< 2 Reyes 2 >
1 Aconteció que cuando Yavé iba a alzar a Elías en un remolino de viento al cielo, Elías iba de Gilgal con Eliseo.
၁ထာဝရဘုရား သည် ဧလိယ ကို လေဘွေ အားဖြင့် ကောင်းကင် သို့ ချီ တော်မူချိန်နီးသောအခါ၊ ဧလိယ သည် ဧလိရှဲ နှင့်အတူ ဂိလဂါလ မြို့သို့ သွား ၏
2 Elías dijo a Eliseo: Quédate aquí, porque Yavé me envió a Bet-ʼEl. Y Eliseo respondió: ¡Vive Yavé y vive tu alma que no te dejaré! Entonces bajaron a Bet-ʼEl.
၂ဧလိယ ကလည်း ၊ ဤ အရပ်၌ နေရစ် ပါလော့။ ထာဝရဘုရား သည် ငါ့ ကို ဗေသလ မြို့သို့ စေလွှတ် တော်မူသည် ဟု ဧလိရှဲ အား ဆို လျှင်၊ ဧလိရှဲ က ထာဝရဘုရား အသက် ၊ ကိုယ်တော် အသက်ရှင် တော်မူသည်အတိုင်း ၊ ကိုယ်တော် နှင့် အကျွန်ုပ်မ ကွာ ရပါဟု ပြန်ပြော လျက် ၊ ထိုသူနှစ်ယောက်တို့ သည် ဗေသလ မြို့သို့သွား ကြ၏
3 Los hijos de los profetas que estaban en Bet-ʼEl salieron a encontrar a Eliseo y le preguntaron: ¿Sabes que Yavé arrebata hoy a tu ʼadón de encima de tu cabeza? Y él respondió: Sí, lo sé, callen.
၃ထိုမြို့၌ရှိသောပရောဖက် အမျိုးသား တို့သည် ဧလိရှဲ ကို ခရီးဦးကြိုပြုအံ့သောငှါထွက် လာ၍ ၊ ထာဝရဘုရား သည် ကိုယ်တော် သခင် ကို ကိုယ်တော် ခေါင်း မှ ယနေ့ နှုတ် သွားတော်မူမည်ကို သိ တော်မူသလော ဟု မေး လျှင် ၊ ဟုတ်ကဲ့ငါ သိ ၏။ တိတ်ဆိတ် စွာ နေကြပါဟုပြော ဆို၏
4 Elías le dijo: Eliseo, quédate aquí, porque Yavé me envió a Jericó. Y él dijo: ¡Vive Yavé y vive tu alma que no te dejaré! Y fueron a Jericó.
၄ဧလိယ ကလည်း ၊ အိုဧလိရှဲ ၊ ဤ အရပ်၌ နေရစ် ပါလော့။ ထာဝရဘုရား သည် ငါ့ ကိုယေရိခေါ မြို့သို့ စေလွှတ် တော်မူသည်ဟုဆိုလျှင်၊ ဧလိရှဲက၊ ထာဝရဘုရား အသက် ၊ ကိုယ်တော် အသက် ရှင်တော်မူသည်အတိုင်း ၊ ကိုယ်တော် နှင့် အကျွန်ုပ်မ ကွာ ရပါဟု ပြန်ပြော လျက် ၊ ထိုသူနှစ်ယောက်တို့သည် ယေရိခေါ မြို့သို့ သွား ကြ ၏
5 Los hijos de los profetas que estaban en Jericó llegaron a Eliseo y le preguntaron: ¿Sabes que Yavé quitará hoy a tu ʼadón de encima de tu cabeza? Y él dijo: Sí, lo sé, callen.
၅ထိုမြို့၌ရှိသောပရောဖက် အမျိုးသား တို့သည် ဧလိရှဲ ထံသို့ လာ ၍ ထာဝရဘုရား သည် ကိုယ်တော် သခင် ကို ကိုယ်တော် ခေါင်း မှ ၊ ယနေ့ နှုတ် သွားတော်မူမည်ကို သိ တော်မူသလော ဟုမေး လျှင် ၊ ဟုတ်ကဲ့ငါ သိ ၏။ တိတ်ဆိတ် စွာ နေကြပါဟု ပြော ဆို၏
6 Elías le dijo: Quédate aquí, porque Yavé me envió al Jordán. Y él dijo: ¡Vive Yavé y vive tu alma, que no te dejaré! Y ambos fueron.
၆ဧလိယ ကလည်း ဤ အရပ်၌ နေရစ် ပါလော့။ ထာဝရဘုရား သည် ငါ့ ကိုယော်ဒန် မြစ်သို့ စေလွှတ် တော်မူ သည်ဟုဆို လျှင် ၊ ဧလိရှဲက၊ ထာဝရဘုရား အသက် ၊ ကိုယ်တော် အသက်ရှင် တော်မူသည်အတိုင်း ၊ ကိုယ်တော် နှင့်အကျွန်ုပ်မ ကွာ ရပါဟု ပြန် ပြောလျက်၊ ထိုသူ နှစ် ယောက်တို့သည် အတူသွား ကြ၏
7 50 hombres de los hijos de los profetas fueron y se detuvieron a lo lejos frente a ellos. También ellos dos se detuvieron junto al Jordán.
၇ပရောဖက် အမျိုးသား ငါးကျိပ် တို့သည် အဝေး က ကြည့်ရှု ခြင်းငှါ သွား ၍ ရပ် နေကြ၏။ ထို သူနှစ် ယောက်တို့ သည် ယော်ဒန် မြစ်နား မှာ ရပ် နေကြ၏
8 Entonces Elías tomó su manto y lo dobló. Golpeó las aguas, y se separaron a uno y otro lado. Ambos cruzaron por tierra seca.
၈ဧလိယ သည် မိမိ ဝတ်လုံ ကိုယူ ၍ လိပ် ပြီးမှ ၊ ရေ ကိုရိုက် သဖြင့် ရေသည် တဘက် တချက်ကွဲ ၍ ၊ ထို သူ နှစ် ယောက်တို့သည် မြေ ပေါ် မှာ ရှောက်သွား ကြ၏
9 Sucedió que cuando cruzaban, Elías dijo a Eliseo: Pide lo que quieras que haga por ti antes que sea arrebatado de tu lado. Y Eliseo respondió: ¡Te ruego que una doble porción de tu espíritu pose sobre mí!
၉မြစ် တဘက် သို့ ရောက်သောအခါ ၊ ဧလိယ က၊ သင် နှင့် ငါမ ကွာ မှီ ငါ ၌တစုံတခုသောဆုကို တောင်း လော့ဟု ဧလိရှဲ အား ဆို လျှင်၊ ဧလိရှဲ က၊ ကိုယ်တော် ဝိညာဉ် နှစ်ဆ သောအဘို့ ကို အကျွန်ုပ် အပေါ် မှာ ရှိ ပါစေသောဟု တောင်း သော်၊ “
10 Y él le dijo: Cosa difícil pediste. Si me ves cuando sea arrebatado de tu lado, te será concedida. Si no me ves, no.
၁၀ဧလိယကသင်သည်ရ ခဲသောဆုကို တောင်း ၏။ သင် နှင့် ငါ ကွာ သည်ကို မြင် လျှင် ရ မည်။ သို့မဟုတ် မ ရ ဟု ပြော ဆို၏
11 Mientras ellos caminaban y hablaban, ciertamente una carroza de fuego con caballos de fuego apartó a los dos. Elías subió al cielo por medio de un remolino de viento.
၁၁ထိုသို့နှုတ်ဆက်လျက်သွားကြစဉ်တွင်၊ မီး ရထား နှင့် မီး မြင်း တို့သည် ပေါ် လာ၍ ထို သူနှစ် ယောက်တို့ကို ခွဲခွါ သဖြင့် ၊ ဧလိယ သည် လေဘွေ အားဖြင့် ကောင်းကင် သို့ တက် လေ၏
12 Al verlo Eliseo clamaba: ¡Padre mío, padre mío! ¡Carroza y jinete de Israel! Y no lo vio más. Entonces tomó sus ropas y las rasgó en dos pedazos.
၁၂ဧလိရှဲ သည် ကြည့် မြင်လျှင် ငါ့ အဘ ၊ ငါ့ အဘ ၊ ဣသရေလ ရထား ၊ ဣသရေလ မြင်း ပါတကားဟု ဟစ် သော်လည်း ၊ နောက် တဖန် ဧလိယ ကိုမ မြင် ရ။ မိမိ အဝတ် ကို ကိုင် ၍ နှစ် ပိုင်း ဆုတ် လေ၏
13 Recogió el manto de Elías que se le cayó. Regresó y se detuvo a la orilla del Jordán.
၁၃အောက်သို့ကျ သော ဧလိယ ဝတ်လုံ ကို ကောက် ၍ ပြန် လေ၏။ ယော်ဒန် မြစ်နား မှာ ရပ် ၍၊ “
14 Al tomar el manto de Elías que se le cayó, golpeó las aguas y dijo: ¿Dónde está Yavé, el ʼElohim de Elías? Cuando [Eliseo] golpeó las aguas, también se dividieron a uno y otro lado, y Eliseo cruzó.
၁၄ရေ ကို ဝတ်လုံ နှင့် ရိုက် လျက် ၊ ဧလိယ ကိုးကွယ်သော ဘုရား သခင်ထာဝရဘုရား သည် အဘယ် မှာရှိတော်မူသနည်းဟူ၍တဖန် ရိုက် သောအခါ ၊ ရေ သည် တဘက် တချက်ကွဲ သဖြင့် ဧလိရှဲ သည် ကူး သွား၏
15 Cuando los hijos de los profetas que estaban al otro lado en Jericó lo vieron, dijeron: El espíritu de Elías reposó sobre Eliseo. Luego fueron a encontrarlo, se postraron en tierra ante él
၁၅ယေရိခေါ မြို့မှာ ကြည့်ရှု သော ပရောဖက် အမျိုးသား တို့သည် ဧလိရှဲကို မြင်လျှင်၊ ဧလိယ ၏ ဝိညာဉ် သည် ဧလိရှဲ အပေါ် မှာ ကျိန်းဝပ် သည်ဟုဆို လျက် ခရီးဦး ကြိုပြုအံ့သောငှါ သွား ၍ သူ့ ရှေ့ ၌ မြေ ပေါ် မှာ ပြပ်ဝပ် ကြ၏
16 y le dijeron: Mira, ahora hay 50 hombres fuertes con tus esclavos. Que ellos vayan y busquen a tu ʼadón, no sea que el Espíritu de Yavé lo haya levantado y lo haya colocado en alguna montaña o valle. Pero él respondió: No los envíen.
၁၆သူတို့ကလည်း၊ ကိုယ်တော် ကျွန် တို့၌ ခွန်အား ကြီးသောသူ ငါးကျိပ် ရှိ ပါ၏။ သူတို့သည်သွား ၍ ကိုယ်တော် ၏ သခင် ကိုရှာ မည်အကြောင်း၊ အခွင့်ပေး တော်မူပါ။ ထာဝရဘုရား ၏ ဝိညာဉ် တော်သည်သူ့ ကို ချီ ယူ၍ တစုံတခု သောတောင် ပေါ်၌ ဖြစ်စေ၊ ချိုင့် ထဲသို့ ဖြစ်စေချကောင်းချ တော်မူလိမ့်မည်ဟု အခွင့်တောင်း လျှင် ၊ မ စေလွှတ် ကြနှင့်ဟု ဧလိရှဲသည် မြစ်တားသော်လည်း၊”
17 Pero ellos le insistieron tanto que él se avergonzó y dijo: ¡Envíen! Y enviaron 50 hombres que buscaron tres días y no lo hallaron.
၁၇သူတို့သည် ဧလိရှဲ စိတ် အားလျော့သည် တိုင်အောင် အလွန် တောင်းပန်သောအခါ၊ စေလွှတ် ကြဟု ဆို ၏။ သူတို့သည် လူ ငါးကျိပ် ကို စေလွှတ် သဖြင့် ၊ သုံး ရက် ပတ်လုံးရှာ ၍ မ တွေ့ နိုင်ကြ
18 Volvieron cuando él estaba en Jericó. Entonces les preguntó: ¿No les dije: No vayan?
၁၈ဧလိရှဲ သည် ယေရိခေါ မြို့မှာ နေ သေးသည် ဖြစ်၍၊ လူတို့သည် ပြန် လာသောအခါ ၊ မ သွား ကြနှင့်ဟု ငါမြစ်တား သည် မ ဟုတ်လော ဟု ဆို ၏
19 Luego los hombres de la ciudad dijeron a Eliseo: Ciertamente el sitio de esta ciudad es bueno, como ve mi ʼadón, pero las aguas son malas y la tierra es estéril.
၁၉ထိုမြို့ သား တို့က၊ ကိုယ်တော် မြင် တော်မူသည်အတိုင်း ၊ ဤမြို့ တည် ရာအရပ် သည်သာယာ ပါ၏။ သို့ရာတွင် ရေ မ ကောင်း၊ မြေ လည်း ကိုယ်ဝန် ပျက်စေတတ် ပါသည်ဟု ဧလိရှဲ အား လျှောက် ကြလျှင်၊ “
20 Entonces él dijo: Tráiganme una vasija nueva y pongan allí sal. Y se la llevaron.
၂၀ဧလိရှဲက၊ ဘူး သစ် တလုံးကို ဆား ထည့် ၍ ယူ ခဲ့ ကြလော့ဟုဆို သည်အတိုင်း ယူ ခဲ့ကြ၏
21 Salió al manantial, echó allí la sal y dijo: Yavé dice: Yo sané estas aguas. No habrá más muerte ni esterilidad por causa de ellas.
၂၁ဧလိရှဲသည် စမ်း ရေတွင်းသို့ သွား ၍ ဆား ကိုခတ် လျက် ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ဤ ရေ ကို ငါ ချိုစေ၏။ နောက် တဖန် သေ စေမည်အကြောင်း၊ ကိုယ်ဝန် ပျက်စေမည်အကြောင်းကို မ ပြု ရဟု၊”
22 Y las aguas fueron sanadas hasta hoy, según la Palabra que Eliseo habló.
၂၂ဧလိရှဲ ဆင့်ဆို သော အမိန့် တော်အတိုင်း ထို ရေ သည် ယနေ့ တိုင်အောင် ချို လေ၏
23 De allí subió a Bet-ʼEl. Mientras iba por el camino, salieron unos muchachos de la ciudad que se burlaban de él y le decían: ¡Sube, calvo! ¡Sube, calvo!
၂၃ထို မြို့မှ ဗေသလ မြို့သို့ပြန် ၍ ခရီးသွား စဉ် တွင်၊ လုလင်ပျို တို့သည် မြို့ ထဲ ကထွက် ၍ ၊ ဟေဦးပြည်း ၊ တက် ဦးလော့။ ဟေဦးပြည်း ၊ တက် ဦးလော့ဟု ကဲ့ရဲ့ ကြ၏
24 Él se volvió para verlos. Los miró y los maldijo en el Nombre de Yavé. Y salieron del bosque dos osas que destrozaron a 42 de aquellos muchachos.
၂၄ဧလိရှဲ သည် လှည့် ကြည့်ပြီးလျှင် ၊ ထာဝရဘုရား ၏ အခွင့် နှင့် ကျိန်ဆို သဖြင့် ၊ ဝံ မနှစ် ကောင်တို့သည် တော ထဲ ကထွက် ၍ လုလင်ပျို လေးကျိပ် နှစ် ယောက်တို့ကို ကိုက် သတ်လေ၏
25 De allí fue a la montaña Carmelo, y desde allí volvió a Samaria.
၂၅ထို မြို့မှ ကရမေလ တောင် သို့ ၎င်း၊ ထို တောင်မှ ရှမာရိ မြို့သို့၎င်း အစဉ်အတိုင်းသွား ၏