< Ester 4 >

1 Mardoqueo supo todo lo que se hizo. Entonces Mardoqueo rasgó sus ropas y se vistió de tela áspera con ceniza. Fue al centro de la ciudad, y clamó a gran voz con amargura.
ဤ​အ​ဖြစ်​အ​ပျက်​အ​လုံး​စုံ​ကို မော်​ဒ​ကဲ သိ​ရ​သော​အ​ခါ​ပြင်း​စွာ​စိတ်​ဒုက္ခ​ရောက်​လျက် မိ​မိ​၏​အ​ဝတ်​များ​ကို​ဆုတ်​ပြီး​လျှင်​လျှော် တေ​ကို​ဝတ်​၍​ဦး​ခေါင်း​ကို​ပြာ​နှင့်​လူး​၏။ ထို နောက်​သူ​သည်​ပြင်း​ပြ​စွာ​ငို​ကြွေး​မြည်​တမ်း လျက် နန်း​တော်​အ​ဝင်​ဝ​သို့​ရောက်​သည်​တိုင် အောင်​မြို့​ကို​ဖြတ်​၍​လျှောက်​သွား​လေ​သည်။ မည်​သူ​မ​ဆို​လျှော်​တေ​ကို​ဝတ်​၍ နန်း​တွင်း သို့​မ​ဝင်​ရ​သော​ကြောင့်​သူ​သည်​နန်း​တွင်း သို့​မ​ဝင်​ချေ။-
2 Luego fue hasta el frente de la puerta del palacio real, pues no era permitido entrar a la puerta del palacio real cubierto de tela áspera.
3 En cada provincia a donde llegaba la orden del rey y su edicto, hubo gran duelo entre los judíos: ayuno, llanto y lamentación. La tela áspera y la ceniza fueron la cama para muchos.
မင်း​ကြီး​၏​အ​မိန့်​ကြေ​ငြာ​ချက်​ရောက်​ရှိ လေ​ရာ​ပြည်​နယ်​တို့​၌ ယု​ဒ​အ​မျိုး​သား တို့​သည်​အ​စာ​ရှောင်​၍​အော်​ဟစ်​ငို​ကြွေး မြည်​တမ်း​ကြ​ကုန်​၏။ လူ​တိုင်း​လို​ပင်​လျှော် တေ​ကို​ဝတ်​ကာ​ပြာ​ပေါ်​တွင်​လှဲ​၍​နေ​ကြ ကုန်​၏။
4 Las doncellas de Ester y sus eunucos fueron y se lo comunicaron. La reina se estremeció y se afligió muchísimo. Envió ropas para que Mardoqueo se vistiera, y se quitara su tela áspera, pero él no las aceptó.
အ​ပျို​တော်​တို့​နှင့်​မိန်း​မ​စိုး​တို့​သည် မော်​ဒ​ကဲ အ​ဘယ်​သို့​ပြု​လျက်​နေ​သည်​ကို​ဧ​သ​တာ အား​ပြော​ပြ​ကြ​၏။ ထို​အ​ခါ​ဧ​သ​တာ သည်​လွန်​စွာ​စိတ်​ဒုက္ခ​ရောက်​၍ မော်​ဒ​ကဲ​အား လျှော်​တေ​ကို​လဲ​စေ​ရန်​ပေး​ပို့​သော်​လည်း မော်​ဒ​ကဲ​လက်​မ​ခံ​ဘဲ​နေ​၏။-
5 Entonces Ester llamó a Hatac, uno de los eunucos que el rey asignó al servicio de ella, y lo envió a Mardoqueo para averiguar qué era lo que sucedía y por qué.
ထို​အ​ခါ​မိ​ဖု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ အ​ဖြစ် မင်း​ကြီး​ခန့်​ထား​ပေး​သူ၊ မိန်း​မ​စိုး ဟာ​တက်​ကို​ခေါ်​ယူ​ပြီး​လျှင် အ​ကျိုး အ​ကြောင်း​ကို​စုံ​စမ်း​ရန်​မော်​ဒ​ကဲ​ထံ သို့​စေ​လွှတ်​လိုက်​လေ​သည်။-
6 Hatac salió hacia Mardoqueo, a la plaza de la ciudad, que estaba frente a la puerta del palacio del rey.
ဟာ​တက်​သည်​နန်း​တော်​တံ​ခါး​ရှေ့​မြို့​တော် ကွက်​လပ်​တွင်​ရှိ​သော​မော်​ဒ​ကဲ​ထံ​သို့​သွား​၏။-
7 Mardoqueo le refirió todo lo que le sucedía, y la suma exacta de plata que Amán prometió pesar para los tesoros del rey con el fin de que los judíos fueran destruidos.
မော်​ဒ​ကဲ​က​သူ့​အား​ဖြစ်​ပျက်​ခဲ့​သည့် အ​မှု​အ​ရာ​အ​လုံး​စုံ​ကို​လည်း​ကောင်း၊ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို​ကွပ် မျက်​လျှင်​ဘု​ရင့်​ဘဏ္ဍာ​တော်​သို့​ငွေ​မည်​မျှ ပေး​သွင်း​ရန် ဟာ​မန်​က​တိ​ပြု​ထား​ကြောင်း ကို​လည်း​ကောင်း​ပြော​ပြ​၏။-
8 Además le dio una copia del edicto que fue promulgado en Susa para que fueran destruidos. Esperaba que la mostrara a Ester y le contara todo. Le encargó que acudiera al rey e intercediera por su pueblo ante él.
ယု​ဒ​အ​မျိုး​သား​များ​အား​ကွပ်​မျက်​ရန် အ​တွက် ရှု​ရှန်​မြို့​တွင်​ထုတ်​ပြန်​ထား​သည့် အ​မိန့်​ကြေ​ငြာ​ချက်​မိတ္တူ​တစ်​စောင်​ကို လည်း​ပေး​လိုက်​၏။ မော်​ဒ​ကဲ​သည်​ဟာ​တက် အား``ဤ​အ​မိန့်​ကြေ​ငြာ​ချက်​မိတ္တူ​ကို​ဧ​သ တာ​အား​ပေး​၍ ဖြစ်​ပျက်​လျက်​ရှိ​သည့် အ​ခြေ​အ​နေ​ကို​ရှင်း​ပြ​ပါ​လော့။ ထို​နောက် သူ့​အား​မင်း​ကြီး​ထံ​သို့​ဝင်​၍ မိ​မိ​၏​လူ မျိုး​အ​ပေါ်​တွင်​က​ရု​ဏာ​ထား​တော်​မူ​ရန် လျှောက်​ထား​တောင်း​ပန်​စေ​ပါ​လော့'' ဟု မှာ​ကြား​လိုက်​လေ​သည်။-
9 Y regresó Hatac y declaró a Ester las palabras de Mardoqueo.
ဟာ​တက်​သည်​လည်း​မော်​ဒ​ကဲ​မှာ​ကြား လိုက်​သည့်​အ​တိုင်း​ပြု​၏။-
10 Entonces Ester habló con Hatac y lo envió a Mardoqueo:
၁၀ထို​အ​ခါ​ဧ​သ​တာ​သည်​ဟာ​တက်​မှ​တစ်​ဆင့် မော်​ဒ​ကဲ​အား၊-
11 Todos los servidores del rey y la gente de las provincias del rey, saben que para cualquier persona, sea hombre o mujer, que entre al patio interior del rey sin ser llamado, hay una sola ley: Debe morir, excepto aquél a quien el rey extienda el cetro de oro para que viva. Y yo no fui llamada para ir ante el rey en estos 30 días.
၁၁``ယောကျာ်း​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ​မင်း​ကြီး ခေါ်​တော်​မ​မူ​ဘဲ​နန်း​တော်​အ​တွင်း​တံ​တိုင်း၊ မင်း​ကြီး​ထံ​တော်​သို့​ဝင်​မိ​သူ​သည်​သေ​ဒဏ် ခံ​ရ​မည်​ဖြစ်​ပါ​၏။ ဤ​ကား​တ​ရား​ဥ​ပ​ဒေ အ​ရ​ဖြစ်​သ​ဖြင့်​ဘု​ရင့်​အ​ကြံ​ပေး​အ​မတ် များ​မှ​စ​၍ ပြည်​နယ်​အ​သီး​သီး​ရှိ​လူ​အ ပေါင်း​တို့​သိ​ကြ​ပါ​သည်။ ထို​ဥ​ပ​ဒေ​ကို ရှောင်​ကွင်း​နိုင်​ရန်​လမ်း​တစ်​လမ်း​သာ​ရှိ​ပါ သည်။ အ​ကယ်​၍​မင်း​ကြီး​က​ရာ​ဇ​လှံ​တံ တော်​ကို​ကမ်း​တော်​မူ​လျှင် ဝင်​မိ​သူ​အ​သက် ချမ်း​သာ​ရာ​ရ​ပါ​၏။ သို့​ရာ​တွင်​ကျွန်​မ အား​မင်း​ကြီး​ခေါ်​ယူ​တော်​မ​မူ​သည်​မှာ တစ်​လ​ရှိ​ပါ​ပြီ'' ဟု​ပြန်​ကြား​လေ​သည်။
12 Él le informó a Mardoqueo lo que dijo Ester.
၁၂မော်​ဒ​ကဲ​သည်​ဧ​သ​တာ​ပြန်​ကြား​သည့် စ​ကား​ကို​ကြား​ရ​သော​အ​ခါ၊-
13 Y Mardoqueo mandó que se respondiera a Ester: No creas dentro de ti que escaparás en la casa del rey, mejor que cualquier otro judío.
၁၃ဧ​သ​တာ​အား``သင်​သည်​နန်း​တွင်း​၌​နေ​ရ သ​ဖြင့် အ​ခြား​ယု​ဒ​အ​မျိုး​သား​များ​ထက် ပို​၍​လုံ​ခြုံ​မှု​ရှိ​လိမ့်​မည်​ဟု​မ​ထင်​မှတ်​ပါ​နှင့်။-
14 Porque, si en este momento callas, socorro y liberación vendrá de alguna otra parte para los judíos, pero tú y la casa de tu padre perecerán, y ¿quién sabe si para un tiempo como éste llegaste al reino?
၁၄အ​ကယ်​၍​သင်​သည်​ယ​ခု​အ​ချိန်​အ​ခါ​မျိုး ၌​ဆိတ်​ဆိတ်​နေ​ပါ​မူ ယု​ဒ​အ​မျိုး​သား​တို့ သည် ကောင်း​ကင်​ဘုံ​မှ​အ​ကူ​အ​ညီ​ကို​ရ​ရှိ ၍​ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​ပါ​မည်။ သင်​မူ ကား​အ​သတ်​ခံ​ရ​လျက်​ဖ​ခင်​၏​အိမ်​ထောင်​စု သည်​လည်း​ပျက်​စီး​ဆုံး​ပါး​ကြ​လိမ့်​မည်။ သို့ ရာ​တွင်​သင်​မိ​ဖု​ရား​ဖြစ်​လာ​ရ​သည်​မှာ ဤ အ​ချိန်​အ​ခါ​မျိုး​အ​တွက်​ပင်​ဖြစ်​သည်​မ ဟုတ်​ပါ​လော'' ဟု​သ​တိ​ပေး​စ​ကား​မှာ ကြား​လိုက်​၏။
15 Ester dijo que respondieran a Mardoqueo:
၁၅ဧ​သ​တာ​သည်​မော်​ဒ​ကဲ​အား၊
16 Vé y reúne a todos los judíos que están en Susa. Ayunen por mí, y no coman ni beban durante tres días, ni de noche ni de día. Yo también ayunaré igualmente con mis doncellas, y entonces iré al rey, aunque es contra la ley, ¡y si perezco, que perezca!
၁၆``ရှု​ရှန်​မြို့​တွင်​ရှိ​သ​မျှ​သော​ယု​ဒ​အ​မျိုး သား​တို့​ကို​စု​ရုံး​ပြီး​လျှင် ကျွန်​မ​အ​တွက် အ​စာ​ရှောင်​စေ​၍ နေ့​ညဥ့်​မ​ပြတ်​သုံး​ရက် ပတ်​လုံး​မ​စား​မ​သောက်​ဘဲ​နေ​ကြ​ပါ​စေ။ ကျွန်​မ​နှင့်​ကျွန်​မ​၏​အ​ပျို​တော်​တို့​သည် လည်း​အ​စာ​ရှောင်​ကြ​ပါ​မည်။ ထို​နောက်​တ​ရား ဥ​ပ​ဒေ​ကူး​လွန်​၍​သေ​ဒဏ်​ခံ​ရ​စေ​ကာ​မူ မင်း​ကြီး​ထံ​သို့​ကျွန်​မ​ဝင်​ပါ​မည်'' ဟု​ပြန် ကြား​လိုက်​၏။
17 Entonces Mardoqueo se fue e hizo según todo lo que Ester le encomendó.
၁၇ထို​အ​ခါ​မော်​ဒ​ကဲ​သည်​ထွက်​ခွာ​ကာ ဧ​သ​တာ မှာ​ကြား​လိုက်​သည့်​အ​တိုင်း​ပြု​လေ​သည်။

< Ester 4 >