< 1 Samuel 21 >
1 Entonces David fue a Nob, a Ahimelec el sacerdote. Ahimelec salió tembloroso a recibir a David y le dijo: ¿Por qué estás solo, y nadie está contigo?
၁ဒါဝိဒ်သည်ယဇ်ပုရောဟိတ်အဟိမလက်ရှိ ရာ နောဗမြို့သို့သွား၏။ အဟိမလက်သည် ကြောက်လန့်တုန်လှုပ်လျက် ဒါဝိဒ်အားလာ ရောက်တွေ့ဆုံပြီးလျှင်``သင်သည်အဘယ် ကြောင့်တစ်ကိုယ်တည်းဤအရပ်သို့လာ ပါသနည်း'' ဟုမေး၏။
2 David respondió al sacerdote Ahimelec: El rey me encomendó un asunto y me dijo: Nadie sepa del asunto al cual te envío y que te ordené. Y yo convine reunirme con los jóvenes en cierto lugar.
၂ဒါဝိဒ်က``အကျွန်ုပ်သည်ဘုရင့်အမှုတော်ကို ထမ်းဆောင်ရန်ရောက်ရှိလာခြင်းဖြစ်ပါသည်။ မင်းကြီးက မိမိစေခိုင်းသည့်အမှုကိစ္စကို အဘယ်သူ့အားမျှမပြောရန်မှာကြား လိုက်ပါသည်။-
3 Ahora pues, ¿qué tienes a mano? Dame cinco panes o lo que tengas.
၃ယခုကိုယ်တော်၏ထံတွင်ရိက္ခာမည်မျှရှိ ပါသနည်း။ အကျွန်ုပ်အားမုန့်ငါးလုံးသို့ မဟုတ်ကိုယ်တော့်ထံ၌ရှိသောအစား အစာတစ်စုံတစ်ခုကိုပေးပါ'' ဟုတောင်း၏။
4 El sacerdote respondió: No hay pan común a mano, pero hay pan consagrado, solo si los jóvenes se abstuvieron de mujeres.
၄ယဇ်ပုရောဟိတ်က``ငါ၏ထံတွင်မုန့်ရိုးရိုး မရှိ။ ရှေ့တော်မုန့်သာလျှင်ရှိ၏။ သင့်ငယ် သားတို့သည်မကြာသေးမီအခါက ကာမရာဂစပ်ယှက်မှုမပြုခဲ့ကြပါမူ သင်သည်ထိုမုန့်ကိုယူနိုင်ခွင့်ရှိပါ၏'' ဟုဆို၏။
5 David respondió al sacerdote: En verdad las mujeres estuvieron lejos de nosotros estos tres días. Cuando salí, los cuerpos de los jóvenes se santificaron, aunque no era más que un viaje común. ¡Cuánto más hoy cuando habrá pan santo en sus cuerpos!
၅ဒါဝိဒ်က``အကျွန်ုပ်၏ငယ်သားတို့သည်ကာမ ရာဂစပ်ယှက်မှုနှင့်ကင်းလွတ်ကြပါ၏။ သူတို့ သည်သာမန်ကိစ္စနှင့်ခရီးထွက်သည့်အခါ၌ ပင်လျှင် ဘာသာရေးကျင့်ဝတ်အရသန့်စင်မှု ရှိအောင်နေထိုင်ကြသည်ဖြစ်၍ ယခုကဲ့သို့ အထူးကိစ္စနှင့်ခရီးထွက်ချိန်၌ပို၍သန့် စင်အောင်နေကြပါသည်'' ဟုပြော၏။
6 Entonces el sacerdote le entregó lo consagrado, pues allí no había otro pan sino el Pan de la Presencia, que acababa de retirar de la Presencia de Yavé para sustituirlo por el pan caliente, como era costumbre.
၆ထို့ကြောင့်ယဇ်ပုရောဟိတ်သည်မိမိထံ တွင်အခြားမုန့်လည်းမရှိသဖြင့် ထာဝရ ဘုရားအားပူဇော်ထားသည့်ရှေ့တော်မုန့် ကိုဒါဝိဒ်အားပေးလေသည်။ ထိုမုန့်ဟောင်း ကိုမုန့်သစ်ဖြင့်အစားထိုးပူဇော်ရန်ဖြစ် သည်။
7 Pero ese día uno de los esclavos de Saúl llamado Doeg edomita, jefe de los pastores de Saúl, se detuvo allí delante de Yavé.
၇(ရှောလု၏သိုးထိန်းမှူးဖြစ်သူဧဒုံပြည် သားဒေါဂသည် ထိုနေ့၌ဘာသာရေးကျင့် ဝတ်အရသန့်စင်မှုမင်္ဂလာပြုရန်အတွက် ထိုအရပ်သို့ရောက်ရှိနေခိုက်ဖြစ်သတည်း။)
8 David dijo a Ahimelec: ¿No tienes aquí a mano una lanza o una espada? Porque no tomé mi espada ni mis armas en mi mano, porque la orden del rey era apremiante.
၈ဒါဝိဒ်ကအဟိမလက်အား``ကိုယ်တော်ထံ တွင်လှံသော်လည်းကောင်း၊ ဋ္ဌားသော်လည်း ကောင်းရှိပါသလော။ ဘုရင်အမိန့်တော်ကြောင့် အကျွန်ုပ်သည်အလျင်စလိုထွက်ခွာလာခဲ့ ရသဖြင့် ဋ္ဌားလက်နက်တစ်စုံတစ်ရာကိုမျှ ယူဆောင်ရန်အချိန်မရပါ'' ဟုဆိုလျှင်၊
9 Y el sacerdote dijo: La espada de Goliat el filisteo, a quien mataste en el valle de Ela, está aquí envuelta en un paño detrás del efod. Si quieres tomarla, tómala, porque no hay otra sino ésa. Y David dijo: Ninguna como ésa. ¡Dámela!
၉အဟိမလက်က``ငါ့မှာဧလာချိုင့်ဝှမ်းတွင် သတ်ဖြတ်ခဲ့သည့်ဖိလိတ္တိအမျိုးသားဂေါ လျတ်၏ဋ္ဌားရှိပါ၏။ ထိုဋ္ဌားကိုပဋိညာဉ် သေတ္တာတော်၏နောက်တွင်အဝတ်နှင့်ပတ်၍ ထားပါ၏။ သင်အလိုရှိလျှင်ယူပါလေ။ ဤအရပ်တွင်အခြားလက်နက်မရှိပါ'' ဟုပြန်ပြော၏။ ထိုအခါဒါဝိဒ်က``ထိုဋ္ဌားထက်ကောင်း သည့်ဋ္ဌားအဘယ်မှာမျှမရှိပါ။ ယင်းကို အကျွန်ုပ်အားပေးပါလော့'' ဟုဆို၏။
10 David se levantó y huyó ese día de la presencia de Saúl, y llegó adonde Aquís, rey de Gat.
၁၀ထိုနေ့၌ဒါဝိဒ်သည်ရှောလုထံမှတိမ်း ရှောင်ကာ ဂါသဘုရင်အာခိတ်မင်းထံသို့ သွား၏။-
11 Y los esclavos de Aquís le dijeron: ¿No es éste David, el rey de esta tierra? ¿No es éste de quien cantaban en las danzas: Saúl mató a sus miles, Y David, a sus diez miles?
၁၁ဘုရင့်မှူးမတ်တို့က``ဤဒါဝိဒ်ဆိုသူသည် ဣသရေလဘုရင်ပင်မဟုတ်ပါလော။ အမျိုး သမီးတို့သည်ကခုန်ကာ`ရှောလုသတ်သူ အထောင်ထောင်၊ ဒါဝိဒ်သတ်သူအသောင်း သောင်း' ဟုသူ၏အကြောင်းကိုသီချင်းဆို ခဲ့ကြသည်မဟုတ်ပါလော'' ဟုလျှောက် ထားကြ၏။
12 David guardó esas palabras en su corazón y tuvo gran temor de Aquís, rey de Gat.
၁၂ထိုသူတို့၏စကားကိုဒါဝိဒ်နှလုံးသွင်း၍ အာခိတ်မင်းအားအလွန်ကြောက်ရွံ့သော ကြောင့်၊-
13 Así que se fingió demente ante ellos, y actuaba como loco en manos de ellos. Garabateaba en las hojas de la puerta y dejaba caer saliva por su barba.
၁၃ရူးသွပ်ဟန်ဆောင်လျက်သူတို့၏ရှေ့တွင် အရူးကဲ့သို့ပြုပြီးလျှင် တံခါးရွက်ပေါ် တွင်ရေးခြစ်၍နေ၏။ မိမိ၏မုတ်ဆိတ်ပေါ် မှာသွားရည်ယိုကျစေ၏။-
14 Y Aquís dijo a sus esclavos: Aquí ven a un hombre que se porta como loco. ¿Por qué me lo traen?
၁၄သို့ဖြစ်၍အာခိတ်မင်းသည်မှူးမတ်တို့ အား``ကြည့်လော့၊ ဤသူသည်သူရူးဖြစ်ပါ သည်တကား။ သူ့အားသင်တို့အဘယ်ကြောင့် ငါ့ထံသို့သွင်းကြသနည်း။-
15 ¿Me faltan locos para que me traigan a éste a fin de que actúe como loco delante de mí? ¿Debe entrar éste en mi casa?
၁၅ငါ့ထံတွင်ရူးသွပ်သူနည်းပါးနေသောကြောင့် လော။ ငါ၏နန်းတော်ထဲမှာငါ့အားအနှောင့် အယှက်ပေးရန် အဘယ်ကြောင့်အရူးကိုသွင်း ကြသနည်း'' ဟုမိန့်တော်မူ၏။