< Génesis 34 >
1 Entonces Dina, la hija que Lea dio a luz a Jacob, salió a ver a las hijas de aquella tierra.
၁တစ်နေ့သ၌ယာကုပ်နှင့်လေအာတို့၏သမီး ဒိနသည် ခါနာန်အမျိုးသမီးတို့ထံအလည် အပတ်သွား၏။-
2 Siquem, hijo de Hamor, el heveo príncipe de aquella tierra, la miró y la tomó. Se unió a ella y la deshonró.
၂ထိုဒေသကိုအစိုးရသောဟိဝိအမျိုးသား ဟာမော်မင်း၏သားရှေခင်သည် ဒိနကိုမြင် လျှင်အဋ္ဌမ္မသိမ်းပိုက်၍မတရားပြုကျင့် လေ၏။-
3 Pero su alma se apegó a Dina, hija de Jacob. Se enamoró de la muchacha y habló amorosamente a la joven.
၃သို့ရာတွင်သူသည်ဒိန၏ရုပ်ရည်ကိုစွဲမက် သဖြင့် မေတ္တာသက်ဝင်လာသောကြောင့်သူ့အား မေတ္တာတုံ့ပြန်ရန်ဖျောင်းဖျလေသည်။-
4 Siquem habló a su padre Hamor: Tómame a esta jovencita para que sea mi esposa.
၄ထို့ကြောင့်ရှေခင်သည်သူ၏ဖခင်အား ဒိနကို လက်ထပ်ယူနိုင်ရန်ကြောင်းလမ်းပေးပါဟု တောင်းပန်လေ၏။
5 Jacob oyó que Siquem contaminó a su hija Dina. Pero como sus hijos estaban con su ganado en el campo, Jacob guardó silencio hasta cuando ellos llegaran.
၅ယာကုပ်သည်သူ၏သမီးဒိနမတရားပြု ကျင့်ခံရကြောင်းကိုကြားသိရသော်လည်း သူ ၏သားတို့သည်တိရစ္ဆာန်များကိုစားကျက်၌ ထိန်းကျောင်းရာမှပြန်မရောက်ကြသေးသဖြင့် မည်သို့မျှမပြောဘဲဆိတ်ဆိတ်နေလေ၏။-
6 Entonces Hamor, padre de Siquem, salió para hablar con Jacob.
၆ယာကုပ်၏သားများစားကျက်ထဲမှပြန်လာ နေခိုက်၊-
7 Cuando los hijos de Jacob regresaron del campo y lo supieron, aquellos varones se airaron. Se enardecieron muchísimo, porque Siquem hizo una vileza en Israel con la hija de Jacob, lo cual no se debía hacer.
၇ရှေခင်၏ဖခင်ဟာမော်သည်ကြောင်းလမ်းရန် ကိစ္စနှင့်ယာကုပ်ထံသို့ရောက်ရှိလာ၏။ ယာကုပ် ၏သားတို့သည်မိမိတို့၏နှမအားရှေခင် ကမတရားပြုကျင့်ခြင်းဖြင့် ဣသရေလ တစ်မျိုးလုံးကိုစော်ကားကြောင်းကြားရသော အခါ မပြုအပ်သောယုတ်မာမှုကိုပြုသော ကြောင့်စိတ်နာ၍အလွန်ဒေါသအမျက်ထွက် ကြလေသည်။-
8 Pero Hamor habló con ellos y les dijo: El alma de mi hijo Siquem se apegó a la hija de ustedes. Les ruego que se la den para que sea su esposa.
၈ဟာမော်ကသူတို့အား``ငါ့သားရှေခင်သည် သင်တို့၏သမီးကိုချစ်ကြိုက်နေပါပြီ။ သင်တို့၏သမီးနှင့်ထိမ်းမြားလက်ထပ် ခွင့်ပေးကြပါ။-
9 Emparenten con nosotros. Dennos sus hijas y tomen nuestras hijas para ustedes.
၉ငါတို့လူမျိုးနှင့်သင်တို့လူမျိုးထိမ်းမြား နိုင်ရန်သဘောတူကြပါစို့။-
10 Vivan con nosotros. La tierra está delante de ustedes. Vivan y negocien y adquieran posesión en ella.
၁၀သင်တို့ဤပြည်၌ငါတို့နှင့်အတူနေထိုင်ကြ ပါ။ ကြိုက်နှစ်သက်ရာအရပ်ကိုရွေး၍နေကြ ပါ။ လွတ်လပ်စွာရောင်းဝယ်ဖောက်ကားကြပါ။ ပစ္စည်းဥစ္စာကိုလည်းပိုင်ဆိုင်ကြပါ'' ဟုဆို လေ၏။
11 Y Siquem dijo al padre de ella y a sus hermanos: Halle yo gracia ante ustedes, y daré lo que me digan.
၁၁ထိုနောက်ရှေခင်ကဒိန၏ဖခင်နှင့်အစ်ကို တို့အား``သင်တို့ထံမှမျက်နှာသာရမည်ဆို လျှင်သင်တို့တောင်းသမျှကိုပေးပါမည်။-
12 Aumenten mucha dote y regalos a mi cargo, que yo daré cuanto me digan, pero denme la muchacha para que sea mi esposa.
၁၂သင်တို့အလိုရှိသမျှမင်္ဂလာကြေးနှင့် လက်ဖွဲ့ပစ္စည်းကိုအမြင့်ဆုံးသတ်မှတ်တောင်း ဆိုကြပါ။ ဒိနကိုလက်ထပ်ခွင့်ပေးမည်ဆို လျှင်သင်တို့တောင်းဆိုသမျှကိုပေးပါမည်'' ဟုပြောလေ၏။
13 Los hijos de Jacob respondieron con doblez a Siquem y a Hamor su padre, porque Siquem violó a su hermana Dina.
၁၃ယာကုပ်၏သားတို့သည်မိမိတို့၏နှမဒိန အား ရှေခင်ကအသရေပျက်အောင်ပြုကျင့်ခဲ့ သဖြင့် ရှေခင်နှင့်သူ၏ဖခင်ကိုပရိယာယ်သုံး ၍ဖြေကြားလေ၏။-
14 Les dijeron: No podemos hacer esto de dar nuestra hermana a un hombre que tenga prepucio, porque es afrenta para nosotros.
၁၄သူတို့က``ကျွန်ုပ်တို့၏နှမကိုအရေဖျားလှီး ခြင်းမင်္ဂလာမခံရသူနှင့်ထိမ်းမြားပေးခွင့် မရှိပါ။ ထိုသို့ပြုလျှင်ကျွန်ုပ်တို့အတွက် ရှက်ဖွယ်ဖြစ်ပါသည်။-
15 Solo con esto los consentiremos: que sean como nosotros, al circuncidar todo varón de ustedes.
၁၅ကျွန်ုပ်တို့သဘောတူလက်ခံနိုင်မည့်အချက် တစ်ချက်တည်းသာရှိပါသည်။ ထိုအချက်မှာ သင်တို့တွင်ရှိသောယောကျာ်းအားလုံးကျွန်ုပ် တို့ကဲ့သို့အရေဖျားလှီးခြင်းမင်္ဂလာကို ခံရမည်ဖြစ်သည်။-
16 Entonces les daremos nuestras hijas y tomaremos las de ustedes. Viviremos con ustedes y seremos un pueblo.
၁၆ထိုသို့ပြုလျှင်ကျွန်ုပ်တို့သမီးများကိုသင် တို့နှင့်ထိမ်းမြား၍ သင်တို့သမီးများကိုကျွန်ုပ် တို့ထိမ်းမြားမည်။ သင်တို့ထံတွင်နေထိုင်ကာ လူတစ်မျိုးတည်းဖြစ်ရန်သဘောတူပါမည်။-
17 Pero si no aceptan circuncidarse, entonces tomaremos nuestra hija y nos iremos.
၁၇သို့ရာတွင်သင်တို့ကကျွန်ုပ်တို့၏တောင်းဆို ချက်ကိုပယ်၍ အရေဖျားလှီးခြင်းမင်္ဂလာ ကိုမခံကြပါမူကျွန်ုပ်တို့သည် နှမကိုပြန် သိမ်း၍သင်တို့ထံမှထွက်ခွာသွားပါမည်'' ဟုပြောကြလေ၏။
18 Las palabras de ellos parecieron buenas a Hamor y a Siquem, hijo de Hamor.
၁၈ဟာမော်နှင့်သူ၏သားရှေခင်တို့အတွက်ထို တောင်းဆိုချက်ကိုလက်ခံနိုင်ဖွယ်ရှိ၏။ ရှေခင် သည်ယာကုပ်၏သမီးကိုအလွန်စွဲမက်နေ သဖြင့်၊-
19 No demoró el joven en hacerlo, porque se deleitaba con la hija de Jacob. Él era el más distinguido de toda la casa de su padre.
၁၉ယာကုပ်၏သားများပေးသောအကြံကို ချက်ချင်းလက်ခံလိုက်လေသည်။ ရှေခင်သည် ကားမိမိ၏အမျိုးသားချင်းတို့တွင်အရေး ပါအရာရောက်ဆုံးသောပ္ဂိုလ်ဖြစ်၏။
20 Hamor y su hijo Siquem fueron a la puerta de su ciudad y hablaron a los hombres de su ciudad:
၂၀ဟာမော်နှင့်သူ၏သားရှေခင်တို့သည် မြို့ တံခါးဝရှိစည်းဝေးရာနေရာသို့သွား၍ မြို့သားတို့အား၊-
21 Estos hombres son pacíficos con nosotros. Vivirán en la tierra y negociarán en ella. Pues miren, la tierra es bastante amplia para ellos. Tomaremos sus hijas para que sean nuestras esposas, y les daremos nuestras hijas.
၂၁``ဤသူတို့သည်ငါတို့ကိုဖော်ရွေကြပါ၏။ သူတို့အားငါတို့ပြည်၌နေ၍လွတ်လပ်စွာ သွားလာခွင့်ရှိကြပါစေ။ ငါတို့ပြည်သည် သူတို့နေသာအောင်ကျယ်ဝန်းပါသည်။ ငါ တို့သည်သူတို့၏သမီးများကိုထိမ်းမြား ၍သူတို့ကလည်းငါတို့၏သမီးများကို ထိမ်းမြားပါစေ။-
22 Pero solo con esto consentirán en vivir con nosotros para ser un pueblo: que todo varón nuestro sea circuncidado, así como ellos son circuncidados.
၂၂သို့ရာတွင်ငါတို့ယောကျာ်းအားလုံးကသူ တို့နည်းတူ အရေဖျားလှီးခြင်းမင်္ဂလာကို ခံကြပါမှ သူတို့သည်ငါတို့နှင့်အတူနေ ထိုင်၍ ငါတို့နှင့်လူတစ်မျိုးတည်းဖြစ်နိုင်မည် ဟုဆိုပါသည်။-
23 ¿Entonces no serán nuestros su ganado, sus bienes y todos sus animales? Solo convengamos con ellos, y vivirán con nosotros.
၂၃သူတို့အားငါတို့နှင့်အတူနေထိုင်စေရန်သ ဘောတူကြမည်ဆိုလျှင် သူတို့၏သိုး၊ ဆိတ်မှ စ၍တိရစ္ဆာန်များနှင့်ဥစ္စာပစ္စည်းများကိုလည်း ငါတို့ပိုင်ဆိုင်လာမည်မဟုတ်ပါလော'' ဟု ပြောလေ၏။-
24 Todos los que salían por la puerta de su ciudad obedecieron a Hamor y a su hijo Siquem, y circuncidaron a todo varón que salía por la puerta de su ciudad.
၂၄မြို့သားတို့သည်လည်းဟာမော်နှင့်သူ၏သား ရှေခင်တို့၏အကြံပေးချက်ကိုသဘောတူ လက်ခံ၍ ယောကျာ်းမှန်သမျှအရေဖျားလှီး ခြင်းမင်္ဂလာကိုခံကြ၏။
25 Aconteció al tercer día, cuando ellos estaban más adoloridos, que dos de los hijos de Jacob, Simeón y Leví, hermanos de Dina, después de tomar cada uno su espada, salieron contra la ciudad desprevenida y asesinaron a todos los varones.
၂၅ထိုနောက်သုံးရက်မြောက်သောနေ့၌မြို့သား တို့သည် အရေဖျားလှီးခြင်းကြောင့်ဝေဒနာ ခံနေရစဉ် ယာကုပ်၏သားများဖြစ်ကြသော ဒိန၏အစ်ကိုရှိမောင်နှင့်လေဝိတို့သည်ဋ္ဌား ကိုစွဲကိုင်လျက် မြို့တွင်းသို့အမှတ်မထင်ဝင် ရောက်ပြီးလျှင်ယောကျာ်းရှိသမျှတို့ကိုသတ် လေ၏။-
26 Asesinaron a filo de espada a Hamor y a su hijo Siquem, sacaron a Dina de la casa de Siquem y salieron.
၂၆သူတို့သည်ဟာမော်နှင့်သူ၏သားရှေခင်ကို လည်းခုတ်သတ်၍ ရှေခင်၏အိမ်မှဒိနကိုကယ် ယူခဲ့ပြီးလျှင်အိမ်သို့ပြန်လာခဲ့ကြလေ၏။-
27 Los hijos de Jacob pasaron sobre los muertos y saquearon la ciudad, por cuanto violaron a su hermana.
၂၇ယာကုပ်၏အခြားသောသားတို့ကလည်းသူ တို့၏နှမအသရေဖျက်ခံရခြင်းကိုလက်စား ချေရန် မိမိတို့သတ်ခဲ့သောသူတို့ထံသွား၍မြို့ ကိုလုယက်ဖျက်ဆီးကြလေသည်။-
28 Tomaron sus ovejas, su ganado vacuno y sus asnos, lo que estaba en la ciudad, lo que estaba en el campo
၂၈သူတို့သည် သိုးအုပ်၊ ဆိတ်အုပ်၊ နွားအုပ်၊ မြည်း အုပ်နှင့်မြို့တွင်းမြို့ပြင်၌ရှိသမျှသော ပစ္စည်းများကိုလုယူခဲ့ကြသည်။-
29 y toda su hacienda. Se llevaron cautivas a todas sus criaturas y sus mujeres, y saquearon todo lo que había en las casas.
၂၉မြို့သားတို့၏အဖိုးတန်ပစ္စည်းရှိသမျှနှင့်၊ သားမယားနှင့်ကလေးသူငယ်အားလုံး၊ အိမ်တွင်း၌တွေ့သမျှသောပစ္စည်းများကို သိမ်းယူခဲ့ကြသည်။
30 Entonces Jacob dijo a Simeón y a Leví: Ustedes me arruinaron al hacer que yo sea odioso ante los habitantes de esta tierra, el cananeo y el ferezeo. Por cuanto tengo pocos hombres, se juntarán contra mí y me atacarán. Yo y mi casa seremos exterminados.
၃၀ထိုအခါယာကုပ်ကရှိမောင်နှင့်လေဝိတို့ အား``သင်တို့သည်ငါ့ကိုဒုက္ခရောက်စေပြီ။ ဤ ပြည်မှခါနာန်အမျိုးသားနှင့်ဖေရဇိအမျိုး သားတို့သည်ငါ့ကိုမုန်းကြလိမ့်မည်။ ငါ့ထံ၌ လူအင်အားအနည်းငယ်သာရှိသည်။ အကယ်၍ သူတို့စည်းရုံးကြပြီးလျှင်ငါ့ကိုတိုက်ခိုက် ပါက ငါတို့မိသားစုအားလုံးသေကြေ ပျက်စီးရကြလိမ့်မည်'' ဟုပြောလေ၏။
31 Pero dijeron ellos: ¿Debía él tratar a nuestra hermana como a una prostituta?
၃၁သူတို့က``ကျွန်တော်တို့၏နှမကိုပြည့်တန် ဆာအဖြစ်မခံနိုင်ပါ'' ဟုပြန်ပြောကြ၏။