< 1 Samuel 12 >
1 Entonces Samuel dijo a todo Israel: Ciertamente escuché su voz en todo lo que me dijeron. Constituí un rey que reine sobre ustedes.
၁ရှမွေလ ကလည်း ၊ သင်တို့ပြော သမျှ သော စကား ကို ငါနားထောင် ၍ ၊ သင် တို့အပေါ် မှာ ရှင် ဘုရင်ကို ငါချီးမြှောက် လေပြီ။
2 Ahora, miren, su rey marcha al frente de ustedes. Yo ya soy anciano y canoso, y también mis hijos están delante de ustedes. Desde mi juventud hasta hoy yo anduve delante de ustedes.
၂ယခု မှာ ရှင် ဘုရင်သည် သင် တို့ရှေ့ ၌ ကြွ နေတော်မူ၏။ ငါ သည် အသက် ကြီး၍ ဆံပင် ဖြူပြီ။ ငါ့ သား တို့ သည် သင် တို့၌ ရှိကြ၏။ ငါ သည် ငယ် သော အရွယ်မှစ၍ ယနေ့ တိုင်အောင် သင် တို့ရှေ့ ၌ သွား ပြီ။
3 Aquí estoy, testifiquen contra mí en presencia de Yavé y de su ungido, si tomé el buey o el asno de alguno, si calumnié a alguien, si agravié a alguno, o si de algún modo acepté soborno ante lo cual cerré mis ojos. Yo se lo restituiré.
၃ဤအရပ်၌ ယခု ငါ ရှိ ၏။ အဘယ်သူ ၏ နွား ကို ငါယူ ဘူးပြီနည်း။ အဘယ်သူ ၏ မြည်း ကို ယူ ဘူးပြီနည်း။ အဘယ်သူ ကို လှည့်စား ဘူးပြီနည်း။ အဘယ်သူ ကို ညှဉ်းဆဲ ဘူးပြီနည်း။ ကိုယ် မျက်စိ ကိုကွယ် စေခြင်းငှါ အဘယ်သူ လက် မှ တံစိုး ကိုခံ ဘူးပြီနည်း။ ထာဝရဘုရား ရှေ့ ၊ ဘိသိက် တော်ကိုခံသောသူ ရှေ့ မှာ ငါ့ တဘက် ၌ သက်သေခံ ကြလော့။ သူ့ဥစ္စာကို ငါယူမိလျှင် ပြန် ပေးပါမည်ဟု ဣသရေလ လူအပေါင်း တို့အား ပြော ဆိုသော်၊
4 Entonces dijeron: Nunca nos calumniaste, ni agraviaste, ni tomaste algo de mano de algún hombre.
၄သူတို့က၊ ကိုယ်တော်သည် အကျွန်ုပ် တို့ကို မ လှည့်စား ပါ။ မ ညှဉ်းဆဲ ပါ။ အဘယ်သူ ၏ ဥစ္စာကိုမျှ မ ယူ ပါဟု ပြောဆို ကြ၏။
5 Y él les dijo: Yavé es testigo contra ustedes y su ungido es testigo hoy, que nada hallaron en mi mano. Ellos respondieron: Es testigo.
၅ရှမွေလကလည်း၊ သင်တို့သည် ငါ့ လက် ၌ သူတပါး၏ဥစ္စာ ကို ရှာ ၍ မ တွေ့ကြောင်း ကို ထာဝရဘုရား သည် သင် တို့တဘက် ၌ သက်သေ ဖြစ်တော်မူ၏။ ဘိသိက် တော်ကိုခံသောသူလည်း သက်သေ ဖြစ်၏ဟု ဆို လျှင် ၊ သူတို့က၊ သက်သေ ဖြစ်ပါသည်ဟု ဝန်ခံ ကြ၏။
6 Samuel dijo al pueblo: Yavé es el que designó a Moisés y a Aarón, Quien sacó a sus antepasados de la tierra de Egipto.
၆တဖန် ရှမွေလ က၊ ထာဝရဘုရား သည် မောရှေ နှင့် အာရုန် ကို ချီးမြှောက်၍ ၊ သင် တို့ဘိုးဘေး များကို အဲဂုတ္တု ပြည် မှ ဆောင် ခဲ့တော်မူ၏။
7 Ahora pues, estén quietos, para que yo razone con ustedes delante de Yavé sobre todos los actos justos que Yavé hizo con ustedes y con sus antepasados.
၇ယခု တွင် တိတ်ဆိတ်စွာနေကြလော့။ ထာဝရဘုရား သည် သင် တို့နှင့် သင် တို့ဘိုးဘေး များ၌ တရား သဖြင့် ပြု တော်မူသောအမှုတို့ကို ထာဝရဘုရား ရှေ့ တော်မှာ သင် တို့အား ငါဆွေးနွေး ဟောပြောမည်။
8 Después que Jacob entró en Egipto, sus antepasados clamaron a Yavé, y Yavé envió a Moisés y a Aarón, quienes sacaron a sus antepasados de Egipto, y los establecieron en este lugar.
၈ယာကုပ် သည် အဲဂုတ္တု ပြည်သို့ ရောက် ၍ ၊ သင် တို့ဘိုးဘေး တို့သည် ထာဝရဘုရား အား အော်ဟစ် သောအခါ ၊ မောရှေ နှင့် အာရုန် ကို စေလွှတ် သဖြင့် ဘိုးဘေး တို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် ၍ ဤ ပြည် ၌ နေရာ ချတော်မူ၏။
9 Pero ellos se olvidaron de Yavé su ʼElohim, y Él los entregó en mano de Sísara, jefe del ejército de Hazor, en mano de los filisteos, y en mano del rey de Moab, quienes pelearon contra ellos.
၉သူ တို့၏ဘုရား သခင်ထာဝရဘုရား ကို မေ့လျော့ သောအခါ ၊ ဟာဇော် ဗိုလ်ချုပ် မင်း သိသရ လက် သို့ ၎င်း ၊ ဖိလိတ္တိ လူတို့ လက် သို့ ၎င်း ၊ မောဘ ရှင်ဘုရင် လက် သို့ ၎င်း ရောက်စေတော်မူသဖြင့်၊ ထိုရန်သူတို့၏တိုက်ဖျက် ခြင်းကိုခံရကြ၏။
10 Entonces ellos clamaron a Yavé: Pecamos, abandonamos a Yavé y servimos a los baales y a Astarot. ¡Líbranos ahora de la mano de nuestros enemigos, y te serviremos!
၁၀တဖန် သူတို့သည် ထာဝရဘုရား အား အော်ဟစ် လျက် ၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကို စွန့် ၍၊ ဗာလ ဘုရားနှင့် အာရှတရက် ဘုရားတို့ကို ဝတ်ပြု သဖြင့် ပြစ်မှား ပါပြီ။ သို့ရာတွင် ရန်သူ လက် မှ ကယ်ချွတ် တော်မူပါ။ ကိုယ်တော် ကို ဝတ်ပြု ပါမည်ဟု လျှောက် ကြသောအခါ၊
11 Yavé envió a Jerobaal, Bedán, Jefté y Samuel, y los libró de mano de sus enemigos de alrededor y vivieron con seguridad.
၁၁ထာဝရဘုရား သည် ယေရုဗ္ဗာလ ၊ ဗာရက် ၊ ယေဖသ ၊ ရှမွေလ တို့ကို စေလွှတ် ၍ ၊ ပတ်ဝန်းကျင် ရန်သူ တို့ လက် မှ ကယ်နှုတ် တော်မူသဖြင့် သင်တို့သည် ဘေး လွတ်ရကြ၏။
12 Pero cuando vieron que Nahas, rey de los hijos de Amón, venía contra ustedes, me dijeron: No. Un rey reinará sobre nosotros, aun cuando Yavé su ʼElohim era su Rey.
၁၂နောက် တဖန် အမ္မုန် အမျိုးသား ရှင်ဘုရင် နာဟတ် သည် စစ်ချီမည်အကြောင်းကို သိ သောအခါ ၊ အကျွန်ုပ်တို့သည် အရင်ကဲ့သို့မ ဟုတ်၊ ရှင် ဘုရင်သည် အကျွန်ုပ် တို့ကို အုပ်စိုး ရမည်ဟု သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် ရှင်ဘုရင် လုပ်လျက်ပင်ငါ့ အား လျှောက် ထားကြ၏။
13 Ahora pues, aquí tienen al rey que eligieron, el cual pidieron. Ciertamente Yavé designó rey sobre ustedes.
၁၃ယခု မှာ သင်တို့လိုချင် ၍ ရွေးချယ် သော ရှင် ဘုရင်ကို ကြည့်ရှု ကြလော့။ ထာဝရဘုရား သည် သင် တို့အပေါ် မှာ ရှင်ဘုရင် ဖြစ်စေခြင်းငှါချီးမြှောက် တော်မူပြီ။
14 Si temen a Yavé, le sirven, obedecen su voz y no son rebeldes a la Palabra de Yavé, y si tanto ustedes como su rey sirven a Yavé su ʼElohim, harán bien.
၁၄သင်တို့သည် ထာဝရဘုရား ကို ကြောက်ရွံ့ ၍ ဝတ်ပြု ခြင်းနှင့်တကွအာဏာ တော်ကို မ ဆန် ၊ စကား တော်ကို နားထောင် လျှင် သင် တို့နှင့် သင် တို့ကို အုပ်စိုး သော ရှင် ဘုရင်သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား နောက် တော်သို့ အမြဲလိုက်ကြလိမ့်မည်။
15 Pero si no obedecen la voz de Yavé y son rebeldes a la Palabra de Yavé, la mano de Yavé estará contra ustedes y contra su rey.
၁၅သို့မဟုတ် ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်၊ အာဏာ တော်ကို ဆန် လျှင် ၊ ထာဝရဘုရား ၏ လက် တော်သည် ဘိုးဘေး တို့ကို ဆီးတားသကဲ့သို့ သင် တို့ကို ဆီးတားတော်မူလိမ့်မည်။
16 Aun ahora preséntense y vean la gran maravilla que hace Yavé ante sus ojos:
၁၆ယခု မှာ သင် တို့မျက်မှောက် ၌ ထာဝရဘုရား ပြု တော်မူလတံ့သော အမှု ကြီး ကို ငြိမ်ဝပ်စွာ နေ ၍ ကြည့်ရှု လော့။
17 ¿No es ahora la cosecha del trigo? Invocaré a Yavé para que Él envíe truenos y lluvia. Sabrán y verán que fue grande la perversidad que cometieron ante Yavé al pedir un rey para ustedes.
၁၇ယနေ့ ဂျုံ စပါးရိတ် ရာ ကာလဖြစ်သည် မ ဟုတ်လော။ သို့သော်လည်းထာဝရဘုရား ကို ငါဆုတောင်း ၍ မိုဃ်းချုန်း ခြင်းနှင့်တကွ မိုဃ်း ရွာစေတော်မူမည်။ သို့ဖြစ်၍ သင် တို့သည် ရှင်ဘုရင် ကို တောင်း သောအားဖြင့် ထာဝရဘုရား ရှေ့ တော်၌ ပြစ်မှား မိသော အပြစ် သည် ကြီး ကြောင်း ကို ရိပ်မိ သိမြင် ရကြမည် ဟု လူများတို့အား ပြောဆိုပြီးလျှင်၊
18 Entonces Samuel invocó a Yavé. Ese día Yavé envió truenos y lluvia, y todo el pueblo temió grandemente a Yavé y a Samuel.
၁၈ထာဝရဘုရား ကို ဆုတောင်း ၍ ၊ ထို နေ့၌ ထာဝရဘုရား သည် မိုဃ်းချုန်း ခြင်းနှင့်တကွ မိုဃ်း ရွာစေ တော်မူ၍ ၊ လူ အပေါင်း တို့သည် ထာဝရဘုရား နှင့် ရှမွေလ ကို အလွန် ကြောက်ရွံ့ ကြ၏။
19 Todo el pueblo dijo a Samuel: Ora por tus esclavos ante Yavé tu ʼElohim para que no muramos, porque añadimos a todos nuestros pecados este mal de pedir rey para nosotros.
၁၉လူ အပေါင်း တို့က၊ ကိုယ်တော်၏ ကျွန်တို့သည် မ သေ ရမည်ကြောင်း ၊ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား အား ကိုယ်တော် ကျွန် တို့အဘို့ ဆုတောင်း တော်မူပါ။ အကျွန်ုပ်တို့သည် ရှင်ဘုရင် ကို တောင်း သောအားဖြင့် အထက်အပြစ် များတို့အပေါ်မှာ ထပ် ၍ဒုစရိုက် ကို ပြုမိပါပြီဟု ရှမွေလ အား တောင်းပန် ကြ၏။
20 Samuel respondió al pueblo: No teman. Ustedes cometieron todo este mal. Sin embargo, no se aparten de seguir a Yavé, sino sírvanle con todo su corazón.
၂၀ရှမွေလ ကလည်း မ စိုးရိမ် ကြနှင့်။ ဤ ဒုစရိုက် အပေါင်း ကို ပြု မိသော်လည်း ၊ ထာဝရဘုရား နောက် တော်သို့ လိုက်ရာမှ မ လွှဲ ကြနှင့်။ ထာဝရဘုရား ကို စိတ် နှလုံးအကြွင်းမဲ့ ဝတ်ပြု ကြလော့။
21 No se aparten tras vanidades que no aprovechan ni libran, porque son vanidades.
၂၁ကျေးဇူး မ ပြု မ ကယ်တင် နိုင်၊ အချည်းနှီး ဖြစ်သော အရာတို့နောက် သို့ လမ်း လွှဲ၍ မ လိုက်ကြနှင့်။ ထိုသို့သောအရာသည် အချည်းနှီး သက်သက်ဖြစ်၏။
22 Porque Yavé no abandonará a su pueblo por su gran Nombre, pues Yavé se complació en convertirlos en pueblo suyo.
၂၂ထာဝရဘုရား သည် မဟာ နာမ တော်ကိုထောက် ၍ မိမိ လူ တို့ကို စွန့် တော်မ မူ။ ထာဝရဘုရား သည် သင် တို့ကို မိမိ လူ အရာ၌ ခန့် ထားခြင်းငှါ အလို ရှိတော်မူပြီ။
23 Por tanto, lejos esté de mí que peque contra Yavé al cesar de orar por ustedes. Más bien los instruiré en el camino bueno y recto.
၂၃ငါ မူကား သင် တို့အဘို့ ဆု မတောင်းဘဲ နေသဖြင့်၊ ထာဝရဘုရား ကို ပြစ်မှား ခြင်းအမှုသည် ငါ နှင့် ဝေး ပါစေသော။ ကောင်းမွန် ဖြောင့်မတ် သော လမ်း ကိုလည်း သင် တို့အား ငါပြသ ဦးမည်။
24 Solo teman a Yavé, y sírvanle de verdad con todo su corazón, pues consideren cuán grandes cosas hizo por ustedes.
၂၄သို့ရာတွင် ထာဝရဘုရား ကို ကြောက်ရွံ့ ၍ သစ္စာ နှင့်တကွ စိတ် နှလုံးအကြွင်းမဲ့ ဝတ်ပြု ကြလော့။ သင် တို့အဘို့ အဘယ် မျှလောက်ပြု တော်မူပြီးသည်ကို အောက်မေ့ ကြလော့။
25 Pero si persisten en hacer el mal, perecerán, tanto ustedes como su rey.
၂၅သို့မဟုတ် သင်တို့သည် ဒုစရိုက် ပြုမြဲပြုလျှင် ၊ ရှင်ဘုရင် နှင့်တကွ ပျက်စီး ခြင်းသို့ ရောက်ရကြ လိမ့်မည်ဟု လူ များတို့အား ပြောဆို လေ၏။