< Salmos 104 >
1 Bendice a Yahvé, alma mía. Yahvé, Dios mío, eres muy grande. Estás revestido de honor y majestad.
၁အို ငါ့ ဝိညာဉ် ၊ ထာဝရဘုရား ကို ကောင်းကြီး ပေး လော့။ အကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် သည် အလွန် ကြီးမြတ် တော်မူ၏။ ဘုန်း တန်ခိုး အာနုဘော် နှင့် တန်ဆာ ဆင်တော်မူ၏။
2 Se cubre de luz como de un vestido. Extiende los cielos como una cortina.
၂အဝတ် နှင့်ခြုံသကဲ့သို့ ၊ အလင်း နှင့် ကိုယ်တော်ကို ခြုံ တော်မူထသော၊ မိုဃ်းကောင်းကင် ကို မျက်နှာကြက် ကဲ့သို့ ကြက် တော်မူထသော၊
3 Coloca las vigas de sus habitaciones en las aguas. Hace de las nubes su carro. Camina sobre las alas del viento.
၃နေတော်မူရာအထက် ခန်း၊ အမြစ်ကိုရေ ၌ တည် တော်မူထသော၊ မိုဃ်းတိမ် ရထား ကို စီး၍၊ လေ အတောင် တို့ဖြင့် ကြွ သွားတော်မူထသော၊
4 Él hace que sus mensajeros vientos, y sus sirvientes llamas de fuego.
၄မိမိ တမန် တို့ကို လေ ကဲ့သို့၎င်း၊ မိမိ အစေအပါး တို့ကို မီး လျှံ ကဲ့သို့၎င်း ဖြစ် စေတော်မူထသော၊
5 Él puso los cimientos de la tierra, que no debe ser movido para siempre.
၅မြေကြီး အမြစ် ကို ကာလ အစဉ်အမြဲ မ ရွေ့ မလှုပ် စေခြင်းငှါ၊ တည် တော်မူသောဘုရားပေတည်း။
6 Lo cubriste con lo profundo como con un manto. Las aguas estaban por encima de las montañas.
၆ကိုယ်တော်သည် မြေကြီး ကို အဝတ် နှင့် ဖုံး သကဲ့သို့ ၊ ပင်လယ် နှင့် ဖုံးတော်မူ၍၊ ရေ တို့သည် တောင် များ အပေါ် မှာ ရပ် နေကြပါ၏။
7 Ante tu reprimenda huyeron. A la voz de su trueno se apresuraron a alejarse.
၇တဖန် ဆုံးမ တော်မူ၍ သူတို့သည် ပြေး ကြပါ၏။ မိုဃ်းချုန်း တော်မူသံ ကိုကြား၍ ၊ အလျင် အမြန်ပြန်သွား ကြပါ၏။
8 Las montañas se elevaron, los valles se hundieron, al lugar que les habías asignado.
၈တောင် တို့သည် တက် လျက်၊ ချိုင့် တို့သည် ဆင်း လျက်၊ သူ တို့ဘို့ ခွဲခန့် တော်မူသောအရပ် သို့ ရောက်ကြပါ ၏။
9 Has establecido un límite que no pueden traspasar, para que no vuelvan a cubrir la tierra.
၉ရေတို့သည် ပြန်လာ ၍ မြေကြီး ကို မ လွှမ်းမိုး စေခြင်းငှါ ၊ မ ကျော် ရသောနယ်စပ် ကိုပိုင်းခြား တော်မူ၏။
10 Él envía manantiales a los valles. Corren entre las montañas.
၁၀ထာဝရဘုရားသည် ချိုင့် များထဲ သို့ စမ်း ရေကို လွှတ် တော်မူ၍၊ ရေသည် တောင် တို့တွင် စီး လျက်၊
11 Dan de beber a todos los animales del campo. Los burros salvajes sacian su sed.
၁၁မြေ တိရစ္ဆာန် အပေါင်း တို့အား သောက် ရသောအခွင့်ကိုပေး ၏။ မြည်း ရိုင်းတို့သည် အငတ် ပြေ ရကြ၏။
12 Junto a ellos anidan las aves del cielo. Cantan entre las ramas.
၁၂ထို ရေအနား မှာ မိုဃ်း ကောင်းကင်ငှက် တို့သည် နေရာ ကျ၍ ၊ သစ်ပင် အခက်အလက်တို့တွင် ကြွေးကြော် ကြ၏။
13 Riega las montañas desde sus habitaciones. La tierra está llena del fruto de tus obras.
၁၃အထက် ခန်းတော်ထဲ က တောင် များကို ရေ ပေး တော်မူ၏။ စီရင် ပြုပြင်တော်မူခြင်းအကျိုး ကြောင့် ၊ မြေကြီး သည် ရောင့်ရဲ လျက်ရှိ၏။
14 Hace crecer la hierba para el ganado, y plantas para que el hombre las cultive, para que produzca alimentos de la tierra:
၁၄တိရစ္ဆာန် ဘို့ မြက်ပင် ကို၎င်း ၊ လူ သုံးဘို့ စပါး ပင်ကို၎င်းပေါက် စေတော်မူသဖြင့်၊ မြေကြီး ထဲ က မုန့် ကို ထုတ် ဘော်တော်မူ၏။
15 vino que alegra el corazón del hombre, aceite para hacer brillar su rostro, y el pan que fortalece el corazón del hombre.
၁၅စပျစ် ရည်သည်လည်း လူ တို့ကို ရွှင်လန်း စေ၏။ ဆီ အားဖြင့်လည်း သူတို့မျက်နှာ ကို ပြောင် စေတော်မူ၏။ မုန့် သည်လည်း ၊ သူ တို့နှလုံး ကို ထောက်မ ၏။
16 Los árboles de Yahvé están bien regados, los cedros del Líbano, que ha plantado,
၁၆ထာဝရဘုရား ၏သစ်ပင် ၊ စိုက် တော်မူသောလေဗနုန် အာရဇ် ပင်တို့သည်လည်း ရောင့်ရဲ လျက်ရှိကြ၏။
17 donde los pájaros hacen sus nidos. La cigüeña tiene su hogar en los cipreses.
၁၇ထိုအပင်တို့၌ ငှက် တို့သည် အသိုက် လုပ်တတ် ကြ၏။ ထင်းရူး ပင်တို့၌ တောငန်း တို့သည် နေရာ ကျ တတ်ကြ၏။
18 Las altas montañas son para las cabras salvajes. Las rocas son un refugio para los tejones de las rocas.
၁၈မြင့် သောတောင် တို့သည် တောဆိတ် များမှီခို ရာ၊ ကျောက် တို့သည် ရှာဖန်ယုန် များ မှီခိုရာ ဖြစ်ကြ၏။
19 Él designó la luna para las estaciones. El sol sabe cuándo ponerse.
၁၉ချိန်းချက် သောအချိန်ဘို့ ၊ လ ကို ဖန်းဆင်း တော်မူပြီ။ နေ သည်လည်း၊ မိမိ ဝင် ရသောအချိန်ကိုသိ ၏။
20 Haces las tinieblas, y es de noche, en la que merodean todos los animales del bosque.
၂၀ကိုယ်တော်သည် မှောင်မိုက် ကို စီရင် တော်မူ၍ ညဉ့် ဖြစ် ပါ၏။ ထိုအချိန်၌ တော တိရစ္ဆာန် အပေါင်း တို့ သည် တွား လျက် ထွက်တတ်ကြပါ၏။
21 Los jóvenes leones rugen tras su presa, y buscan su alimento en Dios.
၂၁ခြင်္သေ့ ပျိုတို့သည် လုယက် ခြင်းအလိုငှါ ဟောက် ၍ ၊ ဘုရား သခင့်ထံမှာ အစာ ကို ရှာ ကြပါ၏။
22 Sale el sol y se alejan, y se acuestan en sus guaridas.
၂၂တဖန်နေ ထွက် ပြန်လျှင်၊ သူတို့သည် ဆုတ် သွား ၍ နေမြဲတွင်း တို့၌ အိပ် နေကြပါ၏။
23 El hombre sale a su trabajo, a su labor hasta la noche.
၂၃လူ သည်လည်း လုပ်ဆောင် ပြုမူခြင်းငှါ ညဦး တိုင်အောင် ထွက်သွား ပါ၏။
24 ¡Yahvé, cuántas son tus obras! Con sabiduría, los has hecho todos. La tierra está llena de sus riquezas.
၂၄အို ထာဝရဘုရား ၊ ကိုယ်တော် စီရင် ပြုပြင်တော်မူ သောအရာတို့သည် အလွန်များပြား ပါ၏။ ရှိရှိသမျှ တို့ကို ပညာ တော်အားဖြင့် ဖန်ဆင်း တော်မူ၏။ မြေကြီး သည် ဘဏ္ဍာ တော်နှင့် ကြွယ်ဝ ပါ၏။
25 Ahí está el mar, grande y ancho, en el que hay innumerables seres vivos, tanto a los animales pequeños como a los grandes.
၂၅မ ရေတွက် နိုင်အောင် တွား တတ်သော တိရစ္ဆာန် အစရှိ သော တိရစ္ဆာန်အကြီး အငယ် များတို့နေရာ ကြီးမား ကျယ်ဝန်းသော သမုဒ္ဒရာ လည်း ရှိပါသေး၏။
26 Ahí van los barcos, y el leviatán, que se formó para jugar allí.
၂၆ထို အရပ်၌ သင်္ဘော တို့သည် သွား လာကြပါ၏။ ထို အရပ်၌ ကွန့်မြူးစေခြင်းငှါဖန်ဆင်းတော်မူသောငါးကြီးလဝိသန်သည်လည်း ရှိပါ၏။
27 Todos ellos te esperan, para que les des su comida a su debido tiempo.
၂၇ထိုသို့သော တိရစ္ဆာန် အပေါင်း တို့သည် အချိန်တန် လျှင် အစာ ကျွေး တော်မူစေခြင်းငှါ ၊ ကိုယ်တော် ကို မြော်လင့် လျက် နေကြပါ၏။
28 Tú les das; ellos recogen. Abres la mano; se conforman con el bien.
၂၈ကိုယ်တော်ချ ထားတော်မူသည်အတိုင်း သူတို့ သည် သိမ်းယူ ကြပါ၏။ လက် တော်ကို ဖွင့် တော်မူသော အားဖြင့် ၊ သူတို့သည် ကောင်း သောအရာနှင့် ရောင့်ရဲ ကြ ပါ၏။
29 Escondes tu rostro; están turbados. Les quitas el aliento; mueren y vuelven al polvo.
၂၉မျက်နှာ တော်ကို လွှဲ တော်မူလျှင်၊ သူတို့သည် ပင်ပန်း ကြပါ၏။ သူ တို့အသက် ကို ရုပ်သိမ်း တော်မူလျှင်၊ သူတို့သည် သေ ၍ မိမိ တို့မြေမှုန့် ထဲ သို့ ပြန် သွားကြပါ၏။
30 Envías tu Espíritu y son creados. Renuevas la cara de la tierra.
၃၀တဖန်ဝိညာဉ် တော်ကို လွှတ် ၍ ၊ သူတို့ကို ဖန်ဆင်း တော်မူသဖြင့်၊ မြေကြီး မျက်နှာ ကို အသစ် ပြုပြင် တော်မူ၏။
31 Que la gloria de Yahvé sea eterna. Que Yahvé se regocije en sus obras.
၃၁ထာဝရဘုရား ၏ဘုန်း တော်သည် နိစ္စ အမြဲ တည် ၏။ ထာဝရဘုရား သည် မိမိ အမှု တော်တို့တွင် ဝမ်းမြောက် တော်မူ၏။
32 Él mira la tierra y ésta tiembla. Toca las montañas y éstas echan humo.
၃၂မြေကြီး ကို ကြည့်ရှု တော်မူ၍ သူသည် တုန်လှုပ် တတ်၏။ တောင် တို့ကို တို့ တော်မူ၍ ၊ သူတို့သည် မီးခိုး ထွက်တတ်ကြပါ၏။
33 Cantaré a Yahvé mientras viva. Cantaré alabanzas a mi Dios mientras tenga algún ser.
၃၃ငါ သည် အသက် ရှင်စဉ် ၊ ထာဝရဘုရား ကို သီချင်း ဆိုမည်။ ငါဖြစ်သည် ကာလ ပတ်လုံး၊ ငါ ၏ ဘုရား သခင် ကို ထောမနာသီချင်း ဆိုမည်။
34 Que mi meditación sea dulce para él. Me regocijaré en Yahvé.
၃၄ငါ ဥဒါန်း ကျူးခြင်းအသံသည် နှစ်သက် တော်မူဘွယ်ဖြစ်၍၊ ထာဝရဘုရား ၌ ငါ ရွှင်လန်း လိမ့်မည်။
35 Que los pecadores sean consumidos fuera de la tierra. Que los malvados no sean más. Bendice a Yahvé, mi alma. ¡Alabado sea Yah!
၃၅ပြစ်မှား သောသူတို့ကို မြေကြီး မှ သုတ်သင် ပယ်ရှင်း၍ ၊ မ တရားသောသူတို့ သည် နောက် တဖန် မ ဖြစ်ရကြ။ အိုငါ့ ဝိညာဉ် ၊ ထာဝရဘုရား ကို ကောင်းကြီး ပေးလော့။ ဟာလေလုယ။