< Génesis 22 >

1 Después de esto aconteció que ʼElohim probó a Abraham, y le dijo: ¡Abraham! Él respondió: Aquí estoy.
ထိုနောက်မှ ဘုရားသခင် သည်၊ အာဗြဟံ ကို စုံစမ်း ခြင်းငှါ၊ အာဗြဟံ ဟု ခေါ် တော်မူ၍ အာဗြဟံ က၊ အကျွန်ုပ် ရှိ ပါ၏ဟု လျှောက် လျှင်၊
2 [ʼElohim] le dijo: Toma ahora a tu único hijo Isaac y vé a la tierra de Moriah. Y tú mismo sacrifícalo allí en holocausto sobre una de las montañas que Yo te diré.
သင်သည် အလွန်ချစ် သော တ ယောက်တည်း သော သား ဣဇာတ် ကိုယူ ၍ မောရိ ပြည် သို့ သွား လော့။ ငါပြ လတံ့သော တောင် ပေါ် မှာ သူ့ ကိုမီးရှို့ ရာ ယဇ်ပြု၍ ပူဇော် လော့ဟု မိန့် တော်မူ၏။
3 Abraham se levantó temprano por la mañana, enalbardó su asno y tomó consigo a dos de sus esclavos jóvenes y a su hijo Isaac. Luego cortó leña para el holocausto, se levantó, y fue al lugar que ʼElohim le dijo.
အာဗြဟံ သည် နံနက် စောစော ထ၍ ၊ မြည်း ကို ကုန်းနှီး တင်ပြီးလျှင် ၊ မိမိ သား ဣဇာက် နှင့် ငယ်သား နှစ် ယောက်ကိုခေါ် ၍ ယဇ် ရှို့စရာ ထင်း ကိုခွဲ ပြီးမှ ၊ ဘုရားသခင် မိန့် တော်မူသောအရပ် သို့ ထ သွားလေ၏။
4 Al tercer día Abraham levantó sus ojos y divisó el lugar desde lejos.
သုံး ရက်မြောက် သောနေ့၌ မြော် ကြည့်၍၊ ထိုအရပ် ကို အဝေး က မြင် လျှင်၊
5 Y Abraham dijo a sus esclavos jóvenes: Permanezcan aquí con el asno. Yo y el muchacho iremos hasta allá y nos postraremos. Después regresaremos a ustedes.
ငယ်သား နှစ်ယောက်တို့အား ၊ သင် တို့သည် ဤ အရပ်၌မြည်း နှင့်အတူ နေ ရစ်ကြလော့။ ငါ သည် သားနှင့်အတူထိုအရပ် သို့သွား ၍ ၊ ကိုးကွယ် ခြင်းကိုပြုအံ့။ ထိုအမှုပြီးမှ ၊ သင် တို့ဆီသို့ ပြန် လာဦးမည်ဟု ဆို လေ၏။
6 Entonces Abraham tomó la leña para el holocausto y la cargó sobre su hijo Isaac. Luego tomó en su mano el fuego y el cuchillo, y ambos caminaban juntos.
ထိုအခါ ယဇ် ရှို့စရာထင်း ကိုယူ ၍ သား ဣဇာတ် အပေါ် မှာ တင် ပြီးလျှင် ၊ မီး နှင့် ထား ကို မိမိ လက် ၌ ကိုင် လျက် ၊ နှစ် ယောက်အတူ သွား ကြ၏။
7 Isaac habló a su padre Abraham: Padre mío. Y él respondió: Aquí estoy, hijo mío. Y le dijo: Mira, está el fuego y la leña, pero ¿dónde está el cordero para el holocausto?
သွားကြစဉ်တွင်၊ ဣဇာက် သည် အဘ အာဗြဟံ ကို အဘ ဟုခေါ် လျှင် ၊ ငါ့ သား ၊ ငါ ရှိ ၏ဟု ထူး လေ၏။ ဣဇာက်ကလည်း မီး ပါ၏၊ ထင်း လည်းပါ၏။ ယဇ် ရှို့စရာဘို့ သိုးသငယ် သည် အဘယ်မှာ ရှိသနည်းဟုမေး လျှင်၊
8 Abraham respondió: ʼElohim se proveerá el cordero para el holocausto, hijo mío. Y ambos caminaban juntos.
အာဗြဟံ က ငါ့ သား ၊ ယဇ် ရှို့စရာဘို့ သိုးသငယ် ကို ဘုရားသခင် သည် မိမိ အဘို့ ပြင်ဆင် တော်မူလိမ့်မည်ဟု ဆို လေ၏။
9 Cuando llegaron al lugar que ʼElohim le dijo, Abraham construyó allí el altar y preparó la leña. Luego ató a su hijo Isaac y lo puso sobre el altar, encima de la leña.
ထိုသို့ နှစ် ယောက်အတူ သွား ၍ ၊ ဘုရားသခင် မိန့် တော်မူသောအရပ် သို့ ရောက် ကြသောအခါ ၊ အာဗြဟံ သည် ယဇ် ပလ္လင်ကိုတည် ၍ ထင်း ကိုခင်း ပြီးလျှင် ၊ သား ဣဇာက် ကိုချည်နှောင် ၍ ၊ ယဇ် ပလ္လင်၌ ထင်း ပေါ် မှာ တင် ထား၏။
10 Extendió Abraham su mano y tomó el cuchillo para degollar a su hijo.
၁၀မိမိ လက် ကို ဆန့် ၍ သား ကိုသတ် ခြင်းငှါ ၊ ထား ကို ကိုင် ယူလေ၏။
11 Pero el Ángel de Yavé lo llamó desde el cielo: ¡Abraham! ¡Abraham! Y él respondió: ¡Aquí estoy!
၁၁ထိုအခါ ၊ ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ အာဗြဟံ ၊ အာဗြဟံ ဟု ကောင်းကင် ပေါ်က ခေါ် လေ၏။ အာဗြဟံ က၊ အကျွန်ုပ် ရှိ ပါ၏ဟု လျှောက် လျှင်၊
12 El Ángel le dijo: No extiendas tu mano sobre el muchacho. Nada le hagas, pues ya entiendo que eres temeroso de ʼElohim por cuanto no me rehusaste a tu único hijo.
၁၂ထိုလုလင် ကို မ ထိ မခိုက်နှင့်။ အလျှင်း မ ပြု နှင့်။ သင် သည် ဘုရားသခင် ကို ကြောက်ရွံ့ သည်ဟု ယခု ငါသိ ၏။ အကြောင်းမူကား ၊ သင် ၏သား သင် ၌တ ယောက် တည်းသောသားကိုငါတောင်း၍ သင် သည် ငါ့ ကိုမ ငြင်း ဟု မိန့် တော်မူ၏။
13 Entonces Abraham levantó los ojos, y ahí mismo detrás, vio en el zarzal un carnero trabado por los cuernos. Abraham fue y tomó el carnero, y lo sacrificó en holocausto en lugar de su hijo.
၁၃ထိုအခါ အာဗြဟံ သည် မြော် ကြည့် ၍ မိမိ နောက်မှ ချုံဖုတ် ၌ ချို ညိ လျက် ရှိသောသိုး ကိုမြင် လေ၏။ ထိုသိုး ကိုသွား ၍ ယူ ပြီးလျှင် မိမိ သား ကိုယ်စား မီးရှို့ ယဇ် ပြု၍ ပူဇော် လေ၏။
14 Abraham llamó a aquel lugar Yavé Yireh. Por eso se dice hoy: En la Montaña de Yavé será provisto.
၁၄ထို အရပ် ကို ယေဟောဝါ ယိရဟု အာဗြဟံ သမုတ် လေ၏။ ထိုသို့ နှင့်အညီတောင် ပေါ် မှာ ထာဝရဘုရား ပြင်ဆင် တော်မူမည်ဟု ယနေ့ တိုင်အောင်ဆို လေ့ ရှိသတည်း။
15 El Ángel de Yavé llamó a Abraham por segunda vez desde el cielo
၁၅တဖန် ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ကောင်းကင် ပေါ်က အာဗြဟံ ကို ခေါ် လျက်၊
16 y le habló: Yavé dice: Por Mí mismo juré que porque hiciste esto y no me rehusaste a tu único hijo,
၁၆သင်သည် ဤ အမှု ကိုပြု ၍ ၊ သင် ၏သား သင်၌ တ ယောက်တည်းသောသားကို၊ ငါ့အား မ ငြင်း သောကြောင့်၊
17 ciertamente te bendeciré. Multiplicaré muchísimo tu descendencia, como las estrellas del cielo y como la arena que está en la orilla del mar. Tu descendencia poseerá la puerta de sus enemigos,
၁၇ငါသည် သင့် အား အစဉ်အမြဲကောင်းကြီး ပေးမည်။ သင် ၏အမျိုးအနွှယ် ကိုလည်း ကောင်းကင် ကြယ် ကဲ့သို့ ၎င်း ၊ သမုဒ္ဒရာ သဲ လုံးကဲ့သို့ ၎င်း၊ အစဉ်အမြဲပွား များစေမည်။ သင် ၏အမျိုးအနွယ် သည် ရန်သူ တို့၏ မြို့တံခါး များကို အစိုး ရလိမ့်မည်။
18 y en tu descendencia serán bendecidas todas las naciones de la tierra, por cuanto obedeciste mi voz.
၁၈သင် ၏အမျိုးအနွယ် အားဖြင့် ၊ လူမျိုး ပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်ဟု ငါ ၏ စကား ကို သင်နားထောင် သော ကြောင့် ၊ ငါသည်ကိုယ်ကိုကိုယ် တိုင်တည်၍ ကျိန်ဆို ၏ဟု ထာဝရ ဘုရား၏ အမိန့် တော်ကို ဆင့် ဆိုလေ၏။
19 Abraham regresó a sus jóvenes esclavos. Luego se levantaron y fueron juntos hacia Beerseba. Y vivió Abraham en Beerseba.
၁၉ထိုအခါ အာဗြဟံ သည် ငယ်သား တို့ ရှိရာသို့ ပြန် ၏။ သူတို့သည် ထ ပြီးလျှင် ဗေရာရဗတ အရပ်သို့ လိုက်သွား ကြ၏။ ထို အရပ်၌ အာဗြဟံ နေ လေ၏။
20 Después de estas cosas ocurrió que se informó a Abraham: Mira, también Milca ha dado hijos a Nacor tu hermano:
၂၀ထိုနောက်မှ ၊ အာဗြဟံ ကြား သော သိတင်းစကား ဟူမူကား ၊ သင် ၏အစ်ကို နာခေါ် မယားမိလခါ သည် သား ကို ဘွား မြင်လေပြီ။
21 a Uz su primogénito, a Buz, hermano de éste, a Kemuel, padre de Aram,
၂၁သား အကြီးဟုဇ ၊ သူ့ ညီ ဗုဇ ၊ အာရံ အဘ ကေမွေလ၊
22 y a Quesed, a Hazo, a Pildas, a Jidlaf y a Betuel.
၂၂ခေသက် ၊ ဟာဇော ၊ ပိလဒါရှ ၊ ယိဒလပ် ၊ ဗေသွေလ တည်းဟူသော၊
23 Betuel engendró a Rebeca. Milca dio a luz estos ocho a Nacor, hermano de Abraham.
၂၃သားရှစ် ယောက်တို့ကို၊ အာဗြဟံ အစ်ကို နာခေါ် ၏ မယားမိလခါ ဘွား မြင်လေ၏။ ဗေသွေလ ကား ၊ ရေဗက္က အဘ တည်း။
24 Su concubina, cuyo nombre era Reúma, también dio a luz a Tebah, a Gaham, a Tahas y a Maaca.
၂၄ရုမာ အမည် ရှိသောနာခေါ် ၏ မယား ငယ်သည်လည်း တေဘ ဂါဟံ ၊ သဟာရှ မာခါ တို့ကို ဘွား မြင်လေ၏။

< Génesis 22 >