< 1 Reyes 14 >
1 En aquel tiempo, Abías, hijo de Jeroboam, cayó enfermo.
၁ထိုအခါ ယေရောဗောင် ၏သား အဘိယ သည် နာ သောကြောင့်၊
2 Y Jeroboam dijo a su esposa: Levántate, te ruego, disfrázate para que no reconozcan que tú eres la esposa de Jeroboam, y vé a Silo. Allí está el profeta Ahías, quien habló de mí y dijo que yo sería rey sobre este pueblo.
၂ယေရောဗောင် သည် မိမိ မယား ကိုခေါ်၍၊ သင် သည် ယေရောဗောင် ၏ မယား ဖြစ်သည်ကို အဘယ်သူမျှမ သိ စေခြင်းငှါခြားနား သော အဆင်းအရောင်ကို ဆောင်ပြီးလျှင် ၊ ရှိလော မြို့သို့ ထ သွား ပါလော့။ ငါသည် ဤ လူမျိုး ကို စိုးစံ ရမည်အကြောင်း ကို ပြ သော ပရောဖက် အဟိယ သည် ထို မြို့၌ရှိ ၏။
3 Toma en tu mano diez panes, tortas y una vasija de miel, y ve a él para que te diga lo que sucederá a este niño.
၃မုန့် ဆယ် လုံး၊ မုန့်ပြား အချို့၊ ပျားရည် ဘူး ကို ဆောင် လျက် ပရောဖက် ထံ သို့သွား ပါလော့။ သူငယ် ၌ အဘယ်သို့ ဖြစ် မည်ကို သူ ဟော လိမ့်မည်ဟု မှာ ထားသည် အတိုင်း၊
4 Así la esposa de Jeroboam lo hizo. Se levantó, fue a Silo y llegó a la casa de Ahías. Y Ahías ya no podía ver, pues sus ojos estaban oscurecidos a causa de su vejez.
၄ယေရောဗောင် မယား သည် ထ ၍ ရှိလော မြို့၌ အဟိယ အိမ် သို့ သွား လေ၏။ ထိုအခါ အဟိယ သည် အသက် ကြီးသောကြောင့် မျက်စိ မ မြင် ၊ မှုန် လျက်ရှိ၏။
5 Pero Yavé dijo a Ahías: Mira, la esposa de Jeroboam viene a buscar palabra de ti acerca de su hijo que está enfermo. Así y así le hablarás, porque sucederá que cuando ella entre, fingirá ser otra mujer.
၅ထာဝရဘုရား ကလည်း ၊ ယေရောဗောင် မယား သည် သားနာ သောကြောင့် ၊ သား အတွက် တစုံတခု ကို တောင်း အံ့သောငှါ သင့် ဆီသို့ ယခုလာ ၏။ ဤမည်သော စကားဖြင့် ပြန်ပြော ရမည်။ သူသည် လာ သောအခါ အခြားသော မိန်းမဖြစ်ယောင်ဆောင် လိမ့်မည်ဟု အဟိယ အား မိန့် တော်မူ၏။
6 Cuando Ahías oyó el ruido de sus pies al entrar ella por la puerta, dijo: Entra, esposa de Jeroboam. ¿Por qué finges ser otra? Mira, soy enviado a ti con un duro mensaje.
၆ထိုမိန်းမသည် တံခါး အထဲ သို့ ဝင် ၍၊ နင်း သံ ကို အဟိယ သည် ကြား လျှင် ၊ အိုယေရောဗောင် မယား ဝင် လော့။ အဘယ်ကြောင့် အခြားသောသူ ၏အယောင် ကို ဆောင်သနည်း။ ဝမ်းနည်း စရာသိတင်းကို ကြားပြော စေခြင်းငှါသင့် ဆီသို့ ငါ့ ကိုစေလွှတ် တော်မူ၏။
7 Vé, dí a Jeroboam: Yavé, ʼElohim de Israel, dice: Porque Yo te exalté de entre el pueblo. Te designé como caudillo de mi pueblo Israel.
၇သင်သည် ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏အမိန့်တော်ကို၊ ယေရောဗောင် ထံ သို့သွား ၍ ဆင့်ဆို ရမည်မှာ၊ သင့် ကိုလူစု ထဲက ငါရွေး ၍ ငါ ၏လူ ဣသရေလ အမျိုးကို အုပ်စိုး စေခြင်းငှါချီးမြှောက် လျက်၊
8 Rompí el reino de la casa de David y te lo entregué a ti. Y tú no has sido como mi esclavo David, quien guardó mis Mandamientos, anduvo tras Mí con todo su corazón e hizo solo lo recto delante de Mí,
၈နိုင်ငံ တော်ကို ဒါဝိဒ် မင်းမျိုး လက်မှ နှုတ် ၍ သင့် အား ပေး သော်လည်း ၊ သင်သည် ငါ့ ကျွန် ဒါဝိဒ် ကဲ့သို့ မ ဟုတ်။ သူသည် ငါ့ ပညတ် တို့ကို စောင့်ရှောက် ၏။ ငါ့ ရှေ့ မှာ ကောင်း သောအကျင့်ကိုသာ ကျင့် မည်ဟု စိတ် နှလုံးအကြွင်းမဲ့ ငါ့ ကို ဆည်းကပ် ၏။
9 sino que hiciste lo malo más que todos los que te precedieron. Fuiste y te hiciste otros ʼelohim, fundiste imágenes para provocarme a ira y me diste la espalda.
၉သင်မူကား သင့် ရှေ့ မှာ ဖြစ် ဘူးသော သူ အပေါင်း တို့ကို လွန် ၍ ဒုစရိုက် ကိုပြုလေပြီ။ ငါ့ အမျက် ကို နှိုးဆော်ခြင်းငှါ အခြား တပါးသော ဘုရား နှင့်သွန်း သော ရုပ်တု တို့ကိုလုပ်၍ ငါ့ ကိုသင့် ကျော နောက် သို့ ပစ် ထားပြီ။
10 Por tanto, ciertamente Yo traigo el mal sobre la casa de Jeroboam y cortaré de Jeroboam a todo varón, tanto al esclavo como al libre en Israel. Barreré por completo las futuras generaciones de Jeroboam, como se barre el estiércol hasta acabarlo.
၁၀ထိုကြောင့် ယေရောဗောင် အမျိုး အပေါ် သို့ ဘေးဥပဒ် ရောက် စေမည်။ ဣသရေလ မြို့ရွာ၌ အချုပ် ခံသောသူဖြစ်စေ ၊ အလွတ် ပြေးသောသူဖြစ်စေ၊ ယေရောဗောင် အမျိုးယောက်ျားများကို ပယ်ဖြတ် မည်။ လူသည် နောက်ချေး ကို အကုန်အစင် ကျုံးသွား သကဲ့သို့ ၊ ကျန်ကြွင်းသော ယေရောဗောင် အမျိုး ကို ပယ် သွားမည်။
11 Al que muera en la ciudad de los de Jeroboam, lo comerán los perros. Al que muera en el campo, lo comerán las aves del cielo, porque Yavé habló.
၁၁ယေရောဗောင် အမျိုးသားသည် မြို့ ထဲမှာ သေ လျှင်အသေ ကောင်ကို ခွေး စား လိမ့်မည်။ မြို့ပြင် မှာ သေလျှင် မိုဃ်း ကောင်းကင်ငှက် စား လိမ့်မည်အကြောင်းထာဝရဘုရား မိန့် တော်မူပြီ။
12 Y tú, levántate y vete a tu casa. Cuando tus pies entren en la ciudad, el niño morirá.
၁၂သင် ထ ၍ ကိုယ် အိမ် သို့ သွား လော့။ မြို့ တံခါးအထဲ သို့ ဝင် သောအခါ သူငယ် သေ လိမ့်မည်။
13 Todo Israel hará duelo por él y lo sepultará, pues éste es el único de los hijos de Jeroboam que será sepultado. Solo en él se halló algo bueno delante de Yavé, ʼElohim de Israel.
၁၃ဣသရေလ အမျိုးသားအပေါင်း တို့သည် ငိုကြွေး မြည်တမ်းခြင်းကို ပြု၍ သင်္ဂြိုဟ် ကြလိမ့်မည်။ ယေရောဗောင် အမျိုးသားစုတွင် ၊ ထို သူငယ်တယောက် တည်းသာ သင်္ဂြိုဟ်ခြင်းကိုခံ ရလိမ့်မည်။ အကြောင်း မူကား၊ ယေရောဗောင် အမျိုးသား စုတွင် ထိုသူငယ်တယောက်သည် ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ၌ ကြည်ညိုသောစိတ် ရှိ ၏။
14 Yavé levantará para Él un rey en Israel, el cual destruirá la casa de Jeroboam en su día, y es ahora mismo.
၁၄အချိန်ရောက်မှ ယေရောဗောင် အမျိုး ကို ပယ်ဖြတ် လတံ့သော ဣသရေလ ရှင်ဘုရင် တပါးကို ထာဝရဘုရား သည် မိမိ တို့အဘို့ ပေါ်ထွန်း စေတော်မူမည်။ အဘယ် အချိန်နည်းဟုမေးသော်၊ ယခု ပင်ဖြစ်လိမ့်မည်။
15 Porque Yavé sacudirá a Israel como una caña es agitada en el agua. Desarraigará a Israel de esta buena tierra que dio a sus antepasados y los esparcirá más allá del río [Éufrates], porque hicieron sus imágenes de asera y provocaron a ira a Yavé.
၁၅အာရှရ ပင်တို့ကို ပြုစု ၍ ထာဝရဘုရား ၏ အမျက် တော်ကိုနှိုးဆော်ကြသောကြောင့် ၊ ကျူပင် ကို ရေ ၌ လှုပ်ရှား သကဲ့သို့ ထာဝရဘုရား သည် ဣသရေလ အမျိုးကို ဒဏ်ခတ် ၍၊ ဘိုးဘေး တို့အား ပေး တော်မူသော ဤ ပြည် ကောင်း မှ နှုတ်ပယ် ပြီးလျှင် ၊ မြစ် ကြီးတဘက် ၌ အရပ်ရပ်သို့ ကွဲပြား စေတော်မူမည်။
16 Entregará a Israel a causa de los pecados de Jeroboam, quien pecó e hizo pecar a Israel.
၁၆ကိုယ်တိုင်ပြစ်မှား ၍ ဣသရေလ အမျိုးကိုလည်း ပြစ်မှား စေသော ယေရောဗောင် ၏ အပြစ် တို့ကြောင့် ဣသရေလ အမျိုးကို စွန့်ပစ် တော်မူမည်ဟု ဆင့်ဆိုလေ ၏။
17 Entonces la esposa de Jeroboam se levantó, salió y llegó a Tirsa. Al pasar la entrada de la casa, murió el niño.
၁၇ယေရောဗောင် မယား သည် ထ သွား ၍ ၊ တိရဇ မြို့တံခါး ခုံသို့ ရောက် သောအခါ သူငယ် သေ ၏။
18 Lo sepultaron, y todo Israel hizo duelo por él, según la Palabra que Yavé habló por medio de su esclavo, el profeta Ahías.
၁၈ထာဝရဘုရား သည် မိမိ ကျွန် ပရောဖက် အဟိယ အားဖြင့် မိန့် တော်မူသည်အတိုင်း ၊ ထိုသူငယ် ကို သင်္ဂြိုဟ် ၍ ဣသရေလ အမျိုးသားအပေါင်း တို့သည် ငိုကြွေး မြည်တမ်းခြင်းကို ပြုကြ၏။
19 Los demás hechos de Jeroboam, las guerras que hizo y cómo reinó, ciertamente están escritos en el rollo de las Crónicas de los reyes de Israel.
၁၉ယေရောဗောင် ပြုမူသော အမှုအရာ ကြွင်း သမျှ၊ စစ်တိုက် ခြင်း အမှု၊ မင်းပြု ခြင်းအမှုတို့သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက် ရှိ၏။
20 El tiempo que Jeroboam reinó fue 22 años y reposó con sus antepasados. Su hijo Nadab reinó en su lugar.
၂၀ယေရောဗောင် သည် အနှစ် နှစ် ဆယ်နှစ် နှစ် စိုးစံ ပြီးမှ ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သား တော်နာဒဒ် သည် ခမည်းတော်အရာ ၌ နန်း ထိုင်၏။
21 Roboam, hijo de Salomón, reinó en Judá. Roboam tenía 41 años cuando comenzó a reinar, y reinó 17 años en Jerusalén, la ciudad que Yavé escogió de entre todas las tribus de Israel para poner allí su Nombre. El nombre de su madre fue Naama, amonita.
၂၁ရှောလမုန် သား ရောဗောင် သည် ယုဒ ပြည်ကို စိုးစံ လေ၏။ နန်း ထိုင်သောအခါ အသက်လေး ဆယ်တ နှစ် ရှိ၏။ ထာဝရဘုရား သည် နာမ တော်တည် စေရာဘို့ ဣသရေလ ခရိုင် များတို့အထဲက ရွေးကောက် သော ယေရုရှလင် မြို့ ၌ ဆယ် ခုနစ် နှစ် စိုးစံ လေ၏။ မယ်တော် ကား အမ္မုန် အမျိုးသား၊ နေမ အမည် ရှိ၏။
22 Judá hizo lo malo ante Yavé y lo provocaron a celos con sus pecados que cometieron, más que los que cometieron sus antepasados.
၂၂ယုဒ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ဘိုးဘေး တို့ပြစ်မှား သမျှ ထက် ပြစ်မှား သော အပြစ် များအားဖြင့် အမျက် တော်ကိုနှိုးဆော်ကြ၏။
23 Ellos también construyeron lugares altos, piedras rituales y árboles de Asera en toda montaña alta y debajo de todo árbol frondoso.
၂၃မြင့် သောတောင် ရှိသမျှ တို့အပေါ် ၌၎င်း ၊ စိမ်း သော သစ်ပင် ရှိသမျှ တို့အောက် ၌၎င်း၊ ကုန်း များ၊ ရုပ်တု များ၊ အာရှရ ပင်များကို တည် ကြ၏။
24 También hubo sodomitas en la tierra que hacían en conformidad con todas las prácticas repugnantes de los pueblos que Yavé echó de delante de los hijos de Israel.
၂၄ယုဒပြည် ၌ ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာ များရှိ ၍၊ ထာဝရဘုရား သည် ဣသရေလ အမျိုး ရှေ့ မှ နှင်ထုတ် တော်မူသော ပြည်သား မျိုးပြုသောစက်ဆုပ် ရွံရှာဘွယ်ရာအမှုအလုံးစုံ တို့ကို ပြု ကြသည် တကား။
25 El año quinto del reinado de Roboam, aconteció que Sisac, rey de Egipto, subió contra Jerusalén.
၂၅ရောဗောင် မင်းကြီး နန်းစံငါး နှစ် တွင် ၊ အဲဂုတ္တု ရှင်ဘုရင် ရှိရှက် သည် ယေရုရှလင် မြို့သို့ စစ်ချီ ၍၊
26 Tomó los tesoros de la Casa de Yavé y los tesoros de la casa del rey. Tomó todo. También tomó todos los escudos de oro que Salomón hizo.
၂၆ဗိမာန် တော် ဘဏ္ဍာ နှင့် နန်း တော်ဘဏ္ဍာ ရှိသမျှကို သိမ်းသွား ၏။ ရှောလမုန် လုပ် သော ရွှေ ဒိုင်း ရှိသမျှ ကို လည်း ယူသွား ၏။
27 En lugar de ellos, el rey Roboam hizo escudos de bronce y los entregó a los capitanes de la guardia que protegían la entrada de la casa real.
၂၇ရောဗောင် မင်းကြီး သည် ရွှေဒိုင်းအစား ကြေးဝါ ဒိုင်း တို့ကိုလုပ် ၍ နန်း တော်တံခါး စောင့် ကိုယ်ရံတော် မှူး၌ အပ် လေ၏။
28 Sucedía que cuantas veces el rey entraba en la Casa de Yavé, los de la guardia los portaban. Luego los devolvían a la cámara de la guardia.
၂၈ရှင် ဘုရင်သည် ဗိမာန် တော်သို့သွား သောအခါ ၊ ကိုယ်ရံတော် သားတို့သည် ဒိုင်းတို့ကိုဆောင် ၍ နောက်တဖန် မိမိ တို့စောင့် ရာအခန်း မှာ ပြန် ထားကြ၏။
29 Los demás hechos y cosas de Roboam, ¿no están escritos en el rollo de las Crónicas de los reyes de Judá?
၂၉ရောဗောင် ပြုမူ သော အမှုအရာ ကြွင်း သမျှ တို့ သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏။
30 Hubo guerra entre Roboam y Jeroboam todos los días.
၃၀ရောဗောင် နှင့် ယေရောဗောင် တို့သည် အသက် ရှည်သမျှ ကာလပတ်လုံးရန်ဘက် ပြု ကြ၏။
31 Roboam reposó con sus antepasados y fue sepultado con sus antepasados en la ciudad de David. El nombre de su madre fue Naama amonita. Reinó en su lugar su hijo Abiam.
၃၁ရောဗောင် သည်လည်း ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ဒါဝိဒ် မြို့ ၌ သူတို့နှင့်အတူ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်အဘိယ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။