< 2 Samuel 2 >
1 Después de esto aconteció que David consultó a Yavé, y preguntó: ¿Subo a alguna de las ciudades de Judá? Y Yavé le contestó: Sube. Y David preguntó: ¿A dónde subo? Y Él respondió: A Hebrón.
၁ထိုနောက် ဒါဝိဒ် က၊ အကျွန်ုပ်သည် ယုဒ မြို့ တစုံတမြို့သို့ သွား ရပါမည်လော ဟု ထာဝရဘုရား ထံတော်၌ မေးလျှောက် လျှင် ၊ ထာဝရဘုရား က သွား လော့ဟုမိန့် တော်မူ၏။ ဒါဝိဒ် ကလည်း အဘယ် မြို့သို့ သွား ရပါမည်နည်းဟုမေးလျှောက် သော်၊ ဟေဗြုန် မြို့သို့ သွားလော့ဟု မိန့် တော်မူသည်အတိုင်း၊
2 David subió allá, y también sus dos esposas Ahinoam la jezreelita, y Abigail, la que fue esposa de Nabal carmelita.
၂ဒါဝိဒ် သည် မယား နှစ် ယောက်၊ ယေဇရေလ မြို့သူအဟိနောင် ၊ နာဗလ မယား ကရမေလ မြို့သူအဘိဂဲလ တို့နှင့်တကွ သွား လေ၏။
3 David también llevó a sus hombres que estaban con él, cada uno con su familia, y vivieron en las ciudades de Hebrón.
၃မိမိ ၌ ပါသော လူ များ၊ အိမ်ထောင် များတို့ကိုလည်း ဒါဝိဒ် သည် ခေါ် ခဲ့၍ သူတို့သည် ဟေဗြုန် မြို့ ရွာတို့၌ နေ ကြ၏။
4 Los hombres de Judá llegaron y ungieron allí a David como rey sobre la casa de Judá. Le informaron a David: Los hombres de Jabes de Galaad son los que sepultaron a Saúl.
၄တဖန် ယုဒ လူ တို့သည် လာ ၍ ဘိသိက် ပေးသဖြင့် ဒါဝိဒ် ကို ယုဒ ရှင်ဘုရင် အရာ ၌ ချီးမြှောက်ကြ၏။
5 David envió mensajeros a los hombres de Jabes de Galaad y les dijo: Benditos sean ustedes por Yavé, porque hicieron esta misericordia con su ʼadón Saúl al sepultarlo.
၅ဂိလဒ် ပြည် ယာဗက်မြို့သား တို့သည် ရှောလု ကို သင်္ဂြိုဟ် ပါပြီဟု ဒါဝိဒ် အား ကြား လျှောက်သော် ၊ ဂိလဒ်ပြည် ယာဗက်မြို့သား တို့ရှိရာသို့ တမန် တို့ကိုစေလွှတ် ၍ ၊ သင် တို့သည် သင် တို့အရှင် ရှောလု ၌ ကရုဏာ ကျေးဇူးပြု ၍ အလောင်းတော်ကိုသင်္ဂြိုဟ် သောကြောင့် ၊ ထာဝရဘုရား ပေးတော်မူသောကောင်းကြီး မင်္ဂလာကို ခံရကြပါစေသော။
6 Ahora Yavé mostrará su bondad hacia ustedes, y también yo les recompensaré esa bondad por haber hecho tal cosa.
၆ထာဝရဘုရား သည် သင် တို့၌ ကရုဏာ ကျေးဇူး၊ သစ္စာ ကျေးဇူးပြု တော်မူပါစေသော။ သင်တို့သည် ဤ အမှု ကို ပြု သောကြောင့် သင် တို့ကျေးဇူး ကို ငါ လည်း ဆပ် မည်။
7 Ahora pues, fortalézcanse sus manos y sean valientes, pues después de morir Saúl, su ʼadón, los de la casa de Judá me ungieron como rey de ellos.
၇ယခု မှာ အားယူ ၍ ရဲရင့် ခြင်းသတ္တိရှိ ကြလော့။ သင် တို့အရှင် ရှောလု သေ ပြီ။ ယုဒ အမျိုးသား တို့သည် ဘိသိတ် ပေးသဖြင့် ငါ့ ကိုရှင်ဘုရင် အရာ ၌ ချီးမြောက်ကြပြီဟု မှာ လိုက်လေ၏။
8 Pero Abner, hijo de Ner, jefe del ejército de Saúl, tomó a Is-boset, hijo de Saúl, lo llevó a Mahanaim
၈သို့ရာတွင် ရှောလု ၏ဗိုလ်ချုပ် မင်းနေရ သား အာဗနာ သည်၊ ရှောလု သား ဣရှဗောရှက် ကိုယူ ၍ မဟာနိမ် မြို့သို့ ဆောင် သွားပြီးလျှင်၊
9 y lo proclamó rey sobre Galaad, Asurí, Jezreel, Efraín, Benjamín y todo Israel.
၉ဂိလဒ် ပြည်၊ အာရှာ အမျိုးသားများ၊ ယေဇရေလ မြို့သားများ၊ ဧဖရိမ် ခရိုင်၊ ဗင်္ယာမိန် ခရိုင်အစရှိသော ဣသရေလ နိုင်ငံလုံးကို အစိုးရသောရှင် ဘုရင်အရာ၌ ချီးမြှောက်လေ၏။
10 Is-boset, hijo de Saúl, tenía 40 años cuando comenzó a reinar sobre Israel, y reinó dos años. Solo la casa de Judá seguía a David.
၁၀ရှောလု ၏သား ဣရှဗောရှက် သည် အသက် လေး ဆယ်ရှိသော်၊ ဣသရေလ နိုင်ငံကို အစိုးရ၍ နှစ် နှစ် စိုးစံ လေ၏။ ယုဒ အမျိုး မူကား ဒါဝိဒ် နောက် သို့ လိုက် ကြ၏။
11 David fue rey en Hebrón sobre la casa de Judá siete años y seis meses.
၁၁ဒါဝိဒ် သည် ဟေဗြုန် မြို့၌ နေ ၍ ယုဒ အမျိုး ကို အစိုးရသောနှစ် ပေါင်း ကား ခုနစ် နှစ် နှင့် ခြောက် လ ဖြစ် သတည်း။
12 Abner, hijo de Ner, salió de Mahanaim a Gabaón con los esclavos de Is-boset, hijo de Saúl.
၁၂တဖန် နေရ သား အာဗနာ သည် ရှောလု သား ဣရှဗောရှက် ၏ကျွန် များနှင့်တကွ ၊ မဟာနိမ် မြို့မှ ဂိဗောင် မြို့သို့ သွား ၍၊
13 Joab, hijo de Sarvia, y los esclavos de David salieron y los encontraron junto al estanque de Gabaón. Éstos se sentaron a un lado del estanque y aquéllos al otro lado.
၁၃ဇေရုယာ သား ယွာဘ နှင့် ဒါဝိဒ် ၏ကျွန် တို့သည် ဆီးကြိုသဖြင့် ၊ ဂိဗောင် ရေကန် အနား မှာဆုံ မိလျက် ရေကန် တစ်ဘက်တချက် ၌ ထိုင် ကြ၏။
14 Abner dijo a Joab: ¡Levántense los jóvenes y que compitan ante nosotros! Y Joab respondió: ¡Que se levanten!
၁၄အာဗနာ ကလည်း ၊ လုလင် တို့သည်ထ ၍ ငါ တို့ရှေ့ မှာကစား ကြပါလေစေဟုဆို သော် ၊ ယွာဘ က ထ ကြပါ လေစေဟုဆို သည်အတိုင်း၊
15 Se levantaron y avanzaron: 12 por Benjamín y por Is-boset, hijo de Saúl, y 12 de los esclavos de David.
၁၅ရှောလု သား ဣရှဗောရှက် ၏ လူဗင်္ယာမိန် အမျိုးသားတကျိပ် နှစ် ယောက်နှင့် ဒါဝိဒ် ၏ကျွန် တကျိပ် နှစ် ယောက်တို့သည် ထ ၍ ကူး လာကြ၏။
16 Echó mano cada uno de la cabeza de su contrario, le hundió la espada en el costado y cayeron juntos, por lo cual fue llamado aquel lugar Campo de los Lados, el cual está en Gabaón.
၁၆သူတို့သည်လူ ချင်းတိုက်၍ လူတိုင်း မိမိ တိုက် ဘက်၏ ခေါင်း ကိုကိုင် လျက် ၊ နံဖေး ကိုထား နှင့်ထိုးလျက် တစုတည်း လဲ သေကြ၏။ သို့ဖြစ်၍ ဂိဗောင် မြို့နယ်၌ ရှိသော ထို အရပ် ကို ဟေလကသဇ္ဇုရိမ် ဟူသောအမည်ဖြင့် သမုတ် ကြ၏။
17 Aquel día la batalla fue muy dura, pero Abner y los hombres de Israel fueron derrotados delante de los esclavos de David.
၁၇ထို နေ့၌ ပြင်းစွာ စစ်တိုက် ၍ အာဗနာ နှင့် ဣသရေလ လူ တို့သည် ဒါဝိဒ် ၏ကျွန် တို့ရှေ့ မှာ ရှုံး ကြလေ၏။
18 Estaban allí los tres hijos de Sarvia: Joab, Abisai y Asael. Y Asael era tan veloz de pies como las gacelas del campo.
၁၈ဇေရုယာ သား သုံး ယောက်၊ ယွာဘ ၊ အဘိရှဲ ၊ အာသဟေလ ပါကြ၏။ အာသဟေလ သည်တော ၌ ကျင်လည်သော ဒရယ် ကဲ့သို့ လျင်မြန် ၏။
19 Asael persiguió a Abner, y no se desviaba de detrás de Abner ni a la derecha ni a la izquierda.
၁၉အာသဟေလ သည် လက်ျာ ဘက်လက်ဝဲ ဘက် သို့ မ လွှဲ အာဗနာ ကို လိုက် ၏။
20 Abner, al regresar, le dijo: ¿Eres Asael? Y le respondió: Sí, soy yo.
၂၀အာဗနာ သည်နောက် သို့ကြည့် ၍ ၊ သင် သည် အာသဟေလ မှန်သလောဟုမေး သော် ၊ မှန်သည်ဟု ပြန်ပြော ၏။
21 Abner le dijo: Apártate a la derecha o a la izquierda. Echa mano a uno de los jóvenes y toma su despojo. Pero Asael no quiso dejar de perseguirlo.
၂၁အာဗနာ ကလည်း ၊ လက်ျာ ဘက်သော်၎င်း ၊ လက်ဝဲ ဘက်သော်၎င်းလှည့် သွားလျက် ၊ လုလင် တယောက် ကို ဘမ်းဆီး ၍ သူ ၏လက်နက် စုံကို လုယူ တော့ဟုဆို သော်လည်း ၊ အာသဟေလ သည် မ လှည့် ဘဲ လိုက် သေး၏။
22 Y Abner volvió a decir a Asael: ¡Deja de perseguirme! ¿Por qué debo herirte y derribarte a tierra? ¿Cómo levantaré mi rostro ante Joab tu hermano?
၂၂တဖန် အာဗနာ က ငါ့ ကိုမလိုက် နှင့်။ လှည့် သွားတော့။ သင့် ကို မြေ ပေါ်သို့ အဘယ်ကြောင့် ငါလှဲ ရမည်နည်း။ သို့ပြုလျှင် သင့် အစ်ကို ယွာဘ ရှေ့ မှာ ငါ့ မျက်နှာ ကို အဘယ်သို့ ငါပြ နိုင်မည်နည်းဟု ဆိုသော်လည်း၊
23 Pero como él no quiso apartarse, Abner lo hirió con el casquillo de la lanza por la quinta costilla, y la lanza le salió por la espalda. Allí cayó y murió en el mismo sitio. Sucedió que todo el que llegaba al lugar donde Asael cayó muerto, se detenía.
၂၃အာသဟေလသည် နား မထောင်သောကြောင့် ၊ အာဗနာ သည် နောက် သို့လှံ နှင့် ထိုး လျှင် ၊ ဝမ်း ၌ လှံဖျားဝင်၍ ကျော ကိုထုတ်ချင်း ဖောက်သဖြင့် ၊ အာသဟေလသည် လဲ ၍ ထို အရပ်၌သေ ၏။ အာသဟေလ လဲ ၍ သေ သော ထို အရပ် သို့ ရောက် သော သူအပေါင်း တို့သည် ရပ် နေကြ၏။
24 Pero Joab y Abisai siguieron tras Abner. Cuando se ocultó el sol ellos llegaron a la colina de Amá, que está delante de Gía, en el camino a la región despoblada de Gabaón.
၂၄ယွာဘ နှင့် အဘိရှဲ သည် အာဗနာ ကိုလိုက် ၍ ဂိဗောင် တော သို့ သွားသောလမ်း နား၊ ဂိအာ မြို့ရှေ့ မှာ ရှိသော အမ္မ တောင် သို့ ရောက် သောအခါ နေ ဝင် ၏။
25 Y los hijos de Benjamín se agruparon detrás de Abner y formaron una sola tropa. Se detuvieron en la cumbre de una colina.
၂၅ဗင်္ယာမိန် အမျိုးသား တို့သည် အာဗနာ နောက် ၌ စုဝေး ၍ တတပ် တည်းဖွဲ့လျက် တောင် ပေါ် မှာ ရပ် နေကြ ၏။
26 Entonces Abner gritó a Joab: ¿Devorará la espada para siempre? ¿No sabes que al final habrá amargura? ¿Hasta cuándo te tardas en decir al pueblo que deje de perseguir a sus hermanos?
၂၆ထိုအခါ အာဗနာ က၊ ယွာဘ ကို ဟစ် ၍ ၊ ထား သွားသည် အစဉ် မပြတ်ကိုက်စား ရမည်လော။ နောက်ဆုံး ၌ ခါး သောအရသာကို တွေ့လိမ့်မည်ဟုမ သိ လော။ လူ များတို့သည် ညီအစ်ကို တို့ကိုမလိုက် ၊ ပြန် စေမည်အကြောင်း သင်သည်အဘယ်မျှ ကာလပတ်လုံးမ စီရင် ဘဲ နေမည်နည်းဟုဆို လျှင်၊
27 Y Joab contestó: Vive ʼElohim que si no hubieras hablado, ciertamente el pueblo no hubiera dejado de perseguir a su prójimo hasta la mañana.
၂၇ယွာဘ က၊ ဘုရား သခင်အသက် ရှင်တော်မူသည်အတိုင်း သင်မ ပြော လျှင် ၊ မိုဃ်းလင်း မှသာ လူ များတို့သည် ညီအစ်ကို တို့ကိုမလိုက် ဘဲနေကြလိမ့်မည်ဟု ဆို လျက်၊
28 Joab ordenó sonar la corneta y todo el pueblo se detuvo. No persiguieron más a Israel ni continuaron la lucha.
၂၈တံပိုး မှုတ် ၍ လူ များတို့သည် ဣသရေလ အမျိုးသားတို့ကို မ လိုက် ၊ စစ် မ တိုက်ဘဲရပ် နေကြ၏။
29 Abner y sus hombres caminaron por el Arabá toda aquella noche, y al cruzar el Jordán marcharon por todo el Bitrón y llegaron a Mahanaim.
၂၉အာဗနာ နှင့် သူ ၏လူ တို့သည် တညဉ့်လုံး လွင်ပြင် သို့ ရှောက်သွား ၍ ယော်ဒန် မြစ်ကိုကူး ပြီးလျှင် ၊ ဗိသရုန် ပြည်ကိုလွန်၍ မဟာနိမ် မြို့သို့ ရောက် ကြ၏။
30 Joab también volvió de perseguir a Abner. Cuando pasó revista a todo el ejército, faltaron de los esclavos de David 19 hombres y Asael.
၃၀ယွာဘ သည်လည်း အာဗနာ ကိုလိုက် ရာမှ ပြန် ၍ လူ အပေါင်း တို့ကို စုဝေး စေသောအခါ ၊ အာသဟေလ နှင့် ဒါဝိဒ် ၏ကျွန် တကျိပ် ကိုး ယောက်တို့သည် မ ရှိဆုံးကြပြီ။
31 Pero los esclavos de David hirieron a 360 hombres de Benjamín dirigidos por Abner, quienes murieron.
၃၁ဒါဝိဒ် ၏ကျွန် တို့သည် ဗင်္ယာမိန် အမျိုးသား၊ အာဗနာ ၏လူ သုံး ရာ ခြောက် ဆယ်တို့ကို သေ အောင် လုပ်ကြံ ကြပြီ။
32 Llevaron a Asael y lo sepultaron en el sepulcro de su padre que estaba en Belén. Después Joab y sus hombres caminaron toda aquella noche hasta que les amaneció en Hebrón.
၃၂အာသဟေလ ၏ အလောင်းကိုထမ်း သွား၍ ဗက်လင် မြို့၌ရှိသော သူ့ အဘ ၏သင်္ချိုင်း တွင် သင်္ဂြိုဟ် ကြ၏။ ယွာဘ နှင့် သူ ၏လူ တို့သည် တညဉ့်လုံး သွား ၍ ၊ မိုဃ်းလင်းစ တွင်ဟေဗြုန် မြို့သို့ ရောက်ကြ၏။