< 2 Crónicas 24 >
1 Joás tenía siete años cuando comenzó a reinar, y reinó 40 años en Jerusalén. El nombre de su madre fue Sibia de Beerseba.
၁ယောရှသည် အသက်ခုနစ်နှစ်ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင်မြို့၌ အနှစ်လေးဆယ်စိုးစံ၏။ မယ်တော် ကား၊ ဗေရရှေဘမြို့သူ ဇိဗိအမည်ရှိ၏။
2 Joás hizo lo recto ante Yavé todo el tiempo del sacerdote Joiada.
၂ယဇ်ပုရောဟိတ်ယောယဒလက်ထက် ကာလပတ် လုံး၊ ယောရှသည် ထာဝရဘုရားရှေ့တော်၌ တရားသော အမှုကို ပြု၏။
3 Joiada tomó para el rey dos esposas, y éste engendró hijos e hijas.
၃ယောယဒပေးစားသော မိန်းမနှစ်ယောက်နှင့် စုံဘက်၍ သားသမီးတို့ကို မြင်ရ၏။
4 Aconteció después de esto que Joás se propuso restaurar la Casa de Yavé.
၄ထိုနောက်မှ၊ ယောရှသည် ဗိမာန်တော်ကို ပြုပြင်မည် အကြံရှိလျက်၊
5 Reunió a los sacerdotes y a los levitas, y les dijo: Salgan a las ciudades de Judá y recojan dinero de todo Israel para restaurar anualmente la Casa de su ʼElohim. Traten de apresurar el asunto. Pero los levitas no se apresuraron.
၅ယဇ်ပုရောဟိတ် လေဝိသားတို့ကို စုဝေးစေ၍၊ သင်တို့ဘုရား သခင်၏အိမ်တော်ကို ပြုပြင်ခြင်းငှါ၊ ယုဒမြို့ တို့ကို လှည့်လည်သဖြင့်၊ နှစ်တိုင်းအစဉ် ဣသရေလ လူအပေါင်းတို့မှ ငွေကိုခံယူ၍၊ အမှုပြီးအောင် ကြိုးစား အားထုတ်ကြလော့ဟုမိန့်တော်မူ၏။ သို့သော်လည်း၊ လေဝိသားတို့သည် မကြိုးစားဘဲနေကြ၏။
6 Entonces el rey llamó al sumo sacerdote Joiada: ¿Por qué no persuadiste a los levitas para que trajeran de Judá y Jerusalén el tributo establecido por Moisés, esclavo de Yavé a la congregación de Israel, para la obra del Tabernáculo del Testimonio?
၆တဖန်ရင်သည် ယဇ်ပုရောဟိတ်အကြီး ယောဒ ကို ခေါ်၍၊ သက်သေခံတော်မူချက် တဲတော်အဘို့၊ ထာဝရဘုရား၏ကျွန် မောရှေနှင့် စည်းဝေးရာ ဣသ ရေလပရိတ်သတ်ပြုသည်နည်းတူ၊ လေဝိသားတို့သည် ယေရုရှလင်မြို့မှစ၍ ယုဒပြည်အရပ်ရပ်တို့မှ ငွေကို ခံယူ၍ဆောင်ခဲ့မည်အကြောင်း၊ အဘယ်ကြောင့် မမှာ ထားဘဲနေသနည်းဟု မေးတော်မူ၏။
7 Porque los hijos de la perversa Atalía deterioraron la Casa de ʼElohim y usaron los objetos sagrados de la Casa de Yavé para los baales.
၇အဓမ္မမိန်းမအာသလိ၏သားတို့သည် ဗိမာန် တော်ကို ဖြိုဖျက်၍၊ ဗိမာန်တော်၌ ပူဇော်သော ဘဏ္ဍာ ရှိသမျှတို့ကိုလည်း ဗာလဘုရားတို့အား ပူဇော်ကြ၏။
8 El rey dispuso entonces que hicieran un cofre. Lo pusieron afuera en la entrada a la Casa de Yavé.
၈ရှင်ဘုရင်အမိန့်တော်အတိုင်း သေတ္တာကိုလုပ်၍၊ ဗိမာန်တော်ပြင်၊ တံခါးနားမှာ ထားကြ၏။
9 Pregonaron por Judá y Jerusalén que llevaran a Yavé lo que Moisés, esclavo de ʼElohim, prescribió a Israel en el desierto.
၉ဘုရားသခင်၏ကျွန် မောရှေသည်တောမှာ ဣသရေလအမျိုး၌ ငွေခွဲသည်အတိုင်း၊ ထာဝရဘုရား ထံတော်သို့ ဆောင်ခဲ့ရမည်ဟု ယေရုရှလင်မြို့မှစ၍ ယုဒပြည်အရပ်ရပ်၌ ကြော်ငြာကြ၏။
10 Todos los jefes y los del pueblo se alegraron. Llevaron y echaron en el cofre hasta llenarlo.
၁၀မင်းများနှင့်ပြည်သူပြည်သားများ အပေါင်းတို့ သည်၊ ဝမ်းမြောက်သောစိတ်နှင့် ဆောင်ခဲ့၍၊ လက် စသတ်သည်တိုင်အောင် သေတ္တာထဲသို့ သွင်းထားကြ၏။
11 Cuando llegaba el momento de llevar el cofre a la inspección real por medio de los levitas, si veían que la plata era mucha, el escriba del rey y el secretario del sumo sacerdote vaciaban el cofre y lo volvían a llevar a su lugar. Así hacían diariamente, y recogieron dinero en abundancia.
၁၁ထိုသေတ္တာကို လေဝိသားတို့သည် ဘဏ္ဍာတော် တိုက်ထဲသို့သွင်း၍၊ ငွေများသည်ကို သိမြင်လျှင်၊ ရှင်ဘုရင် ၏စာရေးတော်ကြီးနှင့် ယဇ်ပုရောဟိတ်မင်း၏စာရေး သည်လာ၍၊ ငွေကိုထုတ်ယူပြီးမှ၊ သေတ္တာကို သူ့နေရာ၌ ထားပြန်၏။ ထိုသို့နေ့တိုင်းပြု၍ များစွာသောငွေကို စုထားကြ၏။
12 Luego el rey y Joiada lo entregaban a los que hacían la obra de servicio de la Casa de Yavé. Contrataron canteros, ebanistas y artífices en hierro y bronce para restaurar la Casa de Yavé.
၁၂ရှင်ဘုရင်နှင့်ယောယဒသည် ဗိမာန်တော်၏ အမှုတော်စောင့်တို့၌ ထိုငွေကိုအပ်၍ ဗိမာန်တော်ကို ပြုပြင်စေခြင်းငှါ၊ ပန်းရန်သမား၊ လက်သမား၊ ပန်းပဲသမား၊ ပန်းတဉ်းသမား တို့အား ပေးဝေကြ၏။
13 Los encargados de la obra trabajaron y la restauración progresó en su mano. Le dieron a la Casa de ʼElohim su antigua condición, y la fortalecieron.
၁၃အလုပ်လုပ်သော သူတို့သည် ကြိုးစား၍ ပြုပြင် သဖြင့်၊ ဗိမာန်တော်ကို ပကတိအဖြစ်၌ ခိုင်ခံ့စေကြ၏။
14 Cuando terminaron, llevaron lo que quedó del dinero al rey y a Joiada. Con esto hicieron utensilios para la Casa de Yavé: objetos para el servicio del holocausto, cacerolas y utensilios de oro y de plata. Todo el tiempo de Joiada se ofrecieron holocaustos de continuo en la Casa de Yavé.
၁၄လက်စသတ်သောအခါ၊ ကျန်ကြွင်းသောငွေကို ရှင်ဘုရင်နှင့် ယောယဒထံသို့ ယူခဲ့၍၊ ထိုငွေနှင့် ဗိမာန် တော်၌ အမှုတော်ကို ဆောင်ရွက်ပူဇော်ရန် တန်ဆာ၊ ရွှေဖလား၊ ငွေဖလား၊ ဇွန်းများကိုလုပ်ကြ၏။ ယောယဒ လက်ထက်ကာလပတ်လုံး၊ ဗိမာန်တော်၌ မီးရှို့ရာယဇ်ကို အစဉ်ပူဇော်ကြ၏။
15 Pero Joiada envejeció y murió lleno de días. Tenía 130 años cuando murió.
၁၅ယောယဒသည် အို၍ကာလပြည့်စုံရာရောက် လျက်၊ အသက်တရာသုံးဆယ်ရှိသော်သေ၍၊
16 Lo sepultaron con los reyes en la Ciudad de David, por cuanto hizo mucho bien a Israel con respecto a ʼElohim y su Casa.
၁၆ဒါဝိဒ်မြို့မှာ ရှင်ဘုရင်တို့တွင် သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ အကြောင်းမူကား၊ ဣသရေလအမျိုးတွင် ဘုရားသခင်၌၎င်း၊ အိမ်တော်၌၎င်း၊ ကျေးဇူးပြုသောသူ ဖြစ်သတည်း။
17 Pero después de la muerte de Joiada, los jefes de Judá fueron y se inclinaron ante el rey, y el rey los escuchó.
၁၇ယောယဒသေသောနောက်၊ ယုဒမင်းတို့သည် ရှင်ဘုရင်ထံတော်သို့ လာ၍ရှိခိုးကြ၏။ သူတို့စကားကို ရှင်ဘုရင်နားထောင်သဖြင့်၊
18 Abandonaron la Casa de Yavé ʼElohim de sus antepasados, y sirvieron a los símbolos de Asera y a las imágenes talladas. La ira de Yavé cayó sobre Judá y Jerusalén a causa de su culpa.
၁၈သူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ကိုစွန့်၍၊ အာရှရပင်နှင့် ရုပ်တုတို့ကို ဝတ်ပြုကြ၏။ ထိုအပြစ်ကြောင့် အမျက်တော် သည် ယုဒပြည်နှင့် ယေရုရှလင်မြို့အပေါ်မှာ သက်ရောက် လေ၏။
19 Sin embargo, Yavé les envió profetas para que volvieran a Yavé, quienes los amonestaron, pero no escucharon.
၁၉သူတို့ကို ထာဝရဘုရားထံတော်သို့ သွေးဆောင် စေခြင်းငှါ၊ ပရောဖက်တို့ကို စေလွှတ်တော်မူ၍၊ ပရော ဖက်တို့သည် သက်သေခံသော်လည်း၊ သူတို့သည် နားမထောင်ကြ။
20 Entonces el Espíritu de ʼElohim revistió a Zacarías, hijo del sacerdote Joiada, quien se presentó ante el pueblo y les dijo: ʼElohim dice: ¿Por qué traspasan ustedes los Mandamientos de Yavé? No prosperarán, porque por abandonar a Yavé, Él también los abandonará.
၂၀တဖန်ဘုရားသခင်၏ ဝိညာဉ်တော်သည် ယဇ် ပုရောဟိတ်ယောယဒသား ဇာခရိအပေါ်မှာ သက် ရောက်၍၊ သူသည် ပရိသတ်အလယ်၊ မြင့်သောအရပ်၌ ရပ်လျက်၊ ဘုရားသခင်မိန့်တော်မူသည်ကား၊ သင်တို့ သည် ကိုယ်အကျိုးကို ပျက်ဆီးစေခြင်းငှါ၊ ထာဝရ ဘုရား၏ပညတ်တော်တို့ကို အဘယ်ကြောင့် လွန်ကျုးကြ သနည်း။ သင်တို့သည် ထာဝရဘုရားကို စွန့်သောကြောင့်၊ သင်တို့ကိုလည်း စွန့်တော်မူပြီဟု မြွက်ဆို၏။
21 Pero conspiraron contra él y lo lapidaron en el patio de la Casa de Yavé por mandato del rey.
၂၁လူများတို့သည် သူ့ကိုမကောင်းသော အကြံနှင့် တိုင်ပင်၍၊ ရှင်ဘုရင်အမိန့်တော်နှင့် ဗိမာန်တော်အတွင်း ၌ ကျောက်ခဲနှင့်ပစ်၍ သတ်ကြ၏။
22 El rey Joás no se acordó de la misericordia que Joiada, padre de Zacarías, tuvo con él, sino asesinó a su hijo, quien al morir exclamó: ¡Yavé lo vea y lo demande!
၂၂ထိုသို့သောရှမင်းကြီးသည် ဇာခရိအဘ ယော ယဒပြုသော ကျေးဇူးကို မအောက်မေ့၊ သားကို သတ်လေ သည်တကား။ ဖာခရိသေသောအခါ၊ ဤအမှုကို ထာဝရ ဘုရားသည် ကြည့်ရှုစစ်ကြောတော်မူမည်ဟုဆို၏။
23 Sucedió que después de un año el ejército de Siria subió contra él y llegaron a Judá y Jerusalén. Exterminaron a todos los magistrados del pueblo y enviaron todo su despojo al rey de Damasco.
၂၃ထိုနှစ်အဆုံး၌၊ ရှုရိတပ်သားတို့သည် စစ်ချီ၍ လာကြသဖြင့်၊ ယုဒပြည် ယေရုရှလင်မြို့သို့ရောက်မှ၊ မှူးမတ်အရာရှိအပေါင်းတို့ကို သုတ်သင် ပယ်ရှင်း၍၊ လက်ရဥစ္စာရှိသမျှတို့ကို ဒမာသက်ရှင်ဘုရင်ထံသို့ ပေးလိုက်ကြ၏။
24 Aunque el ejército de Siria subió con pocos hombres, Yavé entregó a un gran ejército en su mano, porque abandonaron a Yavé el ʼElohim de sus antepasados. De esta manera ejecutaron juicio contra Joás.
၂၄ယုဒလူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို စွန့်သောကြောင့်၊ များပြားသော အလုံး အရင်းဖြစ်သော်လည်း၊ နည်းသောရှုရိတပ် အလုံးအရင်လက်သို့ ထာဝရဘုရား အပ်တော်မူ၍၊ ရှုရိလူတို့သည် ယောရှကို တရားစီရင်ကြ၏။
25 Cuando los sirios se apartaron de él, lo dejaron agobiado por sus dolencias. Sus esclavos conspiraron contra él a causa de la sangre de los hijos del sacerdote Joiada. Lo hirieron en su lecho, y murió. Lo sepultaron en la Ciudad de David, pero no en los sepulcros de los reyes.
၂၅ရန်သူထွက်သွားသောအခါ၊ ယောရှသည် ကြီး စွာသော ဒုက္ခကို ခံရလျက်နေရစ်သည်ဖြစ်၍၊ ယဇ်ပုရော ဟိတ်ယောယဒသားတို့ကို သတ်သောအပြစ်ကြောင့်၊ မိမိကျွန်တို့သည် သင်းဖွဲ့၍၊ သာလွန်ပေါ်မှာ သေအောင် လုပ်ကြံကြ၏။ ထိုမင်းကို ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်သော်လည်း၊ ရှင်ဘုရင်တို့တွင် မသင်္ဂြိုဟ်။
26 Éstos fueron los que conspiraron contra él: Zabad, hijo de Simbad, la amonita, y Jozabad, hijo de Simrit, la moabita.
၂၆လုပ်ကြံသောသူကား၊ အမ္မုန်အမျိုးသမီး ရှိမတ်သား ယောဇဗဒ်နှင့် မောဘအမျိုးသမီးရှိမရိတ်သား ယဟောဇဗဒ်တည်း။
27 En cuanto a los hijos de Joás, las numerosas profecías contra él y la restauración de la Casa de ʼElohim, ciertamente están escritos en el relato del rollo de los Reyes. Reinó en su lugar su hijo Amasías.
၂၇ယောရှသည် သားရိခြင်းအရာ လေးသောအမှု ကို ထမ်းခြင်းအရာ၊ ဗိမာန်တော်ကို ပြုပြင်ခြင်း အရာတို့ သည် ရာဇဝင်နှင့်ဆက်သောစာ၌ ရေးထားလျက်ရှိ၏။ သားတော်အာမဇိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။