< 1 Reyes 22 >

1 Tres años pasaron sin guerra entre Siria e Israel.
ရှုရိ ပြည်နှင့် ဣသရေလ ပြည်သည် စစ် မ တိုက် ဘဲ သုံး နှစ် နေ ပြီးမှ၊
2 Al tercer año aconteció que Josafat, rey de Judá, bajó a visitar al rey de Israel.
တတိယ နှစ် တွင် ၊ ယုဒ ရှင်ဘုရင် ယောရှဖတ် သည် ဣသရေလ ရှင်ဘုရင် ထံ သို့လာ ၏။
3 Y el rey de Israel dijo a sus esclavos: ¿Saben que Ramot de Galaad nos pertenece, y nada hicimos para tomarla de mano del rey de Siria?
ဣသရေလ ရှင် ဘုရင်ကလည်း၊ ဂိလဒ် ပြည် ရာမုတ်မြို့သည် ငါ တို့ နိုင်ငံအဝင်ဖြစ်သည်ကို သင်တို့မသိ လော။ ငါ တို့သည် ရှုရိ ရှင်ဘုရင် လက် မှ မနှုတ် မယူဘဲ ငြိမ်သက် စွာ နေကြပြီတကားဟု မိမိ ကျွန် တို့အား ဆို ၏။
4 Y dijo a Josafat: ¿Irás conmigo a la guerra a Ramot de Galaad? Josafat respondió al rey de Israel: ¡Yo soy como tú, mi pueblo como el tuyo y mis caballos como los tuyos!
ယောရှဖတ် မင်းအား လည်း၊ ဂိလဒ် ပြည် ရာမုတ်မြို့သို့ ငါ နှင့်အတူ စစ် ချီ မည်လောဟုမေး လျှင် ၊ ယောရှဖတ် က၊ ငါ သည်မင်းကြီး ကဲ့သို့ ဖြစ်၏။ ငါ့ လူ တို့သည် မင်းကြီး ၏လူ ကဲ့သို့ ၎င်း၊ ငါ့ မြင်း တို့သည် မင်းကြီး ၏ မြင်း ကဲ့သို့ ၎င်း ဖြစ်ကြသည်ဟု ဣသရေလ ရှင်ဘုရင် အား ပြန်ပြော ၏။
5 Además le dijo: Te ruego que consultes ahora la Palabra de Yavé.
တဖန် ယောရှဖတ် က၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ယနေ့ မေးမြန်း ပါလော့ဟု ဣသရေလ ရှင်ဘုရင် အား ဆို သော်၊
6 Entonces el rey de Israel convocó a los profetas, unos 400 hombres, y les preguntó: ¿Iré a la guerra contra Ramot de Galaad o desistiré? Y ellos respondieron: ¡Sube, porque ʼAdonay la entregará en mano del rey!
ဣသရေလ ရှင် ဘုရင်သည် ပရောဖက် လေး ရာ တို့ကို စုဝေး စေပြီးလျှင် ၊ ငါသည်ဂိလဒ် ပြည် ရာမုတ်မြို့သို့ စစ် ချီ ကောင်းသလော။ မချီဘဲ နေကောင်းသလောဟုမေး သော်၊ သူတို့ကချီ တော်မူပါ။ ထာဝရ ဘုရားသည် အရှင်မင်းကြီး ၏လက် တော်သို့ အပ် တော်မူမည်ဟု လျှောက် ကြ၏။
7 Pero Josafat preguntó: ¿No habrá aquí además algún profeta de Yavé, para que consultemos por medio de él?
ယောရှဖတ် ကလည်း၊ ငါတို့မေးမြန်း စရာ ထာဝရဘုရား ၏ ပရောဖက် တစုံတပါးမျှမ ရှိသလောဟု မေး သော်၊
8 Y el rey de Israel contestó a Josafat: Aún hay un varón por el cual podríamos consultar a Yavé, Micaías, hijo de Imla. Pero yo lo aborrezco, porque nunca me profetiza el bien, sino siempre el mal. Y Josafat respondió: No hable así el rey.
ဣသရေလ ရှင် ဘုရင်က၊ ထာဝရဘုရား ကို မေးမြန်း ရသောသူ တယောက် ဣမလ သား မိက္ခါ ရှိသေး ၏။ သို့ရာတွင် ထိုသူ ကို ငါ မုန်း ၏။ ငါ ၌ မင်္ဂလာ စကားကို မ ဟော။ အမင်္ဂလာ စကားကိုသာ ဟောတတ်သည်ဟု ယောရှဖတ် အား ဆို လျှင် ၊ ယောရှဖတ် က ထိုသို့ မင်းကြီး မ ပြော ပါနှင့်ဟု ပြန်ဆို ၏။
9 Entonces el rey de Israel llamó a un oficial y le ordenó: ¡Trae pronto a Micaías, hijo de Imla!
ထိုအခါ ဣသရေလ ရှင် ဘုရင်သည် အရာရှိ တယောက် ကိုခေါ် ၍ ၊ ဣမလ သား မိက္ခါ ကို အလျင်အမြန် ခေါ်ခဲ့ဟုမိန့် တော်မူ၏။
10 El rey de Israel y Josafat, rey de Judá, estaban sentados cada uno en su trono en la plaza junto a la entrada de la puerta de Samaria, vestidos con sus mantos reales. Todos los profetas profetizaban ante ellos.
၁၀ဣသရေလ ရှင်ဘုရင် နှင့် ယုဒ ရှင်ဘုရင် ယောရှဖတ် တို့သည် မင်းမြောက် တန်ဆာကို ဝတ်ဆင် လျက် ရှမာရိ မြို့တံခါးဝ ရှေ့၊ ဟင်းလင်း သော အရပ်၌ ရာဇပလ္လင် တို့အပေါ် မှာထိုင် ၍ ၊ ပရောဖက် အပေါင်း တို့သည် ရှေ့ တော်၌ ဟောပြော ကြ၏။
11 Sedequías, hijo de Quenaana, hizo unos cuernos de hierro y decía: Yavé dice: ¡Con éstos embestirás a los sirios hasta acabarlos!
၁၁ခေနာနာ သား ဇေဒကိ သည် သံ ဦးချို တို့ကို လုပ် ၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ကိုယ်တော်သည် ရှုရိ လူတို့ကို မ ဖျက်ဆီး မှီ တိုင်အောင်ဤ ဦးချိုတို့နှင့် တိုး ရမည်ဟုမိန့် တော်မူကြောင်းကို ဆင့်ဆို၏။
12 Todos los profetas profetizaban de la misma manera: ¡Sube a Ramot de Galaad y triunfa, porque Yavé la entregó en mano del rey!
၁၂ပရောဖက် အပေါင်း တို့ကလည်း ၊ ဂိလဒ် ပြည် ရာမုတ်မြို့သို့ စစ်ချီ ၍ အောင် တော်မူပါ။ ထာဝရဘုရား သည် အရှင်မင်းကြီး ၏ လက် တော်သို့ အပ် တော်မူမည်ဟု ပရောဖက် ပြု၍ ဟော ကြ၏။
13 El mensajero que fue a llamar a Micaías le habló: Mira, las palabras de los profetas declaran a una sola voz el bien al rey. Sea, pues, tu palabra como la de ellos, y anuncia el bien.
၁၃မိက္ခါ ကိုခေါ် သော တမန် က၊ ပရောဖက် အပေါင်းတို့သည် မင်္ဂလာ စကား ကိုသာ ရှင်ဘုရင် အား တညီတညွတ် တည်းဟောကြ၏။ ကိုယ်တော် လည်း သူ တို့ ဟောကြသည်နည်းတူ မင်္ဂလာ စကားကိုသာ ဟော တော်မူပါဟုဆို လျှင်၊
14 Pero Micaías dijo: ¡Vive Yavé, que lo que Yavé me diga, eso hablaré!
၁၄မိက္ခါ က၊ ထာဝရဘုရား အသက် ရှင်တော်မူသည် အတိုင်း ထာဝရဘုရား မိန့် တော်မူသော စကားကိုသာ ငါပြန် ပြောရမည်ဟုဆို ၏။
15 Cuando llegó ante el rey, éste le dijo: Micaías, ¿iremos a la guerra contra Ramot de Galaad o desistiremos? Y él le respondió: Sube y serás prosperado. Yavé la entregará en mano del rey.
၁၅ရှင်ဘုရင် ထံသို့ ရောက် သောအခါ ရှင် ဘုရင်က၊ အချင်းမိက္ခါ ၊ ငါတို့သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ကောင်းသလော။ မ ချီဘဲနေကောင်းသလောဟုမေး လျှင် ၊ မိက္ခါက၊ စစ်ချီ ၍ အောင် တော်မူပါ။ ထာဝရဘုရား သည် အရှင်မင်းကြီး ၏ လက် တော်သို့ အပ် တော်မူမည်ဟု ပြန်လျှောက် ၏။
16 Pero el rey le preguntó: ¿Cuántas veces tengo que obligarte a jurar que no me digas sino la verdad en Nombre de Yavé?
၁၆ရှင် ဘုရင်ကလည်း ၊ မှန် သောစကားမှတပါး အခြားသောစကားကို ထာဝရဘုရား အခွင့်နှင့် သင်သည် ငါ့ အား မ ဟော မည်အကြောင်း ၊ ငါ သည် ဘယ်နှစ်ကြိမ် တိုင်အောင်သင့် အား အကျိန် ပေးရမည်နည်းဟုမေး သော်၊
17 Entonces él dijo: Vi a todo Israel esparcido por las montañas, como ovejas que no tienen pastor. Y Yavé dijo: Éstos no tienen ʼadón. Regrese cada uno a su casa en paz.
၁၇မိက္ခါက၊ ဣသရေလ အမျိုးသားအပေါင်း တို့ သည် သိုးထိန်း မ ရှိ သော သိုး ကဲ့သို့ ၊ တောင် များအပေါ် မှာ အရပ်ရပ် ကွဲပြားလျက် ရှိကြသည်ကို ငါမြင် ပြီ။ ထာဝရဘုရား ကလည်း၊ ဤသူအပေါင်းတို့သည် အရှင်မရှိသောကြောင့် အသီးအသီးကိုယ်နေရာသို့ ပြန်ကြပါလေစေဟု မိန့်တော်မူကြောင်းကို လျှောက်ဆို၏။
18 Y el rey de Israel preguntó a Josafat: ¿No te dije que no profetizaría el bien con respecto a mí, sino el mal?
၁၈ဣသရေလ ရှင် ဘုရင်ကလည်း ၊ သူသည်ငါ ၌ မင်္ဂလာ စကားကိုမ ဟော ၊ အမင်္ဂလာ စကားကိုသာ ဟောတတ်သည်ဟု မင်းကြီး အား ငါမ ပြော သလောဟု ယောရှဖတ် အား ဆို ၏။
19 Y Micaías respondió: Por eso escuchen la Palabra de Yavé: Vi a Yavé sentado en su trono. Todo el ejército de los cielos estaba en pie junto a Él, a su derecha y a su izquierda.
၁၉မိက္ခါကလည်း၊ သို့ဖြစ်၍ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ပါ။ ထာဝရဘုရား သည် ပလ္လင် တော်ပေါ် မှာ ထိုင် တော်မူသည်ကို၎င်း ၊ ကောင်းကင် ဗိုလ်ခြေ အပေါင်း တို့သည် လက်ျာ တော်ဘက် လက်ဝဲ တော်ဘက် ၌ ရပ် နေကြသည်ကို၎င်းငါမြင် ပြီ။
20 Y Yavé decía: ¿Quién inducirá a Acab para que suba y caiga en Ramot de Galaad? Y uno respondía de una manera y otro de otra.
၂၀ထာဝရဘုရား ကလည်း ၊ အာဟပ် သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ၍ ဆုံး စေခြင်းငှါ အဘယ်သူ သွေးဆောင် မည်နည်းဟုမေး တော်မူလျှင် ၊ အခြံအရံတော်တို့သည် တယောက်တနည်းစီ ပြန်လျှောက် ကြ၏။
21 Salió un espíritu y se colocó ante Yavé, y dijo: Yo lo induciré. Y le preguntó Yavé: ¿De cuál modo?
၂၁တဖန် ဝိညာဉ် တပါးသည် လာ ၍ ထာဝရဘုရား ရှေ့ တော်၌ ရပ် လျက် ၊ အကျွန်ုပ် သွေးဆောင် ပါမည်ဟု လျှောက် လျှင်၊
22 Y respondió: Saldré y seré espíritu de mentira en la boca de todos sus profetas. Y Yavé dijo: Tú lo inducirás y prevalecerás. ¡Vé y hazlo así!
၂၂ထာဝရဘုရား က အဘယ်သို့ သွေးဆောင်မည်နည်းဟုမေး တော်မူသော်၊ အကျွန်ုပ်သွား ၍ ထိုမင်းကြီး၏ ပရောဖက် အပေါင်း တို့အထဲမှာ မုသာ စကားကို ပြောတတ် သောစိတ် ဝိညာဉ်ဖြစ် ပါမည်ဟု ပြန်လျှောက် သော် ၊ သင်သည် သွေးဆောင် ၍ နိုင် လိမ့်မည်။ ထိုသို့သွား ၍ ပြု လော့ဟု မိန့် တော်မူ၏။
23 Ahora, ciertamente Yavé puso un espíritu de mentira en la boca de todos estos profetas tuyos, pues Yavé decretó el mal contra ti.
၂၃သို့ဖြစ်၍ ထာဝရဘုရား သည် မုသာ စကားကို ပြောတတ်သောစိတ် ဝိညာဉ်ကို မင်းကြီး၏ ပရောဖက် အပေါင်း တို့၌ သွင်း တော်မူပြီ။ မင်းကြီး၏အမှုမှာ အမင်္ဂလာ စကားကို ပြော တော်မူပြီဟု ဟောလေ၏။
24 Entonces Sedequías, hijo de Quenaana, se acercó, golpeó a Micaías en la mejilla y dijo: ¿Por cuál camino pasó de mí el Espíritu de Yavé para hablarte a ti?
၂၄ထိုအခါ ခေနာနာ ၏ သား ဇေဒကိ သည် ချဉ်း လာ ၍ မိက္ခါ ၏ ပါး ကို ပုတ် လျက် ၊ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် သင် နှင့်နှုတ်ဆက် ခြင်းငှါ အဘယ် လမ်းဖြင့် ငါ မှ ထွက် တော်မူသနည်းဟုမေး လျှင်၊
25 Y Micaías respondió: ¡Mira, aquel día tú lo verás, cuando vayas de aposento en aposento para esconderte!
၂၅မိက္ခါ က၊ သင်သည် ပုန်းရှောင် ၍ နေခြင်းငှါ အတွင်း ခန်းထဲသို့ ဝင် သော နေ့ ၌ သင် မြင် လိမ့်မည်ဟု ဆို ၏။
26 Entonces el rey de Israel dijo: Toma a Micaías, hazlo volver a Amón, gobernador de la ciudad, y a Joás, hijo del rey,
၂၆ဣသရေလ ရှင် ဘုရင်က၊ မိက္ခါ ကို မြို့ဝန်မင်း အာမုန် ထံ ၊ သား တော်ယောရှ ထံသို့ ယူသွား ၍၊
27 y di: Así dijo el rey: Metan a éste en la cárcel, y denle pan y agua de aflicción hasta que yo vuelva en paz.
၂၇ဤ သူကိုထောင် ထဲမှာလှောင် ထားကြ။ ငါသည် ငြိမ်ဝပ် စွာ ပြန် ၍ မ လာမှီတိုင်အောင်ဆင်းရဲ စွာ စား သောက် စေဟု အမိန့် တော်ရှိကြောင်းကို ဆင့်ဆို လော့ဟု စီရင် ၏။
28 Micaías respondió: ¡Si vuelves en paz, Yavé no habló por medio de mí! Y agregó: ¡Escúchenlo, pueblos todos!
၂၈မိက္ခါ ကလည်း၊ မင်းကြီးသည် ငြိမ်ဝပ် စွာ ပြန် လာရလျှင် ထာဝရဘုရား သည်ငါ့ အားဖြင့် မိန့် တော် မ မူ၊ အိုလူ များအပေါင်း တို့၊ နားထောင် ကြလော့ဟုဆို ၏။
29 Enseguida el rey de Israel subió con Josafat, rey de Judá, contra Ramot de Galaad.
၂၉ထိုသို့ ဣသရေလ ရှင်ဘုရင် နှင့် ယုဒ ရှင်ဘုရင် ယောရှဖတ် တို့သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ကြ၏။
30 Y el rey de Israel dijo a Josafat: Yo me disfrazaré para entrar en la batalla, pero tú cúbrete con tus ropas reales. Y el rey de Israel se disfrazó y entró en la batalla.
၃၀ဣသရေလ ရှင် ဘုရင်က၊ ငါသည်ခြားနားသော အယောင် ကို ဆောင်၍ စစ်ပွဲ ထဲသို့ ဝင် မည်။ မင်းကြီး မူကား မင်းမြောက် တန်ဆာကို ဝတ်ဆင် ပါလော့ဟု ယောရှဖတ် အား ဆို ပြီးမှ ၊ ဣသရေလ ရှင် ဘုရင်သည် ခြားနားသော အယောင် ကို ဆောင်လျက် စစ်ပွဲ ထဲသို့ ဝင် ၏။
31 Pero el rey de Siria ordenó a los 32 capitanes de los carruajes que tenía: No luchen contra pequeño ni contra grande, sino solo contra el rey de Israel.
၃၁ရှုရိ ရှင် ဘုရင်က၊ ဣသရေလ ရှင်ဘုရင် မှတပါး အခြားသော လူကြီး လူငယ် ကို မ တိုက် နှင့်ဟု ရထားစီး သူရဲများကို အုပ်သော ဗိုလ်သုံးကျိပ် နှစ် ယောက်တို့ကိုမှာ ထားနှင့်သောကြောင့်၊
32 Sucedió que cuando los capitanes de los carruajes vieron a Josafat, dijeron: ¡De seguro ése es el rey de Israel! Y se dirigieron a él para atacarlo, pero Josafat clamó.
၃၂ရထားစီး သူရဲအုပ်ဗိုလ်မင်းတို့သည် ယောရှဖတ် ကိုမြင် သောအခါ ၊ အကယ် စင်စစ်ထိုသူသည် ဣသရေလ ရှင်ဘုရင် ဖြစ် လိမ့်မည်ဟု ဆို လျက် သူ့ ကို တိုက် အံ့သောငှါ လမ်းလွှဲ ကြ၍ ၊ ယောရှဖတ် လည်း ကြွေးကြော် လေ၏။
33 Al ver los capitanes de los carruajes que no era el rey de Israel, se apartaron de él.
၃၃ဣသရေလ ရှင်ဘုရင် မ ဟုတ်ကြောင်း ကို ရထားစီး သူရဲအုပ်ဗိုလ်မင်းတို့သည် ရိပ်မိ သောအခါ ၊ မလိုက်ဘဲ အခြားသို့ ရှောင် သွားကြ၏။
34 Un hombre tiró con su arco [una flecha] a la ventura e hirió al rey de Israel entre las junturas de la armadura. Y el rey dijo al que manejaba el caballo de su carruaje: ¡Da vuelta y sácame del campamento, porque estoy herido!
၃၄လူ တယောက်သည် မရွယ်ဘဲလေး နှင့်ပစ်၍၊ ဣသရေလ ရှင် ဘုရင်ကို သံချပ် အင်္ကျီအဆစ် ကြား မှာ မှန် လေသော် ၊ ငါ့ ကိုစစ်ပွဲ ထဲက လှည့် ၍ ထုတ်ဆောင် လော့။ ငါနာ သည်ဟု မိမိ ရထား တော်ထိန်းကို ဆို ၏။
35 Pero la batalla arreció aquel día. Por tanto, el rey fue sostenido en su carruaje frente a los sirios. Al llegar la noche murió. La sangre de la herida corrió hasta el fondo del carruaje.
၃၅ထို နေ့ ၌ တိုး၍ တိုက် ကြ၏။ ရှင် ဘုရင်သည် ရှုရိ လူတဘက် တချက်၌ရထား တော်ထဲမှာ လူကိုမှီ ၍ ထိုင်နေ၏။ ညဦးယံ ၌ အသက် တော်ကုန်၏။ ထိခိုက်ရာ အနာ မှ အသွေး သည်ရထား ထဲသို့ ယို ၏။
36 Al ocultarse el sol, salió un pregón por el campamento: ¡Cada uno a su ciudad! ¡Cada uno a su tierra!
၃၆လူအပေါင်းတို့၊ ကိုယ် နေသောမြို့ ပြည် သို့ ပြန်သွားကြဟု နေ ဝင် သောအခါ တတပ်လုံး ကို ကြွေးကြော် လေ၏။
37 Así murió el rey. Fue llevado a Samaria, y allí lo sepultaron.
၃၇ထိုသို့ ရှင်ဘုရင် သေ ၍ ရှမာရိ မြို့သို့ ရောက် သဖြင့် သင်္ဂြိုဟ် ခြင်းကို ခံရ၏။
38 Mientras uno lavaba el carruaje junto al estanque de Samaria donde las prostitutas se lavaban, los perros lamieron su sangre, conforme a la Palabra que Yavé habló.
၃၈ရထား တော်နှင့် လက်နက် တော်ကို ရှမာရိ မြို့ ရေကန် ၌ ဆေး သဖြင့် ၊ ထာဝရဘုရား မိန့် တော်မူသော စကား နှင့်အညီ ခွေး တို့သည် အသွေး ကို လျက် ကြ၏။
39 Los demás hechos y cosas de Acab, la casa de marfil y todas las ciudades que edificó, ¿no están escritos en el rollo de las Crónicas de los reyes de Israel?
၃၉အာဟပ် ပြုမူ သော အမှုအရာ ကြွင်း လေသမျှ တို့နှင့် တည်ဆောက် သော ဆင်စွယ် နန်း ၊ ပြုစု သော မြို့ တို့ သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏။
40 Acab descansó con sus antepasados, y su hijo Ocozías reinó en su lugar.
၄၀အာဟပ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သား တော်အာခဇိ သည် ခမည်းတော်အရာ ၌ နန်း ထိုင်၏။
41 Josafat, hijo de Asa, comenzó a reinar en Judá en el cuarto año de Acab, rey de Israel.
၄၁ဣသရေလ ရှင်ဘုရင် အာဟပ် နန်းစံလေး နှစ် တွင် အာသ သား ယောရှဖတ် သည် အသက်သုံး ဆယ် ငါး နှစ် ရှိသော်ယုဒ နိုင်ငံကို အစိုးရ ၍၊
42 Josafat tenía 35 años cuando comenzó a reinar, y reinó 25 años en Jerusalén. El nombre de su madre fue Azuba, hija de Silhi.
၄၂ယေရုရှလင် မြို့၌ နှစ် ဆယ်ငါး နှစ် စိုးစံ လေ၏။ မယ်တော် ကား ရှိလဟိ သမီး အဇုဘ အမည် ရှိ၏။
43 Él anduvo en todo el camino de su padre Asa, sin apartarse de él, e hizo lo recto ante Yavé. Pero los lugares altos no fueron quitados, porque aún el pueblo ofrecía sacrificios y quemaba incienso de continuo allí.
၄၃ထိုမင်းသည်ခမည်းတော် အာသ လိုက်သော လမ်း ကိုမ လွှဲ ၊ အကုန်အစင် လိုက် ၍ ထာဝရဘုရား ရှေ့ တော်၌ ဖြောင့်မတ် သောအကျင့် ကိုသာ ကျင့် ၏။ သို့ရာတွင် မြင့် သောအရပ်တို့ကို မ ပယ်ရှား သောကြောင့်၊ လူ တို့သည် ထိုအရပ် တို့၌ ယဇ် ပူဇော်၍ နံ့သာပေါင်း ကို မီးရှို့ကြ၏။
44 Josafat estableció la paz con el rey de Israel.
၄၄ယောရှဖတ် မင်းသည် ဣသရေလ ရှင်ဘုရင် နှင့် စစ်မတိုက် မိဿဟာယ ဖွဲ့လေ၏။
45 Los demás hechos de Josafat, el poderío que logró y las guerras que peleó, ¿no están escritos en el rollo de las Crónicas de los reyes de Judá?
၄၅ယောရှဖတ် ပြုမူ သော အမှုအရာ ကြွင်း လေသမျှ တို့နှင့် တန်ခိုး ကြီးခြင်း၊ စစ်တိုက် ခြင်းအရာတို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက် ရှိ၏။
46 Él eliminó el resto de los varones sodomitas del país que quedaron del tiempo de su padre Asa.
၄၆ခမည်းတော် အာသ လက်ထက် ၌ ကျန်ကြွင်း သေး သော ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာ တို့ကို ပြည် တော်မှ သုတ်သင် ပယ်ရှင်းလေ၏။
47 En ese tiempo no había rey en Edom, sino un gobernador de parte del rey.
၄၇ထိုကာလ၊ ဧဒုံ ပြည်၌ ရှင်ဘုရင် မ ရှိ။ ယုဒ ရှင်ဘုရင်ခန့်ထား သော မြို့ဝန်မင်း စီရင်ရ၏။
48 Josafat hizo naves como las de Tarsis, para ir a Ofir a buscar oro, pero nunca fueron, pues las naves se destrozaron en Ezión-geber.
၄၈ယောရှဖတ် သည် ဩဖိရ ပြည်သို့ စေလွှတ်၍၊ ရွှေ ကို ယူစေခြင်းငှါ တာရှု သင်္ဘော တို့ကို ဧဇယုန်ဂါဗာမြို့ မှာ တည် ၏။
49 Ocozías, hijo de Acab, dijo a Josafat: Que vayan mis esclavos con los tuyos en las naves, pero Josafat no quiso.
၄၉အာဟပ် သား အာခဇိ က၊ ငါ့ ကျွန် တို့သည် မင်းကြီး ကျွန် တို့နှင့် သင်္ဘော စီးပါစေဟု ယောရှဖတ်၌ အခွင့်တောင်း၍ ယောရှဖတ်သည် အခွင့်ပေး၏။ သို့သော်လည်းသင်္ဘော တို့သည် ဧဇယုန်ဂါဗာ မြို့မှာ ကျိုးပဲ့ သောကြောင့် ၊ ဩဖိရမြို့သို့ မသွားရ။
50 Josafat descansó con sus antepasados, y fue sepultado con ellos en la ciudad de David, su antepasado. Su hijo Joram reinó en su lugar.
၅၀ယောရှဖတ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ သူတို့နှင့်အတူ အဘ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံလေ၏။ သား တော်ယဟောရံ သည် ခမည်းတော်အရာ ၌ နန်း ထိုင် ၏။
51 El año 17 de Josafat, rey de Judá, Ocozías, hijo de Acab, comenzó a reinar sobre Israel en Samaria, y reinó dos años.
၅၁ယုဒ ရှင်ဘုရင် ယောရှဖတ် နန်းစံဆယ် ခုနစ် နှစ် တွင် ၊ အာဟပ် သား အာခဇိ သည် ရှမာရိ မြို့၌ မင်းပြု ၍ ဣသရေလ နိုင်ငံကို နှစ် နှစ်စိုးစံ ၏။
52 Hizo lo malo ante Yavé. Anduvo en el camino de su padre, su madre, y de Jeroboam, hijo de Nabat, quien estimuló a Israel a pecar.
၅၂ထိုမင်းသည်ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၍ ၊ မိ ဘ လိုက်သောလမ်း ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် ၏သား ယေရောဗောင် လိုက်သောလမ်း သို့ လိုက် လေ၏။
53 Sirvió a baal y se postró ante él. Provocó la ira de Yavé, el ʼElohim de Israel, conforme a todas las cosas que hizo su padre.
၅၃ဗာလ ဘုရားကို ဝတ်ပြု ကိုးကွယ် ၍ ၊ အဘ ကျင့် လေသမျှ အတိုင်း ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်သတည်း။

< 1 Reyes 22 >