< 1 Samuel 11 >
1 Nahas amonita subió y acampó contra Jabes de Galaad. Todos los hombres de Jabes dijeron a Nahas: Pacten con nosotros y les serviremos.
၁နောက်တစ်လခန့်ကြာသောအခါ အမ္မုန်ဘုရင် နာဟတ်သည်စစ်သည်အလုံးအရင်းနှင့်ဂိလဒ် ပြည်ယာဗက်မြို့သို့ချီတက်လာ၏။ သူတို့သည် မြို့ကိုဝိုင်းရံထားသဖြင့် ယာဗက်မြို့သားတို့ ကနာဟတ်အား``အကျွန်ုပ်တို့နှင့်မဟာမိတ် စာချုပ်ချုပ်ဆိုပါက အကျွန်ုပ်တို့သည်အရှင် ၏သစ္စာတော်ကိုခံယူပါမည်'' ဟုလျှောက် ထားကြ၏။
2 Nahas amonita les respondió: Con esta condición pactaré con ustedes: Que a cada uno de ustedes les saque el ojo derecho, y ponga esta afrenta sobre todo Israel.
၂နာဟတ်က``ဣသရေလအမျိုးသားတစ် ရပ်လုံးအသရေပျက်စေရန် သင်တို့၏ညာ မျက်စိရှိသမျှကိုဖောက်ပစ်ခွင့်ပေးမှသာ ငါသည်သင်တို့နှင့်မဟာမိတ်စာချုပ်ချုပ် ဆိုနိုင်မည်'' ဟုဆို၏။
3 Entonces los ancianos de Jabes le dijeron: Danos siete días para que enviemos mensajeros por todo el territorio de Israel, y si no hay quien nos libre, nos rendiremos a ti.
၃ယာဗက်မြို့သားခေါင်းဆောင်များက``ဣသရေလ ပြည်တစ်လျှောက်လုံးသို့တမန်များစေလွှတ်၍ သတင်းပေးပို့နိုင်ရန်အကျွန်ုပ်တို့အားခုနစ် ရက်မျှအခွင့်ပေးပါ။ အကယ်၍အကျွန်ုပ်တို့ အားကူမမည့်သူမရှိပါကအရှင့်ထံတွင် အညံ့ခံပါမည်'' ဟုလျှောက်ကြ၏။
4 Cuando los mensajeros llegaron a Gabaa de Saúl, dijeron estas palabras a oídos del pueblo, y todo el pueblo alzó su voz y lloró.
၄စေတမန်တို့သည်ရှောလုနေထိုင်ရာဂိဗာ မြို့သို့ရောက်ရှိလာလျက် ထိုသတင်းကိုပြော ကြားကြသောအခါ လူတို့သည်စိတ်ပျက် အားလျော့လျက်ငိုကြွေးကြကုန်၏။-
5 Aconteció que Saúl llegaba del campo tras los bueyes, y preguntó: ¿Qué le pasa al pueblo? ¿Por qué llora? Y le hablaron las palabras de los hombres de Jabes.
၅ထိုအချိန်၌ရှောလုသည်မိမိ၏နွားများ နှင့်အတူ လယ်တောမှပြန်လည်ရောက်ရှိလာ ကာ``အကြောင်းကားအဘယ်သို့နည်း။ လူ အပေါင်းတို့သည်အဘယ်ကြောင့်ငိုကြွေး နေကြပါသနည်း'' ဟုမေး၏။ လူတို့သည် ယာဗက်မြို့မှစေတမန်တို့ယူဆောင်လာ သောသတင်းကိုသူ့အားပြောကြားကြ၏။-
6 Cuando él oyó estas palabras, el Espíritu de ʼElohim vino poderosamente sobre Saúl, y su ira se encendió muchísimo.
၆ထိုသတင်းကိုရှောလုကြားရချိန်၌ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ ၏အပေါ်သို့သက်ရောက်တော်မူသဖြင့် သူသည်ပြင်းစွာအမျက်ထွက်ကာ၊-
7 Tomó un par de bueyes, los cortó en trozos y los repartió por todo el territorio de Israel por medio de mensajeros que decían: Así se hará con los bueyes del que no salga tras Saúl y Samuel. Y el temor a Yavé cayó sobre el pueblo, y salieron como un solo hombre.
၇နွားနှစ်ကောင်ကိုယူ၍အပိုင်းပိုင်းခုတ်ဖြတ် လျက် စေတမန်တို့အားဣသရေလပြည် တစ်လျှောက်လုံးသို့ယူဆောင်သွားစေပြီး လျှင်``စစ်ပွဲဝင်ရန်ရှောလုနှင့်ရှမွေလတို့ နောက်သို့မလိုက်သူမှန်သမျှ၏နွားများ သည် ဤနည်းအတိုင်းခုတ်ဖြတ်ခြင်းကို ခံရကြလိမ့်မည်'' ဟုသတိပေးစေ၏။ ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရားကိုကြောက်သဖြင့် တညီတညွတ် တည်းထွက်လာကြ၏။-
8 Les pasó revista en Bezec: los hijos de Israel eran 300.000, y los hombres de Judá 30.000.
၈ရှောလုသည်သူတို့အားဗေဇက်မြို့တွင် စုရုံးစေရာ ဣသရေလပြည်မှလူသုံး သိန်းနှင့်ယုဒပြည်မှလူသုံးသောင်းရရှိ သတည်း။-
9 Y dijeron a los mensajeros que llegaron: Así dirán a los hombres de Jabes de Galaad: Mañana, al calentar el sol, serán librados. Los mensajeros fueron y lo informaron a los hombres de Jabes, y ellos se alegraron.
၉ထိုသူတို့ကယာဗက်မြို့မှလာသောစေ တမန်တို့အား``ငါတို့သည်နက်ဖြန်မွန်း မတည့်မီသင်တို့မြို့သားများအားကယ် ဆယ်မည်ဖြစ်ကြောင်း သူတို့အားပြောကြား ကြလော့'' ဟုမှာကြားလိုက်၏။ ထိုသတင်း ကိုရသောအခါယာဗက်မြို့သားတို့သည် အတိုင်းထက်အလွန်ဝမ်းမြောက်ကြကုန်၏။-
10 Entonces los de Jabes les dijeron [a los amonitas]: Mañana saldremos a ustedes, y hagan con nosotros lo que les parezca bien.
၁၀သူတို့သည်နာဟတ်အား``အကျွန်ုပ်တို့သည် အရှင့်ထံတွင် နက်ဖြန်အညံ့ခံကြပါမည်။ အကျွန်ုပ်တို့အားအရှင်ပြုလိုရာပြုနိုင် ပါသည်'' ဟုလျှောက်ကြ၏။
11 En la madrugada Saúl dispuso al pueblo en tres escuadrones. Entre las tres y las seis de la mañana entraron en medio del campamento y atacaron a los amonitas hasta el calor del día, y el resto fue dispersado sin que quedaran dos de ellos juntos.
၁၁နောက်တစ်နေ့နံနက်၌ရှောလုသည်မိမိ ၏လူတို့ကိုသုံးတပ်ခွဲပြီးလျှင် အရုဏ် တက်ချိန်၌ ရန်သူတပ်စခန်းကိုအတင်း ဝင်၍တိုက်ခိုက်ရာမွန်းတည့်ချိန်ရောက်သော် အမ္မုန်အမျိုးသားတို့ကျဆုံးကြကုန်၏။ မသေဘဲကြွင်းကျန်နေသူတို့သည်လည်း တကွဲတပြားကိုယ်လွတ်ရုန်း၍ထွက်ပြေး ကြလေသည်။
12 Entonces el pueblo preguntó a Samuel: ¿Quiénes son los que preguntaban si reinará Saúl sobre nosotros? ¡Entréguennos a esos hombres para que los matemos!
၁၂ထိုအခါဣသရေလအမျိုးသားတို့က ရှမွေလအား``ရှောလုသည်အကျွန်ုပ်တို့၏ ဘုရင်မဖြစ်ထိုက်ဟုဆိုသောသူတို့အဘယ် မှာရှိပါသနည်း။ သူတို့ကိုအကျွန်ုပ်တို့လက် သို့ပေးအပ်ပါ။ သူတို့အားအကျွန်ုပ်တို့ အဆုံးစီရင်ကြပါမည်'' ဟုလျှောက်ကြ၏။
13 Saúl dijo: Ninguno morirá hoy, porque Yavé dio liberación en Israel.
၁၃သို့ရာတွင်ရှောလုက``ဤနေ့သည်ဣသရေလ အမျိုးသားတို့အား ထာဝရဘုရားကယ်ဆယ် တော်မူသောနေ့ဖြစ်၏။ ယနေ့အဘယ်သူကို မျှမသတ်ရ'' ဟုဆို၏။-
14 Samuel dijo al pueblo: Vengan, vayamos a Gilgal y renovemos allí el reino.
၁၄ရှမွေလကလည်း``ငါတို့အပေါင်းသည်ဂိလ ဂါလမြို့သို့သွား၍ရှောလုအား ငါတို့ ဘုရင်အဖြစ်ဖြင့်ထပ်မံကြွေးကြော်တင် မြှောက်ကြကုန်အံ့'' ဟုဆို၏။-
15 Así que todo el pueblo fue a Gilgal, y confirmaron a Saúl como rey delante de Yavé en Gilgal. Allí ofrecieron sacrificios de paz delante de Yavé. Saúl y todos los hombres de Israel tuvieron gran regocijo.
၁၅သို့ဖြစ်၍သူတို့အားလုံးပင်ဂိလဂါလ မြို့သို့သွားပြီးလျှင် သန့်ရှင်းရာဌာနတော် တွင်ရှောလုအားဘုရင်အဖြစ်ကြွေးကြော် တင်မြှောက်ကြလေသည်။ သူတို့သည်မိတ် သဟာယယဇ်ကိုပူဇော်ကြ၏။ ရှောလုနှင့် ဣသရေလအမျိုးသားတစ်ရပ်လုံးသည် လည်းပျော်ပွဲရွှင်ပွဲကိုဆင်နွှဲကြ၏။