< Isaías 22 >
1 Carga sobre el Valle de la Visión: ¿Qué pasa que todos ustedes subieron a las azoteas?
၁ဤဗျာဒိတ်တော်သည်ဗျာဒိတ်ရူပါရုံချိုင့် ဝှမ်းနှင့် သက်ဆိုင်သည့်ဗျာဒိတ်တော်ဖြစ်၏။ မြို့သူမြို့သားအပေါင်းတို့သည်အဘယ်ကြောင့် မိမိတို့အိမ်ခေါင်မိုးများအပေါ်တွင်ပွဲလမ်း သဘင်ဆင်ယင်ကျင်းပနေကြပါသနည်း။ အဘယ်အမှုအရာဖြစ်ပျက်လျက်ရှိပါ သနည်း။-
2 Tú, llena de bullicio, pueblo turbulento, ciudad regocijada. Tus caídos no fueron asesinados a espada, ni murieron en combate.
၂တစ်မြို့လုံးပင်အုတ်အုတ်ကျက်ကျက်ဖြစ် လျက် လူတို့စိတ်လှုပ်ရှားအော်ဟစ်သံများ နှင့်ပြည့်နှက်၍နေ၏။ သင်၏လူတို့သည်ဤစစ်ပွဲတွင်တိုက်ခိုက် ရင်းကျဆုံးရကြသည်မဟုတ်။-
3 Todos tus comandantes huyeron juntos. Todos los tuyos fueron capturados sin arco, aunque huyeron lejos.
၃မြားတစ်စင်းကိုမျှမပစ်မလွှတ်ရမီ သင် ၏ခေါင်းဆောင်အပေါင်းသည်ထွက်ပြေးသဖြင့် သုံ့ပန်းအဖြစ်အဖမ်းခံရကြ၏။-
4 Por eso dije: Déjame llorar amargamente. No se afanen en consolarme por la destrucción de la hija de mi pueblo.
၄ယခုငါ့အားတစ်ကိုယ်တည်းပြင်းပြစွာ ငိုကြွေးခွင့်ပြုပါလော့။ ငါ၏လူအမြောက် အမြားသေကြေပျက်စီးကြပြီဖြစ်၍ ငါ့အားနှစ်သိမ့်ရန်မကြိုးစားပါနှင့်။-
5 Porque éste es día de alboroto, angustia y confusión de parte de ʼAdonay Yavé de las huestes en el Valle de la Visión, día de derribar los muros y clamar a la montaña.
၅ဤအချိန်သည်ဗျာဒိတ်ရူပါရုံချိုင့်ဝှမ်း တွင်ကြောက်လန့်မှု၊ အရေးရှုံးနိမ့်မှုနှင့်ကစင့် ကလျားဖြစ်ပွားမှုများပေါ်ပေါက်ရာကာလ ပင်ဖြစ်၏။ အနန္တတန်ခိုးရှင်ထာဝရဘုရား ကလည်း ငါတို့အားထိုကာလနှင့်ကြုံတွေ့ စေတော်မူလေပြီ။ ငါတို့၏မြို့ရိုးများသည် အဖြိုခံရကြလေပြီ။ ကယ်မရန်လူတို့ အော်ဟစ်ကြသည့်အသံများသည်လည်း တောင်ကုန်းများတွင်ပဲ့တင်ထပ်လျက်နေ လေပြီ။
6 Elam toma la caja portátil de flechas, Siria irrumpe con carruajes y Quir saca el escudo.
၆ဧလံပြည်မှမြင်းစီးသူရဲတို့သည် လေးမြား များကိုကိုင်ဆောင်လာကြ၏။ ကိရပြည်မှ စစ်သူရဲတို့ကလည်း ဒိုင်းလွှားများကို အသင့်ကိုင်ဆောင်ထားကြ၏။-
7 Tus mejores valles se llenaron de carruajes, y los jinetes acamparon frente a la puerta.
၇မြေသြဇာထက်သန်သည့်ယုဒချိုင့်ဝှမ်းများ သည် စစ်မြင်းရထားများနှင့်ပြည့်နှက်လျက် ရှိပြီးလျှင် မြင်းစီးသူရဲတို့သည်ယေရု ရှလင်မြို့တံခါးတွင်ရပ်လျက်နေကြ၏။-
8 Fue quitada la defensa de Judá. Aquel día fijan su mirada en las armas de la Casa del Bosque.
၈ယုဒပြည်၏ခံတပ်ရှိသမျှတို့သည်ကား ပြိုပျက်၍သွားလေပြီ။ ထိုအခါသင်၏လူတို့သည်လက်နက်တိုက် မှလက်နက်များကိုထုတ်ယူကြ၏။-
9 Ven muchas brechas en la Ciudad de David, y recogen las aguas del estanque de abajo.
၉မြို့ရိုးတို့တွင်ပျက်စီးနေသည်နေရာများ ကိုပြင်ဆင်ရန်ကြည့်ရှုကြ၏။
10 Cuentan las casas de Jerusalén, y demuelen casas para reforzar el muro.
၁၀မြို့ထဲရှိအိမ်များကိုရေတွက်ကာမြို့ရိုးများ ပြင်ဆင်ရန်ကျောက်တုံးများရရှိရေးအတွက် အိမ်အချို့ကိုဖြိုချကြ၏။-
11 Entre los dos muros hacen una represa para las aguas del estanque antiguo, pero no miran hacia el que hace esto, ni ven hacia el que lo produjo hace mucho tiempo.
၁၁ရေကန်ဟောင်းမှစီးဆင်းလာသည့်ရေတို့ကို မြို့တွင်း၌သိုလှောင်ထားနိုင်ရန် ရေလှောင်ကန် တစ်ခုကိုလည်းတူးကြ၏။ သို့ရာတွင်သူ တို့သည်ဤအမှုကိုရှေးမဆွကပင် စီမံ ထားတော်မူသောအရှင်၊ ဖြစ်ပျက်စေတော် မူသောအရှင်ဘုရားသခင်ကိုမူအလေး ဂရုမပြုကြ။
12 Aquel día ʼAdonay Yavé de las huestes los convoca al llanto y lamento, a raparse el cabello y a cubrirse de tela áspera.
၁၂ထိုစဉ်အခါကအနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် သင့်အားငိုကြွေး၍၊ ဝမ်းနည်းသည့် အမှတ်လက္ခဏာပြရန်နှင့်ခေါင်းတုံးရိတ်၍ လျှော်တေကိုဝတ်ရန်စေခိုင်းတော်မူခဲ့၏။-
13 Pero ciertamente hay gozo y alegría, matanza de bueyes y degüello de ovejas. Se come carne, se bebe vino y dicen: ¡Comamos y bebamos, porque mañana moriremos!
၁၃သင်သည်ယင်းသို့ပြုမည့်အစားရယ်မော လျက် ပွဲလမ်းသဘင်ကျင်းပကာနေခဲ့၏။ သိုးနွားများကိုသတ်၍စားကာစပျစ်ရည် ကိုသောက်ခဲ့၏။ ``နက်ဖြန်သေရကြမည် ဖြစ်၍ယခုငါတို့စားကြသောက်ကြ ကုန်အံ့'' ဟုသင်ဆိုခဲ့၏။
14 Por eso Yavé de las huestes reveló a mis oídos: Ciertamente este pecado no les será perdonado hasta que mueran, dice ʼAdonay Yavé de las huestes.
၁၄အနန္တတန်ခိုးရှင်ထာဝရဘုရားကိုယ်တော် တိုင်ပင်ငါ့အား``ထိုသူတို့သည်ဤမကောင်း မှုအတွက်မိမိအသက်ရှင်သမျှကာလ ပတ်လုံး အဘယ်အခါ၌မျှအပြစ်ဖြေလွှတ် ရကြလိမ့်မည်မဟုတ်။ ဤကားအနန္တတန်ခိုး ရှင်ငါထာဝရဘုရားမြွက်ဟသည့်စကား ပင်ဖြစ်၏'' ဟုမိန့်တော်မူပါ၏။
15 ʼAdonay Yavé de las huestes dice: Anda, vé a Sebna, administrador del palacio, y dile:
၁၅အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ငါ့ကို နန်းတော်အုပ်ချုပ်ရေးမှူးရှေဗန၏အိမ်သို့ သွား၍သူ့အား၊-
16 ¿Qué tienes aquí o a quién tienes aquí por lo cual te labras un sepulcro como el que labra su sepultura en la peña?
၁၆``သင်သည်မိမိကိုယ်ကိုအဘယ်သူဟုထင် မှတ်ပါသနည်း။ ကျောက်တောင်နံရံတွင် မိမိ တို့အတွက်သင်္ချိုင်းဂူကိုထွင်းထုလုပ်ပိုင်ခွင့် သင့်မှာရှိပါသလော။-
17 Ciertamente, oh hombre, Yavé te lanzará lejos con fuerza y está a punto de atraparte.
၁၇သင်သည်အရေးပါအရာရောက်သူတစ်ဦး ဖြစ်ကောင်းဖြစ်ပေမည်။ သို့ရာတွင်ထာဝရ ဘုရားသည် သင့်အားဆွဲကိုင်၍ပစ်ထုတ် တော်မူလိမ့်မည်။-
18 Te enrollará como un ovillo para lanzarte sobre una tierra espaciosa. Allí morirás y allí pararán tus espléndidos carruajes, como vergüenza de la casa de tu amo.
၁၈ကိုယ်တော်သည်သင့်အားလောက်စာသဖွယ် လုံး၍ ပိုမိုကျယ်ဝန်းသောပြည်သို့ပစ်ထုတ် တော်မူလိမ့်မည်။ သင်သည်ထိုပြည်တွင် မိမိ ဂုဏ်ယူဝါကြွားသည့်စစ်ရထားများအနီး တွင်သေရလိမ့်မည်။ သင်သည်မိမိအရှင်၏ နန်းတော်ကို အသရေယုတ်စေလိမ့်မည်။-
19 Te privaré de tu cargo y te eliminaré de tu posición.
၁၉ထာဝရဘုရားသည်သင့်ကိုအလုပ်မှ ထုတ်ပယ်တော်မူ၍ ကြီးမြင့်သည့်ရာထူး မှဖြုတ်ချတော်မူလိမ့်မည်'' ဟုပြော ကြားစေတော်မူပါ၏။
20 Aquel día llamaré a mi esclavo Eliaquim, hijo de Hilcías.
၂၀ထာဝရဘုရားကရှေဗနအား``ငါသည် မိမိ၏အစေခံ၊ ဟိလခိ၏သားဧလျာ ကိမ်ကိုခေါ်ယူကာ၊-
21 Lo vestiré con tu túnica y le ataré tu cinturón. Entregaré tu poder en su mano. Será padre para los habitantes de Jerusalén y la Casa de Judá.
၂၁သင်ရာထူးအလျောက်ဝတ်ဆင်ရသည့်ဝတ် လုံကိုသူ့အားဝတ်ဆင်စေ၍ သင်၏ခါးစည်း ကိုစည်းစေလော့။ သင်ရရှိခဲ့သောအခွင့် အာဏာရှိသမျှကိုအပ်နှင်းမည်။ ထိုသူ သည်ယေရုရှလင်မြို့သူမြို့သားများနှင့် ယုဒပြည်သူတို့အတွက် ဖခင်သဖွယ် ဖြစ်လိမ့်မည်။-
22 Pondré la llave de la casa de David sobre su hombro: cuando abra, nadie cerrará, y cuando cierre, nadie abrirá.
၂၂ငါသည်သူ့အားဒါဝိဒ်၏သားမြေးဖြစ်သူ ပြည်ရှင်မင်း၏အမှုတော်ကိုထမ်းဆောင်ရန် အာဏာအပြည့်အဝအပ်နှင်းပေးမည်။ သူ သည်အလုပ်ဝတ္တရားများဆောင်ရွက်ရာတွင် သော့ချက်သဖွယ်ဖြစ်၍သူပြုသည့်အမှု တို့ကိုအဘယ်သူမျှပြင်ဆင်ပြောင်းလဲ နိုင်လိမ့်မည်မဟုတ်။-
23 Lo clavaré como estaca en lugar firme. Será un trono de honra para la casa de su padre.
၂၃ငါသည်ခိုင်မြဲစွာရိုက်ထားသည့်ငုတ်ကဲ့သို့ သူ့အားမြဲမြံစွာထားရှိမည်။ သူသည်လည်း မိမိအိမ်ထောင်စုတစ်စုလုံး၏ဂုဏ်အသ ရေကိုဆောင်လိမ့်မည်။
24 Dependerá de él todo el esplendor de la casa de su padre, la prole y las futuras generaciones, y todos los utensilios hasta los más pequeños, desde los tazones hasta los cántaros.
၂၄``သို့ရာတွင်ဆွေမျိုးညာတိများနှင့်မှီခို သူတို့သည် သူ၏အတွက်ဝန်ထုပ်ဝန်ပိုးဖြစ် ၍နေလိမ့်မည်။ ငုတ်တွင်ဆွဲချိပ်ထားသည့်အိုး ခွက်များကဲ့သို့ သူတို့သည်သူ့ကိုတွယ်ကပ် နေကြလိမ့်မည်။-
25 Aquel día, dice Yavé de las huestes, la estaca clavada en lugar firme cederá. La carga que dependía de ella caerá y se romperá, porque Yavé habló.
၂၅ဤသို့ဖြစ်ပျက်လာသောအခါခိုင်မြဲစွာ ရိုက်သွင်းထားသည့်ငုတ်သည် ချောင်၍လာ ကာလဲကျသွားလိမ့်မည်။ ယင်းတွင်ဆွဲချိပ် ထားသမျှသောအရာတို့သည်လည်း ပျက် စီးသွားကြလိမ့်မည်'' ဟုထာဝရဘုရား မိန့်တော်မူ၏။