< Levítico 8 >
1 Yahvé habló a Moisés, diciendo:
၁တစ်ဖန်ထာဝရဘုရားကမောရှေအား၊-
2 “Toma a Aarón y a sus hijos con él, y las vestiduras, y el aceite de la unción, y el toro de la ofrenda por el pecado, y los dos carneros, y el cesto de los panes sin levadura;
၂``အာရုန်နှင့်သူ၏သားတို့ကိုငါစံတော်မူရာ တဲတော်တံခါးဝသို့ခေါ်ဆောင်ခဲ့လော့။ ယဇ် ပုရောဟိတ်ဝတ်စုံများ၊ သိက္ခာတင်ဆီ၊ အပြစ်ဖြေ ရာယဇ်အတွက်နွားပျိုတစ်ကောင်၊ သိုးထီးနှစ် ကောင်၊ တဆေးမဲ့မုန့်တစ်တောင်းကိုယူခဲ့လော့။-
3 y reúne a toda la congregación a la puerta de la Tienda del Encuentro.”
၃ထို့နောက်ဣသရေလအမျိုးသားအားလုံးကို ထိုနေရာ၌စုရုံးစေလော့'' ဟုမိန့်တော်မူသည်။
4 Moisés hizo lo que Yahvé le ordenó, y la congregación se reunió a la puerta de la Tienda de Reunión.
၄မောရှေသည်ထာဝရဘုရားမိန့်မှာတော်မူ သည့်အတိုင်းဆောင်ရွက်၏။ လူတို့စုဝေး ရောက်ရှိလာသောအခါ၊-
5 Moisés dijo a la congregación: “Esto es lo que Yahvé ha mandado hacer”.
၅မောရှေကသူတို့အား``ယခုငါပြုလုပ်မည့် အမှုသည် ထာဝရဘုရား၏အမိန့်တော်အရ ငါပြုလုပ်ခြင်းဖြစ်သည်'' ဟုဆိုလေ၏။
6 Moisés trajo a Aarón y a sus hijos, y los lavó con agua.
၆ထို့နောက်မောရှေသည် ထာဝရဘုရားမိန့်မှာ တော်မူသည်အတိုင်း အာရုန်နှင့်သူ၏သား တို့ကိုရှေ့သို့ထုတ်ဆောင်၍ရေဆေးကြော စေ၏။-
7 Le puso la túnica, le ató el fajín, lo vistió con el manto, le puso el efod, le ató la banda hábilmente tejida del efod y se la sujetó con ella.
၇အာရုန်အားအင်္ကျီ၊ ဝတ်ရုံနှင့်ခါးပန်းကို ခါးတွင်ဝတ်ဆင်ပေး၏။ ထိုနောက်သင်တိုင်း ကိုဝတ်ပေး၍လှပစွာရက်ထားသောခါး စည်းဖြင့်သင်တိုင်းကိုချည်နှောင်ပေး၏။-
8 Le puso el pectoral. Puso el Urim y el Tumim en el pectoral.
၈ရင်ဖုံးကိုတပ်ဆင်ပေးပြီးလျှင်ရင်ဖုံးထဲ ၌ဥရိမ်နှင့်သုမိမ် ကိုထည့်ထား၏။-
9 Le puso el turbante en la cabeza. Puso la placa de oro, la corona sagrada, en la parte delantera del turbante, como Yahvé le ordenó a Moisés.
၉အာရုန်၏ဦးခေါင်းပေါ်တွင်ဗောင်းထုပ်ကိုတင်၍ ထာဝရဘုရားအားဆက်ကပ်သည့်အထိမ်း အမှတ်ဖြစ်သောရွှေသင်းကျစ်ကိုထာဝရ ဘုရားမိန့်မှာတော်မူသည့်အတိုင်းဗောင်း ထုပ်ရှေ့တွင်တပ်ဆင်ပေး၏။
10 Moisés tomó el aceite de la unción, ungió el tabernáculo y todo lo que había en él, y lo santificó.
၁၀ထိုနောက်မောရှေသည်သိက္ခာတင်ဆီကိုယူ ၍ ထာဝရဘုရားစံတော်မူရာတဲတော် နှင့်တဲတော်အတွင်းရှိပစ္စည်းတန်ဆာအား လုံးကိုလိမ်းလေ၏။ ဤနည်းအားဖြင့်ထာဝရ ဘုရားအားတဲတော်နှင့်တဲတော်ဆိုင်ရာ ပစ္စည်းရှိသမျှကိုဆက်ကပ်လေသည်။-
11 Lo roció sobre el altar siete veces, y ungió el altar y todos sus utensilios, y la pila y su base, para santificarlos.
၁၁ထိုနောက်မောရှေသည်ဆီအနည်းငယ်ကို ယူပြီးလျှင် ယဇ်ပလ္လင်နှင့်ယဇ်ပလ္လင်ဆိုင်ရာပစ္စည်း တန်ဆာတို့ကိုလည်းကောင်း၊ အင်တုံနှင့်၎င်း ၏အောက်ခြေကိုလည်းကောင်းခုနစ်ကြိမ် ဖျန်း၍ထာဝရဘုရားအားဆက်ကပ် လေသည်။-
12 Derramó parte del aceite de la unción sobre la cabeza de Aarón y lo ungió para santificarlo.
၁၂တစ်ဖန်သူသည်ဆီအနည်းငယ်ကိုအာရုန် ၏ဦးခေါင်းပေါ်တွင်လောင်းလျက် ယဇ်ပုရော ဟိတ်အဖြစ်သိက္ခာတင်သည်။-
13 Moisés trajo a los hijos de Aarón y los vistió con túnicas, les ató fajas y les puso cintillos, como el Señor le había ordenado a Moisés.
၁၃ထိုနောက်မောရှေသည်ထာဝရဘုရားမိန့်မှာ တော်မူသည့်အတိုင်းအာရုန်၏သားများကို ရှေ့သို့ခေါ်ဆောင်၍ အင်္ကျီများကိုဝတ်ဆင်ပေး ပြီးနောက်ခါးပန်းကိုခါးတွင်စည်းပေး၏။ ဦး ခေါင်းများပေါ်တွင်လည်းဦးထုပ်များကို ဆောင်းပေး၏။
14 Trajo el becerro del sacrificio por el pecado, y Aarón y sus hijos pusieron sus manos sobre la cabeza del becerro del sacrificio por el pecado.
၁၄ထိုနောက်မောရှေသည်ထာဝရဘုရားမိန့် မှာတော်မူသည့်အတိုင်း အပြစ်ဖြေရာယဇ် ပူဇော်ရန်နွားပျိုကိုထုတ်ဆောင်ခဲ့၍ အာရုန် နှင့်သူ၏သားတို့အားနွား၏ဦးခေါင်းပေါ် တွင်လက်ကိုတင်စေသည်။-
15 Lo mató, y Moisés tomó la sangre y la puso alrededor de los cuernos del altar con su dedo, y purificó el altar, y derramó la sangre al pie del altar, y lo santificó para hacer expiación.
၁၅မောရှေသည်နွားကိုသတ်ပြီးလျှင်လက်ချောင်း ဖြင့်သွေးအနည်းငယ်ကိုယူ၍ ယဇ်ပလ္လင်ထောင့် များ၌ရှိသောအတက်များကိုသုတ်လိမ်း ခြင်း၊ ကျန်သောသွေးကိုယဇ်ပလ္လင်၏အောက် ခြေတွင်သွန်းလောင်းခြင်းဖြင့်ပလ္လင်ကိုဆက် ကပ်၍အပြစ်ဖြေရာယဇ်ပူဇော်နိုင်ရန် သန့်ရှင်းစေ၏။-
16 Tomó toda la grasa que había en las vísceras, y la cubierta del hígado, y los dos riñones y su grasa; y Moisés lo quemó sobre el altar.
၁၆မောရှေသည်ဝမ်းတွင်းသားမှအဆီအား လုံး၊ အသည်းမှအဆီ၊ ကျောက်ကပ်နှင့် ကျောက်ကပ်အဆီတို့ကိုထုတ်ယူ၍ယဇ် ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်သည်။-
17 Pero el toro, su piel, su carne y su estiércol los quemó con fuego fuera del campamento, como Yahvé le había ordenado a Moisés.
၁၇သူသည်နွားသားရေအသားနှင့်အူများ အပါအဝင်ကျန်သောအပိုင်းတို့ကို ထာ ဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း စခန်းအပြင်ဘက်၌မီးရှို့လေသည်။
18 Presentó el carnero del holocausto. Aarón y sus hijos pusieron sus manos sobre la cabeza del carnero.
၁၈ထို့နောက်မောရှေသည်မီးရှို့ရာယဇ်ကိုပူဇော် ရန်သိုးထီးကိုထုတ်ဆောင်ခဲ့၍ အာရုန်နှင့်သူ ၏သားတို့အားသိုး၏ဦးခေါင်းပေါ်တွင် လက်ကိုတင်စေ၏။-
19 Lo mató, y Moisés roció la sangre alrededor del altar.
၁၉မောရှေသည်သိုးကိုသတ်ပြီးလျှင် သွေးကို ယဇ်ပလ္လင်လေးဘက်ပေါ်သို့ပက်ဖျန်းလေ သည်။-
20 Cortó el carnero en pedazos, y Moisés quemó la cabeza, los pedazos y la grasa.
၂၀မောရှေသည်ထာဝရဘုရားမိန့်မှာတော်မူ သည့်အတိုင်း သိုးကိုအပိုင်းပိုင်းဖြတ်ပြီး လျှင်ဝမ်းတွင်းသားနှင့်နောက်ခြေတို့ကိုရေ နှင့်ဆေး၍ သိုး၏ဦးခေါင်း၊ အဆီမှစ၍ တစ်ကောင်လုံးကိုမီးရှို့ပူဇော်လေသည်။ ဤ မီးရှို့ရာယဇ်သည်ပူဇော်သကာဖြစ်၍ ၎င်း ၏ရနံ့ကိုထာဝရဘုရားနှစ်သက်တော် မူ၏။
21 Lavó con agua las vísceras y las patas, y Moisés quemó todo el carnero sobre el altar. Era un holocausto de aroma agradable. Era una ofrenda hecha por fuego a Yahvé, como Yahvé le había ordenado a Moisés.
၂၁
22 Presentó el otro carnero, el de la consagración. Aarón y sus hijos pusieron sus manos sobre la cabeza del carnero.
၂၂ထိုနောက်မောရှေသည်ယဇ်ပုရောဟိတ်များ ကိုသိက္ခာတင်ရာ၌ပူဇော်ရန် ဒုတိယသိုး ထီးကိုယူဆောင်ခဲ့၍ အာရုန်နှင့်သူ၏သား တို့ကသိုး၏ဦးခေါင်းပေါ်တွင်လက်ကို တင်ကြသည်။-
23 Lo mató, y Moisés tomó un poco de su sangre y la puso en la punta de la oreja derecha de Aarón, en el pulgar de su mano derecha y en el dedo gordo de su pie derecho.
၂၃မောရှေသည်သိုးကိုသတ်ပြီးလျှင်သွေး အနည်းငယ်ကိုယူ၍ အာရုန်၏လက်ယာ နားပျဉ်းကိုလည်းကောင်း၊ လက်ယာလက်မ နှင့်လက်ယာခြေမတို့ကိုလည်းကောင်း သုတ်လေသည်။-
24 Hizo venir a los hijos de Aarón, y Moisés puso un poco de la sangre en la punta de su oreja derecha, en el pulgar de su mano derecha y en el dedo gordo de su pie derecho; y Moisés roció la sangre alrededor del altar.
၂၄ထို့နောက်အာရုန်၏သားတို့ကိုခေါ်ပြီးလျှင် သူတို့၏လက်ယာနားပျဉ်းများ၊ လက်ယာ လက်မများနှင့်လက်ယာခြေမများကို သိုးသွေးဖြင့်သုတ်လေသည်။ မောရှေသည် ကျန်သောသွေးကိုယဇ်ပလ္လင်လေးဘက်ပေါ် သို့ပက်ဖျန်းလေသည်။-
25 Tomó la grasa, la cola de grasa, toda la grasa que había en las vísceras, la cubierta del hígado, los dos riñones y su grasa, y el muslo derecho;
၂၅သူသည်သိုး၏အဆီ၊ ဆူဖြိုးသောအမြီး၊ ဝမ်းတွင်းသားမှအဆုံးအပိုင်း၊ အသည်း မှအဆီ၊ ကျောက်ကပ်နှင့်ကျောက်ကပ်အဆီ၊ လက်ယာပေါင်တို့ကိုထုတ်ယူသည်။-
26 y del canasto de los panes sin levadura que estaba delante de Yahvé, tomó una torta sin levadura, una torta de pan aceitado y una oblea, y las puso sobre la grasa y sobre el muslo derecho.
၂၆ထို့နောက်သူသည်ထာဝရဘုရားအားဆက် ကပ်ထားသောတဆေးမဲ့မုန့်တောင်းထဲမှမုန့်၊ ဆီနှင့်လုပ်သောမုန့်၊ မုန့်ကြွပ်တို့ကိုတစ်ခု စီယူ၍သိုးအဆီနှင့်လက်ယာပေါင်အပေါ် တွင်တင်သည်။-
27 Puso todo esto en las manos de Aarón y en las de sus hijos, y los agitó como ofrenda mecida ante Yahvé.
၂၇သူသည်၎င်းတို့ကိုအာရုန်နှင့်သူ၏သားတို့ လက်သို့ပေးအပ်သဖြင့် သူတို့သည်ထာဝရ ဘုရားအားအထူးပူဇော်သကာအဖြစ် ဆက်သကြသည်။-
28 Moisés se los quitó de las manos y los quemó en el altar, sobre el holocausto. Eran una ofrenda de consagración para un aroma agradable. Era una ofrenda hecha por fuego a Yahvé.
၂၈ထို့နောက်မောရှေသည်ထိုပူဇော်သကာများ ကိုသူတို့ထံမှပြန်ယူသဖြင့် သူသည် သိက္ခာ တင်ရာပူဇော်သကာအဖြစ်ယဇ်ပလ္လင်ပေါ် ရှိမီးရှို့ရာယဇ်ကောင်အပေါ်သို့တင်လျက် မီးရှို့လေသည်။ ထိုပူဇော်သကာသည်ထာဝရ ဘုရားအားပူဇော်သောပူဇော်သကာဖြစ်၍ ၎င်း၏ရနံ့ကိုထာဝရဘုရားနှစ်သက် တော်မူ၏။-
29 Moisés tomó el pecho y lo agitó como ofrenda mecida ante Yahvé. Era la porción que le correspondía a Moisés del carnero de la consagración, tal como el Señor se lo había ordenado.
၂၉ထို့နောက်မောရှေသည်သိုး၏ရင်ပုံသားကို အထူးပူဇော်သကာအဖြစ် ထာဝရဘုရား အားဆက်ကပ်လေသည်။ ထိုရင်ပုံသားမှာ သိက္ခာတင်ရာယဇ်ကောင်မှမောရှေပိုင်ဝေစု ဖြစ်သည်။ မောရှေသည်ထာဝရဘုရားမိန့် မှာတော်မူသမျှအတိုင်းဆောင်ရွက်လေ သည်။
30 Moisés tomó un poco del aceite de la unción y un poco de la sangre que estaba sobre el altar, y lo roció sobre Aarón, sobre sus vestidos, sobre sus hijos y sobre los vestidos de sus hijos con él, y santificó a Aarón, sus vestidos, sus hijos y los vestidos de sus hijos con él.
၃၀ထို့နောက်မောရှေသည်သိက္ခာတင်ဆီအနည်း ငယ်နှင့်ယဇ်ပလ္လင်ပေါ်တွင်ရှိသောသွေးအနည်း ငယ်ကိုယူ၍ အာရုန်နှင့်သူ၏သားများအပေါ် သို့လည်းကောင်း၊ သူတို့၏အဝတ်များအပေါ် သို့လည်းကောင်းပက်ဖျန်းလေသည်။ ယင်းသို့ ပြုလုပ်ခြင်းအားဖြင့်သူသည် အာရုန်နှင့် သူ၏သားများနှင့်တကွသူတို့ဝတ်ဆင် သောအဝတ်များကို ထာဝရဘုရားထံ ဆက်ကပ်လေသည်။
31 Moisés dijo a Aarón y a sus hijos: “Haced hervir la carne a la puerta de la Tienda de las Reuniones, y comed allí la carne y el pan que está en el cesto de las consagraciones, como yo lo he mandado, diciendo: ‘Aarón y sus hijos lo comerán’.
၃၁ထို့နောက်မောရှေကအာရုန်နှင့်သူ၏သား တို့အား``ထာဝရဘုရားမိန့်မှာတော်မူသည့် အတိုင်း သိုး၏အသားကိုထာဝရဘုရား စံတော်မူရာတဲတော်တံခါးဝအနီးတွင် ပြုတ်၍ ထိုအသားကိုသိက္ခာတင်ရာမုန့် တောင်းထဲမှမုန့်နှင့်စားကြလော့။-
32 Lo que quede de la carne y del pan lo quemarás al fuego.
၃၂ကြွင်းကျန်သောအသားနှင့်မုန့်ကိုမီးရှို့ ရမည်။
33 No saldrás de la puerta de la Tienda de Reunión durante siete días, hasta que se cumplan los días de tu consagración; porque él te consagrará durante siete días.
၃၃သင်တို့သည်သိက္ခာတင်မင်္ဂလာကာလခုနစ် ရက်မစေ့မီ တဲတော်တံခါးအပြင်သို့မ ထွက်ရ။-
34 Lo que se ha hecho hoy, así lo ha mandado hacer Yahvé, para hacer expiación por vosotros.
၃၄သင်တို့အပြစ်ပြေစေရန်အတွက်ငါတို့ ယနေ့ပြုသောအမှုသည် ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်းဖြစ်သည်။-
35 Permaneceréis a la puerta de la Tienda de Reunión día y noche durante siete días, y cumpliréis la orden de Yahvé, para que no muráis; porque así me ha sido ordenado.”
၃၅သင်တို့သည်တဲတော်တံခါးဝတွင်ထာဝရ ဘုရားမိန့်မှာတော်မူသမျှကို ခုနစ်ရက် ပတ်လုံးနေ့ညမပြတ်ဆောင်ရွက်လျက်နေ ရမည်။ သင်တို့သည်မိန့်မှာတော်မူသည် အတိုင်းမဆောင်ရွက်လျှင် သေရလိမ့်မည် ဟုထာဝရဘုရားကငါ့အားမိန့်တော် မူပြီ'' ဟူ၍ဆင့်ဆိုလေသည်။-
36 Aarón y sus hijos hicieron todo lo que Yahvé ordenó por medio de Moisés.
၃၆သို့ဖြစ်၍အာရုန်နှင့်သူ၏သားတို့သည် မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်မှာ တော်မူချက်တို့ကိုဆောင်ရွက်ကြလေ သည်။