< Éxodo 21 >

1 Estas son las Ordenanzas que les promulgarás:
``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အောက်​ဖော် ပြ​ပါ​ပ​ညတ်​ချက်​တို့​ကို​သတ်​မှတ်​ပေး​လော့။-
2 Cuando compres un esclavo hebreo, servirá como esclavo seis años, pero al séptimo saldrá libre sin pagar.
ဟေ​ဗြဲ​အ​မျိုး​သား​ကျွန်​တစ်​ယောက်​ကို​ဝယ် လျှင် သူ​သည်​ခြောက်​နှစ်​ကျွန်​ခံ​စေ​ရ​မည်။ သတ္တမ နှစ်​သို့​ရောက်​သော်​သူ​သည်​ကြေး​မ​ပေး​ရ​ဘဲ လွတ်​လပ်​ခွင့်​ရ​ရှိ​စေ​ရ​မည်။-
3 Si entró solo, saldrá solo. Si tenía esposa, entonces su esposa saldrá con él.
တစ်​စုံ​တစ်​ယောက်​သည်​ကျွန်​ဖြစ်​ပြီး​မှ​အိမ် ထောင်​ကျ​လျှင်၊ လွတ်​မြောက်​သည့်​အ​ခါ​သူ့ ဇ​နီး​ကို​ခေါ်​ဆောင်​မ​သွား​ရ။ သို့​ရာ​တွင်​သူ သည်​အိမ်​ထောင်​ရှိ​ပြီး​မှ​ကျွန်​ဖြစ်​လာ​လျှင်၊ သူ​လွတ်​မြောက်​သည့်​အ​ခါ​သူ့​ဇ​နီး​လည်း လွတ်​စေ​ရ​မည်။-
4 Pero si su ʼadon le dio esposa, y ella le dio a luz hijos o hijas, la esposa y sus hijos serán de su ʼadon; él saldrá solo.
သူ​၏​သ​ခင်​က​မိန်း​မ​နှင့်​စုံ​ဖက်​ပေး​သ​ဖြင့် သား​သ​မီး​များ​မွေး​ဖွား​လျှင်၊ ထို​မိန်း​မ​နှင့် သား​သ​မီး​တို့​ကို​သ​ခင်​ပိုင်​၏။ ထို့​ကြောင့်​သူ တစ်​ယောက်​တည်း​သာ​လွတ်​မြောက်​စေ​ရ​မည်။-
5 Pero si el esclavo dice con insistencia: Yo amo a mi ʼadon, a mi esposa y a mis hijos. No saldré libre.
သို့​ရာ​တွင်​ထို​ကျွန်​က​သူ​၏​သ​ခင်၊ သူ​၏ ဇ​နီး​နှင့်​သား​သ​မီး​တို့​ကို​ချစ်​၍​လွတ် မြောက်​ခွင့်​မ​ယူ​လို​ပါ​က၊-
6 Entonces su ʼadon lo llevará ante los jueces, lo acercará a la puerta o a la jamba de la puerta. Su ʼadon le perforará la oreja con un punzón, y será su esclavo para siempre.
သ​ခင်​က​သူ့​ကို​ဘု​ရား​ရှိ​ခိုး​ရာ​ဌာ​န​သို့​ခေါ် ဆောင်​ခဲ့​ရ​မည်။ ထို​ကျွန်​အား​တံ​ခါး​သို့​မ​ဟုတ် တံ​ခါး​တိုင်​အ​ထိ​ခေါ်​ဆောင်​ပြီး​လျှင် သူ​၏​နား ရွက်​ကို​စူး​ဖြင့်​ဖောက်​ရ​မည်။ ထို​နောက်​သူ​သည် သ​ခင်​ထံ​၌​တစ်​သက်​ပတ်​လုံး​ကျွန်​ခံ​ရ မည်။
7 Cuando un hombre venda a su hija como esclava, ella no saldrá libre como suelen salir los esclavos varones.
``တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​သ​မီး​ကို​ကျွန် အ​ဖြစ်​ရောင်း​လျှင်၊ ထို​ကျွန်​မိန်း​မ​သည်​ကျွန် ယောကျာ်း​တို့​ကဲ့​သို့​လွတ်​မြောက်​ခွင့်​မ​ရ​နိုင်။-
8 Si no agrada a su ʼadon, quien la destinó para él como esposa, dejará que sea rescatada, y no tendrá autoridad para venderla a pueblo extranjero, porque la traicionó.
သ​ခင်​က​ထို​မိန်း​မ​ကို​မ​နှစ်​သက်​သ​ဖြင့် မ​ယား​အ​ဖြစ်​မ​ပေါင်း​လို​လျှင်၊ သူ့​ဖ​ခင်​က သူ့​ကို​ပြန်​၍​ရွေး​ယူ​စေ​ရ​မည်။ သ​ခင်​သည် ဝတ္တ​ရား​ပျက်​ကွက်​သ​ဖြင့်​ကျွန်​မ​ကို​အ​ခြား အ​မျိုး​သား​များ​လက်​သို့​ရောင်း​ခွင့်​မ​ရှိ​စေ ရ။-
9 Si la destina para su hijo, hará con ella según la costumbre de las hijas.
တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​မိ​မိ​ဝယ်​သော ကျွန်​မ​ကို​သူ​၏​သား​နှင့်​စုံ​ဖက်​ပေး​လျှင်၊ ထို မိန်း​မ​ကို​သ​မီး​ကဲ့​သို့​ပြု​စု​ထား​ရ​မည်။-
10 Si toma otra esposa para él, no disminuirá a la primera su alimento, ni su ropa, ni sus derechos conyugales.
၁၀တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​ဒု​တိ​ယ​မိန်း​မ တစ်​ယောက်​နှင့်​စုံ​ဖက်​လျှင် ပ​ထ​မ​ဇ​နီး​သည် အ​စား​အ​စာ၊ အ​ဝတ်​အ​ထည်​နှင့်​အ​ခွင့် အ​ရေး​တို့​ကို​ယ​ခင်​အ​တိုင်း​ရ​ရှိ​စေ​ရ မည်။-
11 Si no hace ninguna de estas tres cosas con ella, entonces ella saldrá libre sin pagar dinero.
၁၁အ​ဆို​ပါ​ဝတ္တ​ရား​များ​ပျက်​ကွက်​ခဲ့​လျှင်​သူ သည်​ငွေ​အ​လျော်​မ​တောင်း​ဘဲ ထို​မိန်း​မ​ကို လွတ်​မြောက်​ခွင့်​ပေး​ရ​မည်။
12 El que hiera a un hombre y éste muera, ciertamente morirá.
၁၂``လူ​တစ်​ယောက်​ကို​ရိုက်​နှက်​၍ သေ​စေ​သူ​အား သေ​ဒဏ်​ခံ​စေ​ရ​မည်။-
13 Pero si no estaba al acecho, sino que ʼElohim permitió que cayera en su mano, entonces Yo te señalaré lugar adonde él puede huir.
၁၃သေ​စေ​ရန်​မ​ရည်​ရွယ်​ဘဲ​နှင့်​မ​တော်​တ​ဆ သတ်​မိ​လျှင် သတ်​သော​သူ​သည်​ငါ​သတ်​မှတ် ပေး​မည့်​လုံ​ခြုံ​ရာ​အ​ရပ်​သို့​ရှောင်​တိမ်း​နေ နိုင်​၏။-
14 Sin embargo, si un hombre se enfurece contra su prójimo y lo asesina con alevosía, hasta de mi propio altar lo podrás arrestar para que muera.
၁၄သို့​ရာ​တွင်​ဒေါ​သ​ထွက်​၍​သေ​စေ​ရန်​ရည်​ရွယ် ချက်​ဖြင့် လူ​တစ်​ယောက်​ကို​သတ်​သော​သူ​သည်၊ ငါ​၏​ယဇ်​ပလ္လင်​၌​ပင်​ခို​လှုံ​နေ​စေ​ကာ​မူ သူ့​အား​ဆွဲ​ထုတ်​၍​သေ​ဒဏ်​ခံ​စေ​ရ​မည်။
15 El que golpee a su padre o a su madre ciertamente morirá.
၁၅``မိ​ဘ​ကို​ရိုက်​နှက်​သော​သူ​အား သေ​ဒဏ် ခံ​စေ​ရ​မည်။
16 El que secuestre a una persona, ya sea que la venda o sea hallada en su poder, ciertamente morirá.
၁၆``လူ​တစ်​ယောက်​ကို​ရောင်း​စား​ရန်​ဖြစ်​စေ၊ မိ​မိ ထံ​၌​ကျွန်​စေ​စား​ရန်​ဖြစ်​စေ​အ​ဋ္ဌမ္မ​ဖမ်း​ဆီး သူ​အား​သေ​ဒဏ်​ခံ​စေ​ရ​မည်။
17 El que maldiga a su padre o a su madre ciertamente morirá.
၁၇``မိ​ဘ​ကို​ကျိန်​ဆဲ​သော​သူ​အား​သေ​ဒဏ်​ခံ စေ​ရ​မည်။
18 Si unos hombres pelean, y uno hiere a su prójimo con piedra o el puño, pero no muere sino cae en cama,
၁၈``လူ​အ​ချင်း​ချင်း​ခိုက်​ရန်​ဖြစ်​ပွား​ရာ​၌​တစ် ယောက်​သော​သူ​က အ​ခြား​တစ်​ယောက်​အား ကျောက်​ခဲ​နှင့်​ဖြစ်​စေ၊ လက်​သီး​နှင့်​ဖြစ်​စေ ဒဏ်​ရာ​ရ​စေ​သော်​လည်း အ​သက်​မ​သေ​ဘဲ၊ အ​ကယ်​၍​အ​ရိုက်​ခံ​ရ​သူ​သည်​အိပ်​ရာ​ထဲ ၌​နေ​ရ​လျှင်​သော်​လည်း​ကောင်း၊-
19 si se levanta, y puede entrar y salir sin su bastón, el que lo hirió será absuelto. Solo pagará por su tiempo de reposo y será responsable de que sea curado completamente.
၁၉ထ​၍​တောင်​ဝှေး​ဖြင့်​လမ်း​လျှောက်​နိုင်​လျှင် သော်​လည်း​ကောင်း၊ ထို​သူ​ကို​အ​ပြစ်​ဒဏ် မ​စီ​ရင်​ရ၊ ထို​သူ​အ​လုပ်​ပျက်​သည့်​အ​ချိန် အ​တွက် ဒဏ်​ရာ​ရ​စေ​သူ​က​လျော်​ကြေး​ကို ပေး​၍၊ အ​နာ​ပျောက်​ကင်း​သည့်​အ​ချိန်​အ​ထိ ဒဏ်​ရာ​ရ​သူ​အား​တာ​ဝန်​ယူ​စောင့်​ရှောက် ရ​မည်။
20 Cuando alguno hiera a su esclavo o a su esclava con la vara, y muera bajo su mano, ciertamente será vengado.
၂၀``တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ကျွန်​ယောကျာ်း ကို​ဖြစ်​စေ၊ ကျွန်​မိန်း​မ​ကို​ဖြစ်​စေ​တုတ်​နှင့် ရိုက်​သ​ဖြင့်၊ ထို​ကျွန်​သေ​လျှင်​ထို​သူ​သည် အ​ပြစ်​ဒဏ်​ကို​ခံ​စေ​ရ​မည်။-
21 Pero si sobrevive un día o dos, no será vengado, porque él es propiedad suya.
၂၁သို့​ရာ​တွင်​ထို​ကျွန်​သည်​တစ်​ရက်​နှစ်​ရက်​မျှ နာ​လျက်​မ​သေ​လျှင်၊ ထို​သူ​ကို​အ​ပြစ်​ဒဏ် မ​စီ​ရင်​ရ။ အ​ဘယ်​ကြောင့်​ဆို​သော်​ကျွန်​ဟူ သည်​မှာ​သ​ခင်​ပိုင်​ပစ္စည်း​မျှသာ​ဖြစ်​သော ကြောင့်​တည်း။
22 Si unos hombres pelean, y golpean a una mujer embarazada de tal modo que ella da a luz prematuramente, y sin embargo, ella no tiene heridas, los culpables serán multados según lo que el esposo de la señora imponga sobre ellos y les sea impuesto por los jueces.
၂၂``လူ​တို့​အ​ချင်း​ချင်း​ခိုက်​ရန်​ဖြစ်​ပွား​နေ​စဉ် ကိုယ်​ဝန်​ဆောင်​မိန်း​မ​ကို​ထိ​ခိုက်​မိ​သ​ဖြင့် ကိုယ် ဝန်​ပျက်​သော်​လည်း​ဒဏ်​ရာ​မ​ရ​စေ​လျှင်၊ ထိ ခိုက်​နာ​ကျင်​စေ​သော​သူ​က​ထို​မိန်း​မ​၏​လင် ယောကျာ်း​တောင်း​ဆို​သ​မျှ​လျော်​ကြေး​ကို တ​ရား​သူ​ကြီး​များ​၏​သ​ဘော​တူ​ညီ​ချက် ဖြင့်​ပေး​ရ​မည်။-
23 Pero si hay daño grave, entonces pagará vida por vida,
၂၃သို့​ရာ​တွင်​မိန်း​မ​အား​အ​နာ​တ​ရ​ဖြစ်​စေ​လျှင် အ​သက်​အ​စား​အ​သက်၊-
24 ojo por ojo, diente por diente, mano por mano, pie por pie,
၂၄မျက်​စိ​အ​စား​မျက်​စိ၊ သွား​အ​စား​သွား၊ လက်​အ​စား​လက်၊ ခြေ​အ​စား​ခြေ၊-
25 quemadura por quemadura, herida por herida, contusión por contusión.
၂၅မီး​လောင်​ခြင်း​အ​စား​မီး​လောင်​ခြင်း၊ ထိ​ရှ ခြင်း​အ​စား​ထိ​ရှ​ခြင်း၊ ဒဏ်​ရာ​အ​စား​ဒဏ် ရာ​ကို​ခံ​စေ​ရ​မည်။
26 Cuando alguien hiera el ojo de su esclavo o el de su esclava, y lo inutilice, lo dejará en libertad por causa de su ojo.
၂၆``သ​ခင်​က​ကျွန်​ယောကျာ်း​သို့​မ​ဟုတ်​ကျွန်​မိန်း​မ ၏​မျက်​စိ​ကို​ရိုက်​သ​ဖြင့် မျက်​စိ​ပျက်​လျှင်​မျက်​စိ အ​တွက်​လျော်​ကြေး​အ​ဖြစ်​ကျွန်​ကို​လွတ်​မြောက် ခွင့်​ပေး​စေ။-
27 Si le saca un diente a su esclavo o a su esclava con un golpe, lo dejará en libertad por causa de su diente.
၂၇သ​ခင်​က​ကျွန်​ကို​ရိုက်​၍​ကျွန်​၏​သွား​ကျိုး​လျှင် သွား​အ​တွက်​လျော်​ကြေး​အ​ဖြစ်​ကျွန်​ကို​လွတ် မြောက်​ခွင့်​ပေး​စေ။
28 Cuando un buey cornee a un hombre o a una mujer y muera, ciertamente el buey será apedreado y no se comerá su carne, y el dueño del buey no será castigado.
၂၈``နွား​တစ်​ကောင်​သည်​လူ​တစ်​ယောက်​ကို​ဦး​ချို​ဖြင့် ဝှေ့​သတ်​လျှင် ထို​နွား​ကို​ကျောက်​ခဲ​နှင့်​ပစ်​သတ်​ရ မည်။ ထို​နွား​၏​အ​သား​ကို​မ​စား​ရ။ သို့​ရာ​တွင် နွား​ပိုင်​ရှင်​ကို​အ​ပြစ်​ဒဏ်​မ​ပေး​ရ။-
29 Pero si el buey era corneador desde antes, y a su dueño se le advirtió, pero no lo encerró, y mata a un hombre o una mujer, el buey será apedreado y también morirá su dueño.
၂၉အ​ကယ်​၍​နွား​သည်​လူ​ကို​ဝှေ့​တတ်​ကြောင်း နွား ပိုင်​ရှင်​အား​သ​တိ​ပေး​ပါ​လျက်​နှင့်​ချည်​နှောင် ၍​မ​ထား​သော​ကြောင့် လူ​တစ်​ယောက်​ကို​ဝှေ့ သတ်​ခဲ့​လျှင်​ထို​နွား​ကို​ကျောက်​ခဲ​နှင့်​ပစ်​၍ သတ်​ရ​မည်။ နွား​ရှင်​ကို​လည်း​သေ​ဒဏ်​ပေး​ရ မည်။-
30 Pero si se le impone un impuesto de rescate, entonces pagará por el rescate de su vida cuanto le sea impuesto.
၃၀အ​ကယ်​၍​နွား​ပိုင်​ရှင်​သည်​မိ​မိ​အ​သက် ချမ်း​သာ​ရန်​အ​တွက်​လျော်​ကြေး​ပေး​ခွင့် ရ​လျှင် တောင်း​ဆို​သ​မျှ​လျော်​ကြေး​ကို​ပေး ဆောင်​ရ​မည်။-
31 Si cornea a un muchacho o a una muchacha, se hará con él conforme a esta misma norma.
၃၁နွား​သည်​ယောကျာ်း​က​လေး​သို့​မ​ဟုတ်​မိန်း က​လေး​တစ်​ဦး​ကို​ဝှေ့​သတ်​လျှင် ထို​နည်း အ​တိုင်း​စီ​ရင်​ရ​မည်။-
32 Si el buey cornea a un esclavo o a una esclava, el dueño del buey pagará 330 gramos de plata al amo del esclavo, y el toro será apedreado.
၃၂နွား​သည်​ကျွန်​ယောကျာ်း​သို့​မ​ဟုတ်​ကျွန်​မိန်း​မ တစ်​ဦး​ကို​ဝှေ့​သတ်​လျှင် နွား​ပိုင်​ရှင်​က​ကျွန် ပိုင်​ရှင်​အား​ငွေ​သား​သုံး​ဆယ်​လျော်​ကြေး​ပေး ဆောင်​ရ​မည်။ နွား​ကို​လည်း​ကျောက်​ခဲ​နှင့်​ပစ် သတ်​ရ​မည်။
33 Cuando alguno destape un pozo o excave una cisterna y no la cubra, y caiga allí un toro o un asno,
၃၃``လူ​တစ်​ဦး​သည်​တွင်း​တူး​၍​မ​ဖုံး​ဘဲ​ထား သ​ဖြင့် နွား​သို့​မ​ဟုတ်​မြည်း​တစ်​ကောင်​ထို​တွင်း သို့​ကျ​လျှင်၊-
34 el dueño de la cisterna indemnizará. Pagará el dinero a su dueño, y lo muerto será suyo.
၃၄ပိုင်​ရှင်​အား​တိ​ရစ္ဆာန်​အ​သေ​ကောင်​အ​တွက် လျော်​ကြေး​ပေး​ဆောင်​၍​တိ​ရစ္ဆာန်​အ​သေ ကောင်​ကို​ပိုင်​စေ။-
35 Si el buey de alguno hiere el buey de su prójimo y muere, entonces venderán el buey vivo y partirán el dinero, y también partirán el buey muerto.
၃၅လူ​တစ်​ဦး​၏​နွား​က​အ​ခြား​လူ​တစ်​ဦး​၏​နွား ကို​ဝှေ့​သတ်​လျှင် အ​သက်​ရှင်​သော​နွား​ကို​ရောင်း ၍​နွား​ပိုင်​ရှင်​နှစ်​ဦး​က​ငွေ​ကို​ခွဲ​ဝေ​ယူ​ရ​မည်။ နွား​သေ​၏​အ​သား​ကို​လည်း​ခွဲ​ဝေ​ယူ​ရ​ကြ မည်။-
36 Pero si era notorio que el buey era corneador desde antes, y su dueño no lo encerró, pagará buey por buey, y el buey muerto será suyo.
၃၆သို့​ရာ​တွင်​နွား​ပိုင်​ရှင်​က​မိ​မိ​၏​နွား​သည်​ဝှေ့ တတ်​ကြောင်း​ကို​သိ​လျက်​နှင့် ချည်​နှောင်​၍​မ ထား​ခဲ့​လျှင်​နွား​သေ​အ​တွက်​နွား​တစ်​ကောင် ကို​အ​စား​လျော်​၍​နွား​သေ​ကို​ပိုင်​စေ။

< Éxodo 21 >