< 2 Crónicas 20 >

1 Aconteció después de esto que los hijos de Moab y de Amón, y algunos de los de Seír, salieron a la guerra contra Josafat.
ထိုနောက်မှ ၊ မောဘ အမျိုးသား နှင့် အမ္မုန် အမျိုးသား တို့သည် ဧဒုံအမျိုးသားအချို့နှင့်တကွ ၊ ယောရှဖတ် ကို စစ်တိုက် မည်ဟု ချီလာ ကြ၏။
2 Entonces algunos fueron a informar a Josafat: Una gran multitud viene contra ti de Siria, del otro lado del mar. Ciertamente están en Hazezon-tamar, que es En-gadí.
အိုင် ကြီးတစ်ဘက် ၊ ဧဒုံပြည်ဘက်က များစွာ သော အလုံး အရင်းစစ်ချီလာ ၍ ၊ အင်္ဂေဒိ အမည်ရှိသော ဟာဇဇုန္တာမာ မြို့မှာ ရှိကြပါသည်ဟု ယောရှဖတ် အား ကြား လျှောက်လျှင်၊
3 Josafat tuvo temor, humilló su semblante para buscar a Yavé y proclamó un ayuno en todo Judá.
ယောရှဖတ် သည် ကြောက် ၍ ၊ ထာဝရဘုရား ကို ရှာ ခြင်းငှါ သဘောချ လျက် ၊ အစာ ရှောင်ရာအချိန်ကို၊ ယုဒ ပြည်တရှောက်လုံး ၌ ကြော်ငြာ စေတော်မူ၏။
4 Los de Judá se reunieron para pedir socorro a Yavé. Acudieron de todas las ciudades de Judá para pedir ayuda a Yavé.
ယုဒ လူတို့သည် ထာဝရဘုရား ကို ဆုတောင်း မည် ဟု စုဝေး ၍ ၊ ထာဝရဘုရား ကို ရှာ အံ့သောငှါ ၊ ယုဒ မြို့ ရှိသမျှ မှ ထွက်လာကြ၏။
5 Entonces Josafat se colocó en pie ante la congregación de Judá y de Jerusalén, delante del patio nuevo en la Casa de Yavé,
ယောရှဖတ် သည် ဗိမာန် တော် တန်တိုင်း သစ် ရှေ့ ၊ ယုဒ ပြည်သူယေရုရှလင် မြို့သား စည်းဝေးရာ ပရိသတ် အလယ် ၌ရပ် လျက်၊
6 y dijo: Oh Yavé ʼElohim de nuestros antepasados, ¿no eres Tú el ʼElohim del cielo, Quien gobierna todos los reinos de las naciones? ¿No hay en tu mano tal fuerza y poder que nadie puede resistir?
ဘိုးဘေး တို့၏ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် သည် ကောင်းကင် ဘုံ၏ အရှင်ဘုရားသခင် ဖြစ်တော်မူသည် မ ဟုတ်လော့။တပါးအမျိုးသား နေရာ တိုင်းနိုင်ငံရှိသမျှ တို့ကို အစိုးရ တော်မူသည် မဟုတ်လော။ အဘယ်သူ မျှမဆီးတားနိုင်အောင် ခွန်အား တန်ခိုးကြီးတော်မူသည်မဟုတ်လော။
7 ¿No echaste Tú, oh ʼElohim nuestro, a los habitantes de esta tierra delante de tu pueblo Israel, y la diste para siempre a la descendencia de tu amigo Abraham?
ဤ ပြည် ၌နေ ဘူးသောသူတို့ကို ကိုယ်တော် ၏လူ ဣသရေလ အမျိုး ရှေ့ မှ နှင်ထုတ် ၍ ၊ ကိုယ်တော် အဆွေ အာဗြဟံ ၏သား မြေးတို့အား ၊ ဤ ပြည်ကို အစဉ် ပေး တော်မူ သောအကျွန်ုပ် တို့၏ဘုရားသခင် ဖြစ်တော်မူသည် မ ဟုတ်လော။
8 Vivieron en ella, edificaron un Santuario a tu Nombre y dijeron:
သူတို့သည် နေရာ ကျ၍ ၊ နာမတော် အဘို့ သန့်ရှင်း ရာ ဌာနတော်ကို တည်ဆောက် ကြသောအခါ၊
9 Si nos llega el mal, ya sea con espada, con pestilencia o hambruna, nos congregaremos ante esta Casa y ante Ti, porque tu Nombre está en esta Casa. Clamaremos a Ti en nuestra aflicción, y Tú nos escucharás y nos salvarás.
အကျွန်ုပ် တို့အပေါ် မှာထား ဘေး ၊ ဒဏ်ခတ် ခြင်း ဘေး၊ ကာလနာ ဘေး၊ မွတ်သိပ် ခြင်းဘေးတစုံတခုရောက်၍၊ နာမ တော်ဖြင့် သမုတ်သောဤ အိမ် တော်၊ အထံ တော်သို့ အကျွန်ုပ်တို့သည် ချဉ်းကပ်၍၊ ဆင်းရဲ ဒုက္ခကြောင့် အော်ဟစ် ကြသောအခါ ၊ နားထောင် ၍ ကယ်မ တော်မူပါဟု လျှောက်ထားကြပါပြီ။
10 Ahora pues, aquí están los hijos de Amón, de Moab y de la región montañosa de Seír, a quienes no permitiste que Israel invadiera cuando venía de la tierra de Egipto. Por eso se desviaron de ellos y no los destruyeron.
၁၀ယခု တွင်၊ ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တု ပြည် မှ ထွက် လာသောအခါ ၊ တိုက်ရသောအခွင့် ကိုပေး တော်မ မူ။ လွှဲရှောင် ၍ မ ဖျက်ဆီး ဘဲ ထားခဲ့သော အမ္မုန် အမျိုးသား ၊ မောဘ အမျိုးသား၊ စိရ တောင် သားတို့ သည်၊
11 Mira, ellos nos recompensan al venir a echarnos de tu herencia, la cual nos diste en posesión.
၁၁အကျွန်ုပ်တို့ အား အပိုင် ပေး တော်မူသော အမွေခံရာ မြေ ထဲက ၊ အကျွန်ုပ် တို့ကို နှင်ထုတ် ခြင်းငှါ လာ ၍ ၊ အဘယ်သို့ကျေးဇူးဆပ်ကြပါသည်ကို ကြည့်ရှု တော်မူပါ။
12 ¡Oh ʼElohim nuestro! ¿Tú no los castigarás? Porque no hay fuerza en nosotros contra esta gran multitud que viene contra nosotros, ni sabemos qué hacer. Por eso volvemos nuestros ojos a Ti.
၁၂အိုအကျွန်ုပ် တို့ဘုရားသခင် ၊ သူ တို့ကို မ စီရင် ဘဲနေတော်မူမည်လော။အကျွန်ုပ် တို့ကို တိုက် အံ့သောငှါလာသောဤ အလုံးအရင်း ကြီး ကို၊ အကျွန်ုပ်တို့သည် ဆီးတားခြင်းငှါမတတ်နိုင်ပါ။ အဘယ်သို့ ပြု ရမည်ကိုမ သိ ပါ။ ကိုယ်တော် ကိုသာ မျှော်ကြည့် လျက် နေကြပါသည်ဟု ဆုတောင်း ၍၊
13 Todo Judá permaneció en pie ante Yavé, con sus pequeños, mujeres e hijos.
၁၃ယုဒ လူအပေါင်း တို့သည် သား မယား သူငယ် တို့ နှင့်တကွ ၊ ထာဝရဘုရား ရှေ့ တော်၌ ရပ် နေကြ၏။
14 Entonces el Espíritu de Yavé vino en medio de la congregación sobre Jahaziel, hijo de Zacarías, hijo de Benaía, hijo de Jeiel, hijo de Matanías, levita de los hijos de Asaf,
၁၄ထိုအခါ ပရိသတ် အလယ် ၌ ရှိသောလေဝိ အမျိုး၊ အာသပ် အနွှယ် ၊ မတ္တနိ ၊ ယေယေလ ၊ ဗေနာယ ၊ ဇာခရိ တို့မှ ဆင်းသက်သောယဟာဇေလ အပေါ်သို့၊ ထာဝရဘုရား ၏ဝိညာဉ် တော်သည် သက်ရောက် ၍၊
15 y dijo: Escuchen todo Judá, ustedes habitantes de Jerusalén y tú, rey Josafat. Yavé les dice: No teman ni se atemoricen a causa de tan gran multitud, porque la batalla no es de ustedes, sino de ʼElohim.
၁၅ထိုသူက၊ အိုယောရှဖတ် မင်းကြီး နှင့် ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သား အပေါင်း တို့၊ နားထောင် ကြလော့။ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ထို အလုံးအရင်း ကြီး ကြောင့် မ ကြောက် ကြနှင့်။ စိတ် မ ပျက်ကြနှင့်။ စစ်မှု သည် သင်တို့တာမဟုတ် ၊ ဘုရားသခင့် တာဖြစ်၏။
16 Bajen contra ellos mañana. Miren, ellos suben por la cuesta de Sis, así que los encontrarán en el límite del valle, frente al desierto de Jeruel.
၁၆နက်ဖြန် နေ့သူ တို့ရှိရာသို့ ချီ သွားကြလော့။ သူ တို့သည် ဇိဇ မြို့သို့ တက် ရာလမ်း ဖြင့် လာကြစဉ်၊ ယေရွေလ တော စ နား၊ ချိုင့်ဝ မှာ သင် တို့တွေ့ ကြလိမ့်မည်။
17 Pero ustedes no tendrán que luchar en esta ocasión. Resistan y estén quietos. Vean la salvación de Yavé para ustedes. ¡Oh Judá y Jerusalén, no teman ni se aterroricen! Salgan mañana contra ellos, porque Yavé está con ustedes.
၁၇သို့ရာတွင်၊ အိုယုဒ ပြည်သူယေရုရှလင် မြို့သားတို့၊ သင် တို့သည်စစ်တိုက် စရာ အကြောင်းမ ရှိသည်သည်ဖြစ်၍၊ တည်ကြည်စွာ မတ်တတ် နေလျက် ၊ ထာဝရဘုရား ကယ်တင် တော်မူခြင်း ကျေးဇူးကိုကြည့်ရှု ကြလော့။ မ ကြောက် ကြနှင့်။ စိတ် မ ပျက်ကြနှင့်။ နက်ဖြန် နေ့ချီသွား ကြလော့။ ထာဝရဘုရား သည် သင် တို့နှင့်အတူ ရှိတော်မူလိမ့်မည်ဟု မြွက်ဆို၏။
18 Entonces Josafat se inclinó rostro en tierra. Todo Judá y los habitantes de Jerusalén cayeron ante Yavé y se postraron delante de Yavé.
၁၈ယောရှဖတ် သည် မြေ ပေါ် မှာဦးချ ၍ ယုဒ ပြည်သူယေရုရှလင် မြို့သား အပေါင်း တို့သည် ထာဝရဘုရား ရှေ့ တော်၌ ပြပ်ဝပ် လျက် ၊ ထာဝရဘုရား ကို ကိုးကွယ် ကြ၏။
19 Se levantaron los levitas de los hijos de Coat y de Coré, y se colocaron en pie para alabar con una voz muy alta a Yavé el ʼElohim de Israel.
၁၉လေဝိ အမျိုး၊ ကောဟတ် အနွယ်သား နှင့် ကောရ အနွယ်သား တို့သည်၊ ဣသရေလ မျိုး၏ ဘုရားသခင် ထာဝရဘုရား ကို ၊ ကျယ် သောအသံ နှင့် ချီးမွမ်း ခြင်းငှါ ရပ် နေကြ၏။
20 Se levantaron de madrugada y salieron al desierto de Tecoa. Cuando avanzaban, Josafat se detuvo y dijo: Escúchenme, oh Judá, y ustedes, habitantes de Jerusalén: ¡Crean en Yavé su ʼElohim y estarán seguros! ¡Crean a sus profetas y triunfarán!
၂၀နက်ဖြန်နံနက် စောစောထ ၍ ၊ တေကော တော သို့ ထွက်သွား ကြ၏။ သွား ကြစဉ် တွင်၊ ယောရှဖတ် သည် ရပ် ၍ ၊ အိုယုဒ ပြည်သူယေရုရှလင် မြို့သား တို့၊ နားထောင် ကြလော့။ သင် တို့၏ဘုရားသခင် ကို ယုံကြည် ကြလော့။ သို့ပြုလျှင် တည်ကြည် ကြလိမ့်မည်။ ပရောဖက် တော်တို့ကို ယုံကြည် ကြလော့။ သို့ပြုလျှင် အောင်မြင် ကြလိမ့်မည်ဟု မိန့် တော်မူ၏။
21 Después de consultar con el pueblo, designó a algunos que cantaran y alabaran a Yavé, cubiertos con ropas sagradas, al frente del ejército, y dijeran: ¡Alaben a Yavé, porque para siempre es su misericordia!
၂၁လူ များနှင့် တိုင်ပင် ပြီးမှ ၊ ထာဝရ ဘုရား၏ ကရုဏာ တော်သည် အစဉ်အမြဲ တည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကိုချီးမွမ်း ကြလော့ဟု တပ်ရှေ့ မှာ ချီ သွား လျက် ၊ သန့်ရှင်း ခြင်းအသရေ ကို ချီးမွမ်း ရသောသီချင်းသည် တို့ကို ထာဝရဘုရား အဘို့ ခန့်ထား တော်မူ၏။
22 Cuando comenzaron a elevar los cánticos de alabanza, Yavé puso emboscadas contra los hijos de Amón, de Moab y de la región montañosa de Seír que subían contra Judá. Fueron derrotados,
၂၂ထိုသူတို့သည် ချီးမွမ်း ရာသီချင်း ကို ဆိုစပြုကြ သောအခါ၊ ယုဒ ပြည်ကို တိုက်အံ့သောငှါလာသော၊ စိရ တောင် သားတို့ကို အမ္မုန် အမျိုးသား၊ မောဘ အမျိုးသားတို့တဘက် ၌ ထာဝရဘုရားချောင်းမြောင်းစေတော်မူသဖြင့်၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့သည် အထိအခိုက်ခံရသောကြောင့်၊
23 porque los hijos de Amón y de Moab atacaron a los de la región montañosa de Seír hasta que los destruyeron por completo. Tan pronto como destruyeron a los de Seír, cada cual contribuyó para la destrucción de su compañero.
၂၃တဖန် စိရ တောင် သား တို့ကို သုတ်သင် ပယ်ရှင်းခြင်းငှါ လှန် ၍ တိုက်သဖြင့် ၊ အကုန်အစင် သတ်ပြီးမှ ၊ တယောက် ကိုတယောက်တိုက်ခိုက် ၍၊ ပျက်စီး ခြင်းသို့ ရောက်ကြ၏။
24 Cuando Judá llegó a la altura desde donde se ve el desierto, miraron hacia la multitud. Ciertamente ellos no eran sino cadáveres que estaban tendidos en la tierra. No escapó alguno.
၂၄ယုဒ လူတို့သည် တော ၌ ရှိသောကင်းမျှော်စင် သို့ ရောက် ၍ ၊ ထိုအလုံးအရင်း ကို ကြည့်ရှု သောအခါ ၊ ထိုလူ အပေါင်းတို့သည် တယောက် မျှမလွတ် ၊ မြေ ပေါ် မှာ လဲ သော အသေ ကောင်ဖြစ်ကြ၏။
25 Entonces Josafat y su ejército se acercaron para saquear sus despojos. Hallaron entre los cadáveres abundantes riquezas, ropas y objetos valiosos, los cuales despojaron para ellos en tal cantidad que les era imposible llevar. Estuvieron tres días recogiendo despojos, porque eran muchos.
၂၅ယောရှဖတ် နှင့် သူ ၏လူ တို့သည်၊ ရန်သူ တို့ဥစ္စာ ကိုလုယူ ခြင်းငှါ လာ ကြသောအခါ ၊ အသေ ကောင်တို့၌ များစွာ သောဥစ္စာ ၊ အဘိုးထိုက်သော တန်ဆာတို့ကို တွေ့သဖြင့်၊ ထမ်း၍မသွားနိုင်အောင်ချွတ်ယူ ကြ၏။ လက်ရ ဥစ္စာအလွန် များသောကြောင့် ၊ သုံး ရက် ပတ်လုံးလုယူထုပ်ထားလျက်နေကြ ၏။
26 El cuarto día se congregaron en el valle de Berajá, porque allí bendijeron a Yavé. Por eso llamaron aquel lugar Valle de Berajá hasta hoy.
၂၆စတုတ္ထ နေ့ တွင် ဗရာခ ချိုင့် ၌ စည်းဝေး ၍ ၊ ထာဝရဘုရား ကို ကောင်းကြီး ပေးကြ၏။ ထိုကြောင့် ၊ ယနေ့ တိုင်အောင် ထို အရပ် သည် ဗရာခ ချိုင့် ဟူ၍တွင် သတည်း။
27 Luego cada uno de los de Judá y Jerusalén regresaron con alegría a Jerusalén con Josafat al frente, porque Yavé les permitió regocijarse sobre sus enemigos.
၂၇ထိုအခါ သူ တို့သည် ရန်သူ တို့အပေါ် မှာ ဝမ်းမြောက် သောအခွင့်ကို၊ ထာဝရဘုရား ပေးတော်မူသောကြောင့် ၊ ယောရှဖတ် သည် ရှေ့ဦးစွာကြွ၍ယုဒ ပြည်သူ ယေရုရှလင် မြို့သားအပေါင်း တို့သည်၊ ဝမ်းမြောက် သောစိတ် နှင့် ယေရုရှလင် မြို့သို့ ပြန် သွား၍၊
28 Llegaron a la Casa de Yavé en Jerusalén al son de salterios, arpas y trompetas.
၂၈စောင်း တယော တံပိုး ကိုတီးမှုတ်လျက်၊ ယေရုရှလင် မြို့၊ ဗိမာန် တော်သို့ ရောက် လာကြ၏။
29 El terror de ʼElohim cayó sobre todos los reinos de aquella tierra cuando oyeron que Yavé luchó contra los enemigos de Israel.
၂၉ထာဝရဘုရား သည် ဣသရေလ အမျိုး၏ ရန်သူ တို့ ကို တိုက် တော်မူကြောင်း ကို၊ အခြားတိုင်း နိုင်ငံသား ရှိသမျှ တို့သည် ကြား ၍ ၊ ဘုရားသခင် ကို ကြောက်ရွံ့ ကြ၏။
30 El reino de Josafat tuvo paz porque su ʼElohim le dio descanso en todos lados.
၃၀ထိုသို့ ဘုရားသခင် သည် အရပ်ရပ် ၌ ငြိမ်ဝပ် သော အခွင့်ကိုပေး တော်မူသောကြောင့် ၊ ယောရှဖတ် ၏ နိုင်ငံ တော်သည် သာယာ ၏။
31 Así Josafat reinó sobre Judá. Tenía 35 años cuando comenzó a reinar, y reinó 25 años en Jerusalén. El nombre de su madre era Azuba, hija de Silhi.
၃၁ယောရှဖတ် သည် အသက် သုံး ဆယ်ငါး နှစ် ရှိသော်နန်းထိုင် ၍ နှစ်ဆယ် ငါး နှစ် ပတ်လုံးယေရုရှလင် မြို့မှာ နေ လျက်၊ ယုဒ ပြည်ကို စိုးစံ လေ၏။ မယ်တော် ကား ရှိလဟိ သမီး အဇုဘ အမည် ရှိ၏။
32 Anduvo en el camino de su padre Asa. No se apartó de él e hizo lo recto ante Yavé.
၃၂ထိုမင်းသည် ခမည်းတော် အာသ လိုက် သော လမ်း ကို မ လွှဲ ၊ အကုန်အစင်လိုက်၍၊ ထာဝရဘုရား ရှေ့ တော်၌ ဖြောင့်မတ် သောအကျင့်ကိုသာ ကျင့်၏။
33 Sin embargo, no fueron quitados los lugares altos, pues el pueblo aún no disponía su corazón hacia el ʼElohim de sus antepasados.
၃၃သို့ရာတွင် ၊ မြင့် သောအရပ်တို့ကို မ ပယ်ရှား။လူ များတို့သည် ဘိုးဘေး တို့၏ ဘုရားသခင် ကို ဆည်းကပ်ခြင်းငှါ၊ သဘော မ ချ ဘဲနေကြသေး ၏။
34 Los demás hechos de Josafat, los primeros y los últimos, ciertamente están escritos en las palabras de Jehú, hijo de Hanani, el cual se menciona en el rollo de los Reyes de Israel.
၃၄ယောရှဖတ် ပြုမူသော အမှုအရာကြွင်းလေသမျှ အစ အဆုံး တို့သည်၊ ဣသရေလ ရာဇဝင်နှင့် ဆက်၍၊ ဟာနန် သား ယေဟု စီရင်သောစာ ၌ရေးထား လျက်ရှိ၏။
35 Después de esto, Josafat, rey de Judá, se alió con Ocozías, rey de Israel, quien actuaba muy perversamente.
၃၅
36 Se alió con él a fin de construir naves para ir a Tarsis. Construían las naves en Ezión-geber.
၃၆နောက်တဖန် ယုဒ ရှင်ဘုရင် ယောရှဖတ် သည်၊ တာရှု မြို့သို့သွား ရသောသင်္ဘော တို့ကိုတည်လုပ် ခြင်းငှါ ၊ အလွန်အဓ္ဓမ အမှုကိုပြု သော ဣသရေလ ရှင်ဘုရင် အာခဇိ နှင့် ပေါင်းဘော် ပြီးလျှင် ၊ ထိုသင်္ဘော တို့ကိုဧဇယုန်ဂါဗာ မြို့မှာ တည်လုပ် ကြ၏။
37 Entonces Eliezer, hijo de Dodava, de Maresa, profetizó contra Josafat: Porque te aliaste con Ocozías, Yavé destruirá tus obras. Las naves se destrozaron y no pudieron ir a Tarsis.
၃၇ထိုအခါ မရေရှ မြို့သူ၊ ဒေါဒေဝ သား ဧလျေဇ က၊ မင်းကြီးသည် အာခဇိ နှင့် ပေါင်းဘော် သောကြောင့် ၊ ထာဝရဘုရား သည် မင်းကြီး ပြုသောအမှု ကိုဖျက် တော်မူပြီဟု ယောရှဖတ် တစ်ဘက် ၌ ဟော သည်နှင့်အညီ၊ ထိုသင်္ဘော တို့သည် တာရှု မြို့သို့ မ သွား နိုင် အောင်ကျိုးပဲ့ ကြ၏။

< 2 Crónicas 20 >