< Daniel 6 >

1 A Darío le pareció bien establecer 120 sátrapas, para gobernar en todo el reino,
ဒါ​ရိ​မင်း​သည်​မိ​မိ​၏​အင်​ပါ​ယာ​နိုင်​ငံ တစ်​ဝန်း​လုံး​အုပ်​ချုပ်​မှု​အ​တွက် ဘု​ရင်​ခံ တစ်​ရာ့​နှစ်​ဆယ်​ကို​ခန့်​ထား​ရန်​ဆုံး​ဖြတ် တော်​မူ​ပြီး​လျှင်၊-
2 y al frente de ellos tres gobernadores (uno de ellos era Daniel), a quienes estos sátrapas dieran cuenta para que el rey no sufriera pérdida.
ဒံ​ယေ​လ​နှင့်​အ​ခြား​သူ​နှစ်​ယောက်​တို့ အား​ဘု​ရင်​ခံ​များ​ကို​ကွပ်​ကဲ​ကြီး​ကြပ် ရန်​နှင့် ဘု​ရင့်​အ​ကျိုး​တော်​ကို​စောင့်​ရှောက် ရန်​အ​တွက်​ရွေး​ချယ်​ခန့်​ထား​တော်​မူ​၏။-
3 Este Daniel se distinguía por encima de los gobernadores y sátrapas, porque poseía un Espíritu superior. El rey pensaba darle autoridad sobre todo el reino.
ထို့​နောက်​မ​ကြာ​မီ​ဒံ​ယေ​လ​သည်​အ​ခြား ကြီး​ကြပ်​ရေး​အ​ဖွဲ့​ဝင်​များ​ဘု​ရင်​ခံ​များ ထက်​ပို​၍ အ​ရည်​အ​ချင်း​ကောင်း​မွန်​သူ ဖြစ်​ကြောင်း​သိ​သာ​ထင်​ရှား​လာ​၏။ သူ​သည် အ​လွန်​ပင်​ထူး​ချွန်​သ​ဖြင့် မင်း​ကြီး​သည် သူ့​အား​အင်​ပါ​ယာ​နိုင်​ငံ​တစ်​ခု​လုံး​ကို ကွပ်​ကဲ​အုပ်​ချုပ်​စေ​ရန်​အ​ကြံ​ရှိ​တော် မူ​၏။-
4 Por lo cual los gobernadores y sátrapas buscaban ocasión contra Daniel en lo relacionado con el reino, pero no podían hallar alguna acusación o falta, porque él era fiel. Ninguna negligencia o corrupción fue hallada en él.
ထို​အ​ခါ​အ​ခြား​ကြီး​ကြပ်​ရေး​အ​ဖွဲ့​ဝင် များ​နှင့်​ဘု​ရင်​ခံ​တို့​သည် ဒံ​ယေ​လ​၏​စီ​မံ အုပ်​ချုပ်​မှု​၌​အ​မှား​ကို​ရှာ​ကြ​လေ​သည်။ သို့​ရာ​တွင်​မည်​သည့်​အ​မှား​ကို​မျှ​မ​တွေ့ မ​ရှိ​နိုင်​ကြ။ အ​ဘယ်​ကြောင့်​ဆို​သော်​ဒံ​ယေ​လ သည်​သစ္စာ​ရှိ​သူ​ဖြစ်​သ​ဖြင့်​မည်​သည့်​အ​မှား၊ မည်​သည့်​မ​ရိုး​မ​ဖြောင့်​မှု​ကို​မျှ​မ​ပြု သော​ကြောင့်​ဖြစ်​၏။-
5 Entonces aquellos hombres se dijeron: No hallaremos algún pretexto contra este Daniel para acusarlo, excepto en relación con la Ley de su ʼElah.
သူ​တို့​က``ငါ​တို့​သည်​ဒံ​ယေ​လ​အား သူ ကိုး​ကွယ်​သည့်​ဘာ​သာ​နှင့်​ပတ်​သက်​သော ကိစ္စ​မှ​တစ်​ပါး အ​ခြား​အ​ဘယ်​အ​မှု​တွင် မျှ​ပြစ်​တင်​စွပ်​စွဲ​စ​ရာ​တွေ့​နိုင်​မည်​မ​ဟုတ်'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။
6 Entonces estos gobernadores y sátrapas se reunieron de común acuerdo ante el rey y le dijeron: ¡Rey Darío, vive para siempre!
ထို​နောက်​သူ​တို့​သည်​မင်း​ကြီး​ရှေ့​တော်​သို့ သွား​ရောက်​၍``ဒါ​ရိ​မင်း​မြတ်​သက်​တော်​ရာ ကျော်​ရှည်​တော်​မူ​ပါ​စေ။-
7 Todos los gobernadores del reino, magistrados, sátrapas, jefes y capitanes acordaron por consejo que promulgues un edicto real y lo firmes. Según este edicto cualquiera que en el espacio de 30 días demande petición de cualquier ʼElah u hombre fuera de ti, oh rey, sea echado en el foso de los leones.
အ​ရှင်​မင်း​ကြီး​သည်​အ​မိန့်​တော်​တစ်​ရပ် ကို​ထုတ်​ဆင့်​ကာ ထို​အ​မိန့်​တော်​ကို​လူ​တို့ တိ​ကျ​စွာ​လိုက်​နာ​ကြ​စေ​သင့်​ကြောင်း​ကြီး ကြပ်​ရေး​အ​ဖွဲ့​ဝင်​များ၊ ဘု​ရင်​ခံ​များ၊ လက် ထောက်​ဘုရင်​ခံ​များ​နှင့်​အ​ကြံ​ပေး​အ​ရာ ရှိ​များ​ဖြစ်​သည့်​နိုင်ငံ​တော်​ကို​စီ​မံ​အုပ်​ချုပ် ကြ​သူ အ​ကျွန်ုပ်​တို့​အား​လုံး​သ​ဘော​တူ​ညီ ကြ​ပါ​၏။ ရက်​ပေါင်း​သုံး​ဆယ်​တိုင်​တိုင် အ​ဘယ်​သူ​မျှ​အ​ရှင်​မင်း​ကြီး​မှ​လွဲ​၍ အ​ခြား​လူ​ထံ​သော်​လည်း​ကောင်း၊ ဘု​ရား ထံ​သော်​လည်း​ကောင်း​ဆု​တောင်း​သူ​မည်​သူ မ​ဆို ခြင်္သေ့​လှောင်​သော​တွင်း​ထဲ​သို့​ပစ်​ချ ခြင်း​ကို​ခံ​စေ​ဟူ​သော​အ​မိန့်​ထုတ်​တော် မူ​ပါ။-
8 Ahora, oh rey, establece el edicto y firma el documento para que no sea modificado, según la ley de medos y persas, que es irrevocable.
ထို​အ​မိန့်​တော်​ကို​အ​ရှင်​မင်း​ကြီး​ထုတ် ၍​တံ​ဆိပ်​ခတ်​နှိပ်​၍​လက်​မှတ်​ရေး​ထိုး တော်​မူ​ပါ​လျှင် ယင်း​အ​မိန့်​တော်​သည်​ပြင် ဆင်​ပြောင်း​လဲ​၍​မ​ရ​နိုင်​သော​မေ​ဒိ​နှင့် ပါ​ရှ​လူ​မျိုး​များ​၏​ဋ္ဌမ္မ​သတ်​ဖြစ်​လာ ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။-
9 El rey Darío firmó el edicto y la prohibición.
သို့​ဖြစ်​၍​ဒါ​ရိ​မင်း​သည်​ထို​အ​မိန့်​တော် ကို တံ​ဆိပ်​ခတ်​လက်​မှတ်​ရေး​ထိုး​တော်​မူ​၏။-
10 Cuando Daniel supo que el edicto estaba firmado, entró en su casa y abrió las ventanas de su habitación que se abrían hacia Jerusalén. Se arrodillaba tres veces al día, hablaba con Dios y daba gracias a su ʼElah, como solía hacer antes.
၁၀မင်း​ကြီး​ဤ​သို့​လက်​မှတ်​ရေး​ထိုး​ပြီး ကြောင်း​ကို​ကြား​သိ​သော​အ​ခါ ဒံ​ယေ​လ သည်​အိမ်​သို့​ပြန်​လေ​၏။ သူ​၏​အိမ်​အ​ထက် ခန်း​တွင်​ယေ​ရု​ရှ​လင်​မြို့​သို့​မျက်​နှာ​မူ သည့်​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ သူ​သည်​ထို အ​ခန်း​တွင်​မိ​မိ​ပြု​လေ့​ရှိ​သည်​အ​တိုင်း ပြူ​တင်း​ပေါက်​များ​အ​နီး​တွင် ဒူး​ထောက် လျက်​တစ်​နေ့​လျှင်​သုံး​ကြိမ်​ဘု​ရား​သ​ခင်​အား​ဆု​တောင်း​ပတ္ထ​နာ​ပြု​လေ​၏။
11 Entonces aquellos hombres, por acuerdo, fueron y hallaron a Daniel cuando hacía petición y súplica ante su ʼElah.
၁၁သူ​၏​ရန်​သူ​တို့​သည်​ဘု​ရား​သ​ခင်​အား ဒံ​ယေ​လ​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ သည်​ကို​မြင်​သော​အ​ခါ၊-
12 Luego llegaron al rey y le hablaron con respecto al edicto real: ¿No firmaste un edicto según el cual cualquiera que en el espacio de 30 días haga una petición a cualquier ʼelah u hombre fuera de ti, oh rey, sea echado en el foso de los leones? El rey respondió: La declaración es verdadera, según la ley de medos y persas, la cual no puede ser abrogada.
၁၂တစ်​စု​တစ်​ရုံး​တည်း​ဘု​ရင့်​ရှေ့​တော်​သို့​ဝင်​၍ ဒံ​ယေ​လ​အား​ပြစ်​တင်​စွပ်​စွဲ​ကြ​ကုန်​၏။ သူ တို့​က``အ​ရှင်​မင်း​ကြီး​ကိုယ်​တော်​သည်​နောက် ရက်​ပေါင်း​သုံး​ဆယ်​တိုင်​တိုင်​အ​ရှင်​မင်း​ကြီး မှ​လွဲ​၍ အ​ခြား​လူ​ထံ​သော်​လည်း​ကောင်း၊ ဘု​ရား​ထံ​သော်​လည်း​ကောင်း​ဆု​တောင်း​သူ မည်​သူ​မ​ဆို​ခြင်္သေ့​လှောင်​သော​တွင်း​ထဲ​သို့ ပစ်​ချ​ခြင်း​ကို​ခံ​စေ​ဟူ​သော​အ​မိန့်​တော် ကို​လက်​မှတ်​ရေး​ထိုး​တော်​မူ​ခဲ့​သည် မဟုတ်​ပါ​လော'' ဟု​မေး​လျှောက်​ကြ​၏။ မင်း​ကြီး​က``ထို​အ​မိန့်​သည်​ပြောင်း​လဲ​၍ မ​ရ​သော​မေ​ဒိ​နှင့်​ပါ​ရှ​လူ​မျိုး​တို့​၏ ဋ္ဌမ္မ​သတ်​အ​တိုင်း​မှန်​ပေ​၏'' ဟု​မိန့်​တော် မူ​၏။
13 Entonces ellos contestaron al rey: Daniel, quien es de los cautivos de Judá, no te respeta, oh rey, ni acata el edicto que firmaste, sino hace su petición tres veces al día.
၁၃ထို​အ​ခါ​သူ​တို့​သည်​မင်း​ကြီး​အား``ယု​ဒ ပြည်​မှ​ဖမ်း​ဆီး​ခဲ့​သူ​များ​အ​နက်​တစ်​ဦး ဖြစ်​သူ​ဒံ​ယေ​လ​သည်​အ​ရှင်​မင်း​ကြီး အား​ရို​သေ​လေး​စား​မှု​မ​ရှိ။ အ​ရှင်​ထုတ် ပြန်​သည့်​အ​မိန့်​တော်​ကို​လည်း​မ​လိုက်​နာ။ သူ​သည်​တစ်​နေ့​လျှင်​သုံး​ကြိမ်​တိုင်​တိုင် အ​ချိန်​မှန်​မှန်​ဆု​တောင်း​၍​နေ​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။
14 Cuando el rey oyó el asunto, le pesó muchísimo y resolvió librar a Daniel. Se esforzó para librarlo hasta ocultarse el sol.
၁၄ဤ​လျှောက်​ထား​ချက်​ကို​မင်း​ကြီး​ကြား တော်​မူ​လျှင် အ​လွန်​စိတ်​မ​ချမ်း​မ​သာ​ဖြစ် တော်​မူ​လျက်​ဒံ​ယေ​လ​အား​ကယ်​ဆယ်​ရန် နည်း​လမ်း​ကို​နေ​ဝင်​သည်​တိုင်​အောင်​အ​စွမ်း ကုန်​ကြိုး​စား​၍​ရှာ​ကြံ​တော်​မူ​၏။-
15 Pero aquellos hombres rodearon al rey y le dijeron: Reconoce, oh rey, que es una ley de medos y persas, según la cual ningún edicto o decreto que el rey establezca puede ser abrogado.
၁၅ထို​နောက်​မှူး​မတ်​အ​ရာ​ရှိ​တို့​သည်​အထံ​တော် သို့​ပြန်​လည်​ရောက်​ရှိ​လာ​ကြ​ကာ``မေ​ဒိ နှင့်​ပါ​ရှ​လူ​မျိုး​တို့​၏​ဥ​ပ​ဒေ​များ​အ​ရ ဘု​ရင့်​အ​မိန့်​တော်​မည်​သည်​မှာ​ပြန်​လည် ပြင်​ဆင်​ပြောင်း​လဲ​၍​မ​ရ​နိုင်​ကြောင်း​အ​ရှင် မင်း​ကြီး​သိ​တော်​မူ​ပါ​၏'' ဟု​လျှောက် ထား​ကြ​၏။
16 Entonces el rey dio la orden. Llevaron a Daniel y lo echaron en el foso de los leones. Pero el rey dijo a Daniel: ¡Tu ʼElah, a Quien sirves continuamente, Él mismo te librará!
၁၆ထို့​ကြောင့်​မင်း​ကြီး​၏​အ​မိန့်​အ​ရ​ဒံ​ယေ​လ အား​ခြင်္သေ့​လှောင်​ရာ​တွင်း​ထဲ​သို့​ပစ်​ချ​လိုက် ကြ​၏။ မင်း​ကြီး​က​ဒံ​ယေ​လ​အား``သင်​သစ္စာ ရှိ​စွာ​ကိုး​ကွယ်​သော​ဘု​ရား​သည်​သင့်​ကို ကယ်​ဆယ်​တော်​မူ​ပါ​စေ​သော'' ဟု​မိန့်​တော် မူ​၏။-
17 Una piedra fue llevada y puesta sobre la entrada del foso, la cual el rey selló con su anillo y con el anillo de sus dignatarios, para que el acuerdo con respecto a Daniel no fuera alterado.
၁၇ကျောက်​ပြား​ဖြင့်​တွင်း​ဝ​ကို​ပိတ်​စေ​ပြီး နောက်​မင်း​ကြီး​သည် အ​ဘယ်​သူ​မျှ​ဒံ​ယေ​လ အား​မ​ကယ်​နိုင်​စေ​ရန် မိ​မိ​၏​တံ​ဆိပ်​တော် နှင့်​မှူး​မတ်​တို့​၏​တံ​ဆိပ်​များ​ကို ကျောက် ပြား​ပေါ်​တွင်​ခတ်​နှိပ်​၍​ထား​စေ​တော်​မူ​၏။-
18 Luego el rey se retiró a su palacio y pasó la noche en ayuno. No le fueron llevados instrumentos de música ni concubinas bailarinas. El sueño huyó de él.
၁၈မင်း​ကြီး​သည်​နန်း​တော်​သို့​ပြန်​တော်​မူ​၍ တစ်​ညဥ့်​လုံး​စား​တော်​မ​ခေါ်။ အ​ဘယ်​သို့ သော​ဖြေ​ဖျော်​မှု​ကို​မျှ​ခံ​ယူ​တော်​မ​မူ။ စက်​တော်​ခေါ်​၍​မ​ပျော်​နိုင်။
19 Al rayar el alba, el rey se levantó y fue apresuradamente al foso de los leones.
၁၉မိုး​သောက်​ချိန်​၌​မင်း​ကြီး​သည်​ထ​၍ ခြင်္သေ့​တွင်း​သို့​အ​လျင်​အ​မြန်​ကြွ တော်​မူ​၏။-
20 Y al acercarse al foso gritó con voz afligida a Daniel: ¡Daniel, esclavo del ʼElah viviente! ¿El ʼElah a Quien sirves continuamente pudo librarte de los leones?
၂၀ခြင်္သေ့​တွင်း​သို့​ရောက်​သော​အ​ခါ​စိုး​ရိမ်​ပူ ပန်​သော​အ​သံ​နှင့်``အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​၏​အ​စေ​ခံ၊ ဒံ​ယေ​လ၊ သင်​သစ္စာ​ရှိ စွာ​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​သည်​သင့် အား​ခြင်္သေ့​များ​၏​ဘေး​မှ​ကယ်​တော်​မူ နိုင်​ပါ​၏​လော'' ဟု​မေး​တော်​မူ​၏။
21 Entonces Daniel respondió al rey: ¡Oh rey, vive para siempre!
၂၁ဒံ​ယေ​လ​က``အ​ရှင်​မင်း​ကြီး​သက်​တော်​ရာ ကျော်​ရှည်​တော်​မူ​ပါ​စေ​သော။-
22 Mi ʼElah envió a su Ángel, el cual cerró las bocas de los leones para que no me hicieran daño, porque fui hallado inocente ante Él, como también ante ti, oh rey. Nada malo hice.
၂၂ခြင်္သေ့​တို့​သည်​အ​ကျွန်ုပ်​အား​ဘေး​အန္တ​ရာယ် မ​ပြု​နိုင်​စေ​ရန်​ဘု​ရား​သ​ခင်​သည် မိ​မိ​၏ ကောင်း​ကင်​တ​မန်​ကို​စေ​လွှတ်​၍​ခြင်္သေ့​တို့ ၏​နှုတ်​ကို​ပိတ်​ထား​တော်​မူ​ပါ​၏။ ဤ​ကဲ့​သို့ ပြု​တော်​မူ​ခြင်း​မှာ​အ​ကျွန်ုပ်​၌​အ​ပြစ်​မ ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​သည် အ​ရှင်​မင်း​ကြီး​အား​မ​ပြစ်​မှား​ခဲ့​ကြောင်း ကို​လည်း​ကောင်း​သိ​တော်​မူ​သော​ကြောင့် ဖြစ်​ပါ​၏'' ဟု​လျှောက်​လေ​၏။
23 Entonces el rey se alegró muchísimo y ordenó que sacaran a Daniel del foso. Daniel fue sacado del foso, y no se halló ninguna lesión en él, porque confió en su ʼElah.
၂၃မင်း​ကြီး​သည်​လွန်​စွာ​ဝမ်း​မြောက်​အား​ရ တော်​မူ​သ​ဖြင့် ဒံ​ယေ​လ​အား​ခြင်္သေ့​တွင်း မှ​ဆွဲ​တင်​ကြ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။ သို့ ဖြစ်​၍​လူ​တို့​သည်​ဆွဲ​တင်​ကြ​ရာ​ဒံ​ယေ​လ သည် ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ကိုး​စား​သူ ဖြစ်​သ​ဖြင့် မည်​သို့​မျှ​ဘေး​အန္တ​ရာယ်​မ​ဖြစ် ဘဲ​ရှိ​သည်​ကို​တွေ့​မြင်​ကြ​၏။-
24 Luego el rey dio orden, y aquellos hombres que acusaron a Daniel, junto con sus hijos y sus esposas, fueron llevados y echados en el foso de los leones. Aún no habían llegado al fondo del foso cuando los leones se apoderaron de ellos y los descuartizaron.
၂၄ထို​နောက်​မင်း​ကြီး​သည်​ဒံ​ယေ​လ​အား​ပြစ် တင်​စွပ်​စွဲ​ကြ​သူ​အ​ပေါင်း​တို့​ကို​ဖမ်း​ဆီး စေ​ပြီး​လျှင် သူ​တို့​၏​သား​မ​ယား​များ​နှင့် တ​ကွ​ခြင်္သေ့​တွင်း​ထဲ​သို့​ပစ်​ချ​ရန်​အ​မိန့် ပေး​တော်​မူ​၏။ မြေ​သို့​မ​ရောက်​ရှိ​မီ​ပင်​သူ တို့​အား​ခြင်္သေ့​တို့​သည်​ခုန်​အုပ်​ပြီး​လျှင် အ​ရိုး​ပါ​မ​ကျန်​ကိုက်​စား​လိုက်​ကြ​လေ သည်။
25 El rey Darío escribió a todos los pueblos, naciones y lenguas de la tierra: Paz les sea multiplicada.
၂၅ထို​နောက်​ဒါ​ရိ​မင်း​သည်​ကမ္ဘာ​ပေါ်​ရှိ​ဘာ​သာ စကား​အ​မျိုး​မျိုး​ပြော​ဆို​သူ​လူ​မျိုး​အ​သီး သီး​နှင့် နိုင်​ငံ​အ​သီး​သီး​ရှိ​လူ​အ​ပေါင်း​တို့ ထံ​သို့​သ​ဝဏ်​လွှာ​တစ်​စောင်​ရေး​သား​ပေး ပို့​တော်​မူ​၏။ ထို​သ​ဝဏ်​လွှာ​တွင်``သင်​တို့​သည်​ချမ်း​မြေ့ သာ​ယာ​ကြ​ပါ​စေ​သော။-
26 Decreto que en todo el dominio de mi reino [todos] teman y tiemblen ante el ʼElah de Daniel, porque Él es el ʼElah viviente, y permanece para siempre. Su reino no será destruido y su dominio perdurará para siempre.
၂၆ငါ​၏​အင်​ပါ​ယာ​နိုင်​ငံ​တစ်​လျှောက်​လုံး ရှိ​လူ​အ​ပေါင်း​တို့၊ သင်​တို့​သည်​ဒံ​ယေ​လ ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​အား​ကြောက် ရွံ့​ရို​သေ​ကြ​ရ​မည်​ဖြစ်​ကြောင်း​ငါ အ​မိန့်​တော်​ရှိ​သည်။ ကိုယ်​တော်​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​ဖြစ်​တော်​မူ​၍၊ ကာ​လ​အ​စဉ်​အ​ဆက်​စိုး​စံ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​၏​နိုင်​ငံ​တော်​သည်​အ​ဘယ်​အ​ခါ ၌​မျှ ပျက်​စီး​ရ​လိမ့်​မည်​မ​ဟုတ်။ ကိုယ်​တော်​၏​တန်​ခိုး​တော်​သည်​လည်း အ​ဘယ်​အ​ခါ​၌​မျှ​ကုန်​ဆုံး​လိမ့်​မည် မ​ဟုတ်။
27 Él salva y libra. Hace señales y maravillas en el cielo y en la tierra. Él libró a Daniel del poder de los leones.
၂၇ကိုယ်​တော်​သည်​ကူ​မ​ကယ်​တင်​တော်​မူ​၍ မိုး​ကောင်း​ကင်​၌​လည်း​ကောင်း၊ ကမ္ဘာ​ပေါ်​၌​လည်း​ကောင်း​အံ့​သြ​ဖွယ်​ရာ များ​နှင့် ထူး​ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ​များ​ကို ပြ​တော်​မူ​၏။ ကိုယ်​တော်​သည်​ဒံ​ယေ​လ​အား​ခြင်္သေ့ များ​၏​ဘေး​မှ ကယ်​တင်​တော်​မူ​ပါ​၏'' ဟု​ပါ​ရှိ​လေ​သည်။
28 Este Daniel prosperó en el reinado de Darío y en el reinado de Ciro el persa.
၂၈ဒံ​ယေ​လ​သည်​ဒါ​ရိ​မင်း​နန်း​စံ​ချိန်​နှင့်၊ ပါရှ အ​မျိုး​သား​ကု​ရု​မင်း​နန်း​စံ​ချိန်​၌​ကောင်း စား​လျက်​နေ​သ​တည်း။

< Daniel 6 >