င်း၊ ပြင်း စွာထ၍ လွှမ်းမိုး သော ရေကြီးကဲ့သို့၎င်း၊ မြေ တိုင်အောင် ပြင်းစွာချ ပစ်လိမ့်မည်။
3 Con los pies pisoteará la arrogante corona de los ebrios de Efraín
၃ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူ သည်၊ ကျော်နင်းခြင်းကိုခံရလိမ့်မည်။
4 y la flor marchita de su gloriosa hermosura que está sobre la cabeza de los que se jactan de la abundancia. Será como la fruta temprana que llega antes del verano, la cual cuando alguno la mira, se la traga tan pronto como la tiene en la mano.
၄ကြွယ်ဝ သော ချိုင့် ဦး တွင် ၊ သူ တို့၌ ညှိုးနွမ်း တတ် သော ဘုန်း အသရေ ၏ ပန်း ပွင့်သည်၊ နွေ ကာလ မ စေ့မှီ အလျင် သီးသောအသီး ကဲ့သို့ ဖြစ် လိမ့်မည်။ ထိုအသီးကို မြင် သောသူသည် မြင် လျက်၊ လက်နှင့် ကိုင် လျက် ပင်စား တတ်၏။
5 Aquel día Yavé de las huestes será corona de gloria y diadema de hermosura al remanente de su pueblo,
၅ထို ကာလ ၌ လည်း၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည်၊ ကျန် ကြွင်းသော မိမိ လူ တို့၌ ဘုန်း ရှိ သောသရဖူ ၊ အသရေ တင့်တယ်သော ဦးရစ် ဖြစ် တော်မူလိမ့်မည်။
6 y Espíritu de justicia para el que se sienta a juzgar, valor para los que repelen el asalto a la puerta.
၆တရား မှုကို စီရင်သောသူ တို့အား တရား စီရင်သော ဉာဏ် ကို၎င်း၊ ရန်သူမျိုး တံခါး တိုင်အောင်စစ်မှု ကို လှန် သောသူတို့အား၊ ခွန်အား ဗလကို၎င်း ပေးတော်မူလိမ့်မည်။
7 Éstos también erraron a causa del vino y se entontecieron con el licor. Sacerdotes y profetas se tambalean por el licor. Los aturde el vino. Dan traspiés por el licor. El sacerdote y el profeta erraron por el licor. Fueron trastornados por el vino. Erraron en la visión. Titubean en la sentencia.
၇သို့ သော်လည်း၊ ထို သူတို့သည် စပျစ်ရည် ကြောင့် မှားယွင်း ကြပြီ။ သေရည် သေရက်ကြောင့် လမ်း လွဲကြပြီ။ ယဇ်ပုရောဟိတ် နှင့် ပရောဖက် တို့သည် သေရည် သေရက် ကြောင့် မှားယွင်း ကြပြီ။ စပျစ်ရည် နှင့် မွှန် ကြပြီ။ သေရည် သေရက်ကြောင့် လမ်း လွဲကြပြီ။ ဗျာဒိတ် ခံသည် အရာ၌ မှားယွင်း လျက်၊ တရားစီရင် သည်အရာ၌ ထိမိ၍ လဲ လျက်နေကြ၏။
8 Todas las mesas están llenas de vómito y suciedad, y no queda sitio limpio.
၈သူတို့စားပွဲ ရှိသမျှ တို့သည်၊ လွတ်လပ် ရာမ ရှိ သည်တိုင်အောင်၊ အန်ဖတ် နှင့်၎င်း၊ အညစ် အကြေးနှင့်၎င်း ပြည့် လျက်ရှိကြ၏။
9 ¿A quién enseñará conocimiento? ¿A quién interpretará el mensaje? ¿A los que acaban de ser destetados? ¿A los que acaban de ser quitados del pecho materno?
၉သူတို့က၊ အဘယ်သူ ကို ပညာ သွန်သင် ချင်သနည်း။ အဘယ်သူ ကို တရား နားလည် စေချင်သနည်း။ ငါတို့ သည် နို့ နှင့် ကွာ စရှိသောသူ၊ အမိသားမြတ် နှင့် အနိုင် ကွာ ရသောသူဖြစ်ကြသလော။
10 Porque es precepto a precepto, mandamiento a mandamiento, renglón por renglón, línea por línea, un poquito allí, otro poquito allá.
၁၀ပညတ် တခုပေါ် မှာ တခု၊ တခုပေါ် မှာ တခု၊ တနည်းပေါ်မှာ တနည်း၊ တနည်းပေါ်မှာ တနည်း၊ သည် ဘက်မှာ အနည်းငယ်၊ ဟိုဘက် မှာ အနည်းငယ် ရှိပါသည် တကားဟု ဆိုကြ၏။
11 En verdad, en lenguaje humillante, en lengua extraña Él hablará a este pueblo,
၁၁အကယ်စင်စစ်၊ စကားမပြီသော နှုတ် ၊ ရိုင်း သောလျှာနှင့် ဤ လူမျိုး ကို မိန့် တော်မူလိမ့်မည်။
12 el que les dijo: Aquí está el reposo. Den reposo al cansado. Esto es lugar de descanso. Pero no quisieron escuchar.
၁၂ဤသို့ပြုလျှင်ငြိမ်ဝပ် လိမ့်မည်။ ပင်ပန်း သောသူတို့ သည် ငြိမ်ဝပ် ကြစေ။ ဤသို့ပြုလျှင်သက်သာ လိမ့်မည်ဟု မိန့် တော်မူသော်လည်း ၊ သူတို့သည်နား မ ထောင်ကြ။
13 Por lo cual, la Palabra de Yavé para ellos será precepto por precepto, mandamiento por mandamiento, renglón por renglón, línea por línea, un poquito allí, otro poquito allá, hasta que vayan y caigan de espalda, sean quebrantados, enredados y llevados cautivos.
၁၃ထို့ကြောင့် ၊ သူတို့သည် သွား ရာတွင်၊ လှန် ဆုတ် ၍ ကျိုး ပဲ့ကျော့မိ ဘမ်းဆီး ခြင်းသို့ ရောက်မည်အကြောင်း ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် သူတို့၌ ပညတ် တခုပေါ် မှာတခု၊ တခုပေါ်မှာတခု၊ တနည်းပေါ်မှာ တနည်း၊ တနည်းပေါ်မှာ တနည်း၊ သည် ဘက်မှာ အနည်းငယ် ၊ ဟို ဘက်မှာ အနည်းငယ် ဖြစ်ရလိမ့်မည်။
14 Por tanto, oh varones burlones que gobiernan a ese pueblo de Jerusalén: Escuchen la Palabra de Yavé:
၁၄သို့ဖြစ်၍၊ ဆဲရေး တတ်သော ယေရုရှလင် မြို့ သား အကြီး အကြပ်တို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော် ကို နားထောင် ကြလော့။
15 Por cuanto dijeron: Hicimos un pacto con la muerte y con el Seol tenemos convenio. Cuando pase el aguacero como torrente, no llegará a nosotros, porque designamos la mentira como nuestro refugio y la falsedad como nuestro escondrijo. (Sheol )
၁၅သင်တို့က၊ ငါတို့သည် သေ မင်းနှင့် မိဿဟာယ ဖွဲ့ ကြပြီ။ မရဏာ နိုင်ငံနှင့် အကျွမ်းဝင်ကြပြီ။ လွှမ်းမိုး သော ဘေး သည် ချင်းနင်းသောအခါ ၊ ငါ တို့ရှိရာသို့ မ ရောက်ရ။ ငါတို့သည် မုသာ ကိုကိုးစားကြ၏။ လှည့်စားခြင်းအောက် ၌ ပုန်းကွယ်၍ နေကြ၏ဟုဆိုတတ်သောကြောင့်၊ (Sheol )
16 Por tanto, ʼAdonay Yavé dice: Ciertamente Yo pongo como Cimiento en Sion, una Piedra, Piedra probada, angular, preciosa, de cimiento estable. El que cree, no será conturbado.
၁၆အရှင် ထာဝရ ဘုရားက၊ စုံစမ်း သော အမြစ် ကျောက် တည်းဟူသော၊ မလှုပ်နိုင်အောင် မြဲမြံသော တိုက်ထောင့်အမြစ် ကျောက် မြတ် ကို ဇိအုန် တောင်ပေါ် မှာ ငါ ချ ထား၏။ ထိုကျောက်ကို အမှီပြု သောသူသည် ပြေး ရ သောအကြောင်းမ ရှိ။
17 Pondré la justicia como cordel y la rectitud como plomada. El granizo arrasará su refugio de mentiras, y las aguas inundarán su escondrijo.
၁၇တရား မှုကို ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ် စွာ စီရင်ခြင်း ကို မျဉ်း ကြိုးနှင့် မှန်ထုပ် အားဖြင့်ငါ ပြုမည်။ မိုဃ်းသီး ရွာ၍ ကိုးစား ရာ မုသာ ကို ပယ်ရှား လိမ့်မည်။ ပုန်း ကွယ် ရာအရပ်ကိုလည်း ရေ လွှမ်းမိုး လိမ့်မည်။
18 Su pacto con la muerte será anulado, y su convenio con el Seol no será estable. Cuando pase el aguacero arrollador serán aplastados por él. (Sheol )
၁၈သင် တို့သည် သေ မင်းနှင့် ဖွဲ့သော မိဿဟာယ ပျက် လိမ့်မည်။ မရဏာ နိုင်ငံနှင့် အကျွမ်းဝင် ခြင်းသည် အထ မ မြောက်ရ။ လွှမ်းမိုး သောဘေး သည် ချင်းနင်း သောအခါ ၊ သင် တို့ကိုလည်း ကျော်နင်း လိမ့်မည်။ (Sheol )
19 Cada vez que pase, los arrollará, y pasará mañana tras mañana, de día y de noche. Entonces entender el mensaje solo traerá terror.
၁၉ချင်းနင်းစဉ်တွင်ပါ သွားလိမ့်မည်။ နံနက် အချိန် ရောက်မြဲ အစဉ်အတိုင်း၊ နေ့ ညဉ့် မပြတ် ချင်း နင်းသည် ဖြစ်၍ ၊ သိတင်း ကြား ကာမျှ အားဖြင့်ထိတ်လန့် ခြင်းအကြောင်း ရှိ လိမ့်မည်။
20 La cama será corta para estirarse y la manta estrecha para envolverse.
၂၀ခုတင် သည် ကိုယ်မဆန့် လောက် အောင်တို ၏။ စောင် သည်လည်း မခြုံ လောက်အောင်ငယ် ၏။
21 Yavé se levantará como en la montaña Perazim. Se enardecerá como en el valle de Gabaón para hacer su trabajo, su extraño trabajo.
၂၁ထာဝရဘုရား သည် အမှု တော်တည်းဟူသော၊ ထူးခြား သော အမှု တော်ကို ပြု ခြင်းငှါ ၎င်း၊ အလုပ် တော် တည်းဟူသော၊ လုပ် မြဲမဟုတ်သော အလုပ် တော်ကို လက်စ သတ်ခြင်းငှါ ၎င်း၊ ပေရဇိမ် တောင် ပေါ်မှာ ပြုသကဲ့သို့ ထ တော်မူမည်။ ဂိဗောင် ချိုင့် ထဲမှာ ရှိသကဲ့သို့ အမျက် ထွက်တော်မူမည်။
22 Por tanto, no se burlen, no sea que se aprieten más sus ataduras. Porque escuché de parte de ʼAdonay Yavé de las huestes la destrucción decretada sobre toda la tierra.
၂၂ယခု မှာ သင်တို့သည် သာ၍ပြင်းစွာ သော ဆုံးမ ခြင်းနှင့် လွတ်မည်အကြောင်း၊ နောက်တဖန် ဆဲရေး ခြင်း ကို မ ပြုကြနှင့်။ ပြည် တပြည်လုံး ၌ အနှံ့အပြားစီရင် ဆုံးဖြတ် သော သုတ်သင် ပယ်ရှင်းခြင်း ရှိလိမ့်မည်ဟု ကောင်းကင် ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား ထံ တော်၌ ငါ ကြား ရပြီ။
23 Estén atentos y escuchen mi voz. Atiendan y escuchen mi palabra:
၂၃ငါ ပြော သံကိုကြား ၍ မှတ် ကြလော့။ ငါ့ စကား ကို စေ့စေ့နားထောင် နာယူ ကြလော့။
24 El que ara para sembrar, ¿arará día tras día? ¿Romperá y deshará los terrones todo el día?
၂၄လယ်လုပ် သောသူသည် မျိုးစေ့ကို ကြဲ ခြင်းငှါ ၊ မြေကိုဆွ လျက် ၊ မြေစိုင် ကို ချေ လျက်အစဉ် လယ်ထွန် တတ်သလော။
25 Tan pronto como el campo esté allanado, ¿no siembra el eneldo, esparce el comino, echa el trigo en sus surcos o la cebada en la parcela determinada y centeno en su borde?
၂၅လယ် မျက်နှာ ကို ညှိ ပြီးမှ စမုန်နက် မျိုးစေ့၊ ဇီယာ မျိုးစေ့ကို ကြဲ သည်မ ဟုတ်လော။ ဂျုံ စပါးမျိုးစေ့ကို အတန်း တန်းစိုက် ၍ ၊ မုယော စပါးနှင့် ကောက် စပါးမျိုးစေ့အသီးအသီး တို့ကို သူ တို့အရပ် ၌ ကြဲ သည်မဟုတ်လော။
26 Porque su ʼElohim lo instruye y le enseña lo conveniente:
၂၆အကြောင်းမူကား၊ သူ ၏ဘုရား သခင်သည် စီရင် တတ်သော ဉာဏ် ကိုပေး တော်မူ၏။ သူ့ ကိုလည်း သွန်သင် တော်မူ၏။
27 Que el eneldo no se trilla con el trillo, ni se debe pasar la rueda de la carreta sobre el comino, pero el eneldo se golpea con un palo y el comino con una vara.
၂၇စမုန် နက် မျိုးစေ့ကိုလည်း ပျဉ်ပြားနှင့် မ နယ် တတ်။ ဇီယာ စေ့ပေါ် ၌လည်း လှည်း ဘီး ကို မလှိမ့် တတ်။ စမုန်နက် စေ့ကို တုတ် နှင့် ၎င်း ၊ ဇီယာ စေ့ကို ကြိမ်လုံး နှင့် ၎င်း ရိုက် တတ်၏။
28 El grano se trilla, pero no indefinidamente, ni lo comprime con la rueda de la carreta, ni lo quiebra con los dientes de su trillo.
၂၈ဂျုံ စပါးကိုကား နယ် တတ်၏။ သို့သော်လည်း၊ အစဉ် နယ် တတ်သည်မ ဟုတ်။ လှည်း ဘီး နှင့် မြင်း တို့ကို နှင် သော်လည်း ၊ စပါး ကို ညက် စေတတ်သည်မဟုတ်။
29 También esto viene de Yavé de las huestes, Quien hace maravilloso su consejo y grande su sabiduría.
၂၉ထို အမှုသည်လည်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား အကြံပေးတော်မူသောအမှုတည်း။ အကြံ ပေးတော်မူခြင်းသည် အံ့ဩ ဘွယ်ဖြစ်၏။ ဉာဏ် တော် သည်လည်း ထူးဆန်း ပေ၏။