< 2 Samuel 6 >
1 David volvió a reunir a todos los escogidos de Israel: 30.000.
၁ဒါဝိဒ်သည်ဣသရေလပြည်မှလက်ရွေး စင်စစ်သည်ပေါင်းသုံးသောင်းကိုစုရုံးကာ၊-
2 Entonces David se levantó y salió a Baala de Judá con todo el pueblo que tenía consigo, para subir desde allí el Arca de ʼElohim, la cual es llamada por el Nombre de Yavé de las huestes, sobre la cual están los querubines.
၂ခေရုဗိမ် တို့အထက်စံတော်မူသောအနန္တတန်ခိုးရှင် ထာဝရဘုရား၏နာမတော်ဖြင့်ခေါ်ဝေါ် သမုတ်သည့်ပဋိညာဉ်သေတ္တာတော်ကိုပင့် ဆောင်ရန်ယုဒပြည်ဗာလာမြို့သို့ချီ သွားတော်မူ၏။-
3 Pusieron el Arca de ʼElohim en una carroza nueva, y se la llevaron de la casa de Abinadab que estaba en la colina. Uza y Ahío, hijos de Abinadab, conducían la carroza nueva
၃သူတို့သည်သေတ္တာတော်ကိုလှည်းသစ်တစ်စီး တွင်တင်၍ တောင်ကုန်းပေါ်တွင်ရှိသောအဘိ နဒပ်၏အိမ်မှပင့်ဆောင်သွားကြ၏။ အဘိ နဒပ်၏သားများဖြစ်ကြသောသြဇနှင့် အဟိသြတို့သည်ပဋိညာဉ်သေတ္တာတော် လှည်းကိုမောင်းနှင်ရကြ၏။-
4 y la sacaron con el Arca de ʼElohim de la casa de Abinadab que estaba en la colina. Ahío iba delante del Arca.
၄အဟိသြသည်သေတ္တာတော်၏ရှေ့မှသွား လေသည်။-
5 David y toda la casa de Israel tocaban toda clase de instrumentos de madera de abeto, con arpas, salterios, panderos, flautas y címbalos delante de Yavé con alegría.
၅ဒါဝိဒ်နှင့်ဣသရေလအမျိုးသားအပေါင်း တို့သည် ထာဝရဘုရား၏ဂုဏ်တော်ကိုချီး ကူးရန်အစွမ်းကုန်ကခုန်ကြ၏။ သူတို့သည် စောင်းကြီးစောင်းငယ်၊ ပတ်သာ၊ နှဲ၊ ခရာ၊ လင်း ကွင်းအစရှိသည့်တူရိယာများကိုတီး မှုတ်ကြ၏။
6 Pero cuando llegaron a la era de Nacón, Uza alargó su mano al Arca de ʼElohim para sostenerla, porque los bueyes tropezaban.
၆သူတို့သည်နာခုန်ကောက်နယ်တလင်းသို့ရောက် သောအခါ နွားတို့သည်ခြေချော်သဖြင့်သြဇ သည်ပဋိညာဉ်သေတ္တာတော်ကိုလှမ်း၍ကိုင် ထားလိုက်ရာ၊-
7 Pero la ira de Yavé se encendió contra Uza. ʼElohim lo hirió allí por aquella temeridad y allí cayó muerto junto al Arca de ʼElohim.
၇ဘုရားသခင်ထာဝရဘုရားသည်အမျက် ထွက်တော်မူသဖြင့် သြဇအားရိုသေမှု ကင်းမဲ့သည့်အတွက်သေဒဏ်စီရင်တော်မူ၏။ သို့ဖြစ်၍သြဇသည်ပဋိညာဉ်သေတ္တာတော် ၏အနီးတွင်သေလေ၏။-
8 David se disgustó porque Yavé quebrantó a Uza, por lo cual llamó aquel lugar Brecha de Uza hasta hoy.
၈ထို့ကြောင့်ထိုအရပ်ကိုပေရဇာသြဇ ဟုယနေ့တိုင်အောင်ခေါ်ဝေါ်သမုတ်ကြလေ သည်။ ထာဝရဘုရားသည်သြဇအားအမျက် တော်ထွက်၍ဒဏ်ခတ်တော်မူသောကြောင့်ဒါဝိဒ် သည်လွန်စွာစိတ်ဆိုးတော်မူ၏။
9 Pero aquel día David tuvo temor a Yavé y dijo: ¿Cómo podrá el Arca de Yavé venir a mí?
၉ထိုနောက်ဒါဝိဒ်သည်ထာဝရဘုရားကိုကြောက် သဖြင့်``ငါသည်အဘယ်သို့ပဋိညာဉ်သေတ္တာ တော်ကိုပင့်ဆောင်ရပါမည်နည်း'' ဟုဆိုပြီး လျှင်၊-
10 David no quiso trasladar el Arca de Yavé consigo a la ciudad de David, sino la llevó a la casa de Obed-edom geteo.
၁၀မိမိနေပြည်တော်ယေရုရှလင်မြို့သို့ပင့် ဆောင်ခြင်းမပြုဘဲဂါသမြို့သားသြဗ ဒေဒုံ၏အိမ်သို့ပင့်ဆောင်သွားတော်မူ၏။-
11 El Arca de Yavé estuvo en casa de Obed-edom geteo tres meses, y Yavé bendijo a Obed-edom y a toda su casa.
၁၁သေတ္တာတော်သည်ထိုအိမ်တွင်သုံးလမျှကျိန်း ဝပ်တော်မူ၏။ ထာဝရဘုရားသည်လည်း သြဗဒေဒုံနှင့်မိသားစုတို့အားကောင်း ချီးပေးတော်မူ၏။
12 Se informó al rey David: Yavé bendijo la casa de Obed-edom y todo lo que tiene a causa del Arca de ʼElohim. Entonces David fue y subió el Arca de ʼElohim con alegría de la casa de Obed-edom a la Ciudad de David.
၁၂ပဋိညာဉ်သေတ္တာတော်အတွက်ကြောင့်သြဗ ဒေဒုံမိသားစုနှင့် သူပိုင်သမျှတို့ကိုထာဝရ ဘုရားကောင်းချီးပေးတော်မူကြောင်း ဒါဝိဒ် ကြားသိတော်မူသောအခါထိုသေတ္တာတော် ကိုအခမ်းအနားနှင့်တကွသြဗဒေဒုံအိမ် မှယေရုရှလင်မြို့သို့ပင့်ဆောင်တော်မူ၏။-
13 Sucedió que cuando los portadores del Arca de Yavé caminaban seis pasos, él sacrificaba un becerro y un carnero engordado.
၁၃ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်လာသူတို့ သည်ခြေခြောက်လှမ်းမျှလှမ်းမိသောအခါ ဒါဝိဒ်သည်သူတို့အားရပ်စေပြီးလျှင် ထာဝရ ဘုရားအားနွားထီးတစ်ကောင်နှင့်ဆူဖြိုးသော သိုးတစ်ကောင်ကိုယဇ်ပူဇော်လေသည်။-
14 David danzaba con toda su fuerza delante de Yavé y se puso un efod de lino.
၁၄သူသည်ပိတ်စတစ်ခုကိုသာဝတ်ဆင်လျက် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးကူးရန် အစွမ်းကုန်ကခုန်လေ၏။-
15 David y toda la casa de Israel subieron el Arca de Yavé de este modo, con aclamaciones y al sonido de la corneta.
၁၅သို့ဖြစ်၍မင်းကြီးနှင့်ဣသရေလအမျိုးသား အပေါင်းတို့သည်ဝမ်းမြောက်စွာကြွေးကြော် လျက် တံပိုးခရာများကိုမှုတ်လျက်ပဋိညာဉ် သေတ္တာတော်ကိုယေရုရှလင်မြို့သို့ပင့်ဆောင် လာကြ၏။
16 Cuando el Arca de Yavé entró en la Ciudad de David, aconteció que Mical, hija de Saúl, miró por la ventana. Y cuando vio al rey David que saltaba y danzaba delante de Yavé, lo despreció en su corazón.
၁၆သေတ္တာတော်ကိုမြို့တွင်းသို့ပင့်ဆောင်လာသော အခါရှောလု၏သမီးတော်မိခါလသည် လေ သာပြူတင်းမှကြည့်လိုက်ရာထာဝရဘုရား ၏ရှေ့တော်၌ ဒါဝိဒ်မင်းကခုန်လျက်နေသည် ကိုမြင်လေသော်မင်းကြီးအားရွံရှာမိ၏။-
17 Llevaron el Arca de Yavé y la pusieron en su lugar en medio de la tienda que David le levantó. Entonces David ofreció holocaustos y ofrendas de paz delante de Yavé.
၁၇လူတို့သည်သေတ္တာတော်ကိုပင့်ဆောင်ကာ ဒါဝိဒ်တည်ဆောက်ထားသည့်တဲတော်အတွင်း လျာထားသည့်နေရာ၌ထားကြ၏။ ထိုနောက် ဒါဝိဒ်သည်ထာဝရဘုရားအားမီးရှို့ရာ ယဇ်နှင့်မိတ်သဟာယယဇ်တို့ကိုပူဇော် လေသည်။-
18 Cuando David acabó de ofrecer los holocaustos y las ofrendas de paz, bendijo al pueblo en el Nombre de Yavé de las huestes.
၁၈ယင်းသို့ပူဇော်ပြီးသောအခါသူသည် အနန္တ တန်ခိုးရှင်ထာဝရဘုရား၏နာမတော်ကို အမှီပြု၍လူတို့အားကောင်းချီးပေးတော် မူ၏။-
19 Repartió una torta de pan, una de dátiles y una de pasas a todo el pueblo y a toda la multitud de Israel, a cada uno, tanto a hombres como a mujeres. Luego todo el pueblo salió, cada uno a su casa.
၁၉ဣသရေလပြည်တွင်ရှိသမျှသောအမျိုး သားအမျိုးသမီးတို့အားမုန့်တစ်လုံး၊ အမဲ ကင်တစ်တုံးနှင့်စပျစ်ပျဉ်တစ်ပြားစီကို ဝေငှတော်မူ၏။ ထိုနောက်လူအပေါင်းတို့ သည်မိမိတို့၏အိမ်သို့ပြန်သွားကြ၏။
20 Pero al regresar David para bendecir su casa, Mical, hija de Saúl, salió a encontrar a David y le dijo: ¡Cuán honrado quedó el rey de Israel hoy, al descubrirse ante los ojos de las esclavas de sus esclavos, como se descubre cualquier bufón!
၂၀ဒါဝိဒ်သည်မိမိ၏အိမ်ထောင်စုသားတို့အား နှုတ်ဆက်ရန်နန်းတော်သို့ပြန်သောအခါ ရှောလု ၏သမီးတော်မိခါလသည်သူ့အားကြိုဆို ရန်ထွက်လာ၏။ မိခါလက``ပေါ့ပျက်သူအ ရှက်မဲ့အဝတ်လှစ်သည့်နည်းတူအရာရှိတို့ ၏ကျွန်မိန်းမတို့ရှေ့တွင်မိမိကိုယ်ကိုအဝတ် လှစ်သောဣသရေလဘုရင်သည်ယနေ့ အလွန်ဘုန်းကြီးပါသည်တကား'' ဟု ဆို၏။
21 Entonces David dijo a Mical: Lo hice delante de Yavé, Quien me escogió por encima de tu padre y de toda su casa para constituirme caudillo sobre Israel, el pueblo de Yavé. Por tanto, danzo delante de Yavé
၂၁ဒါဝိဒ်က``ငါ့အားသင့်ခမည်းတော်နှင့်သား မြေးတို့ကိုကျော်၍ ဣသရေလအမျိုးသား တို့၏ခေါင်းဆောင်အဖြစ်ခန့်အပ်ရွေးချယ် တော်မူသောထာဝရဘုရား၏ဂုဏ်တော်ကို ချီးကူးရန်ငါသည်ကခုန်နေခဲ့ခြင်းဖြစ်၏။ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးကူး ရန်နောင်ကိုလည်းဆက်လက်ကခုန်လျက်၊-
22 y me humillaré aún más que esta vez. Me rebajaré ante mis propios ojos, pero seré honrado delante de las esclavas que mencionas.
၂၂ငါ၏ကိုယ်ကိုပို၍ပင်အသရေပျက်စေပါ ဦးမည်။ သင်သည်ငါ့အားအထင်သေးသော် လည်းထိုကျွန်မိန်းမတို့ကမူအထင်ကြီး ကြမည်'' ဟုပြန်၍မိန့်တော်မူ၏။
23 Y Mical, hija de Saúl, no tuvo hijos hasta el día de su muerte.
၂၃ရှောလု၏သမီးတော်မိခါလသည်လည်း တစ်သက်လုံးသားသမီးမရတော့ချေ။