< 1 Reyes 17 >
1 Entonces Elías tisbita, que era de los moradores de Galaad, dijo a Acab: ¡Vive Yavé, ʼElohim de Israel, en cuya presencia estoy! ¡No habrá rocío ni lluvia en estos años, sino por mi palabra!
၁ဂိလဒ် ပြည် တိရှဘိ မြို့သားဧလိယ က၊ ငါကိုးကွယ် သော ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ ငါ့အခွင့်မရှိဘဲ အင်တန်ကာလ ပတ်လုံးမိုဃ်း မ ရွာ၊ နှင်း မကျရဟု အာဟပ် မင်းအား မြွက်ဆို ၏။
2 La Palabra de Yavé vino a él:
၂ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဧလိယ သို့ ရောက် လာသည်ကား၊
3 Apártate de aquí, dirígete al oriente y escóndete junto al arroyo de Querit que está frente al Jordán.
၃သင်သည် ဤ အရပ်မှ ထွက်သွား လော့။ အရှေ့ သို့ ပြောင်း ၍ ယော်ဒန် မြစ်တဘက်၊ ခေရိတ် ချောင်း နား မှာ ပုန်းရှောင် ၍နေလော့။
4 Sucederá que beberás del arroyo, y Yo mandé a los cuervos que te sustenten allí.
၄ထိုချောင်း ရေကို သောက် ရမည်။ ကျီးအ တို့သည် သင့် ကို ကျွေးမွေး မည်အကြောင်း ငါမှာ ထားပြီဟု မိန့် တော်မူသည်အတိုင်း၊
5 Fue e hizo según la Palabra de Yavé, pues salió y vivió junto al arroyo de Querit, que está frente al Jordán.
၅ဧလိယသည်သွား ၍ ယော်ဒန် မြစ်တစ်ဘက် ၊ ခေရိတ် ချောင်း နား မှာ နေ လေ၏။
6 Los cuervos le llevaban pan y carne por la mañana y al llegar la noche, y bebía del arroyo.
၆ကျီးအ တို့သည် နေ့တိုင်းနံနက် တခါ၊ ညဦး တခါ မုန့် နှင့် အမဲသား ကို ဆောင် ခဲ့ကြ၏။ ချောင်း ရေကိုလည်း သောက် ရ၏။
7 Sucedió que al pasar los días se secó el arroyo, porque no llovía en la tierra.
၇နောက် တဖန် မိုဃ်း မ ရွာသောကြောင့် ချောင်း ရေခန်းခြောက် လေ၏။
8 Y la Palabra de Yavé vino a Elías:
၈ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ရောက် လာသည်ကား၊
9 Levántate, vé a Sarepta de Sidón y vive allí. Mira, Yo ordené a una viuda de allá que te sustente.
၉သင်ထ လော့။ ဇိဒုန် ပြည်၊ ဇရတ္တ မြို့သို့ သွား ၍ နေ လော့။ ထို မြို့၌ နေသောမုတ်ဆိုးမ တယောက်သည် သင့် ကို ကျွေးမွေး မည်အကြောင်း ငါမှာ ထားပြီဟု မိန့် တော်မူသည်အတိုင်း၊
10 Él se levantó y fue a Sarepta. Cuando llegó a la puerta de la ciudad, ciertamente una viuda estaba allí y recogía leña. Él la llamó y le dijo: Te ruego que me traigas un poco de agua en un vaso para beber.
၁၀ဧလိယသည်ထ ၍ ဇရတ္တ မြို့သို့ သွား ၏။ မြို့ တံခါး သို့ ရောက် သောအခါ ၊ မုတ်ဆိုးမ သည် ထင်းခွေ လျက်ရှိ၏။ ဧလိယက၊ ငါသောက် စရာ ရေ အနည်းငယ် ကို ခွက် နှင့် ယူ ခဲ့ပါလော့ဟု ဟစ် ၍ ဆို ၏။
11 Cuando iba a llevársela, él la volvió a llamar y le dijo: Te ruego que me traigas un bocado de pan en tu mano.
၁၁မိန်းမသည်ရေကိုယူ ခြင်းငှါ သွား စဉ်တွင် ၊ တဖန် ဟစ် ၍ မုန့် တဖဲ့ ကိုလည်း သင့် လက် ၌ ယူ ခဲ့ပါလော့ဟု ဆို ပြန်လျှင်၊
12 Pero ella respondió: ¡Vive Yavé tu ʼElohim, que no tengo pan cocido! Solamente tengo un puñado de harina en una tinaja y un poco de aceite en la vasija. Y mira, recogía un par de leños para entrar y prepararlo para mí y mi hijo a fin de que comamos y muramos.
၁၂မိန်းမက၊ သင် ၏ဘုရားသခင် ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ မုန့်ပြား တပြားမျှမ ရှိ။ အိုး ထဲမှာ မုန့်ညက် တ လက်ဆုပ်၊ ဘူး ၌ ဆီ အနည်းငယ် သာရှိ၏။ ကျွန်မ နှင့်သား ငယ်အဘို့ ဖုတ် ၍ စား လိုသောငှါ၎င်း၊ စားပြီးမှ သေ လိုသောငှါ၎င်း၊ ထင်းစ နှစ် ခုကို ယခုခွေ ပါ၏ဟု ပြန်ပြော ၏။
13 Elías le dijo: No temas. Vé, haz como dijiste, solo que de ello me hagas primero una torta pequeña y tráemela. Después harás para ti y para tu hijo,
၁၃ဧလိယ ကလည်း မ စိုးရိမ် နှင့်။ သင် ဆိုသည်အတိုင်း သွား ၍ ပြု လော့။ သို့ရာတွင် ငါ့ အဘို့ မုန့်ပြား ငယ် တပြားကို အရင် လုပ် ၍ ယူ ခဲ့လော့။ နောက်မှ သင် နှင့် သင် ၏ သားငယ်အဘို့ လုပ် လော့။
14 porque Yavé, ʼElohim de Israel, dice: La harina de la tinaja no se acabará, ni el aceite de la vasija disminuirá hasta el día cuando Yavé mande lluvia sobre la superficie de la tierra.
၁၄ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထာဝရဘုရား သည် မြေ ပေါ် မှာ မိုဃ်း ရွာစေတော်မ မူမှီတိုင်အောင်၊ အိုး ၌ရှိသောမုန့်ညက် မ ကုန်။ ဘူး ၌ရှိသောဆီ မ လျော့ ရဟု မိန့်တော်မူကြောင်း ကို ဆင့်ဆို ၏။
15 Ella fue e hizo según la palabra de Elías, y comieron él, ella, y su casa muchos días.
၁၅ထိုမုတ်ဆိုးမသည်သွား ၍ ဧလိယ စကား အတိုင်း ပြု သဖြင့် ၊ ဧလိယနှင့်တကွ ကိုယ်တိုင်မှစ၍ ၊ အိမ်သား တို့ သည် အင်တန်ကာလ ပတ်လုံး စား ရကြ၏။
16 La harina de la tinaja no se acabó, ni el aceite de la vasija disminuyó, conforme a la Palabra que Yavé habló por medio de Elías.
၁၆ထာဝရဘုရား သည် ဧလိယ အားဖြင့် မိန့် တော်မူ သော စကား အတိုင်း ၊ အိုး ၌ရှိသောမုန့်ညက် မ ကုန် ၊ ဘူး ၌ရှိသောဆီ မ လျော့။
17 Después de estas cosas, aconteció que el hijo de la mujer dueña de casa cayó enfermo. Su enfermedad fue tan grave que no quedó aliento en él.
၁၇ထို နောက်မှအိမ်ရှင်မ ၏သား သည် ပြင်းပြ စွာ သော အနာ ရောဂါစွဲသောကြောင့်အသက် ချုပ်၏။
18 Ella preguntó a Elías: ¿Qué tengo yo contigo, varón de ʼElohim? ¿Viniste aquí a recordarme mis iniquidades y para que muera mi hijo?
၁၈မိန်းမကလည်း၊ အို ဘုရားသခင် ၏လူ ၊ ကိုယ်တော် သည် ကျွန်မ နှင့် အဘယ်သို့ ဆိုင်သနည်း။ ကျွန်မ အပြစ် တို့ကို အောက်မေ့ စေ၍ ၊ ကျွန်မ သား ကိုသတ် အံ့သောငှါ ကျွန်မ ဆီသို့ ကြွ လာတော်မူသလောဟု ဧလိယ အား ဆို သော်၊
19 Y él le respondió: ¡Dame tu hijo! Lo tomó del seno de ella, lo llevó al altillo donde él vivía y lo acostó en su propia cama.
၁၉သင် ၏သား ကိုငါ့ အား ပေး လော့ဟုဆို လျက် ၊ မိန်းမ ရင်ခွင် ထဲက ယူ ၍ မိမိ နေ ရာအထက် အခန်းသို့ ဆောင် သွား သဖြင့် ၊ မိမိ အိပ်ရာ ပေါ် မှာထား ပြီးလျှင်၊
20 Clamó a Yavé: ¡Oh Yavé, ʼElohim mío! ¿Aun afliges a la viuda en cuya casa estoy hospedado, al matar a su hijo?
၂၀အကျွန်ုပ် ၏ ဘုရားသခင် ထာဝရဘုရား ၊ အကျွန်ုပ် တည်းခို သော ဤမုတ်ဆိုးမ ၌ ဘေးဥပဒ် ပြု၍၊ သူ ၏သား ကို သေ စေတော်မူမည်လောဟု ထာဝရဘုရား ကို ကြွေးကြော် လေ၏။
21 Luego se tendió tres veces sobre el niño y clamó a Yavé: ¡Oh Yavé, ʼElohim mío, te ruego: Devuelve la vida de este niño a él!
၂၁တဖန် သူငယ် အပေါ် မှာ မိမိကိုယ်ကိုသုံး ကြိမ် လှန်လျက်၊ အကျွန်ုပ် ၏ဘုရားသခင် ထာဝရဘုရား ၊ ဤ သူငယ် ၏ဝိညာဉ် ကို တဖန် ဝင်စေတော်မူပါဟု ထာဝရဘုရား ကို ကြွေးကြော် ပြန်၏။
22 Yavé escuchó la voz de Elías, y el alma del niño volvió a él y revivió.
၂၂ဧလိယ စကား ကို ထာဝရဘုရား ကြား တော်မူ၍ ၊ သူငယ် ၏ ဝိညာဉ် သည်ဝင် သဖြင့် ၊ သူသည် အသက် ရှင်ပြန်၏။
23 Entonces Elías tomó al niño, lo bajó del altillo de la casa, lo entregó a su madre y dijo: ¡Mira, tu hijo está vivo!
၂၃ဧလိယ သည် သူငယ် ကိုအထက် အခန်းမှ အောက် သို့ယူ သွား၍ ကြည့် လော့။ သင် ၏သား အသက် ရှင်ပြီဟု ဆို လျက် အမိ ၌ အပ် လေ၏။
24 Y la mujer dijo a Elías: ¡Ahora sé que tú eres varón de ʼElohim y que la Palabra de Yavé en tu boca es verdad!
၂၄မိန်းမ ကလည်း ၊ ဤ အမှုကိုထောက်၍ကိုယ်တော် သည် ဘုရားသခင် ၏ လူ ဖြစ်ကြောင်း ကို၎င်း ၊ ကိုယ်တော် ဆင့်ဆိုသော ထာဝရဘုရား ၏ စကား တော် ဟုတ်မှန် ကြောင်းကို၎င်း၊ ကျွန်မသိ ပါသည်ဟု ဧလိယ အား ဆို ၏။